Posts

Showing posts from September, 2020

ဗုဒ္ဓ၏ အံ့သြဖွယ် မိန့်ခွန်းတော် "

ကောင်းလိုက်တာ ..ဒါမျိုးမှမဖတ်ရင် ===================== " ဘာသာရေးမှိုင်းကို ကျော်လွန်နိုင်စေသော- "ဗုဒ္ဓ၏ အံ့သြဖွယ် မိန့်ခွန်းတော် " ----------------------------------- “ဗုဒ္ဓ”သည် ကမ္ဘာပေါ်ရှိ မည်သည့် ဘာသာ အယူဝါဒ ထူထောင် ဖွဲ့စည်းသူမျှ မပြုလုပ်ဝံ့၊ မပြုလုပ်နိုင်သော “ထူးခြားအံ့ဖွယ် ကမ္ဘာကျော်မိန့်ခွန်းတစ်ရပ်” ကို ရဲဝံ့ပြတ်သားစွာ ဟောကြား ခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၊ ကောသလတိုင်း၊ ကေသမုတ္တိရွာသား၊ ကာလာမလူမျိုးတို့ကို ဟောကြား သော “ကာလာမသုတ္တန်” သည် “အမှန်တရားကို ရှာဖွေသူတစ်ဦးထံသို့ ဗုဒ္ဓ၏ လက်ဆောင်လမ်း ညွှန်ချက် ” တရားတို့ပင် ဖြစ်သည်။ ဤ သုတ္တန်တရားတော် မှ ဗုဒ္ဓ၏မိန့်ခွန်းသံသည် အတွေးအမြင် မှုန်ဝါးနေသူကို အလင်းရောင်ခြည် ရစေသော “မီးရှုးတန်ဆောင်ပမာ " ဖြစ်ပါသည်။ ဘာသာရေး ထုံးတမ်းစဉ်လာကြားတွင် တွေဝေ ငေးမောနေသူများကို သစ္စာတရား လမ်းမှန်ဆီသို့ တက်တက်ကြွကြွ လျှောက်လှမ်းနိုင် အောင် လမ်းဖွင့်ပေး လိုက်သော ကြည်လင်ချိုမြသည့် “ဓမ္မခေါင်းလောင်းသံ” လည်းဖြစ်ပေသည်။ °°° ဗုဒ္ဓ၏ ထို မိန့်ဆိုချက်မှာ... “ အို… ကာလာမလူမျိုး အမျိုးကောင်းသားတို့… သင်တို့သည် လက်ခံကျင့်သုံးအပ်သော အမှန်တရားဓမ္မတို့

ရေခဲသေတ္တာ စနစ်တကျ အသုံးပြုနည်း နှင့် ထိန်းသိမ်းနည်း

ရေခဲသေတ္တာ စနစ်တကျ အသုံးပြုနည်း နှင့် ထိန်းသိမ်းနည်း (၁)  လူနေမှုစနစ်များတိုးတက်လာသည်နှင့်အ လူတို့၏ နေ့စဉ်လူနေမှုဘဝတွင် ရေခဲသေတ္တာနှင့် လေအေးပေးစက် တို့မှာလည်း မရှိမဖြစ် လိုအပ်လာသော ပစ္စည်းများ ဖြစ်လာပါပြီ။ အပြေးအလွှားလှူပ်ရှားနေရသော မြို့ပြ လူနေမှုဘဝတွင် နေ့စဉ်ဈေးသွားရန် အခက်အခဲရှိသူများအနေနှင့် ရေခဲသေတ္တာသည် အလွန် အသုံးဝင်သည်။ ရေခဲသေတ္တာရှိခြင်းဖြင့် အသီးအနှံများကို လတ်လတ်ဆတ်ဆတ် စားရမည်။ အစားအသောက်များ ကျန်လျှင်လည်း ရေခဲသေတ္တာတွင်း ထည့်သိမ်းထားနိုင်သည်။  ရေခဲသေတ္တာနှင့် လေအေးပေးစက်များမှာ တန်ဖိုးကြီးပစ္စည်းများ ဖြစ်သည်။ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းခြင်း မလုပ်လျှင် ရှိရမည့်စက်၏သက်တမ်းထက် ပိုတိုခြင်း၊ မကြာခဏပျက်စီးခြင်း၊ မလိုအပ်ပဲမီးအားပိုကုန်ကျခြင်း စသည်တို့ ဖြစ်န်ိုင်ပါသည်။ အမှန်ဆိုရလျှင် လုပ်သင့်လုပ်ထိုက်သည့် အရာကလေးများကို အနည်းငယ်မျှ လုပ်ပေးလိုက်လျှင်ပင် အထက်ပါ ဆိုးကျိုးများမှ ရှောင်ရှားနိုင်ပါသည်။ ထို ဂရုစိုက်ရမည့် အချက်များမှာလည်း ခဲယဉ်းလှသည်မဟုတ်။ မိမိအိမ်ရှိ ကိရိယာ တန်ဆာပလာကလေးများကိုသုံး၍ အချိန်အနည်းငယ်အတွင်း လုပ်နိုင်သော အချက်ကလေးများသာ ဖြစ်ပါသည်။ သို့သော် မည်ကဲ့သို့ ပြု