မဖြစ်သင့်တာ မဖြစ်ဖို့

မဖြစ်သင့်တာ မဖြစ်ဖို့

တစ်ခါတုန်းက ကြွက်တစ်ကောင်နှင့်ဖားတစ်ကောင် တို့သည် အချင်းချင်း အဆွေခင်ပွန်းဖွဲ့ နေထိုင်ကြ၏ ။ ကြွက်ဟာ ကုန်းပေါ် သက်သက်မှာသာ နေထိုင်၍ ဖားကျတော့ ကုန်းပေါ် မှာရော ရေထဲမှာရော နေထိုင်နိုင်တဲ့ သတ္တဝါတွေ ဖြစ်ကြတယ် ။

ကြွက် နဲ့ ဖား အဆွေခင်ပွန်းဖွဲ့ပြီးတဲ့ ကာလမှ သူတို့ နှစ်ကောင်ဟာ အတူတကွ ကုန်းပေါ်မှာ သွားလာ စား၍ နေထိုင်ကြတယ် ။ တစ်ကောင်နှင့် တစ်ကောင် နီးနီးကပ်ကပ် ရှိအောင် အမြဲတမ်း မခွဲမခွာ နေနိုင်အောင် အတွက် ခြေချင်းပူး၍ ကြိုးဖြင့် ချည်နှောင်ထား၏

အဲဒီလို ခြေချင်းပူး ချည်နှောင် ထားသောကြောင့် တစ်ကောင်နှင့် တစ်ကောင် အမြဲအတူ စားသောက်နေထိုင်၍ ရေကန်နီး တစ်ခုသို့ ရောက်သွားလေ၏ ။ ထိုအခါ ဖားက ရေကိုမြင်သော အခါ ချင်းချက်ဆိုသလို ရေထဲသို့ ခုန်ချ၍ ရေကူးနေလေ၏ ။ ထိုသို့ ဖား၏ ရေကူးခပ်မှုကို စိတ်မချမ်းမသာဖြင့် ရေမကူးတတ်သော ကြွက်ဟာ ရေနစ်ပြီး သေဆုံးရှာလေ၏ ။

ထိုအခါ ရေပေါ်သို့ ပေါ်လိုက် မြှုပ်လိုက် ဖြစ်နေသော ကြွက်သေကောင်ကို သိမ်းငှက်က မြင်သောအခါ လျင်မြန်စွာ ထိုးဆင်း၍ သူ၏ လက်သည်းများဖြင့် သုပ်ချီလိုက်တယ် ။ သုပ်ချီ ယူဆောင်လာသော ကြွက်သေကောင် နောက်တွင် ဖားကလည်း တွဲလွဲပါလာတယ် ။ သိမ်းငှက်ကလည်း ကြွက် နှင့် ဖားကိုပါ စားသောက်လိုက်၏ ။

မဖြစ်နိုင်တာတွေ ဖြစ်ချင်လွန်းလျှင်
     ဒုက္ခတစ်ခုခု ရရှိတတ်ပါတယ် ။

သဘော မတူညီတဲ့ အရာတွေ များနေတဲ့ သူနဲ့
လက်တွဲဖို့ ဆိုတာကလည်း
     ပျော်ရွှင်မှုများစွာကို ပိုင်ဆိုင်နိုင်မည် မဟုတ်ပါ

စိတ်သဘောထား မကိုက်ညီတဲ့ သူနှင့်
ပေါင်းသင်းတာကလည်း မိမိအတွက် ပျော်ရွှင်မှုများ ရရှိလာမည် မဟုတ်ပါ ။

စဉ်းစား ဆင်ခြင်ဉာဏ် မရှိလျှင်
     ဒုက္ခကြီးစွာနဲ့ ကြုံတွေ့ ရတတ်ပါတယ် ။

သူတစ်ပါးရဲ့ ဖြစ်ချင်တဲ့ ဆန္ဒကိုသာ အမြဲလိုလို လိုက်လုပ်ပေးနေမည်ဆိုပါက မိမိရဲ့ ဖြစ်ချင်တဲ့အရာတွေနောက်ကျနေလိမ့်မည် ။

ပေါင်းသင်းမှုမှာလည်းမိမိရဲ့ အသိစိတ် ရှိဖို့ လိုအပ်ပါတယ် ။
ကိုယ့်ရဲ့ မိတ်ဆွေ အပေါင်းအဖော် ဘယ်လို လူပဲ ဖြစ်နေပါစေအဓိကကတော့
သူများလုပ်တိုင်း လိုက်မလုပ်ဖို့ပါ ။
ကောင်းတာကိုယူဆောင် ၊ ဆိုးတာကို ပယ်ဖျောက်မှသာတစ်နေ့  မိမိဟာ လူကောင်းတစ်ယောက် ဖြစ်လာမည် ။
မဖြစ်သင့်တဲ့ အရာတွေ မဖြစ်ဖို့ဘေးဒုက္ခမှ ကင်းလွှတ်ဖို့ မိမိကိုယ်မိမိစဉ်းစား ဆင်ခြင်ဉာဏ် ရှိဖို့ လိုအပ်၏ ။

Credit

Comments

Popular posts from this blog

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ

ရခိုင်သမိုင်း