လေအေးပေးစက် စနစ်တကျ အသုံးပြုနည်း နှင့် ထိန်းသိမ်းနည်း (Window Type)  လေအေးပေးစက် ၀ယ်တော့မည်ဆိုလျှင် သိထားသင့်သည့်အချက်များ  မည်သည့်ပစ္စည်းမဆို အသစ်ဝယ်လာလျှင် ထိုပစ္စည်းနှင့်အတူ၊ လိုအပ်သော အပိုပစ္စည်း ကိရိယာအပြည့်အစုံ (accessories)၊ အသုံးပြုနည်းလမ်းညွှန်(Operation Manual) သို့မဟုတ် စက်ပိုင်ရှင်လက်စွဲ(Owner’s Manual) ပါရမည်ဖြစ်ပါသည်။ မိမိဝယ်ယူသောပစ္စည်းအတွက် ထိုစာအုပ်နှင့် အပိုပစ္စည်းများ မပါလာပါက ဆိုင်တွင်တောင်းယူရပါမည်။ ပစ္စည်းကို စတင် မတပ်ဆင်မီ၊ မသုံးစွဲမီ စက်နှင့်အတူပါလာသော ပိုင်ရှင်လက်စွဲစာအုပ်ကို သေသေချာချာ နားလည် သဘောပေါက်အောင် ဦးစွာဖတ်သင့်ပါသည်။ ထိုပိုင်ရှင်လက်စွဲစာအုပ်ထဲ၌ စက်ပိုင်ရှင်တို့ သိသင့်သိထိုက်သည့် ဆောင်ရန်၊ ရှောင်ရန်၊ ပြုပြင်ထိန်းသိမ်းရန် စသည်တို့ကို အပြည့်အစုံ ဖော်ပြထားပါသည်။ ဤအချက်များကို သိထားခြင်းဖြင့် မလိုလား အပ်သော ပြဿနာများကို ရှောင်ရှားနိုင်သည်။ ဘေးအန္တရာယ်များကို ကာကွယ်နိုင်သည်။ မပျက်သင့်တာ မပျက်အောင် ထိန်းသိမ်းနိုင်သည်။ စက်ကို စနစ်တကျ အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ပိုင်ရှင်လက်စွဲမှာ အင်္ဂလိပ်ဘာသာဖြင့် ဖြစ်နေလျှင် အင်္ဂလိပ်စာ မတတ်သူများအဖို့ အခက်အခဲရှိနိုင်ပါသည်။ သို့
Posts
Showing posts from August, 2020