Posts

Showing posts from May, 2019

စာလေးကို စိတ်အရမ်းညစ်နေတဲ့ သူတွေ ====================

ဒီစာလေးကို စိတ်အရမ်းညစ်နေတဲ့ သူတွေ =========================== '' လောက '' မှာ... ကိုယ့်ကို စိတ်ညစ် အောင်လုပ်တာလည်း '' ကိုယ်ပါပဲ '' ကိုယ် ကို ပျော်ရွှင်အောင် လုပ်ပေး နိုင်တာလည်း '' ကိုယ်ပါပဲ '' ကိုယ့် ကို အောင်မြင်အောင် လုပ်နေတာလည်း '' ကိုယ်ပါပဲ '' ကိုယ့် ကို ကျရှုံးအောင် ပြန်လုပ်တာလည်း '' ကိုယ်ပါပဲ '' '' အဓိက '' က ကိုယ့်ရဲ့ '' စိတ် '' ပါပဲ စိတ် ဆိုတာ အရမ်းကြောက်ဖို့ ကောင်းပါတယ်။ '' စိတ် ''ကောင်းထားတတ်ရင် တန်ဖိုးရှိတဲ့ '' ဆေးတစ်ခွက် '' ဖြစ်နိုင်ပြီး …… မကောင်းတဲ့ '' စိတ် ''တွေ ထားမယ်ဆိုရင်တော့ ကြောက်စရာကောင်းတဲ့ '' ဘေး '' အန္တရာယ် တစ်ခု ဖြစ်သွားနိုင်ပါတယ် …… ကဲ့ …… အဲ့တော့ အရေးအကြီး ဆုံးက … မိမိကိုယ် မိမိ စိတ်ချမ်းသာအောင်ထားဖို့ နဲ့ တန်ဖိုး ရှိအောင်နေထိုင်ဖို့ ပဲ မဟုတ်လား…… ဥပမာ - ရေနွေးပူ တစ်ခွက်ကို သင် ကြာကြာ ကိုင်ထားကြည့်လိုက်ပါ သင်ကိုင်ထားသ၍ ကတော့ အဲ့ဒီ '' အပူဒဏ် ''ကို ကြ

ဘဝဒသနများ

(တစ်​ချိန်​ချိန်​အသုံးဝင်​လာမှာပါ /သင့်​ဖုန်းထဲမယ်​ သိမ်းထားပါ) ၁။ ဆားအခတ်​များသွားလျှင်​ အာလူးအလုံးလိုက်​ (၂/၄)လုံးထည့်​ပါ။ ၂။ ပဲပြုတ်​သည့်​အခါ စားချင်​သဖွယ်​....အိအိ​ဖောင်း​ဖောင်း စိမ့်​စိမ့်​​လေးဖြစ်​​အောင်​ ရေလဲပြီး​သောအခါ ​ရေအနည်​ငယ်​ ထည့်​၍ ထန်းလျက်​(၂)လုံးခန့်​ ထည့်​ထားလိုက်​ပါ။ ၃။ ကန်​စွန်းရွက်​ကို အစိမ်း​ရောင်​​လေး အတိုင်းပဲ စားချင်​သဖွယ်​ဖြစ်​လိုပါက အဖုံးမအုပ်​ပဲ ​ကြော်​ပါ။ ၄။ ဒန်​အိုးဒန်​ခွက်​များ ​ပြောင်​စင်​လိုပါက ဂေါ်ဖီထုတ်​မှ အရွက်​ကြမ်းဖြင့်​ ပွတ်​တိုက်​ပါ။ ၅။ လက်​ဘက်​ရည်​အိုး၊ခွက်​၊ အစွန်း အ​ထေးများ​ပြောင်​စင်​လိုပါကဆော်​ဒါ(သို့မဟုတ်​-လက်​ချားအမှုန့်​)ထည့်​ပြီး ညသိပ်​ထားပါ။ ၆။ အိမ်​သာ​ကြွေခွက်​,​ကျောက်​ပြားများ သန့်​ရှင်းလိုပါက လက်​ချားမှုန့်​နှင့်​​ရှောက်​ရည်​​ ရောစပ်​ပြီး ပွတ်​တိုက်​ပါ။ ၇။ ယင်​​ပေါလျှင်​ ဖ​ယောင်းတိုင်​ (၂)တိုင်​ ထွန်းပါ။ ၈။ အင်္ကျီ​ကော်​လံမှ ဆီ​ချေးများကို ရှန်​ပူ​ခေါင်း​လျှော်​ရည်​ဖြင့်​ပွတ်​တိုက်​​လျှော်​ပါ။ ၉။ ပုရွက်​ဆိတ်​မလာလို​သော်​ကန့်​မှုတ်​ကို နည်းနည်းဖြူး​ပေးပါ။ ၁၀။ ဟင်းရဲ့အနံ့အသက်​ လက်​မှာစွဲ​​ နေလျှင်​မာလကာရွက်​နဲ့ ပွတ

ကဆုန် လပြည့် ဗုဒ္ဓနေ့ မှတ်သားစရာများ

ကဆုန် လပြည့်  ဗုဒ္ဓနေ့ မှတ်သားစရာများ ═════════════════════ ၁။ ဂေါတမ ဘုရားရှင်သည် သုမေဓာ ရှင်ရသေ့ဘ၀တွင် ဒီပင်္ကရာ မြတ်စွာ ဘုရားထံတော်မှ “နောင်သောအခါတွင် ဘုရားစင်စစ် ဧကန်အမှန် ဖြစ်လိမ့်မည်” ဟု နိယတဗျာဒိတ်ကို ရရှိတော်မူခြင်းသည် ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။ ၂။ မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့်၊ သောကြာနေ့မှာပင် ဘုရားအလောင်းကို ဖွားမြင်တော်မူခဲ့ပါသည်။ ဘုရားအလောင်းကို ဖွားမြင်တော်မူသည်နှင့် တပြိုင်နက် ယသောဓရာ မင်းသမီး၊ အာနန္ဒာမင်းသား၊ ဆန္ဒအမတ်၊ ကာဠုဒါယီအမတ်၊ ကဏ္ဍကမြင်း၊ ရွှေအိုးကြီး လေးလုံးနှင့် မဟာဗောဓိပင် ဟူသော ဖွားဖက်တော် ခုနှစ်ဦးတို့သည်လည်း ဖွားမြင်ဖြစ်ပေါ်လာကြပါတယ်။မဟာဗောဓိသည် မဇ္ဈိမဒေသ ဥရုဝေလတောတွင်ဘုရားရှင်တို့ ပွင့်တော်မူရာ ဗဟို အချက်အချာ အောင်မြေအရပ်၌ ပေါက်လာခြင်း ဖြစ်ပါတယ်။ ၃။ မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့၌ ဘုရား အလောင်းသည် မဟာဗောဓိပင်ရင်း၌ သစ္စာလေးပါးကို ထိုးထွင်း သိမြင်၍ သဗ္ဗညုဘုရားရှင် အဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။ ထိုမဟာဗောဓိပင်သည် ဘုရားရှင်၏ ဖွားဖက်တော် ခုနှစ်ဦးတွင် တဦးအပါအ၀င် ဖြစ်သည့်အပြင် ဗောဓိဉာဏ်ကို ရရှိရန် အားထုတ်တော် မူရာ၌ အသုံးပြုတော်မူသော အပင်ဖြစ်၍ ပရိဘော
တရားရုံး မှာ လက်ကကိုင်ပြီး ကျမ်းကျိန်ရတဲ့ ကျမ်းစာထုတ်ထဲမှာ ဘာတွေ ရေးထားလဲ ? မလိမ်ကြနဲ့တရားရုံး က အနီရောင်ပိတ်လေးထဲမှာပါတဲ့ ကျမ်းသစ္စာ ကျိန်စာဆိုတာကျမ်းစူးတဲ့ အကြောင်းလေးပါ…. ကျမ်းကျိန် ကျမ်းစူး ဘယ်ယတြာမှမကယ်နိုင်ဘူး။ တခုခုဖြစ်တိုင်း တရားစွဲမယ် …… တရားရုံးရောက်မှ ရှင်းမယ်နဲ့ လွယ်တယ်မှတ်နေကြတယ် ……. တခြားကိစ္စတွေ အသာထား အရင်ဆုံး တရားလိုရော တရားပြိုင်ရော သက်သေရော ကျမ်းထုတ်ကိုကိုင်ပြီး ကျမ်းကျိန်ရတာ …. ကျမ်းထုတ် ထဲမှာ ဘာကျိန်စာတွေပါမှန်းမသိပဲ လွယ်လွယ် နဲ့ ကျိန်လိုက်ပြီး အမှန်အတိုင်းပြောရင်တော့ ဟုတ်ရဲ့ …. အမှုနိုင်ချင်တာနဲ့ပဲ မဟုတ်မမှန်တာတွေ ထွက်ဆိုချက်ပေးမိတဲ့သူတွေ… ဂျပိုးကို လိပ်ဖြစ်အောင်ပြောသူတွေ… မတရားသက်သေတွေ သက်သေအလိမ်တွေ အတွက် ကျိန်စာက အဆင်သင့်စောင့်နေတာ …. တွေ့ခဲ့ဖူးတာလေး တစ်ခုပြောပြမယ် …. လွန်ခဲ့တဲ့ ၂၅ နှစ်လောက် ကိုယ်တို့ငယ်ငယ်က အိမ်ကိုဝင်ထွက်သွားလာနေတဲ့ ဖွားဖွားမိတ်ဆွေ ဦးလေးကြီး တစ်ယောက်ရှိတယ် .. ဦးဘ ပဲ ဆိုကြပါစို့ …… ဦဘက လျှပ်စစ်ပညာမှာ သိပ်တော်တယ် … အိမ်ဆောက်ပြီဆို သူ့ကို အရင်ခေါ်ရတာပဲ … သူ့နယ်ပယ်မှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့သူ ….. ဖခင်က ရပ်ဝေးမှာရောက်နေတာကြောင့် မိန်းမသားချည်းပ