ခေါင်းဆောင်ဆိုတာတန်ဖိုးရှိတယ်။
ခေါင်းဆောင်ဆိုတာတန်ဖိုးရှိတယ်။ --------------- ဝုန်းကနဲ အသံကျယ်ကြီးတချက်။ မီးခိုးလုံးများက နေရာအနှံ့အပြား။ ကျပ်ညပ်နေသော ကပွဲရုံထဲမှ ပွဲကြည့်ရန်ပြင်ဆင်နေသူ လူအုပ်ကြီးက ရုတ်တရက်ကြက်သေသေရင်းက သတိဝင်လာမှုနဲ့အတူ ကြောက်လန့်တကြားအော်သံများက တခဲနက်။ ဒီအချိန်မှာပဲ အရက်သမားတစ်ယောက်က ကျယ်ကျယ်လောင်လောင် ရဲရဲတင်းတင်း အားလုံးကို လွှမ်းသွားအောင်အော်လိုက်သည်။ ဘာတွေ ေ-ာက်သံဟစ်နေတာတုန်း အားလုံးလူနင်းမိပြီးသေကုန်မယ်၊ ကိုယ့်နေရာကိုယ်နေကြ ဘာမှမဖြစ်ဘူး၊ပြဇာတ်ထဲဖောက်မယ့်ယမ်းတွေ အစမ်းဖောက်တာများသွားလို့။ ပဒေသရာဇ်ခေတ်ကတော့ မင်းလောင်းပေါ်တယ်ကြားလို့ အသက်ဘယ်လောက်အောက်ကလေးတွေစီရင်တယ်။ မင်းလောင်းက ဘာဖြစ်လို့လွတ်ခဲ့တယ်။ ဆိုတဲ့ဒဏ္ဏာရီတွေ လူတိုင်းကြားဖူးကြ။ အာဏာရှင်တွေ၊စစ်အုပ်ချုပ်ရေးတွေခေတ်ပိုဆိုး။ အမှန်ပြောသူ တင်ပြသူမရှိစေရ။ စိတ်ထဲမသင်္ကာရင် ထောင်ကျွန်းသေနတ် အကြောက်တရားနဲ့ အညွန့်အညောက်ခေါင်းဆောင်ဆိုတာ တက်မလာအောင်ဖိနှိပ်ထားခဲ့ကြ။ ဒါက သူ့အလုပ်။ ဒီလိုခေတ်တွေမှာခေါင်းဆောင်ဖို့ဆိုတာ အသက်ကိုးချောင်းပါရင်တောင် မလောက်။ ကံပေးလို့ တယောက်တလေ မင်းလောင်းများလွတ်လာခဲ့ပြီ ဆိုတော့ နိုင်ငံအတွက်ခေတ်ဆိုး