Posts

Showing posts from June, 2019

ရခိုင်ပြည်ရှိ မြို့(၁၇)မြို့များ၏ရာဇဝင်အကျဉ်းး

.................................................. (စာဖတ်​ဖို့ ပျင်း​ဂေ ရှယ်​ထားလိုက်​ ​နောက်​မှဖတ်​) 1. စစ်တွေ ကုလားတန်မြစ်ဝ၏ အနောက်ဖက်ကမ်းနှင့် ဘင်္ဂလားပင်လယ်အော်တို့ ဆုံရာအရပ်တွင် တည်ရှိပြီး သဘာဝပထဝီ ကျောထောက်နောက်ခံ ကောင်းသည်။ မြို့၏မြောက်ဖက်ကို ဆတ်ရိုးကျချောင်းက ပိုင်းဖြတ်ထားသည်။ ရခိုင်ပြည်၏ မြို့တော်ဖြစ်ကာ ဧရိယာအကျဉ်းဆုံးမြို့လည်းဖြစ်သည်။ တောင်နှင့်မြောက် သုံးမိုင်ခွဲ၊ အရှေ့နှင့်အနောက်က နှစ်မိုင်ခန့်ရှိသည်။ အကျဉ်းဆုံးနေရာသည် ခြောက်ဖာလုံ ရှိသည်။ မြို့ဧရိယာမှာ (၃.၃၄) စတုရန်းမိုင် ရှိသည်။ `မြို့ပေါ်တွင်´ လူဦးရေ (၁.၂၇) သိန်းကျော် နေထိုင်သည်။ စစ်တွေမြို့နယ် တစ်ခုလုံး၏ လူဦးရေမှာမူ (၂.၃၃) သိန်း ရှိပါသည်။ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီ စစ်တွေမှ ဆန်တန်ချိန် တစ်သိန်းကျော်အထိ နှစ်စဉ်တင်ပို့နေသဖြင့် ဆန်မြို့ဟုလည်း အမည်တွင်ခဲ့သည်။ ရန္တပိုစာချုပ်အရ အင်္ဂလိပ်တို့ ရခိုင်ကိုသိမ်းပြီးသောအခါ မြောက်ဦးမြို့သည် အနေအထား မကောင်းတော့သဖြင့် ၁၈၃၆ - ခုနှစ်တွင် စစ်တွေကို တည်ထောင်သည်။ `စစ်တဲကြီး´တစ်ခု ရှိခဲ့သည်ကို အစွဲပြု၍ စစ်တွေဟုတွင်လာသည်။ အာကျပ်ကုန်းရှိ အာကျပ်တော်စေတီကို အစွဲပြု၍ အင်္ဂလိပ်တို့က အာကျပ် (A