အကယ်ဒမီဆိုတာ နတ်ကြီးတယ်

အကယ်ဒမီဆိုတာ နတ်ကြီးတယ်

" လူငယ်သဘာ၀ " ဆိုတဲ့ ဇာတ်ကားမှာ သေနတ်ကိုင် လူသတ်သမား  ကြည်လင်းကို အုတ်နီခဲနဲ့ ထုပီး ဖမ်းခဲ့တဲ့ဇာတ်ကွက်တွေ ၊ ဖမ်းပေးခဲ့တဲ့ ကိုနေဝင်း သေနတ်မှန်ပီး သေဆုံးသွားတဲ့ ဇာတ်ကွက်တွေနဲ့ အရမ်းလှ နေခဲ့ပေမဲ့ နောက်ပိုင်း တရားခံကို ဝတ်ကောင်းစားလှတွေနဲ့ ရုံးထုတ်ခန်းတွေ ၊ လူသတ်တရားခံဟာ စိတ်ဓာတ်ကျနေရမဲ့အစား ဝဖီး အသားအရည် ဆိုပြေဝင်းဝါနေတာတွေ၊ လူသတ်တရားခံနဲ့ ဦးရဲကြီးတို့ အတူတကွ ပြုံးပျော်နေတာတွေ၊ လူသတ်တရားခံကို အချွေအရံ အစောင့်အရှောက် များစွာနဲ့ ပျော်ပွဲစားထွက်သလို ရုံးထုတ်ခန်းတွေ များလာတော့ ဒါရိုက်တာလုပ်တဲ့ ကျော်စွေ ဒါရိုက်တာဆုနဲ့ လွဲခဲ့တယ်။

" ချွတ်ချော်နေတဲ့လွတ်တော်" ဖာတ်ကားမှာလည်း ဥကဒေပြျုရေးမဏ္ဍိုင် ဇာတ်ကွက်ကို ပီပီပြင်ပြင် ရိုက်ပြရမဲ့အစား  "ကိုဖီအာနန် အကြံပေး ကော်မရှင်ကို ကန့်ကွက်ပါတယ် "   "ဗိုလ်ချပ်အောင်ဆန်း နာမည်နဲ့ တံတားကို ကန့်ကွက်ပါတယ် "  "ဗိုလ်ချုပ်အောင်ဆန်း ပုံနဲ့ ပိုက်ဆံတွေ ပြန်ထုတ်မှာကို ကန့်ကွက်ပါတယ် "
ဇာတ်ညွန်းကို အလွတ်မရဘဲ " ကာလုံခေါ်ပေးပါ"
" ပုဒ်မ- ၁၄၄ ထုတ်ပြန်ပေးပါ" ဘာမှ ဂဃနဏ မသိဘဲ ထိုင်ထ ပြိုုင်တူလုပ်တဲ့ သရုပ်ပြ ဇာတ်ကွက်တွေများနေလေတော့ ဇာတ်ကား အကယ်ဒမီဆုနဲ့ လွဲခဲ့တယ်။

" ပြည်ထိုင်ခိုး" ဇာတ်ကားမှာလည်း ဒီမိုကရေစီရဲ့အစ ပြည်ထိုင်ခိုးက လို့ အသံကောင်းဟစ်ခဲ့ပေမဲ့ သူရဦးရွှေမန်းအိမ်ကို ညကြီးအချိန်မတော် ဝင်းစီးမဲ့ပုံရိပ်တွေ၊ ပါတီဥက္ကဌ နေရာအပြိုင်လုပုံတွေ ၊ ရဟန်းတောင် တစ်ပါတ်ပြည့်အောင် မဝတ်နိုင်တဲ့ဇာတ်ကွက်တွေ၊ EC တောင် မခေါ်နိုင်ဘဲ ပါတီဥက္ကဌ ခန့်ချင်သလို ခန့်ခဲ့တဲ့ပုံရိပ်တွေ ၊ ပါတီကနေ ထုတ်ပယ်ပီးသားဆိုတဲ့ ဖြေရှင်းချက်တွေနဲ့ ရွာလုံးကျွတ် ပြည်ထိုင်ခိုး ပါတီကိုဝင်ပီး ချက်ချင်း ပြန်ထွက်တဲ့ဇာတ်ကွက်တွေ ၊  ပါတီရဲ့နာယကကြီး အနားယူသွားတဲ့ ဇာတ်ဝင်ခန်းတွေကြောင့် အရူးသန်းထေး လည်း ဇာတ်ညွန်းဆုနဲ့လွဲခဲ့တယ်။

" အမျိုးဘာသာသာသနာ " ဆိုတဲ့ ဇာတ်ကားမှာ " ဖာသယ်မဘဲဟေ့ "
" ခွေးကိုယူ အမျိုးမပျောက်ဘူး " " ဘုန်းကြီးကိုယူ အသောက်အစား ကင်းတယ်" " ဖအေကဘဲသမီးကိုခံစားခံစား မအေကဘဲသားကိုခံစား ခံစား၊ နှမကဘဲအစ်ကိုမောင်တွေကို ခံစား ခံစား အမျိုးမပျောက်ဘူး " ဆိုပီး သရုပ်ဆောင်ကွက်တွေနဲ့ လူပြိန်းကြိုက် ဇာတ်ဝင်ခန်းတွေနဲ့ ပရိတ်သတ် စိတ်ဝင်စားမှုကို ရခဲ့ပေမဲ့  ဘုရားသူခိုး လူသတ်သမားကို အားကျပီး " ကြည်လင်းဆရာတော် " " ထမင်း၀အောင်စားထား " ဆိုတဲ့ ရေစက်ချ အမျှဝေတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ သင်္ကန်းအရေခြုံပီး သေနတ်ပစ်ခန်းတွေကြောင့် ဝီလဒူလည်း ဇာတ်ပို့ဆုနဲ့ လွဲခဲ့တယ်။

" ငြိမ်းချမ်းရေး " ဇာတ်ကားမှာလည်း ငြိမ်းချမ်းရေးကို အလိုချင်ဆုံးက ကျွန်တော်တို့ပါ ၊ ပြည်တွင်းငြိမ်းချမ်းရေး ရရင် လွတ်တော်ထဲကနေ ထွက်မယ် ၊ အသက် ၆၀ ပြည့်ရင် ဝန်ထမ်းစည်းမျည်းဥပဒေနှင့်အညီ အနားယူမှာပါဆိုတဲ့ သရုပ်ဆောင်ကွက်တွေ ကောင်းခဲ့ပေမဲ့ နောက်ပိုင်း ၂၁ ရာစုပင်လုံလို့ အသံကြားလိုက်တိုင်း မျက်နှာမသာမယာ ဖြစ်သွားတဲ့ ဇာတ်ကွက်တွေ ၊ အသက် ၆၀ ပြည့်သွားလည်း ဆက်လက်တာဝန်ထမ်းဆောင်လို့ရတယ် ၊ ကျုပ်လောက် အရည်​အချင်း မရှိကြလို့ပါ ၊ Mitel ကုမ္ပဏီ ဖွင့်ပွဲ ပြီတီတီ ပြောင်စပ်စပ် ဇာတ်ကွက်တွေ ၊ မသာအလှူငွေ ပြန်ခိုးတဲ့ သရုပ်တွေကြောင့် မောင်ပုလည်း သရုပ်ဆောင် အကယ်ဒမီဆုနဲ့ လွဲခဲ့တယ်။

အော် ... အကယ်ဒမီဆိုတာ တယ်လဲ နတ်ကြီးသကိုး။

crd : မင်းလက်သီး

Comments

Popular posts from this blog

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ

သမထမှဝိပသနာသို့ကူးပုံ