အဘိဓမ္မာ တိပိဋကမြန်မာပြန်


အဘိဓမ္မာ
တိပိဋကမြန်မာပြန်

စိတ်ပိုင်း
စေတသိက်ပိုင်း
ပကိဏ်းပိုင်း
ဝီထိပိုင်း
ဝီထိမုတ်ပိုင်း
ရုပ်ပိုင်း
သမုစ္စည်းပိုင်း
ပစ္စည်းပိုင်း
ကမ္မဋ္ဌာန်းပိုင်း

အဘိဓမ္မသင်္ဂဟ
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာနတ်ပြည်တွင် ဝါကပ်တော်မူပြီး မယ်တော်မိနတ်သားအားအမှူးထား၍ အဘိဓမ္မာတရားတော်ကိုဟောကြားတော်မူခဲ့ပါသည်။ ထိုသို့ဟောကြားစဉ် နေ့စဉ်ဆွမ်းခံ ချိန်၌ နတ်ပြည်တွင်နိမ္မိတရုပ်ပွားကို ကိုယ်စားဟောကြားစေပြီး မြောက်ကျွန်းဥတ္တရကုရုသို့ဆွမ်းခံကြွတော်မူပါသည်။ ထို့နောက် အနောတတ်အိုင်၌ ဆွမ်းဘုဉ်းပေးတော်မူပြီး အရှင်သာရိပုတ္တရာအား အဘိဓမ္မာတရားတော်ကို အကျဉ်းချုပ်ဟောကြားတော်မူပါသည်။ အရှင်သာရိပုတ္တရာသည် ပညာဧတဒဂ်ဖြစ်သည့်အတွက် ဘုရားရှင်ဟောကြားအပ်သော တရားအကျဉ်းကို အကျယ်သိမြင်တော်မူပြီး ရဟန်းတော်များကိုပို့ချခဲ့ပါသည်။ အဘိဓမ္မာ ပိဋကသည် အရှင်သာရိပုတ္တရာ ဟောကြားပို့ချခဲ့သော ပိဋက ဖြစ်ပါသည်။

အဘိဓမ္မာသည် သတ္တလောက ဩကာသလောက သင်္ခါရလောက ဟုဆိုအပ်သော လောကသုံးပါးနှင့်နိဗ္ဗာန် အကြောင်းကို ပရမတ္ထ တရားလေးပါးအဖြစ် ခွဲခြမ်းစိတ်ဖြာကာ သဘာဝတရားများကို ဖြစ်စဉ်အတိုင်း အကြွင်းမရှိပြည့်စုံစွာ ဟောကြားတော်မူခဲ့သော ပရမတ္ထဒေသနာတော်ဖြစ်ပါသည်။

အဘိဓမ္မာ  ဟူသော ဝေါဟာရသည် အဘိဟူသော ဥပသာရနှင့် ဓမ္မသဒ္ဒါပေါင်းစပ်၍ဖြစ်သော အဘိဓမ္မ ဟူသော ပါဠိမှ ဆင်းသက်လာသော ဝေါဟာရဖြစ်သည်။ သုတ္တန်ဓမ္မထက် သာလွန်ထူးခြားသည့် ဓမ္မ ဖြစ်သောကြောင့် အဘိသဒ္ဒါဖြင့် အထူးပြု၍ အဘိဓမ္မာဟု ဆိုလေသည်။

သုတ္တန်၌လည်း ခန္ဓာစသော ပရမတ္ထတရားများ ဝေဖန်ထားသော်လည်း အဘိဓမ္မာ၌ကဲ့သို့ ထူးထူးခြားခြား အကျယ်ဝေဖန်မှုမရှိချေ။ ပိဋကတ်သုံးပုံးတွင် အဘိဓမ္မာလည်း ပိဋကတ်တစ်ပုံဖြစ်ရာ၊ ထိုအဘိဓမ္မာပိဋကတ်၌ ——

(၁) ဓမ္မသင်္ဂဏီ

(၂) ဝိဘင်း (ဝိဘင်္ဂ)

(၃) ဓာတုကထာ

(၄) ပုဂ္ဂလပညတ် ( ပုဂ္ဂလပညတ္တိ )

(၅) ကထာဝတ္ထု

(၆) ယမိုက် ( ယမက )

(၇) ပဋ္ဌာန်း (ပဋ္ဌာန)

ဟူ၍ ကျမ်းအားဖြင့် ခုနှစ်ကျမ်း ရှိလေသည်။

ယင်းအဘိဓမ္မာ ပိဋကတ်ကို ဒေသနာဘေဒစသည်ဖြင့် ဝေဖန်ရသော် အာဏာဒေသနာ၊ ဝေါဟာရဒေသနာ၊ ပရမတ္ထဒေသနာဟူ၍ ဒေသနာအပြား သုံးပါးရှိရာတွင် များသောအားဖြင့် ပရမတ္ထတရားတို့ကိုသာ မူရင်းထား၍ ဟောကြားရာ ဖြစ်သောကြောင့် ပရမတ္ထဒေသနာမျိုး ဖြစ်လေသည်။

ယထာပရာဓ သာသနာ၊ ယထာနုလောမ သာသနာ၊ ယထာဓမ္မသာသနာဟူ၍ သာသနာအပြား သုံးပါးရှိရာတွင် အကယ်စင်စစ် ထင်းရှားရှိသော ပရမတ္ထ တရားတို့၌ သတ္တဝါတို့သည် ခွဲခြားဝေဖန်၍ သိမြင်နိုင်စွမ်းမရှိသဖြင့် ငါဟူ၍လည်းကောင်း၊ ငါ၏ဥစ္စာဟူ၍လည်းကောင်း အတ္တအစွဲတည်းဟူသော အယူအဆ လွဲမှား နေသူတို့အား တရားမှန်အတိုင်း သိမြင်အောင် ဆုံးမဟောကြားတော်မူသောကြောင့် ယထာဓမ္မသာသနာဟု ခေါ်သည်။

သံဝရာ သံဝရကထာ၊ ဒိဋ္ဌိဝိနိဝေဌနကထာ၊ နာမရူပပရိစ္ဆေဒကထာဟူ၍ ကထာအပြား သုံးပါးရှိရာ နာမ် ရုပ် နှစ်ပါး ပ်ိုင်းခြားသိမြင်အောင် ဟောကြားရာဖြစ်သောကြောင့် နာမရူပပရိစ္ဆေဒကထာဟု ခေါ်သည်။

အဓိသီလသိက္ခာ၊ အဓိစိတ္တသိက္ခာ၊ အဓိပညာသိက္ခာ ဟူ၍ သိက္ခာအပြားသုံးပါးရှိရာ အဘိဓမ္မာပိဋကတ်၌ အဓိပညာ ဆိုင်ရာတို့ကို အထူးတလည် ဟောကြားတော်မူသည်။ ပရမတ္ထတည်းဟူသော ရုပ်နာမ်တို့ကို ဝိပဿနာ ဉာဏ်ဖြင့် ထိုးထွင်းသိမြင်၍ မဂ္န်ဉာဏ်သို့ရောက်အောင် ဟောကြားရာဖြစ်သောကြောင့် အဓိပညာ သိက္ခာဟု ခေါ်သည်။

ဝီတိက္ကမပဟာန်၊ ပရိယုဋ္ဌာနပဟာန်၊ အနုသယပဟာန်ဟူ၍ ပဟာန်အပြား သုံးပါးရှိရာ ပညာသည် အစဉ်ကိန်းဝပ် လျက်ရှိသော အနုသယကိလေသာ၏ ဆန့်ကျင်ဘက်ဖြစ်သောကြောင့် အနုသယပဟာန် မည်ပေ၏။

စကားအစဉ်၏ နက်နဲခြင်း၊ အနက်အဓိပ္ပါယ်၏နက်နဲခြင်း၊ ဖော်ထုတ်ဟောပြမှု၏ နက်နဲခြင်း၊ မှန်ကန်စွာ သိရှိနားလည်မှု၏ နက်နဲခြင်းတည်းဟူသော နက်နဲခြင်းလေးမျိုးနှင့်လည်း ပြည့်စုံပေ၏။

ဤသို့လျှင် အမြင့််ဆုံးဒေသနာ၊ အကျယ်ဝန်းဆုံးသာသနာ၊ အနက်ဆုံးကထာ၊ အကြီးဆုံးသိက္ခာ၊ အထက်ဆုံး ပဟာန်ဆိုင်ရာတို့ကို ဦးစားပေး၍ ဟောကြားတော်မူရာ အဘိဓမ္မာ ပိဋကတ် တရားမြတ်သည်ကား သာဝကဗောဓိဉာဏ်မျိုး၊ ပစ္စေကဗောဓိဉာဏ်မျိုးတို့ဖြင့် တီထွင်ဟောကြားနိုင်သည့် တရားမျိုး မဟုတ်ချေ။ သာမည ပါရမီရှင်တို့ သိမြင်နိုင်ဖွယ်မရှိ၊ အလွန်ခဲယဉ်းလှသည့် ဤကိစ္စကို သမ္မာသမ္ဗုဒ္ဓ ဓမ္မသနင်း တရားမင်းတို့သာလျှင် ချင်းနင်း ကုန်စင် တီထွင်၍ မယ်တော်မိနတ်သားကို အမှူးထား၍ တာဝတိံသာနတ်ပြည်၌ နတ်အများတို့အား ဟောကြားတော်မူရခြင်း ဖြစ်ပေသည်။

ထို့ကြောင့် မိလိန္ဒပဉှာ ပါဠိတော် အရူပဓမ္မ၀၀တ္ထာနပဉှာ၌လည်း အောက်ပါအတိုင်း ဟောကြားထားတော်မူသည်။

( မိလိန္ဒမင်းကြီး ) မြတ်စွာဘုရား ပြုလုပ်ဆောင်ရွက်တော်မူခဲ့သည့်ခဲယဉ်းသောအရာ ရှိပါသလား ဘုရား။

( အရှင်နာဂသိန်) ခဲယဉ်းသောအရာ ရှိပါသည်။

( မိလိန္ဒ ) ခဲယဉ်းစွာ ပြုလုပ်ခဲ့သော အရာဟူသည် အဘယ်ပါနည်း ဘုရား။

(နာဂသိန်) မြတ်စွာဘုရားသည် တစ်ခုတည်းသောအာရုံ၌ ဖြစ်ကြသည့် စိတ်စေတသိက် နာမ်တရားတို့ကို ဤတရားသဘောက ဖဿတည်း၊ ဤတရားသဘောက ဝေဒနာတည်း၊ ဤတရားသဘောကား သညာတည်း၊ ဤတရားသဘောကား စေတနာတည်း၊ ဤတရားသဘောကား စိတ်တည်း ဟုဝေဖန်ပိုင်းခြားလျက် ဟောကြားတော်မူခြင်းသည် ခဲယဉ်းစွာ ပြုအပ်သော အရာမည်ပါ၏။

( မိလိန္ဒ ) မြင်သာအောင် ဥပမာပြုတော်မူပါဦး ဘုရား။

(နာဂသိန်) ဥပမာသော်ကား ယောက်ျားတစ်ယောက်သည် လှေဖြင့် မဟာသမုဒ္ဒရာို့ သက်ဝင်ပြီးနောက် မဟာသမုဒ္ဒရာရေကို လက်ခုပ်ဖြင့်ယူပြီးလျှင် လျှာဖြင့်လျက်၍ ဤရေသည် ဂင်္ဂါမြစ်ရေတည်း၊ ဤရေသည် ယမုနာမြစ်ရေတည်း၊ ဤရေသည် အစိရဝတီမြစ်ရေတည်း၊ ဤရေသည် သရဘူမြစ်ရေတည်း၊ ဤရေသည် မဟီမြစ်ရေတည်းဟု သိနိုင်ပါသလော။

(မိလိန္ဒ) သိနိုင်ရန်ခဲယဉ်းလှပါသည် အရှင်ဘုရား။

(နာဂသိန်) တစ်ခုတည်းသော အာရုံ၌ဖြစ်ကြသည့် နာမ်ဖြစ်ကြသော ။ပ။ ဝေဖန်ပိုင်းခြားလျက်ဟောကြား တော်မူခြင်းသည် ဤရေကို အသိခက်သည်ထက် အလွန်ခဲယဉ်းစွာ ပြုတော်မူအပ်သောအရာ ဖြစ်ပါ၏။

(မိလိန္ဒ) ကောင်းလှပါပေ၏ အရှင်ဘုရား။

ဤသို့ ခက်ခဲနက်နဲသောဂုဏ်နှင့်ပြည့်စုံမှုကြောင့်ပင်လျှင် ကာလကြာ၍ ပရိယတ္တိသာသနာ ကွယ်ပ ရာတွင် အဘိဓမ္မာ ပိဋကတ်စ၍ကွယ်လိမ့်ဟု အဋ္ဌကထာများတွင် ဖွင့်ပြတော်မူကြသည်။ ထိုစကားကို အတန်ငယ်ချဲ့ဦးအံ့။ သာသနာကွယ်ခြင်းသည် ———-

(၁) ပရိယတ်ကွယ်ခြင်း

(၂) ပဋိပတ်ကွယ်ခြင်း

(၃) ပဋိဝေဓကွယ်ခြင်း

(၄) ရဟန်းအသွင်ကွယ်ခြင်း

(၅) ဓာတ်တော်မွေတော်ကွယ်ခြင်း ဟူ၍ ( ၅ ) မျိုးရှိကြောင်း သမ္မောဟဝိနောဒနီ အဋ္ဌကထာ ဉာဏဝိဘင်း အဖွင့် စသည်တို့၌ပြဆို၏။

ထိုငါးမျိုးတို့တွင် ပရိယတ္တိသာသနာတည်လျှင် ပဋိပတ္တိသာသနာ နှင့်ပဋိဝေဒသာသနာ နှစ်ပါးကို ဖြည့်ကျင့်နိုင်သောကြောင့် ပရိယတ္တိသာသနာသည်သာလျှင် သာသနာတော်၏ တည်ရင်းအကြောင်း ဖြစ်ပေသည်။

ကာလကြာလေသော် ပရိယတ္တိသာသနာတော်ကြီးသည် တစ်စထက်တစ်စ ယုတ်လျော့မည်ဖြစ်သည်။ ပရိယတ္တိ သာသနာတော်၌လည်း ပိဋကတ်သုံးပုံအနက် အဘိဓမ္မာပိဋကတ်သည် ရှေးဦးစွာ ကွယ်ပျောက်မည် ဖြစ်သည်။ အဘိဓမ္မာပိဋကတ် တွင်လည်း ပဋ္ဌာနး်ကျမ်းကြီးကစ၍ အစဉ်အတိုင်း ကွယ်ပလိမ့်မည်ဖြစ်ကြောင်း အဋ္ဌကထာတို့၌ အကျယ်ဖွင့်ပြတော်မူလေသည်။ ထို့ကြောင့်ပင် ရှေးရှေးပုဂ္ဂိုလ်တို့သည် သုတ္တန်ပိဋကတ်ထက် လွန်ကဲထူးခြားသော ထိုအဘိဓမ္မာပိဋကတ်ကို အထူးအားစိုက်ကာ သင်ကြားလေ့လာတော်မူကြကုန်သည်။

ထို့ကြောင့် ဗုဒ္ဓဝါဒ၏ အဆုံးသတ်ရည်ရွယ်ချက်သံသရာစက်၏ စခန်းသိမ်း အေးငြိမ်းရာမှန် ပြည်နိဗ္ဗာန်သို့ ရောက်ရှိရန်အတွက် အဘိဓမ္မာဉာဏ်ရင့်သန်ရန် ကြိုးစားသင့်၏။

တိပိဋကမြန်မာပြန်
PUBLISHED ON January 5, 2018
ဝိနယပိဋက
သုတ္တန္တပိဋက
အဘိဓမ္မာပိဋက

ပဋ္ဌာန်း

PUBLISHED ON December 22, 2017
ပဋ္ဌာန်း  သည် အဘိဓမ္မာ တရားတော် ၇ – ကျမ်းတွင် တစ်ခုအပါအဝင် ဖြစ်သည်။ မြတ်စွာဘုရား အလောင်းတော်သည် မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်နေ့၌ သဗ္ဗညု မြတ်စွာဘုရား အဖြစ်ရောက်ရှိခဲ့ပြီးနောက် ဗောဓိပင်၏ အနောက်မြောက် ၁၀ – လံ အကွာတွင် နတ်များဖန်ဆင်းပူဇော်သော ရတနာရွှေအိမ်ထက်၌ နယုန်လဆန်း ၆ ရက်နေ့မှ ၁၃ ရက်အထိ အဘိဓမ္မာတရားတော်ကို ဆင်ခြင်နေတော်မူသည်။ အဘိဓမ္မာရှေးဦး ၆ ကျမ်းကို ဆင်ခြင်ရာတွင်ရောင်ခြည်တော် ကွန့်မြူးခြင်းမရှိသေးပဲ နောက်ဆုံး ပဋ္ဌာန်းဒေသနာတော်ကြီးကို ဆင်ခြင်သုုံးသပ်တော်မူသောအခါမှသာ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးကာ နတ်၊ ဗြဟ္မာတို့သည်လည်း ခြေတော်ရင်းမှာ ဦးခိုက်ကြကုန်လေသည်။ ပဋ္ဌာန်းဒေသနာတော်ကို နာကြားပြီးချိန်တွင် နတ်၊ ဗြဟ္မာ ကုဋေ ၈၀,၀၀၀ ကျွတ်တမ်းဝင်ပြီး၊ လူ့ပြည်မှ ရဟန်း ၅၀၀ ရဟန္တာ ဖြစ်သည်ဟု ဆိုသည်။

ပဋ္ဌာန်း  ဟူသည်မှာ ပ နှင့် ဌာန နှစ်ခုပေါင်းဖြစ်ကာ ပ ဆိုသည်မှာ အမျိုးမျိုးအစားအစား များပြားသော၊ ဌာန ဆိုသည်မှာ အကြောင်း ဟု အသီးသီးအဓိပ္ပာယ်ရသည်။ အခြားအမည်တစ်မျိုးမှာ အနန္တနယ သမန္တ ပဋ္ဌာန်းကျမ်း ဖြစ်ကာ အနန္တနယ ( အဆုံးမရှိသောကျမ်း ) နှင့် သမန္တ ( ထက်ဝန်းကျင် အဆုံးမရှိသောနည်းလမ်းတို့ဖြင့် တန်ဆာဆင်သော ထက်ဝန်းကျင်ပြည့်ဆုံသောကျမ်း) ဟု ခေါ်ကြသည်။ ထို့ကြောင့် ပဋ္ဌာန်းဟူသည်မှာ တရားများကို လေ့လာဟောကြားသော တရားတော်ဖြစ်သည်။ ပဋ္ဌန်းကျမ်းတွင် စာအုပ်အားဖြင့် ၅ အုပ်ရှိသည်။ ထိုစာအုပ်များအား အောက်တွင် Download ရယူနိုင်ပါသည်။

ပဋ္ဌာန်းပါဠိတော် ပထမတွဲ    Download ရယူရန်

ပဋ္ဌာန်းပါဠိတော် ဒုတိယတွဲ   Download ရယူရန်

ပဋ္ဌာန်းပါဠိတော် တတိယတွဲ  Download ရယူရန်

ပဋ္ဌာန်းပါဠိတော် စတုတ္ထတွဲ    Download ရယူရန်

ပဋ္ဌာန်းပါဠိတော် ပဉ္စမတွဲ       Download ရယူရန်

 

ယမိုက်
PUBLISHED ON December 22, 2017
ယမက   ခေါ် ယမိုက်ကျမ်းသည် အဘိဓမ္မာ ၇ – ကျမ်းတွင် တစ်ကျမ်း အပါအဝင် ဖြစ်သည်။ အဘိဓမ္မာဝေါဟာရတို့၏ အဓိပ္ပါယ် သတ်မှတ်ချက်ကို ပို၍ သေချာတိကျစေရန်၊ အစုံ, အစုံအားဖြင့် အမေးအဖြေပြု၍ ဟောကြားထားသည်။ ဥပမာအားဖြင့် ” ကုသလဓမ္မအားလုံးတို့သည် ကုသလမူလဖြစ်သလော၊ သို့တည်းမဟုတ် ကုသလမူလ အားလုံးတို့သည် ကုသလဓမ္မဖြစ်သလော” စသဖြင့် အစုံပြု၍ မေးဖြေထားသည်။ မူလ, ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, သင်္ခါရ, အနုသယ, စိတ္တ, ဓမ္မ, ဣန္ဒြိယဟူ၍ ယမိုက် ၁၀-ကျမ်းရှိသည်။

ယမကပါဠိတော် ပထမတွဲ      Download ရယူရန်

ယမကပါဠိတော် ဒုတိယတွဲ    Download ရယူရန်

ယမကပါဠိတော် တတိယတွဲ  Download ရယူရန်

 

ကထာဝတ္ထု
PUBLISHED ON December 22, 2017
ကထာဝတ္ထု   သည် ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့ခြင်း မဟုတ်ပါ။ တတိယ သင်္ဂါယနာတွင် အရှင်မောဂ္ဂလိပုတ္တတိဿက ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့သော တရားတော်များအပေါ် ဗုဒ္ဓဘာသာ ဂိုဏ်း ခွဲများက အမျိုးမျိုး ယူဆ အဓိပ္ပါယ်ကောက်ကာ အငြင်းပွားမှုကို အမေးအဖြေပုံစံဖြင့် ဟောကြား ချေပကာ စံ သတ်မှတ်ထားသည့် အဓိပ္ပါယ်များအား မှတ်တမ်းတင်ထားသော ကျမ်းဖြစ်သည်။

ကထာဝတ္ထုပါဠိတော်ရချင်လျှင်    Download ရယူရန်

ကထာဝတ္ထုပါဠိတော်မြန်မာပြန် ပထမတွဲ    Download ရယူရန်

ကထာဝတ္ထုပါဠိတော်မြန်မာပြန် ဒုတိယတွဲ    Download ရယူရန်

 

ဓာတုကထာနှင့် ပုဂ္ဂလပညတ်
PUBLISHED ON December 22, 2017
ဓာတုကထာကျမ်း

ကထာဝတ္ထုကျမ်း သည် ခန္ဓာ အာယတန ဓာတ်တို့ဖြင့် ဝေဖန်ဟောကြားသော ကျမ်းဖြစ်သည်။ ရုပ် နာမ် ၂-ပါးကိုပင် ခန္ဓာ ဟူ၍လည်းကောင်း၊ အာယတန ဟူ၍လည်းကောင်း၊ ဓာတ်ဟူ၍လည်းကောင်း ခေါ်သည်။ ထိုတွင် ဓာတ်သည် ခန္ဓာ၊ အာယတန တို့ထက် အရေအတွက်အားဖြင့်များသောကြောင့် ဓာတ်ကို ခေါင်းတည်ပြီး ” ဓာ တုကထာ ” ဟု ခေါ်ရခြင်းဖြစ်သည်။ ဓမ္မသင်္ဂဏီ၊ ဝိဘင်း တို့၌ ဟောကြားခဲ့သော ပရမတ္ထတရားများကို ခန္ဓာနည်း၊ ဓာတ်နည်း၊ အာယတနနည်းတို့ဖြင့် ဝေဖန် ဟောကြားထားသည်။

 

ပုဂ္ဂလပညတ္တိ ( ပုဂ္ဂလပညတ်ကျမ်း )

အထက်ပါ ၃-ကျမ်းဖြစ်သော ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ ကျမ်းတို့ကိုဟောကြားစဉ်တွင် နတ် ဗြဟ္မာတို့၏ စိတ်၌ ‘ လောကတွင် ပရမတ္ထဓမ္မများသာ အရေးပါပြီး ပညတ်တရားများက အရေးမပါဘူးလား? ပရမတ္ထတွေသာရှိပြီး ပညတ်တရားတွေဆိုတာ မရှိတော့ဘူးလား ‘  စသဖြင့် သံသယဝင်လာကြသည်။ ထိုသံသယများကို ဖြေဖျောက်တော်မူရန် ပုဂ္ဂိုလ် ပညတ်များကို ဟောကြားသည့် ပုဂ္ဂလပညတ်ကျမ်းကို ဟောတော်မူသည်။

ဓာတုကထာကျမး်နှင့် ပုဂ္ဂလပညတ်ပါဠိတော်ကိုရချင်လျှင်    Download ရယူရန်

 

ဝိဘင်း
PUBLISHED ON December 22, 2017
ဝိဘင်္ဂ ( ဝိဘင်းကျမ်း ) သည် ဓမ္မသင်္ဂဏီတွင် စုပေါင်းရေတွက်ခဲ့သည့် ပရမတ္ထတရားများကို ၁၈-ပိုင်းခွဲပြီး နည်း ၃ -နည်းဖြင့် အကျယ်ဝေဖန် ဟောကြားသည့် ကျမ်းဖြစ်သည်။ ဝိဘင်္ဂ – အကျယ်ဝေဖန်ဟောခြင်းဖြစ်သည်။နည်း ၃-နည်းမှာ….

၁။ တရားနာပုဂ္ဂိုလ်တိုင်း အလွယ်တကူ နားလည်နိုင်သော သုတ္တန်ဝေဖန်နည်း ( သုတ္တန္တဘာဇနီယနယ )

၂။ အထက်တန်း တရားနာပုဂ္ဂိုလ်များသာ နည်းလည်နိုင်သော အဘိဓမ္မာဝေဖန်နည်း(အဘိဓမ္မာဘာဇနိယနယ)

၃။ တရားနာရာတွင် အလွန်ထိရောက်သော အမေးအဖြေနည်း ( ပဉှာပုစ္ဆကနယ )

တို့ဖြစ်သည်။

ဝိဘင်္ဂ ( ဝိဘင်းကျမ်း ) ပါဠိတော်ကိုရချင်လျှင်      Download ရယူရန်

ဝိဘင်္ဂမူလနှင့်အနုဋီကာကိုရချင်လျှင်     Download ရယူရန်

ဝိဘင်းပါဠိတော်မြန်မာပြန်ကိုရချင်လျှင်    Download ရယူရန်

 

ဓမ္မသင်္ဂဏီ
PUBLISHED ON December 22, 2017
ဓမ္မသင်္ဂဏီကျမ်း     သည် ပရမတ္ထတရားများကို ရေတွက်ပေါင်းရုံးပြသော ကျမ်းဖြစ်ပါသည်။ ဓမ္မ – တရား၊ သင်္ဂဏီ – ရေတွက်ခြင်း ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုသည်။ ထိုသို့ ပေါင်းရုံးပြရာတွင် ဦးစွာခေါင်းစဉ် မာတိကာများကို ဟောကြားပြီးမှ ထိုမာတိကာများအလိိုက် အဓိပ္ပါယ် အကျယ်ကိုဆက်လက် ဟောကြားတော်မူသည်။

ဓမ္မသင်္ဂဏီကျမ်းတွင် ရုပ်၊ စိတ်၊ စေတသိတ် စသည့်အလုံးစုံသော သဘာဝတရားများကို တစ်ခုချင်း အသေးစိတ် ရေတွက် ပြထားသည်။ ထိုသို့ ရေတွက်ရာတွင် ၎င်းတို့၏ သဘောသဘာဝ၊ လုပ်ငန်းတာဝန်နှင့် အချင်းချင်း အပြန်အလှန် ဆက်နွယ် ကျေးဇူးပြုပုံများအလိုက် ပေါ်လွင်စေရန် အမျိုးအစားများခွဲခြား၍ ရှင်းပြထားသည်။

ဓမ္မသင်္ဂဏီ ပါဠိတော်လိုချင်လျှင်     Download ရယူရန်

ဓမ္မသင်္ဂဏီ အဋ္ဌကထာပါဋ္ဌိလိုချင်လျှင်     Download ရယူရန်

ဓမ္မသင်္ဂဏီ မူလနှင့် အနုဋီကာလိုချင်လျှင်    Download ရယူရန်

ဓမ္မသင်္ဂဏီပါဠိတော် မြန်မာပြန်လိုချင်လျှင်    Download ရယူရန်

 

နိဒါန်း
PUBLISHED ON December 19, 2017

၁။ရတနတ္တယ ပဏာမ

၂။ပရမတ္ထတရား ၄-ပါး

၃။ဘုံစိတ်အပြား ၄-ပါး

၄။သစ္စာ ၂-ပါး

သမုတိသစ္စာ

လူအများ သဘောတူ၍ သမုတ်ထားအပ်၊ သတ်မှတ်ထားအပ်သော အမည်နာမ ဟူသမျှသည် သမ္မုတိသစ္စာ မည်၏။ သမ္မုတိသစ္စာနှင့် ပညတ်တို့သည် အတူတူပင် ဖြစ်သည်။

ပရမ္မတ္ထသစ္စာ

မိမိတို့ဆိုင်ရာ သဘောလက္ခဏာများမှ မလောက်မပြန် မှန်ကန်တည့်မတ် မြတ်သော သဘောတရားသည် ပရမတ် မည်၏။

သစ္စာ ၂-ပါး

PUBLISHED ON December 17, 2017

သမုတိသစ္စာ

လူအများ သဘောတူ၍ သမုတ်ထားအပ်၊ သတ်မှတ်ထားအပ်သော အမည်နာမ ဟူသမျှသည် သမ္မုတိသစ္စာ မည်၏။ သမ္မုတိသစ္စာနှင့် ပညတ်တို့သည် အတူတူပင် ဖြစ်သည်။

ပရမ္မတ္ထသစ္စာ

မိမိတို့ဆိုင်ရာ သဘောလက္ခဏာများမှ မလောက်မပြန် မှန်ကန်တည့်မတ် မြတ်သော သဘောတရားသည် ပရမတ် မည်၏။

 

မောဟမူစိတ် ၂-ပါး
PUBLISHED ON December 15, 2017

စာပိုဒ်(၆)
(ပါဠိ)
ဥပေက္ခာသဟဂတံ ဝိစိကိစ္ဆာ သမ္ပယုတ္တ မေကံ
ဥပေက္ခာသဟဂတံ ဥဒ္ဓစ္စ သမ္ပယုတ္တ မေကန္တိ
ဣမာနိ ဒွေပိ မောမူဟ စိတ္တာနိ နာမ။

( အနက် )
ဥပေက္ခာ သဟဂတံ၊ ဥပေက္ခာဝေဒနာနှင့်။ပ။နှီးနှောသော။
ဝါ-ဥပေက္ခာဝေဒနာနှင့်တကွ။ပ။အဖြစ်သိုပရောက်သော။
ဝိစိကိစ္ဆာသမ္ပယုတ္တံ၊ဝိစိကိစ္ဆာနှင့်အညီအညွတ် ဧကုပ္ပါဒအစ
ရှိသော အပြားတို့ဖြင့်ယှဉ်သော။စိတ္တံ၊စိတ်လည်း။ဧကံ၊တစ်ခု
ဥပေက္ခာ သဟဂတံ၊ ဥပေက္ခာဝေဒနာနှင့်။ပ။နှီးနှောသော။
ဝါ-ဥပေက္ခာ ဝေဒနာနှင့်တကွ။ပ။သော။ဥဒ္ဓစ္စ သမ္ပယုတ္တံ၊ ဥဒ္ဓစ္စ
နှင့် အညီအညွတ် ဧကုပ္ပါဒအစရှိသော အပြားတို့ဖြင့်ယှဉ်သော။
စိတ္တံ၊စိတ်လည်း။ဧကံ၊တစ်ခု။ဣတိ-ဣမိနာ ပဘေဒေန၊ဖြင့်။
ဒွေပိ၊ကုန်သော။ဣမာနိ စိတ္တာနိ၊တို့သည်။မောမူဟ စိတ္တာနိ နာမ၊
မောဟစိတ်ဟူသော အမည်ရှိကုန်သည်။ဟောန္တိ၊ဖြစ်ကုန်၏။

( သရုပ်ခွဲ )

ဝေဒနာဘေဒ = ဥပေက္ခာသဟဂုတ်စိတ်
သမ္ပယောဂဘေဒ =ဥပေက္ခာသဟဂုတ် ဝိစိကိစ္ဆာသမ္ပယုတ်စိတ် (၁)
။ ဥဒ္ဓစ္စသမ္ပယုတ်စိတ် (၁)
သင်္ခါရဘေဒ = သင်္ခါရဝိမုတ်စိတ်

ဟေတုဘေဒ
အောဟဟုဆိုအပ်သော ဟိတ်တစ်ပါးသာရှိသည်၏အဖြစ်ကြောင့် ဧကဟ
စိတ်ဖြစ်၏။

ဒေါသမူစိတ် ၂ – ပါး
PUBLISHED ON December 15, 2017
Leave a comment
စာပိုဒ်(၅)
(ပါဠိ)
ဒေါမနဿ သဟဂတံ ပဋိဂ သမ္ပယုတ္တံ
အသင်္ခါရိက မေကံ၊ သသင်္ခါရိကမေကန္တိ
ဣမာနိဒွေပိပဋိဃသမ္ပယုတ္တစိတ္တာနိနာမ။
(အနက်)
ဒေါမနဿသဟဂတံ၊ဒေါမနဿဝေဒနာနှင့် ဧကုပ္ပါဒ
အစရှိသော အစွမ်းဖြင့် နှီးနှောသော။ ဝါ-ဒေါမနဿ
ဝေဒနာနှင့်တကွ ဧကုပ္ပါဒအစရှိသော အဖြစ်သို့ရောက်
သော။ ပဋိဃသမ္ပယုတ္တံ၊ဒေါသနှင့်အညီအညွတ်ဧကုပ္ပါဒ
အစရှိသော အပြားတို့ဖြင့် ယှဉ်သော။ အသင်္ခါရိကံ၊ မရှိ
သော။စိတ္တံ၊စိတ်လည်း။ဧကံ၊တစ်ခု။ သသင်္ခါရိကံ၊သော။
ဝါ-တကွဖြစ်သော။ စိတ္တံ၊စိတ်လည်း။ဧကံ၊တစ်ခု။ဣတိ
ဣမိနာ ပဘေဒေန၊ ဤသို့သောအပြားအားဖြင့်။ဒွေပိ၊
နှစ်ပါးအပြားရှိသည်လည်းဖြစ်ကုန်သော။ ဣမာနိ စိတ္တာနိ
နာမ၊ ပဋိဃသမ္ပယုတ္တ စိတ္တာနိ နာမ၊ ပဋိဃသမ္ပယုတ်စိတ်
ဟူသောအမည်ရှိကုန်သည်။ဟောန္တိ၊ ဖြစ်ကုန်၏။

( သရုပ်ခွဲ )

ဝေဒနာဘေဒ = ဒေါမနဿသဟဂုတ်စိတ်
သမ္ပယောဂဘေဒ = သမ္ပယုတ်စိတ်
သင်္ခါရဘေဒ = အသင်္ခါရိက(၁)
သသင်္ခါရိက(၁)
ဟေတုဘေဒ
ဒေါသမူစိတ်(၂) ပါးသည် ဟေတုဘေဒအားဖြင့် ဒေါသဟိတ်
မောဟဟိတ်ဟူ၍ ဟိတ်(၂)ပါးရှိသောကြောင့် ဒွိဟိတ်ဖြစ်၏။

လောဘမူစိတ် ၈- ပါး
PUBLISHED ON December 15, 2017
Leave a comment
စာပိုဒ်(၄)

ပါဠိ။
တတ္ထကတမံ ကာမာဝစရံ-
သောမနဿ သဟဂတံ ဒိဋ္ဌိဂတ သမ္ပယုတ္တံ
အသင်္ခါရိက မေကံ, သသင်္ခါရိက မေကံ,
သောမနဿ သဟဂတံ ဒိဋ္ဌိဂတ ဝိပ္ပယုတ္တံ
အသင်္ခါရိက မေကံ, သသင်္ခါရိက မေကံ,
ဥပေက္ခာ သဟဂတံ ဒိဋ္ဌိဂတ သမ္ပယုတ္တံ
အသင်္ခါရိက မေကံ, သသင်္ခါရိက မေကံ,
ဥပေက္ခာ သဟဂတံ ဒိဋ္ဌိဂတ ဝိပယုတ္တံ
အသင်္ခါရိက မေကံ, သသင်္ခါရိက မေကန္တိ
ဣမာနိ အဋ္ဌာပိ လောဘ သဟဂတ စိတ္တာနိ နာမ။

အနက်။
တတ္ထ-တေသု စတူသု စိတ္တေသု၊ ထိုလေးပါးသောစိတ်
တို့တွင်။ကတမံ၊ အဘယ်စိတ်သည်။ ကာမာဝစရံ၊
ကာမာဝစရ မည်သနည်း။(တစ်နည်းကား…. ကာမာ
ဝစရံ၊ ကာမာဝစရစိတ်သည်။ ကတမံ၊ အဘယ်နည်း။

သောမနဿ သဟဂတံ၊ သောမနဿ ဝေဒနာနှင့်
ဧကုပ္ပါဒ အစရှိသော အစွမ်းဖြင့် နှီးနှောသော၊ ဝါ-
သောမနဿ ဝေဒနာနှင့်တကွ ဧကုပ္ပါဒအစရှိသော
အဖြစ်သို့ရောက်သော။ ဒီဋ္ဌိဂတ သမ္ပယုတ္တံ၊ မိစ္ဆာ
ဒိဋ္ဌိနှင့်အညီအညွတ် ဧကုပ္ပါဒ အစရှိသော အပြား
တို့ဖြင့်ယှဉ်သော အသင်္ခါရိကံ၊ တိုက်တွန်းခြင်း
မရှိသော။ စိတ္တံ၊ စိတ်သည်။ ဧကံ၊ တစ်ခု။ သသင်္ခါ
ရိကံ၊ တိုက်တွန်းခြင်းရှိသော။ ဝါ- တိုက်တွန်းခြင်း
နှင့် တကွဖြစ်သော။ စိတ္တံ၊စိတ်လည်း။ ဧကံ၊တစ်ခု။
သောမနဿသဟဂတံ၊ သောမနဿ ဝေဒနာနှင့်
ဧကုပ္ပါဒ အစရှိသော အစွမ်းဖြင့် နှီးနှောသော။ ဝါ-
သောမနဿဝေဒနာနှင့်တကွ ဧကုပ္ပါဒအစရှိသော
အဖြစ်သို့ရောက်သော။ ဒိဋ္ဌိဂတဝိပ္ပယုတ္တံ၊ မိစ္ဆာဒိဋ္ဌိ
နှင့်မယှဉ်သော။ အသင်္ခါရိကံ၊သော။စိတ္တံ၊စိတ်လည်း။
ဧကံ၊တစ်ခု။သသင်္ခါရိကံ၊ တိုက်တွန်းခြင်းရှိသော။
ဝါ-တကွဖြစ်သော။စိတ္တံ၊စိတ်လည်း။ဧကံ၊တစ်ခု။
ဥပေက္ခာသဟဂတံ၊ဥပေက္ခာဝေဒနာနှင့် ဧကုပ္ပါဒ
အစရှိသော အစွမ်းဖြင့် နှီးနှောသော။ ဝါ- ဥပေက္ခာ
ဝေဒနာနှင့်တကွ ဧကုပ္ပါဒ အစရှိသော အဖြစ်သို့
ရောက်သော။ ဒိဋ္ဌိဂတသမ္ပယုတ္တံ၊မိစ္ဆာဒိဋ္ဌိနှင့် အညီ
အညွတ် ဧကုပ္ပါဒ အစရှိသော အပြားတို့ဖြင့်ယှဉ်
သော။ အသင်္ခါရိကံ၊တိုက်တွန်းခြင်းမရှိသော၊စိတ္တံ၊
စိတ်လည်း။ဧကံ၊တစ်ခု။သသင်္ခါရိကံ၊ သော။ ဝါ-
တကွဖြစ်သော။စိတ္တံ၊ စိတ်လည်း။ဧကံ၊တစ်ခု။
ဥပေက္ခာသဟဂတံ၊ ဥပေက္ခာဝေဒနာနှင့်ဧကုပ္ပါဒ
အစရှိသောအစွမ်းဖြင့်နှီးနှောသော။ဝါ-ဥပေက္ခာ
ဝေဒနာနှင့်တကွ ဧကုပ္ပါဒ အစရှိသောအဖြစ်သို့
ရောက်သော။ဒိဋ္ဌိဂတ ဝိပ္ပယုတ္တံ၊မိစ္ဆာဒိဋ္ဌိနှင့်မယှဉ်
သော။ အသင်္ခါရိကံ၊ မရှိသော။စိတ္တံ၊စိတ်လည်း။
ဧကံ၊တစ်ခု။သသင်္ခါရိကံ၊သော။ဝါ-တကွဖြစ်သော။
စိတ္တံ၊စိတ်လည်း။ ဧကံ၊တစ်ခု။ဣတိ-ဣမိနာ-ပဘေ
ဒေန၊ဖြင့်။အဋ္ဌပိ၊ရှစ်ပါးအပြားရှိသည်လည်းဖြစ်ကုန်
သော။ဣမာနိ စိတ္တာနိ၊ ဤစိတ်တို့သည်။လောဘ
သဟဂတစိတ္တာနိ နာမ၊လောဘသဟဂုတ်စိတ်ဟူ
သောအမည်ရှိကုန်သည်။ ဟောန္တိ၊ဖြစ်ကုန်၏။

သရုပ်ခွဲ။
သော သံ အ ၁ သော သံ သ ၁
သော ဝိ အ ၁ သော ဝိ သ ၁
ဥ သံ အ ၁ ဥ သံ သ ၁
ဥ ဝိ အ ၁ ဥ ဝိ သ ၁

ပေါင်း ၈ပါး

ဘုံစိတ်အပြား ၄ ပါး
PUBLISHED ON December 15, 2017
Leave a comment
၃။ တတ္ထ စိတ္တံ တာဝ စတုဗ္ဗိတံ ဟောတိ ကာမာဝစရံ, ရူပါဝစရံ, အရူပါဝစရံ,လေကုတ္တရဉ္စေတိ။

၃။ တတ္ထ တေသု ယထာဥဒ္ဒိဋ္ဌေသု စတူသုအဘိဓမ္မတ္ထေသု၊ အကြင်အားဖြင့် အကျဉ်းပြအပ်ကုန်ပြီးသော ထိုလေး       ပါးသော အဘိဓမ္မာ၌ ဟောတော်မူအပ်ကုန်သော အနက်အနက်တို့တွင်။

 တာဝ၊ ရှေးဦးစွာ။
မယာ။ ငါသည်။
ဥဒ္ဒိတ္ထံ၊ အကျဉ်းပြအပ်သော။
စိတ္တံ၊ စိတ်သည်။
ကာမာဝစရဉ္စ၊ ကာမာဝစရစိတ်၎င်း။
ရူပါဝစရဉ္စ၊ ရူပါဝစရစိတ်၎င်း။
အရူပါဝစရဉ္စ၊ အရူပါဝစရစိတ်၎င်း။
လောကုတ္တရဉ္စ၊ လောကုတ္တရာစိတ်၎င်း။
ဣတိ ဣမိနာ ပဘေဒေန၊ ဤသို့သောအပြားအားဖြင့်။
စတုဗ္ဗိဓံ၊ လေးပါးအပြားရှိသည်။
ဟောတိ၊ ဖြစ်၏။

သရုပ်ခွဲ
ဘုံစိတ်အပြားလေးပါးသည် ကာမ, ရူပ, အရူပ, လောကုတ္တရာ စိတ်တို့ဖြစ်သည်။

အဝစရ အမည်ရသောစိတ်သည် ကာမာဝစရစိတ်, ရူပါဝစရစိတ်, အရူပါဝစရစိတ်

အဝစရ အမည်မရသောစိတ်သည် လောကုတ္တရာစိတ် ဖြစ်သည်။

ပရမတ္ထတရား ၄ ပါး
PUBLISHED ON December 15, 2017
Leave a comment
၂။ တတ္ထ ဝုတ္တာဘိဓမ္မတ္ထာ၊ စတုဓာ ပရမတ္ထတော။
စိတ္တံ, စေတသိကံ, ရူပံ၊ နိဗ္ဗာန မီတိ သဗ္ဗထာ။

၂။ တသ္မိံ အဘိဓမ္မေ၊ ထိုအဘိဓမ္မာ ( ၇ )ကျမ်း၌။
သဗ္ဗထာ သဗ္ဗေ ပကာရေန၊ ကုသိုလ် အစရှိသော, ခန္ဓာအစရှိသော ခပ်သိမ်းသောအပြားအားဖြင့်။
တထာဂတေဟိ၊ မြတ်စွာဘုရားတို့သည်။
ဝုတ္တာ၊ ဟောတော်မူအပ်ကုန်သော။
အဘိဓမ္မတ္ထာ၊ အဘိဓမ္မာ ( ၇ ) ကျမ်း၌ဟောတော်မူ အပ်ကုန်သော အနက်တို့သည်။
ပရမတ္ထ ဝသေန၊ မဖောက်မပြန်မြတ်သောသဘော၏ အစွမ်းဖြင့်သာလျှင်။
စိတ္တဉ္စ၊ ဝိညာဏက္ခန္ဓာ၎င်း။
 စေတသိကဉ္စ(ဝေဒနာဒိက္ခန္ဓက္ကယံ)၊ ဝေဒနာအစရှိသော ခန္ဓာတို့၏ သုံးပါးအပေါင်း၎င်း။
ရူပဉ္စ( ဘူတုပါဒါယဘေဒဘိန္နောရူပက္ခန္ဓော)၊ ဘူတရုပ်, ဥပါဒါရုပ်အားဖြင့်ပြားသော ရူပက္ခန္ဓာ၎င်း။
နိဗ္ဗာန( မဂ္ဂဖလာနမာရမ္မဏဘူတော အသင်္ခတဓမ္မော)၊ မဂ်ဖိုလ်တို့၏ အာရုံဖြစ်သော အသင်္ခတရား၎င်း။
ဣတိ ဣမိနာ ပဘေဒေန၊ ဤသို့သောအပြားအားဖြင့်။
စတုဓာ( စတူဟိ အကာရေဟိ)၊ လေးပါးသောအကြောင်းတို့ဖြင့်။
 ဌိတာ၊ တည်ကုန်၏။

 

အဓိပ္ပါယ်သရုပ်

စိတ် = အာရုံကို သိတတ်သော သဘောတရား။

စေတသိက် = စိတ်၌ မှီ၍ ခြယ်လှယ်တတ်သော သဘောတရား။

ရုပ် = အပူအအေးစသော ဆန့်ကျင်ဘက် အကြောင်းတရားများကြောင့် ဖောက်ပြန်တတ်သော သဘောတရား။

နိဗ္ဗာန် = တဏှာ ကုန်ခမ်းခြင်းသဘော ၊ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းခြင်းသဘောတရား။

အဘိဓမ္မ = ပုဂ္ဂိုလ်အကြိုက် အလိုမလိုက်ဘဲ ( ပုဂ္ဂလာဓိဋ္ဌာန် မဖက် ) ဓမ္မအဓိဋ္ဌာန်နည်းဖြင့် ပြည့်ပြည့်စုံစုံ ( သုတ္တာန်တရားထက်) သာလွန်ထူးကဲစွာ ဟောကြားအပ်သော တရားတော်များ။

အဘိဓမ္မတ္ထ = (၇) ကျမ်း၌ ဟောကြားတော်မူအပ်သော စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်၊ ပညတ်ဟု ဆိုအပ်သော တရား (၅)ပါး။

ရတနတ္တယ ပဏာမ
PUBLISHED ON December 15, 2017
Leave a comment
၁။ သမ္မာသမ္ဗု ဒ္ဓမတုလံ၊ သသဒ္ဓမ္မ ဂဏုတ္တမံ။
အဘိဝါဒိယ ဘာသိဿံ ၊ အဘိဓမ္မတ္ထသင်္ဂဟံ။

 

၁။ အဟံ၊ ငါသည်။

သ သဒ္ဓမ္မဂဏုတ္တမံ၊ သူတော်ကောင်းတို့၏တရား ပရမတ္ထအားဖြင့်ထင်ရှားရှိသောတရား၊ ချီး မွှမ်းအပ်သောတရား ဖြစ်တော်မူထသော။

အတုလံ၊ သီလအစရှိသော ဂုဏ်တော်တို့ကြောင့် တစ်စုံတစ်ယောက်သောသူနှင့် တူတော်မမူထသော။

သမ္မာသမ္ဗုဒ္ဓံ၊ သင်္ခတ. အသင်္ခတအားဖြင့် ပြားသော ခပ်သိမ်းသောတရားတို့ကို မဖောက်မပြန် သယမ္ဘူ ဉာဏ်ဖြင့် မိမိအလိုလိုသာသိတော်မူပြီးသော မြတ်စွာဘုရားကို။

အဘိဝါဒိယ-အဘိဝန္ဒာမိ၊ အထူးသဖြင့် ရှိခိုးပါ၏။ အဘိဝါဒိယ-အဘိဝန္ဒိတွာ၊ အထူးသဖြင့် ရှိခိုးပြီး၍။

အဘိဓမ္မတ္ထသင်္ဂဟံ၊ အဘိဓမ္မာ ခုနှစ်ကျမ်း၌ ဟောတော်မူအပ်ကုန်သော အနက်တို့ကို. အနက်တို့၏ အကျဉ်းအားဖြင့် ယူရာယူကြောင်း သင်္ဂြိုဟ်ရာသင်္ဂြိုဟ်ကြောင်းဖြစ်ခြင်းကြောင့် အဘိဓမ္မတ္ထသင်္ဂဟ အမည်ရှိသောကျမ်းကို။ ဘာသိဿံ-ကထေဿာမိ၊ ဟောပေအံ့။

ပဏာမ

ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာ့ဂုဏ်ကို ရှိခိုးပူးဇော်သည်။

ဘုရားဂုဏ်။      ။ (၁) သီလစသောဂုဏ်တော်တို့ကြောင့် တူသောသူတစ်စုံတစ်ယောက်မျှမရှိတော်မူခြင်း။

(၂) ခပ်သိမ်းသောတရားတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် သိတော်မူခြင်း။

တရားဂုဏ်။      ။ (၁) သူတော်ကောင်းတို့၏တရား။

(၂) ပရမတ္ထအားဖြင့် ထင်ရှားရှိသော တရား။

သံဃာ့ဂုဏ်။     ။ (၁) အရိယာသံဃာ အပေါင်းတည်းဟူသော ဂိုဏ်းမြတ်။

ပဋိညာဉ်

(၁) အန္တရယ်ကင်းရှင်းစေရန်နှင့်

(၂) မိမိရေးသားမည့် ကျမ်းစာ အဆုံးတိုင်ပြီးမြောက် အောင်မြင်စွာ ရေးသား စီရင်နိုင်ရေးအတွက်ဖြစ်ပါသည်။

FEATURED
အဘိဓမ္မာ
PUBLISHED ON December 15, 2017
Leave a comment
 

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာနတ်ပြည်တွင် ဝါကပ်တော်မူပြီး မယ်တော်မိနတ်သားအားအမှူးထား၍ အဘိဓမ္မာတရားတော်ကိုဟောကြားတော်မူခဲ့ပါသည်။ ထိုသို့ဟောကြားစဉ် နေ့စဉ်ဆွမ်းခံ ချိန်၌ နတ်ပြည်တွင်နိမ္မိတရုပ်ပွားကို ကိုယ်စားဟောကြားစေပြီး မြောက်ကျွန်းဥတ္တရကုရုသို့ဆွမ်းခံကြွတော်မူပါသည်။ ထို့နောက် အနောတတ်အိုင်၌ ဆွမ်းဘုဉ်းပေးတော်မူပြီး အရှင်သာရိပုတ္တရာအား အဘိဓမ္မာတရားတော်ကို အကျဉ်းချုပ်ဟောကြားတော်မူပါသည်။ အရှင်သာရိပုတ္တရာသည် ပညာဧတဒဂ်ဖြစ်သည့်အတွက် ဘုရားရှင်ဟောကြားအပ်သော တရားအကျဉ်းကို အကျယ်သိမြင်တော်မူပြီး ရဟန်းတော်များကိုပို့ချခဲ့ပါသည်။ အဘိဓမ္မာ ပိဋကသည် အရှင်သာရိပုတ္တရာ ဟောကြားပို့ချခဲ့သော ပိဋက ဖြစ်ပါသည်။

အဘိဓမ္မာသည် သတ္တလောက ဩကာသလောက သင်္ခါရလောက ဟုဆိုအပ်သော လောကသုံးပါးနှင့်နိဗ္ဗာန် အကြောင်းကို ပရမတ္ထ တရားလေးပါးအဖြစ် ခွဲခြမ်းစိတ်ဖြာကာ သဘာဝတရားများကို ဖြစ်စဉ်အတိုင်း အကြွင်းမရှိပြည့်စုံစွာ ဟောကြားတော်မူခဲ့သော ပရမတ္ထဒေသနာတော်ဖြစ်ပါသည်။

အဘိဓမ္မာ  ဟူသော ဝေါဟာရသည် အဘိဟူသော ဥပသာရနှင့် ဓမ္မသဒ္ဒါပေါင်းစပ်၍ဖြစ်သော အဘိဓမ္မ ဟူသော ပါဠိမှ ဆင်းသက်လာသော ဝေါဟာရဖြစ်သည်။ သုတ္တန်ဓမ္မထက် သာလွန်ထူးခြားသည့် ဓမ္မ ဖြစ်သောကြောင့် အဘိသဒ္ဒါဖြင့် အထူးပြု၍ အဘိဓမ္မာဟု ဆိုလေသည်။

သုတ္တန်၌လည်း ခန္ဓာစသော ပရမတ္ထတရားများ ဝေဖန်ထားသော်လည်း အဘိဓမ္မာ၌ကဲ့သို့ ထူးထူးခြားခြား အကျယ်ဝေဖန်မှုမရှိချေ။ ပိဋကတ်သုံးပုံးတွင် အဘိဓမ္မာလည်း ပိဋကတ်တစ်ပုံဖြစ်ရာ၊ ထိုအဘိဓမ္မာပိဋကတ်၌ ———

 

(၁) ဓမ္မသင်္ဂဏီ

(၂) ဝိဘင်း (ဝိဘင်္ဂ)

(၃) ဓာတုကထာ

(၄) ပုဂ္ဂလပညတ် ( ပုဂ္ဂလပညတ္တိ )

(၅) ကထာဝတ္ထု

(၆) ယမိုက် ( ယမက )

(၇) ပဋ္ဌာန်း (ပဋ္ဌာန)

ဟူ၍ ကျမ်းအားဖြင့် ခုနှစ်ကျမ်း ရှိလေသည်။

ယင်းအဘိဓမ္မာ ပိဋကတ်ကို ဒေသနာဘေဒစသည်ဖြင့် ဝေဖန်ရသော် အာဏာဒေသနာ၊ ဝေါဟာရဒေသနာ၊ ပရမတ္ထဒေသနာဟူ၍ ဒေသနာအပြား သုံးပါးရှိရာတွင် များသောအားဖြင့် ပရမတ္ထတရားတို့ကိုသာ မူရင်းထား၍ ဟောကြားရာ ဖြစ်သောကြောင့် ပရမတ္ထဒေသနာမျိုး ဖြစ်လေသည်။

ယထာပရာဓ သာသနာ၊ ယထာနုလောမ သာသနာ၊ ယထာဓမ္မသာသနာဟူ၍ သာသနာအပြား သုံးပါးရှိရာတွင် အကယ်စင်စစ် ထင်းရှားရှိသော ပရမတ္ထ တရားတို့၌ သတ္တဝါတို့သည် ခွဲခြားဝေဖန်၍ သိမြင်နိုင်စွမ်းမရှိသဖြင့် ငါဟူ၍လည်းကောင်း၊ ငါ၏ဥစ္စာဟူ၍လည်းကောင်း အတ္တအစွဲတည်းဟူသော အယူအဆ လွဲမှား နေသူတို့အား တရားမှန်အတိုင်း သိမြင်အောင် ဆုံးမဟောကြားတော်မူသောကြောင့် ယထာဓမ္မသာသနာဟု ခေါ်သည်။

သံဝရာ သံဝရကထာ၊ ဒိဋ္ဌိဝိနိဝေဌနကထာ၊ နာမရူပပရိစ္ဆေဒကထာဟူ၍ ကထာအပြား သုံးပါးရှိရာ နာမ် ရုပ် နှစ်ပါး ပ်ိုင်းခြားသိမြင်အောင် ဟောကြားရာဖြစ်သောကြောင့် နာမရူပပရိစ္ဆေဒကထာဟု ခေါ်သည်။

အဓိသီလသိက္ခာ၊ အဓိစိတ္တသိက္ခာ၊ အဓိပညာသိက္ခာ ဟူ၍ သိက္ခာအပြားသုံးပါးရှိရာ အဘိဓမ္မာပိဋကတ်၌ အဓိပညာ ဆိုင်ရာတို့ကို အထူးတလည် ဟောကြားတော်မူသည်။ ပရမတ္ထတည်းဟူသော ရုပ်နာမ်တို့ကို ဝိပဿနာ ဉာဏ်ဖြင့် ထိုးထွင်းသိမြင်၍ မဂ္န်ဉာဏ်သို့ရောက်အောင် ဟောကြားရာဖြစ်သောကြောင့် အဓိပညာ သိက္ခာဟု ခေါ်သည်။

ဝီတိက္ကမပဟာန်၊ ပရိယုဋ္ဌာနပဟာန်၊ အနုသယပဟာန်ဟူ၍ ပဟာန်အပြား သုံးပါးရှိရာ ပညာသည် အစဉ်ကိန်းဝပ် လျက်ရှိသော အနုသယကိလေသာ၏ ဆန့်ကျင်ဘက်ဖြစ်သောကြောင့် အနုသယပဟာန် မည်ပေ၏။

စကားအစဉ်၏ နက်နဲခြင်း၊ အနက်အဓိပ္ပါယ်၏နက်နဲခြင်း၊ ဖော်ထုတ်ဟောပြမှု၏ နက်နဲခြင်း၊ မှန်ကန်စွာ သိရှိနားလည်မှု၏ နက်နဲခြင်းတည်းဟူသော နက်နဲခြင်းလေးမျိုးနှင့်လည်း ပြည့်စုံပေ၏။

ဤသို့လျှင် အမြင့််ဆုံးဒေသနာ၊ အကျယ်ဝန်းဆုံးသာသနာ၊ အနက်ဆုံးကထာ၊ အကြီးဆုံးသိက္ခာ၊ အထက်ဆုံး ပဟာန်ဆိုင်ရာတို့ကို ဦးစားပေး၍ ဟောကြားတော်မူရာ အဘိဓမ္မာ ပိဋကတ် တရားမြတ်သည်ကား သာဝကဗောဓိဉာဏ်မျိုး၊ ပစ္စေကဗောဓိဉာဏ်မျိုးတို့ဖြင့် တီထွင်ဟောကြားနိုင်သည့် တရားမျိုး မဟုတ်ချေ။ သာမည ပါရမီရှင်တို့ သိမြင်နိုင်ဖွယ်မရှိ၊ အလွန်ခဲယဉ်းလှသည့် ဤကိစ္စကို သမ္မာသမ္ဗုဒ္ဓ ဓမ္မသနင်း တရားမင်းတို့သာလျှင် ချင်းနင်း ကုန်စင် တီထွင်၍ မယ်တော်မိနတ်သားကို အမှူးထား၍ တာဝတိံသာနတ်ပြည်၌ နတ်အများတို့အား ဟောကြားတော်မူရခြင်း ဖြစ်ပေသည်။

ထို့ကြောင့် မိလိန္ဒပဉှာ ပါဠိတော် အရူပဓမ္မ၀၀တ္ထာနပဉှာ၌လည်း အောက်ပါအတိုင်း ဟောကြားထားတော်မူသည်။

( မိလိန္ဒမင်းကြီး ) မြတ်စွာဘုရား ပြုလုပ်ဆောင်ရွက်တော်မူခဲ့သည့်ခဲယဉ်းသောအရာ ရှိပါသလား ဘုရား။

( အရှင်နာဂသိန်) ခဲယဉ်းသောအရာ ရှိပါသည်။

( မိလိန္ဒ ) ခဲယဉ်းစွာ ပြုလုပ်ခဲ့သော အရာဟူသည် အဘယ်ပါနည်း ဘုရား။

(နာဂသိန်) မြတ်စွာဘုရားသည် တစ်ခုတည်းသောအာရုံ၌ ဖြစ်ကြသည့် စိတ်စေတသိက် နာမ်တရားတို့ကို ဤတရားသဘောက ဖဿတည်း၊ ဤတရားသဘောက ဝေဒနာတည်း၊ ဤတရားသဘောကား သညာတည်း၊ ဤတရားသဘောကား စေတနာတည်း၊ ဤတရားသဘောကား စိတ်တည်း ဟုဝေဖန်ပိုင်းခြားလျက် ဟောကြားတော်မူခြင်းသည် ခဲယဉ်းစွာ ပြုအပ်သော အရာမည်ပါ၏။

( မိလိန္ဒ ) မြင်သာအောင် ဥပမာပြုတော်မူပါဦး ဘုရား။

(နာဂသိန်) ဥပမာသော်ကား ယောက်ျားတစ်ယောက်သည် လှေဖြင့် မဟာသမုဒ္ဒရာို့ သက်ဝင်ပြီးနောက် မဟာသမုဒ္ဒရာရေကို လက်ခုပ်ဖြင့်ယူပြီးလျှင် လျှာဖြင့်လျက်၍ ဤရေသည် ဂင်္ဂါမြစ်ရေတည်း၊ ဤရေသည် ယမုနာမြစ်ရေတည်း၊ ဤရေသည် အစိရဝတီမြစ်ရေတည်း၊ ဤရေသည် သရဘူမြစ်ရေတည်း၊ ဤရေသည် မဟီမြစ်ရေတည်းဟု သိနိုင်ပါသလော။

(မိလိန္ဒ) သိနိုင်ရန်ခဲယဉ်းလှပါသည် အရှင်ဘုရား။

(နာဂသိန်) တစ်ခုတည်းသော အာရုံ၌ဖြစ်ကြသည့် နာမ်ဖြစ်ကြသော ။ပ။ ဝေဖန်ပိုင်းခြားလျက်ဟောကြား တော်မူခြင်းသည် ဤရေကို အသိခက်သည်ထက် အလွန်ခဲယဉ်းစွာ ပြုတော်မူအပ်သောအရာ ဖြစ်ပါ၏။

(မိလိန္ဒ) ကောင်းလှပါပေ၏ အရှင်ဘုရား။

ဤသို့ ခက်ခဲနက်နဲသောဂုဏ်နှင့်ပြည့်စုံမှုကြောင့်ပင်လျှင် ကာလကြာ၍ ပရိယတ္တိသာသနာ ကွယ်ပ ရာတွင် အဘိဓမ္မာ ပိဋကတ်စ၍ကွယ်လိမ့်ဟု အဋ္ဌကထာများတွင် ဖွင့်ပြတော်မူကြသည်။ ထိုစကားကို အတန်ငယ်ချဲ့ဦးအံ့။ သာသနာကွယ်ခြင်းသည် ———-

(၁) ပရိယတ်ကွယ်ခြင်း

(၂) ပဋိပတ်ကွယ်ခြင်း

(၃) ပဋိဝေဓကွယ်ခြင်း

(၄) ရဟန်းအသွင်ကွယ်ခြင်း

(၅) ဓာတ်တော်မွေတော်ကွယ်ခြင်း ဟူ၍ ( ၅ ) မျိုးရှိကြောင်း သမ္မောဟဝိနောဒနီ အဋ္ဌကထာ ဉာဏဝိဘင်း အဖွင့် စသည်တို့၌ပြဆို၏။

ထိုငါးမျိုးတို့တွင် ပရိယတ္တိသာသနာတည်လျှင် ပဋိပတ္တိသာသနာ နှင့်ပဋိဝေဒသာသနာ နှစ်ပါးကို ဖြည့်ကျင့်နိုင်သောကြောင့် ပရိယတ္တိသာသနာသည်သာလျှင် သာသနာတော်၏ တည်ရင်းအကြောင်း ဖြစ်ပေသည်။

ကာလကြာလေသော် ပရိယတ္တိသာသနာတော်ကြီးသည် တစ်စထက်တစ်စ ယုတ်လျော့မည်ဖြစ်သည်။ ပရိယတ္တိ သာသနာတော်၌လည်း ပိဋကတ်သုံးပုံအနက် အဘိဓမ္မာပိဋကတ်သည် ရှေးဦးစွာ ကွယ်ပျောက်မည် ဖြစ်သည်။ အဘိဓမ္မာပိဋကတ် တွင်လည်း ပဋ္ဌာနး်ကျမ်းကြီးကစ၍ အစဉ်အတိုင်း ကွယ်ပလိမ့်မည်ဖြစ်ကြောင်း အဋ္ဌကထာတို့၌ အကျယ်ဖွင့်ပြတော်မူလေသည်။ ထို့ကြောင့်ပင် ရှေးရှေးပုဂ္ဂိုလ်တို့သည် သုတ္တန်ပိဋကတ်ထက် လွန်ကဲထူးခြားသော ထိုအဘိဓမ္မာပိဋကတ်ကို အထူးအားစိုက်ကာ သင်ကြားလေ့လာတော်မူကြကုန်သည်။

ထို့ကြောင့် ဗုဒ္ဓဝါဒ၏ အဆုံးသတ်ရည်ရွယ်ချက်သံသရာစက်၏ စခန်းသိမ်း အေးငြိမ်းရာမှန် ပြည်နိဗ္ဗာန်သို့ ရောက်ရှိရန်အတွက် အဘိဓမ္မာဉာဏ်ရင့်သန်ရန် ကြိုးစားသင့်၏။

Comments

Popular posts from this blog

ရခိုင်သမိုင်း

အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ