ရခိုင်က သဘာဝအလှ
ခများသိလား...?
ရခိုင်ပြည်နယ်က ....
သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြီးအကြောင်း" ???
ခများယုံမလားးး???
အဒီသဘာဝဓာတ်ငွေ့တွေ တရုတ်ပြည်ကိုရောင်းချလို့ရတဲ့ ၀င်ငွေ/အဒီသဘာဓာတ်ငွေ့တွင်းကြီးရဲ့
တစ်လတစ်လ ထွက်တဲ့ တန်ဖိုးက...?????
မှတ်ထားဗျ....
မြန်မာပြည်က သန်း၅၀ကျော် ပြည်သူတွေကို
တစ်ယောက်တစ်လ(၅သိန်း)နှုံး ပေးနိုင်တယ်ဆိုတာ။
မဖြစ်နိုင်ဘူးဆိုရင်....စိန်ခေါ်တယ်နော်။
သင်္ချာကထိကမဟုတ်သလို ပါမောက္ခလဲမဟုတ်ဘူး။ ရောင်းစာရင်း ၀ယ်စာရင်းအတိကျ ရှိလို့
အတိကျတွက်ပြနိုင်ရင် ပြောထားတဲ့အတိုင်း
ပြည်သူတစ်ယောက်(၅သိန်း)နှုံးပေးမယ်ဆိုရင်ပေါ့။
သံပါးစပ်
------------
နိုင်ငံတော် အကြီးဆုံး သစ္စာဖောက်ခဲ့မှုကြီး ..."
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့ကနေ တရုတ်ပြည် ယူနန်နယ်ထဲအထိ မြန်မာနိုင်ငံကို ကန့်လန့်ဖြတ်ပြီး ဖောက်ထားတဲ့ပိုက်လိုင်းဟာ ကီလိုမီတာ ၈၀၀ လေယက် အရှည်ရှိပါတယ်။ ပိုက်လိုင်းဖြတ်သန်းရာ လမ်းတစ်လျှောက်မှာရှိတဲ့ ပေတစ်ရာပတ်လည် မြေယာအားလုံးကို တရုတ်ကုမ္ပဏီ CNPC-SEAP က ငွေထုပ်ပိုက်ပြီး လျော်ကြေးပေးချေကာ ၂၀၁၁ ခုနှစ် မှာ ဦးသိန်းစိန်အစိုးရထံက အပြတ်ဝယ်ယူခဲ့ပါတယ်။
အဲဒီ့အချိန်မှာ အာဏာရှင်အသိုင်းအဝိုင်းက
ကိုယ့်နိုင်ငံပိုင်မြေ တိုင်းတပါးက အပြီးသိမ်းပိုက်သွားမှာကို ဂရုမစိုက်နိုင်ပဲ ပိုက်လိုင်းဖြတ်သန်းရာ တစ်လျှောက်မှာရှိတဲ့ ဓါးမဦးချမြေတွေကို မူလပိုင်ရှင် တောင်သူတွေ အမည်ပေါက်မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ တောင်သူတွေဆီက အဓမ္မသိမ်းဆည်းခဲ့ရာမှာ
အာဏာရှင်တို့နဲ့ အတူ ဦးပိုင်ကပါ ပါဝင်ကာ ပတ်သက်ရာ ပတ်သက်ကြောင်းတွေကို အမည်ပေါက်ရအောင် လျှောက်ပေးပြီး၊ တရုတ်ဆီက လျော်ကြေးကိုသာ အလုအယက် လက်ဖြန့်တောင်းခဲ့ကြပါတယ်။
အမိမြေကို တစ်လက်မမှ အပါမခံဘူးလို့ ကြွေးကြော်နေတဲ့ တပ်မတော်ရဲ့ စစ်ခေါင်းဆောင်တွေကိုယ်တိုင် မြေပိုင်ဆိုင်မှုတွေပြပြီး တရုတ်ဆီက အလုအယက် လျော်ကြေးကို လက်ဖြန့်တောင်းခဲ့တဲ့အထဲ ဦးဆောင်ပါဝင်ခဲ့ကြပါတယ်။ ဥပမာ အနေနဲ့ ရခိုင်ပြည်နယ်က ပိုက်လိုင်းဖြတ်သန်းရာ မြေတွေရဲ့ အတော်များများကို ဒီအကြောင်းကိုလုံးဝ မသိနားမလည်ကြတဲ့ မူလပိုင်ရှင် တောင်သူတွေထံက မြေယာ ဥပဒေတွေ အသုံးပြု ပြီး မတရားသိမ်းကာ ဦးသန်းရွှေ သမီးတွေ အမည်ပေါက်ပြောင်းထားပြီး တရုတ်ကို ထိုးရောင်းခဲ့တာပဲ ဖြစ်ပါတယ်။
ခုတော့ မြန်မာပြည်ထဲမှာ ရှိတဲ့ မြန်မာ့ရေမြေတွေကို
တရုတ်နိုင်ငံက အပိုင်ရသွားပါပြီ။ သဘာဝဓါတ်ငွေ့တွေ ကုန်သွားတဲ့ တစ်နေ့ကျရင် ဒီမြေပေါ်မှာ ရထားလမ်းပဲဆောက်ဆောက်၊ ကားလမ်းပဲဖောက်ဖောက်၊ တားဆည်းပိုင်ခွင့်မရှိတော့ပါဘူး။
ဒါကို မြန်မာပြည်သူတွေအားလုံး ဘယ်နည်းနဲ့မှ ခွင့်မလွှတ်နိုင်ပါဘူး။
တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာပိုင်မြေကို ပြည်သူလူထုရဲ့ ခွင့်ပြုချက်မရပဲ တရုတ်ထံခိုးဝှက်ရောင်းစားခဲ့သူတွေအတွက် ဥပဒေတွေ ဘယ်လိုပဲပြဌန်း ကာကွယ်ထားပါစေ။ ပြည်သူက ဒဏ်ပြန်ခတ်တဲ့တစ်နေ့ ရောက်ကိုရောက်လာရမှာ ဖြစ်ပါတယ်။
သံပါးစပ်
22.1.2018
Comments
Post a Comment