Posts

Showing posts from February, 2019

မြောက်ဦးခေတ်ရခိုင်ပြည်သုံးအမြောက်ကြီ

​မြောက်​ဦး​ခေတ်​ရခိုင်​ပြည်​သုံးအ​မြောက်​ကြီးများနှင့် အ​မြောက်​​ပေါ်တွင်​ ​ရေးထိုးထားသည့်ကမ္ပည်းစာများ _​ကျော်​မင်းထင်​_ ခရစ်​နှစ်​ ၁၄၃၀ မှ ၁၇၈၅ အထိ ထွန်းကားခဲ့​သော ​မြောက်​ဦး​ခေတ်​ကို ​ယေဘုယျအားဖြင့် အပိုင်းသုံးပိုင်းခွဲခြား​လေ့ရှိကြသည်​၊ ​မြောက်​ဦးတည်​​ထောင်​​သော ၁၄၃၀ မှ ၁၅၃၀ ပြည့်လွန်​နှစ်​များအထိကို ပထမ​မြောက်​ဦး​ခေတ်​ တန်​ခိုးထွားချိန်​ဖြစ်​သည့် ၁၅၃၀ ပြည့်လွန်​နှစ်​များမှ ၁၆၃၈ အထိကို ဒုတိယ​မြောက်​ဦး​ခေတ်​နှင့် ၁၆၃၈ မှ ​မြောက်​ဦးမြို့​တော်​ကျဆုံးချိန်​ဖြစ်​သည့် ၁၇၈၅ အထိကို တတိယ​မြောက်​ဦး​ခေတ်​အဖြစ်​ ​ယေဘုယျသတ်​မှတ်​ကြပါသည်​၊ ပထမ​မြောက်​ဦး​ခေတ်​ကာလသည်​ တိုင်းပြည်​ထူ​ထောင်​ဆဲကာလဖြစ်​ပြီး ရခိုင်​ပြည်​နှင့် နယ်​ချင်းထိစပ်​​နေသည့် ဘင်္ဂါ​ဒေသအား ရခိုင်​ဘုရင်​တို့ ရံဖန်​ရံခါ တိုက်​ခိုက်​မှုများရှိခဲ့​သော်​လည်း ကာလရှည်​ကြာစွာ နယ်​​မြေသိမ်းပိုက်​မှုများ မပြုလုပ်​နိုင်​ခဲ့​ပေ၊ဒုတိယ​မြောက်​ဦး​ခေတ်​တွင်​ မင်းဗာဘုရင်​၏ ဘင်္ဂါ​ဒေသ စစ်​တ​ကောင်းနယ်​အား နယ်​​မြေချဲ့ထွင်​ ပိုင်​စိုးခြင်းနှင့်အတူ ရခိုင်​ဘုရင်​နိုင်​ငံသည်​ တန်​ခိုးကြီးထွားခဲ့ပါသည်​၊ ဤဒုတိယ​မြောက်​ဦး​ခေတ်​တွင်​ ​ပေါ်တူဂီများနှင့်