စူဠသုဘဒ္ဒါ မုန်းခဲ့တာမဟုတ်ပါဘူး
စူဠသုဘဒ္ဒါ မုန်းခဲ့တာမဟုတ်ပါဘူး ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ပြောရက်ကြတယ်... အစွယ်လိုသူမိဖုရားတဲ့.... ကျမတကယ်လိုချင်ခဲ့တာက မင်းဆဒ္ဒန်ရဲ့အချစ်တစ်ခုတည်းရယ်ပါ... အင်ကြင်းပန်းမှာ ခါချဉ်လေးကပ်ရုံနဲ့ ကမ္ဘာအဆက်ဆက် သုဘဒ္ဒါမုန်းရက်ခဲ့တာမဟုတ်ပါဘူး ပြိုင်ဘက်နဲ့ ယှဉ်ရင် အချစ်တွေအကုန်အစင်မရခဲ့လို့ သုဘဒ္ဒါရင်မှာ နာကျင်ကြေကွဲခဲ့ရတာပါ.... ဒါတွေကို ရှင်နားလည်ရဲ့လား မင်းဆဒ္ဒန်.... ဟိမဝန္တာ တောင်စဉ်ခုနစ်ထပ်မှာ ကျမဟာ ရှင့်အတွက်ဆို အသက်ပေးဖို့လည်း အဆင်သင့်ဖြစ်ခဲ့ပါရက်နဲ့ ဘဝတစ်ခုလုံးပေးဆပ်ချစ်ခဲ့တာတောင် ရှင်ပြန်ပေးခဲ့တဲ့ ချစ်ခြင်းမေတ္တာက ဒုတိယ တဲ့လား.... ဟင့်အင်း... ပထမချစ်ခြင်းမဟုတ်ရင် ဒုတိယအဖြည့်ခံတော့ ဘယ်မိန်းမသားကမှ မဖြစ်ချင်ဘူး.... မဖြစ်နိုင်ဘူး မင်းဆဒ္ဒန်... မဖြစ်နိုင်တော့ပါဘူး... ဒုတိယ ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ခဲ့ပါဘူး မင်းဆဒ္ဒန်ရယ်... ကျမ ရှင့်ကို စိတ်နာတယ်.... ဟိမဝန္တာ လွမ်းရိပ်မြိုင်မှာ အမုန်းတွေ တစ်သီတစ်တန်းနဲ့ ကျမ ကျဆုံးခဲ့တာမဟုတ်ဖူး.... အပယ်ခံတစ်ယေ