အကယ်ဒမီ
မောင်စစ် မပြောတော့ဘူးလို့ နေခဲ့တာပါခင်ဗျာ။
ကုန်သည်အလုပ်နဲ့ အသက်မွေးနေရတဲ့ လူသား
တစ်ယောက်က အနုပညာစံတွေ ရသခံစားမှု့တွေ
မဝေဖန်ချ င်ပါဘူး ။
ရွှေဖလား ငွေနားကွတ်သလို ဖြစ်ရော့မယ် ဆိုပြီး
ကုတ်ကုတ်လေး ထိုင်နေခဲ့တာ ကြာခဲ့ပါပြီ။
ဒါပေမယ့် အခုတော့ ပြောလိုက်တော့မယ်ဗျာ---။
အနောက်နိုင်ငံတွေက ရုပ်ရှင်ဆိုတာကြီးကို ၁၈၉၄ခု
လောက်မှာ စရိုက်တယ်ဗျ ။
အဲ မြန်မာနိုင်ငံမှာတော့ ဘိလပ်သွားဦးထွန်းရှိန်ရဲ့
နာရေးကို ဓါတ်ပုံပညာရှင်ကြီး လန်ဒန်အတ်တ်
ဦးအုန်းမောင်ကြီး ကရိုက်ကူးပြီး ရန်ကုန်မြို့ မှာရှိတဲ့
CINEMA PARIS ရုပ်ရှင်ရုံမှာ အမေရိကန်ဇာတ်ကား
တစ်ကားနဲ့ ပူးတွဲပြီး ပြသခဲ့တယ်
အသံတိတ် စာတန်းထိုးကားအနေနဲ့ပေါ့
ကာလအပိုင်းခြားကတော့ ၁၉၂၀ မှာပါ ။
သိတ်မကြာခင် မှာပဲ ဆရာကြီးပီမိုးနင်းရဲ့ ဝထ္ထု ကို
ဒါရိုက်တာ ဦးတုတ်ကြီးနဲ့လန်ဒန်အတ်တ်ဦးအုန်းမောင်
တို့က "မေတ္တာနဲ့သူရာ" ဆိုပြီး ရိုက်ကူးပြသခဲ့
ပြန်တယ်။
မင်းသားက ဦးညီပု ဖြစ်ပြီး မင်းသမီးကတော့
ကြည့်မြင်တိုင်သူ မရီမြင့် ဖြစ်ပါတယ်။
ပြသတဲ့ရုံကတော့ CINEMA PARIS ( ရန်ကုန် ) မှာ
ဖြစ်ပါတယ် ခင်ဗျာ။
နောက်ထပ် ကြိုးစားလာတဲ့ ဇာတ်ကားကတော့
"ကျေးတောသူ မနု " ဖြစ်ပြီး မင်းသား ဦးညီပု
မင်းသမီး ခင်ခင်နု တို့သရုပ်ဆောင်ကြပြန်တယ်။
ဒီနောက်တော့မှ အသံထွက်ဇာတ်ကားကို
တက်လှမ်းနိုင်ပါတယ်။
မင်းသား အေးကို နဲ့မင်းသမီး ခင်မေလေးတို့
ဦးဆောင်ပါဝင်ထားတဲ့ " ငွေပေးလို့မရ " ဇာတ်ကား
ဖြစ်ပါတယ်။
အဲဒီအချိန်မှ စတင်ပြီး မြန်မာ့ရုပ်ရှင်ဟာ လမ်းလျောက်
တတ်စ ကလေးတစ်ယောက်လို ပိုသထက် ပိုပြီး
သန်စွမ်းကြံ့ခိုင်လာအောင် ကြိုးစားလာခဲ့တာ
ဒီနေ့ဒီအချိန်အထိ ရုပ်ရှင်လား မြောက်အောင်
ကြိုးစားနေရဆဲလို့ ပြောချ င်ပါတယ်။
ဒီနောက်ပိုင်းမှာတော့ ၁၉၅၆ ခုနှစ်မှာ ဂျပန်ဒါရိုက်တာ
KON INCHI KAWA က စာရေးဆရာနိုဘယ်ဆုရှင်
MICHIO TAKE YAMA ရဲ့ဝထ္ထုကို
THE BURMESE HARP ( မြန်မာ့စောင်း) ဆိုတဲ့
ဇာတ်ကားအဖြစ် မြန်မာစာတန်းထိုး
အဖြူ အမဲ ဇာတ်ကားကို အေဝမ်းဖလင်နဲ့ ပူးပေါင်း
ရိုက်ကူးခဲ့ပါတယ်။
ဒီဇာတ်ကားဟာ မြန်မာတွေအတွက် တန်ဘိုး
ထားရမယ့် ကားဖြစ်ပြီး အောင်မြင်မှု့ အတိုင်းတာလည်း
မသေးလှဘူးပြောရမယ့် ကားဖြစ်ပါတယ်။
IMDb rating 8.1/10 ရထားပြီး Tomatoes အနေနဲ့
91% ရရှိထားတဲ့ကား ဖြစ်နေလို့ပါပဲ။
အဲဒီနောက် ကစမ်းကဝါး စမ်းတဝါးဝါး လျောက်လှမ်း
ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ရေစီးကြောင်းမှာတော့ အပြည်ပြည်
ဆိုင်ရာ ရုပ်ရှင်လောက ရုပ်ရှင်ပညာနဲ့ အရမ်းကြီး
ပူးပူးကပ်ကပ် လှုတ်ရှားနှီးနှောလာတာတွေ နည်း
သည်ထက်နည်းလာတာကို မြင်တွေ့ရပါတယ်။
တကယ်တော့ ပြောင်းလဲနေတဲ့ ကမ္ဘာနဲ့ အဆက်ပြတ်
နေခဲ့ပြီး ဂွတ်တယ်ထင် ဒူးသာဒူး လုပ်လာခဲ့တာ
ကြာလှပါပကော လို့ပြောချ င်တာပါ။
မြန်မာ့ရုပ်ရှင်လောကဟာ အခုနောက်ပိုင်း
ခေါတ်မှာတော့ တစ်ချိန်က ရန်ကုန်မြို့မှာ သုံးခဲ့ဖူးတဲ့
သုံးဘီးကားနဲ့ သိတ်ကိုတူလာတာကို တွေ့ရတယ်။
သုံးဘီးကားဆိုတဲ့အမျိုးက ခရီးသာ သိတ်မတွင်တာ
အသံကျ အတော် ဆူသကိုးဗျ ။
ဂျပန် ဒါရိုက်တာ တစ်ယောက်ရှိခဲ့တယ်
AKIRA KUROSAWA ( 1910- 1998 ) ဖြစ်ပါတယ်။
IMDB TOP 250 ထဲမှာ သူ့ရဲ့ဂျပန်ကား ၅ကားလောက်
ရှိနေပါတယ်။
RASHOMON IKIRU SEVEN SAMURAI
YOJIMBO နဲ့ RAN တို့ဖြစ်ပါတယ်။
ဒါတောင် ပြုတ်သွားတဲ့ ဇာတ်ကားဖြစ်တဲ့
THE HIDDEN FORTRESS ပါနေသေးပါတယ် ခင်ဗျ ။
အဲဒီထက် ပိုပြီး ချီးကျူး ရမှာကတော့ သူ့ရဲ့ဇာတ်ကား
တော်တော်များများကို ဟောလိဝုဒ် က ပြန်ပြီး
Inspiration ယူထားခြင်း ခံရတဲ့ကိစ္စပဲ ဖြစ်ပါတယ်။
အဲဒီကားတွေကတော့-----------
Rashomon မှ တဖြစ် လဲ The Outrage
Seven Sumuraiမှ တဖြစ်လဲ The Magnificent seven
Yojimbo မှ တဖြစ်လဲ A fistful dollars
The hidden fortress မှ တဖြစ်လဲ Star Wars
Episode IV မှ တဖြစ်လဲ A New Hope -----
စတဲ့ ဇာတ်ကားများ ဖြစ်ကြပါတယ်။
ဒီလောက်အောင် သူဟာ အောင်မြင်ခဲ့သော်ငြား
လူသောက်မြင်ကတ်လောက်အောင် ဘာအသံမှ
ထွက်မလာပဲ ရေပြည့်အိုး ဖြစ်ခဲ့ပါတယ်။
အခု မြန်မာ့ ရုပ်ရှင်ကို လူထု စိတ်ပျ က် ငြီးငွေ့
လာရခြင်းအကြောင်းတရားဆိုတာကလည်း
ရုပ်ရှင်လောကသားတို့ရဲ့  တနပ်စားအကျ င့်
နှုတ်ခမ်းပဲ့ခြင်းမီးမှုတ် မပြည့်အိုးဘောင်ဘင်ခတ်
ဒီလို သောက်ကျ င့်ဆိုးတွေ ကြောင့်သာဖြစ်ပါတယ်။
အခြားမည်သည့် ပရောဂါမျှ ပါခြင်းမဟုတ်ခဲ့ပါ။
စက်ကရိယာကို လက်ညိုးထိုးပြ နည်းပညာကို
ရမယ်ရှာပြ ဒီလိုနဲ့ နေလာတာ ကြာလှပါပကောလေ။
ဒရမ်မာသက်သက်ကိုပင် အောက်သက်မကျေ ပါ လို့
ဝန်မခံရဲတာသည်ပင်လျှ င် အားနည်းချ က်ဖြစ်ပါတယ်။
မြန်မာ့ရုပ်ရှင်လောကမှာ မှတ်တိုင်ကောင်းတွေ
သမိုင်းကောင်းတွေ ရှိဖူးပြီးသားပါ ။
မင်းသားကြီးအံ့ကျော်ကို မင်းသားထားရိုက်တဲ့
"ဘဝကြေးမှုံ " လို ဇာတ်ကားက အစပြု ပြီး
"ဘယ်သူ ပြို င်လို့ လှပါတော့နိုင် " " အကာကအချ စ်
အနှစ်ကမေတ္တာ " " ဖက်ဖူးရောင် " " ပုလဲရောင်
မမှိန်" စတဲ့ဇာတ်ကားတွေက အစပြု ပြီး
"သင်္ကြန်မိုး" လိုဇာတ်ကားအထိ ဂန္တဝင်မြောက်ပြီးသား
မဟုတ်လားဗျာ။
အခုတော့ ဇာတ်သမားလာရင် မှတ်သားစရာ မကျန်
တဲ့အပြင် ဆဲစရာကောင်းနေတဲ့ ဇာတ်ကားတွေသာ
အရှင်မွေးနေ့ခြင်းကြီး ဆူလွယ်နပ်လွယ် လုပ်လာ
ကြတာကိုးဗျ ။
အနု ပညာစံရယ်လို့ ပြည်သူက မသတ်မှတ်ရသေးခင်
ရင်ဘတ်ကို အနုပညာသမားပါလို့ ကော့ပြရတာ
အမော။
ဒီကြားထဲ ပေါ်လစီကြို က်လေးတွေနဲ့ ဘုန်းတော်ဘွဲ့
ဆန်ဆန် ဖေါ်လံဖါးကား လေးတွေနဲ့ လှေကားလုပ်
တက်တဲ့သူကလည်း အများသားကိုး ---။
ထားလိုက်ပါတော့ ဒီနေ့ ဒီအချိန်မှာ ပြည်ပရောက်
မြန်မာ စုံတွဲလေးတစ်တွဲ မြန်မာပြည်ရုပ်ရှင်လောက
ထဲကို သူတို့လေးတွေ သင်ယူလေ့လာခဲ့သမျှလေးကို
ယူဆောင်လာခဲ့တယ်။
ဟုတ်ပြီ လိုတာလေးတွေကို သမ္ဘာသမားတွေက
ထောက်ပြရမယ်
အဲသလိုပဲ ချီးမွှန်းထိုက်တာလေးတွေကို ချီးမွှန်းရမယ်
ဒါဟာ သူတော်ကောင်းတရားနဲ့ညီမျှ သလို
မင်္ဂလာတရားတော်နဲ့လည်း ညီညွတ်ပေတယ်ဗျ ။
အခုတော့ဗျာ-----------
မဲပြာပုဆိုး အုပ်စုကြီး လက်နှီးစုတ်အုပ်စုကြီး
တယ်လဲ ညီညွှတ်စည်းလုံးကြပါတကား---
ဟောင်သံ အူသံ သောသောညံလို့ ။
အပုတ်ရည်နဲ့ထွေးတယ်ဆိုတာက ကိုယ့်အာခံတွင်းမှာ
အနှီအပုတ်ရည်ကို အရင် ငုံရသေးတာမဟုတ်လားလို့။
ကြာတော့ ပြည်သူတွေက သင်းတို့ကို
ပိုပြီး မေတ္တာပျ က် ပိုကြီး အကြည်ညို ပျ က်
စေတနာမဲ့ လေကုန်သတည်း ဖြစ်ကုန်ပါပေါ့လားဗျာ။
ဒီနေရာမှာ ရေခြားမြေခြားရောက် ဆရာဦးဝင်းဖေက
မင်းသားမြတ်လေးကို ပြောတာလေး ပြောပြချ င်တယ်။
"ကိုမြတ်လေးရေ ကျု ပ်က စာဖတ်အားကောင်းတော့
ရုပ်ရှင် နဲ့ပါတ်သက်သမျှ ကာရိုက်တာက အစ
သီဝရီပိုင်းအားကောင်းလေတော့ ငါအတော်လေး
ဟုတ်လှပြီ ထင်နေတာဗျ "
" ဟိုဖက် ထွက်သွားကြည့်တော့မှ ဘယ်ဟုတ်လို့တုန်း
ကျု ပ်သိထား ဖတ်ထားတဲ့စာတွေအတော်များများက
ပါရီ ရုပ်ရှင် တည်းဖြတ် သင်တန်းရဲ့ အခြေခံ
သင်ရိုးလောက်သာ ရှိနေတာဗျ " တဲ့။
ဒီတော့ နောက်ဆုံးစကား ပြောချ င်တယ်
ရုပ်ရှင်လောကသား အားလုံး အချိန်မှီ ပြု ပြင်ပြီး
မစင်တွင်းက အမြန်တက်ဖို့ ပြင်ဆင်ကြပါတော့--
အနုပညာသည်ဆိုတဲ့ နှလုံးသားသိမှတ်ဆုကို
ပြည်သူက အသိမှတ်ပြု အောင်စောင့်ပါ
မိမိကိုယ်ကိုယ် စောစီးစွာ တံဆပ် မကပ်ချ င်ပါနဲ့။
ဖက်ခွက်စား ဇာတ်မျောကြီးထဲမှ ရုန်းထွက်လာကြပါ
လို့------
ပြောလိုက်ပါရစေ ခင်ဗျား။ ။
( ဒီ post နဲ့ ပါတ်သက်ပြီး မည်သူ့ကိုမျှ
အားတုံ့ အားနာဖြင့် တောင်းပန်လိမ့်မည် မဟုတ်ပါ ။)
စ စ် ငြိ မ်း ေ အး
( 2;45 Pm 25th march 2018 )
Comments
Post a Comment