ခေါင်းဆောင်ဆိုတာတန်ဖိုးရှိတယ်။

ခေါင်းဆောင်ဆိုတာတန်ဖိုးရှိတယ်။
---------------

ဝုန်းကနဲ အသံကျယ်ကြီးတချက်။
မီးခိုးလုံးများက နေရာအနှံ့အပြား။
ကျပ်ညပ်နေသော ကပွဲရုံထဲမှ ပွဲကြည့်ရန်ပြင်ဆင်နေသူ
လူအုပ်ကြီးက ရုတ်တရက်ကြက်သေသေရင်းက
သတိဝင်လာမှုနဲ့အတူ ကြောက်လန့်တကြားအော်သံများက
တခဲနက်။

ဒီအချိန်မှာပဲ
အရက်သမားတစ်ယောက်က ကျယ်ကျယ်လောင်လောင်
ရဲရဲတင်းတင်း အားလုံးကို လွှမ်းသွားအောင်အော်လိုက်သည်။
ဘာတွေ ‌ေ-ာက်သံဟစ်နေတာတုန်း
အားလုံးလူနင်းမိပြီးသေကုန်မယ်၊
ကိုယ့်နေရာကိုယ်နေကြ
ဘာမှမဖြစ်ဘူး၊ပြဇာတ်ထဲဖောက်မယ့်ယမ်းတွေ
အစမ်းဖောက်တာများသွားလို့။

ပဒေသရာဇ်ခေတ်ကတော့ မင်းလောင်းပေါ်တယ်ကြားလို့
အသက်ဘယ်လောက်အောက်ကလေးတွေစီရင်တယ်။
မင်းလောင်းက ဘာဖြစ်လို့လွတ်ခဲ့တယ်။
ဆိုတဲ့ဒဏ္ဏာရီတွေ လူတိုင်းကြားဖူးကြ။
အာဏာရှင်တွေ၊စစ်အုပ်ချုပ်ရေးတွေခေတ်ပိုဆိုး။
အမှန်ပြောသူ တင်ပြသူမရှိစေရ။
စိတ်ထဲမသင်္ကာရင် ထောင်ကျွန်းသေနတ်
အကြောက်တရားနဲ့ အညွန့်အညောက်ခေါင်းဆောင်ဆိုတာ
တက်မလာအောင်ဖိနှိပ်ထားခဲ့ကြ။
ဒါက သူ့အလုပ်။

ဒီလိုခေတ်တွေမှာခေါင်းဆောင်ဖို့ဆိုတာ
အသက်ကိုးချောင်းပါရင်တောင် မလောက်။
ကံပေးလို့ တယောက်တလေ မင်းလောင်းများလွတ်လာခဲ့ပြီ
ဆိုတော့ နိုင်ငံအတွက်ခေတ်ဆိုးကြီးကို
ပြောင်းလဲပြုပြင်နိုင်သည့် ခေါင်းဆောင်ကြီးကိုရပြီ။
သည်လိုနဲ့ ဂျော့ဝါရှင်တန်၊ကတ်စထရို၊မာရှယ်တီးတိုး၊ဟိုချီမင်း
မှသည်နေရူး၊ဘို့စ်အထိ ကမ္ဘာ့တန်းဝင်ခေါင်းဆောင်ကြီးများကို
ရလာသည်။

တချို့သဘောမတူကြ၊လေးစားလို့မရတာရှိသည်။
မည်သို့ခေါင်းဆောင်သည်ဆိုသော်လည်း
ပုထုဇဥ◌်တွေကိုး၊အာဏာရလာတော့ ပြောင်းလဲသွားပြီး
ဘီလူးဂူထဲဝင်ဘီလူးသတ်ရင်း ဇာတ်ပြောင်းပြီး
ကိုယ်တိုင်ဘီလူးဖြစ်လာတာကများများ။

ပြန်လည်ကြည့်ရှုဖို့ခေါင်းဆောင်အတွက်
ကြေးမုံလိုသည်။အစွယ်ထွက်နေပြီလား။
တချို့ခေါင်းဆောင်တွေကတော့ နဂိုရ်ထဲက အစွယ်
ပါလာပြီးသား။ နိုင်ငံတော်ပုန်ကန်သူခေါင်းဆောင်။
အာဏာသိမ်းတပ်ဖွဲ့ခေါင်းဆောင်ဆိုပါတော့။
သူ့လူတွေအတွက် ခေါင်းဆောင်ကြီးမှန်ပေမယ့်
ဆင်းရဲသားပြည်သူလူထုအတွက်တော့ တွေ့ရာသချိုင်း
ဒါးမဆိုင်းရမယ့် ဘီလူးယုတ်။

ကိုယ့်ဖာသာမှန်ကြည့်လိုသည့်ခေါင်းဆောင်များအတွက်
နန်းတွင်းကြေးမုံတချပ်ကတော့၊
ထကြွ
နိုးကြား
သနား
သည်းခံ
ဝေဘန်
ထောက်ရှု
ဤခြောက်ခုပါ။

ဒီမိုကရေစီလို့ခေါ်တဲ့စနစ်ကတော့
မူလထည်းက မှန်တပ်ဆင်လာခဲ့သည်။
လွတ်လပ်စွာပြောဆိုခွင့်၊ရေးသားခွင့်၊ဝေဘန်ခွင့်။

တဆက်တည်းမှာပင် တာဝန်ကလည်းပါလာသည်။
အများပြည်သူကို လေးစားရပါမည်။
လွတ်လပ်စွာလူသတ်ခွင့်မရှိပါ။
ထိုနည်းတူ လွတ်လွတ်လပ်လပ်
ပန်းခြံအလယ်မှာ တူနှစ်ကိုယ်လည်ချင်းယှက်ချင်လို့မရပါ။
ကိုယ့်ပစ္စည်းကို ကိုယ်ထိမ်းသိန်းဖို့တာဝန်ရှိလာပါသည်။

အများပြည်သူသဘောကြိုက်ညီ၍ရွေးကောက်တင်မြောက်
ထားသူကို အလေးအမြတ်ပြုရပါမည်။
သနား၊သည်းခံသည်ကို အခွင့်ယူစော်ကားခွင့်မရှိပါ။
တကယ်တမ်းခေါင်းဆောင်၏အလုပ်ကို
နှောက်ယှက်ခြင်း၊တာဝန်ကို ကဖျက်ယဖျက်ခြင်းသည်
ခေါင်းဆောင်ကို ခလုပ်ကန်သင်းပြုခြင်းထက်
ယင်းခေါင်းဆောင်ကို ရွေးကောက်ထားသော
ပြည်သူတရပ်လုံးကို စော်ကားခြင်းသာ
ဖြစ်ပါသည်။

ယင်းသို့ပြည်သူတစ်ရပ်လုံးကို စော်ကားခြင်းအား
ပြည်သူကို အနိုင်အထက် အာဏာသိမ်းညှင်းဆဲ
လိုသော ရာဇဝတ်ကောင်များမှလွဲ၍ အတိုက်အခံအပါအဝင်
မည်သူမျှသဘောညီမျှနိုင်မည်မဟုတ်ပါ။
အချုပ်အားဖြင့်ဆိုသော်
ခေါင်းဆောင်ဆိုသည်မှာ တန်ဖိုးရှိပါသည်။
အရက်သမားပင်ဖြစ်စေ သဘာဝအားဖြင့် ခေါင်းဆောင်နိုင်သူကို
တန်ဖိုးထားရပါမည်။
မျိုးရိုး၊ပညာ၊သတ္တိ၊နှလုံးရည်မြင့်မားလှပြီး
ထကြွ၊နိုးကြား၊သနား၊သည်းခံ၊ဝေဘန်၊ထောက်ရှု တတ်သော
ပြည်သူ့ခေါင်းဆောင်ကိုကား
သမိုင်းနှင့်ချီ၍ပင်တန်ဖိုးထားရမည်ဖြစ်သည်။

မြန်မာဒီမို

Comments

Popular posts from this blog

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ

ရခိုင်သမိုင်း