Posts

Showing posts from October, 2018

အနော်ရထာမတိုင်မီ ပုဂံ၌ ထေရဝါဒဗုဒ္ဓ

အနော်ရထာမတိုင်မီ ကတည်းကပုဂံ၌ ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားခဲ့သော သမိုင်းအထောက်အထားများ မူလအမှား ဦးကုလား ပုဂံ၌ အနော်ရထာမင်းစော မတိုင်မီ နတ်နဂါးကိုးကွယ်မှု၊ အရည်းကြီး ကိုးကွယ်မှုများသာရှိခဲ့သည်။ အနော်ရထာမင်းသည် သထုံကို အောင်နိုင်ပြီးနောက် ပိဋကတ်သုံးပုံနှင့်တကွ ရှင်အရဟံကို ယူဆောင်ကာ ပုဂံ၌ ထေရဝါဒသနာ ထွန်းကားစေခဲ့သည်ဟု ဦးကုလား ရေးသားသည့် မဟာရာဇဝင်ကြီး (အေဒီ၁၇၁၄၊ တနင်္ဂနွေမင်းလက်ထက်၊ ညောင်ရမ်းခေတ်) ၌ ဖော်ပြ ပါရှိခဲ့သည်။ ၎င်း ကို ကိုးကားသော မှန်နန်းရာဇဝင်နှင့်၊ နောက်ရေး ပုဂံရာဇဝင်များ၌လည်း ထိုသို့သာ ရေးသားခဲ့ကြ အမှတ်မှားခဲ့ကြသည်။ သမိုင်းပညာ ဆိုတာ သမိုင်းပညာဆိုသည်မှာ ပြည်တွင်း ခေတ်ပြိုင်အထောက်ထားများ၊ ပြည်ပ ခေတ်ပြိုင်အထောက်အထားများ ရှုထောင့်စုံထောက်ခံမှု ရှိသော အချက်အလက် အခြင်းအရာ တို့ကိုသာ အမှန်သမိုင်းဟု လက်ခံမှုပြုပါသည်။ အထောက်အထား မရှိက သမိုင်းမရှိပါ (No evidence No history) ။ အထောက်အထား မပြနိုင်ပါက ရာဇဝင်စာ (ခေါ်) မှတ်တမ်း (Chronicle) ဟုသာ ခေါ်ဆိုပါသည်။ ထို ရာဇဝင်စာက ပြောသော အချက်အလက် အခြင်းအရာ တို့ကို အမှန်သမိုင်း ဟုလက်မခံပါ။ (ဘုန်းတင့်ကျော်၊ ပျူစစ်လျှင် မြန်မာ မှ) ဆန်းစစ်ခြင်း ထို့ကြောင့် ဦးကု

မဖြစ်သင့်တာ မဖြစ်ဖို့

Image
မဖြစ်သင့်တာ မဖြစ်ဖို့ တစ်ခါတုန်းက ကြွက်တစ်ကောင်နှင့်ဖားတစ်ကောင် တို့သည် အချင်းချင်း အဆွေခင်ပွန်းဖွဲ့ နေထိုင်ကြ၏ ။ ကြွက်ဟာ ကုန်းပေါ် သက်သက်မှာသာ နေထိုင်၍ ဖားကျတော့ ကုန်းပေါ် မှာရော ရေထဲမှာရော နေထိုင်နိုင်တဲ့ သတ္တဝါတွေ ဖြစ်ကြတယ် ။ ကြွက် နဲ့ ဖား အဆွေခင်ပွန်းဖွဲ့ပြီးတဲ့ ကာလမှ သူတို့ နှစ်ကောင်ဟာ အတူတကွ ကုန်းပေါ်မှာ သွားလာ စား၍ နေထိုင်ကြတယ် ။ တစ်ကောင်နှင့် တစ်ကောင် နီးနီးကပ်ကပ် ရှိအောင် အမြဲတမ်း မခွဲမခွာ နေနိုင်အောင် အတွက် ခြေချင်းပူး၍ ကြိုးဖြင့် ချည်နှောင်ထား၏ အဲဒီလို ခြေချင်းပူး ချည်နှောင် ထားသောကြောင့် တစ်ကောင်နှင့် တစ်ကောင် အမြဲအတူ စားသောက်နေထိုင်၍ ရေကန်နီး တစ်ခုသို့ ရောက်သွားလေ၏ ။ ထိုအခါ ဖားက ရေကိုမြင်သော အခါ ချင်းချက်ဆိုသလို ရေထဲသို့ ခုန်ချ၍ ရေကူးနေလေ၏ ။ ထိုသို့ ဖား၏ ရေကူးခပ်မှုကို စိတ်မချမ်းမသာဖြင့် ရေမကူးတတ်သော ကြွက်ဟာ ရေနစ်ပြီး သေဆုံးရှာလေ၏ ။ ထိုအခါ ရေပေါ်သို့ ပေါ်လိုက် မြှုပ်လိုက် ဖြစ်နေသော ကြွက်သေကောင်ကို သိမ်းငှက်က မြင်သောအခါ လျင်မြန်စွာ ထိုးဆင်း၍ သူ၏ လက်သည်းများဖြင့် သုပ်ချီလိုက်တယ် ။ သုပ်ချီ ယူဆောင်လာသော ကြွက်သေကောင် နောက်တွင် ဖားကလည်း တွဲလွဲပါလာတယ် ။ သိမ်းငှက်ကလည်း ကြွက် နှင့် ဖ

ဇနီးတစ်ယောက်ရဲ့တန်ဖိုး

Image
#ဇနီးတစ်ယောက်ရဲ့တန်ဖိုး ********************* ရုပ်အဆင်းအဂါင်္လှပတဲ့ ဇနီးတစ်ယောက်ဟာ အပေါင်းအသင်းတွေကြား အမြင်တင့်ပါတယ်။ ပညာတတ်ပြီး အသိဉာဏ်ရှိတဲ့ ဇနီးမယားရဲ့တန်ဖိုး ဟာ လူတကာအလယ်မှာ တင့်တယ်ပါတယ်။ စိတ်ရင်းကောင်းမွန်မှုရှိတဲ့ ဇနီးမယားရဲ့တန်ဖိုးဟာ ဆွေမျိုးအသိုင်းအဝန်းကြားမှာ တင့်တယ်လွန်းလှတယ်။ ဖြတ်ထိုးဉာဏ်ကောင်းတဲ့ ဇနီးမယားတစ်ယောက်ရဲ့ တန်ဖိုးဟာ ခင်ပွန်းသည်ဒုက္ခရောက်နေချိန်မှာ တန်ဖိုး ကြီးမားလွန်းလှပါတယ်။ တိုင်ပင်ဖော်တိုင်ပင်ဖက် အကြံကောင်းပေးနိုင်တဲ့ဇနီး မယားတစ်ယောက်ရထားရင်တော့ ခင်ပွန်းသည်ရဲ့ ဘဝရဲ့အကောင်းဆုံးလက်ဆောင်ပါပဲ။ စားဖွယ်သောက်ဖွယ်ကောင်းကို စီမံချက်ပြုတ်တတ် တာဟာလည်း ခင်ပွန်းသည်တွေ အိမ်ကပ်ဆေးပဲလေ။ အတင်းအဖျင်းတွေမပြောတတ်ဘဲ လူမှုရေးပြဿ နာ တွေမရှုပ်တတ်ရင်တော့ ဇနီးကောင်းတစ်ယောက်ပေါ့ လောကဓံအတိုက်အခိုက်တွေကြုံလာရင် ဘာသာ တရားနဲ့ နှစ်သိမ့်ပေးနိုင်သူကတော့ အမွန်မြတ်ဆုံး ပါရမီဖြည့်ဖက်တစ်ဦးပဲပေါ့.... မိန်းမသားသဘာဝအားငယ်ချိန်မှာ ... ခင်ပွန်းဟာဖခင်တစ်ယောက်လို.... တိုင်ပင်စရာကိစ္စရပ်တွေမှာ အစ်ကိုတစ်ယောက်လို.. ခွင့်လွှတ်ရမယ့်အရာတွေမှာ မောင်တစ်ယောက်လို.. ဝါသနာတူတဲ့အလုပ်တွေလုပ်ချိန်မှာ