“ကမ္ဘာ့အလယ်မှာ မြန်မာ့ဂုဏ်ကိုဆောင်ခဲ့သူ
အင်္ဂလန်မှာ ပညာသင်ပြီး အင်္ဂလိပ် ကို
လက်ထပ် မယူခဲ့တဲ့ မြန်မာ့ ဂုဏ်ဆောင်
ရခိုင်အမျိုးသမီး ဒေါ်မြစိန် ( ယ္ခုခေတ် ရခိုင်သူများဖတ်စေရန် )
====================
ကမ္ဘာ့အလယ်မှာ မြန်မာ့ဂုဏ်ကိုဆောင်ခဲ့သူ
ဒေါ်မြစိန် (M.A., B.Litt. Oxford)
နှစ်ဆယ်ရာစု အတွင်း မြန်မာ အမျိုးသမီးများ၏
ထူးချွန် ထက်မြက်မှုကို ကမာ္ဘ့ အလယ်တွင် ပညာ
ရည်ဖြင့် ထင်ရှားစေခဲ့သူ တဦးမှာ သမိုင်းပညာရှင်
ဒေါ်မြစိန် (၁၉ဝ၄-၁၉၈၈) ( ရခိုင် တိုင်းရင်းသား )
ဖြစ်သည်။
ကိုလိုနီခေတ် မြန်မာ အမျိုးသမီး လောကတွင်
ပညာရည်အားဖြင့် လည်းကောင်း၊ မျိုးရိုး
ဂုဏ်ရည်အားဖြင့် လည်းကောင်း၊ ပင်ကို ထူးချွန်
ထက်မြက်မှုအရည်အသွေးအားဖြင့်လည်းကောင်း
ဒေါ်မြစိန် (M.A., B.Litt. Oxford) ကိုယှဉ်နိုင်သူ
မရှိဟုပင် ဆိုရပါမည်။
ဒေါ်မြစိန်သည် ကိုလိုနီခေတ် အတွင်း မြန်မာ အ
မျိုးသမီးများထဲမှ မဟာဝိဇ္ဇာဘွဲ့နှင့် အောက်စဖို့ဒ်
တက္ကသိုလ်မှ ဘီလစ်ဘွဲ့ကို ပထမဦးဆုံး ရခဲ့သူ၊
မြန်မာ့ အုပ်ချုပ်ရေး သမိုင်းကို အင်္ဂလိပ်ဘာသာ
ဖြင့် အစောဆုံး ရေးသားခဲ့သူ၊ ၁၉၃၁ ခုနှစ်၊
ဂျီနီဗာတွင် နိုင်ငံပေါင်းချုပ် အသင်းကြီးကကြီးမှူး
ကျင်းပသည့် အမျိုးသမီးများ အခွင့်အရေး စိစစ်မှု
ကော်မတီသို့ တက်ရောက်ခဲ့သူ၊
၁၉၃၁-၃၂ တွင် လန်ဒန်မြို့၌ ကျင်းပသည့် မြန်မာ့
နိုင်ငံရေးနှင့် ပတ်သက်သော မျက်နှာစုံညီ အစည်း
အဝေးသို့ တက်ရောက်ရသူ စသည်ဖြင့် ထင်ရှား
သည်။
ဒေါ်မြစိန်၏ လူသိနည်းသော စွမ်းဆောင်ချက် တ
ရပ်မှာ ဒုတိယ ကမ္ဘာစစ်ပြီးချိန် ဖဆပလ အဖွဲ့ချုပ်
သည် မြန်မာ့ လွတ်လပ်ရေး အတွက် ဗြိတိသျှ
အစိုးရနှင့် စေ့စပ် အရေးဆိုရသော အခါ မြန်မာ့
သဘောထား အမှန်ကို ဗြိတိသျှတို့သဘောပေါက်
နားဝင်စေရန် ဟောပြော ဆောင်ရွက်ခဲ့ရခြင်းပင်
ဖြစ်သည်။
၁၉၄၆ ခုနှစ်၊ ပါရီ ယူနက်စကိုကွန်ဖရင့် တက်
ရောက်ခဲ့စဉ် ဗြိတိသျှ လေဘာပါတီ၏အမတ်
အချို့နှင့် တွေ့ဆုံ၍ မြန်မာတို့၏ လွပ်လပ်ရေးနှင့် ပတ်သက်သော သဘောထားကို ရှင်းလင်း တင်ပြ
ခဲ့သည်။ ဒေါ်မြစိန်သည် ၁၉၄၈ ခုနှစ်၊ လွတ်လပ်
ရေး ရပြီးနောက် ကုလသမဂ္ဂ ညီလာခံ အစည်း
အဝေးများတွင် နိုင်ငံ ကိုယ်စားပြု၍ တက်ရောက်
ခဲ့ရရာ သူ၏ ထူးချွန် ထက်မြက်မှု၊ အင်္ဂလိပ်ဘာ
သာ အဟောအပြော ကျွမ်းကျင်မှုတို့ကြောင့် အ
လွန်ထင်ရှားခဲ့သည်။
ဒေါ်မြစိန်ကို ၁၉ဝ၄ ခုနှစ်၊ အောက်တိုဘာလ ၁၃
ရက်နေ့တွင် မော်လမြိုင်မြို့၌ ဖွားသည်။ အဖ
ပြည်ထဲရေး ဝန်ကြီးချုပ် ဦးမေအောင်၊ အမိဒေါ်
သိန်းမြ ဖြစ်သည်။
ငယ်ရွယ်စဉ်ကပင် အိမ်တွင် အင်္ဂလိပ်စာနှင့် ပြင်
သစ်စာကို သီးသန့် သင်ခဲ့ရသည်။ ခရစ်ယာန်
ဘာသနာပြု ဒိုင်အိုဆီဇင် မိန်းကလေးကျောင်း
(Diocesan Girl's High School)တွင် ၇ တန်း
ပထမ ရသည်။
သို့သော် ခရစ်ယာန် ဘာသာဝင် မဟုတ်၍ ပညာ
သင်ဆု (Scholarship) မရခဲ့ချေ။ ထို့ကြောင့်
ဖခင်က ရှင်မာရီကျောင်း (St. Mary's SPG
High School) သို့ ပြောင်းရွှေ့ ပညာ သင်စေ
သည်။
အသက် ၁၅ နှစ် အရွယ် ၁၉၁၉ ခုနှစ်တွင် ဟိုက်
စကူးဖိုင်နယ် စာမေးပွဲကို မြန်မာစာ၊ အင်္ဂလိပ်စာ၊
ရာဇဝင်၊ အပိုသင်္ချာ၊ အိမ်တွင်းမှု သိပ္ပံ ဘာသာရပ်
အားလုံးတွင် ဂုဏ်ထူးဖြင့် အောင်မြင်သည်။ တနိုင်
ငံလုံးတွင် တတိယ ရခဲ့သည်။
ရန်ကုန် ကောလိပ်တွင် ပညာ ဆက်လက်သင်ကြား
ရာ အိုင်အေ အထက်တန်းကို အင်္ဂလိပ်၊ သင်္ချာ၊
ရာဇဝင်၊ ရူပဗေဒ ၄ ဘာသာ ဂုဏ်ထူးဖြင့် ပထမ
ရသည်။ ဂျားဒင်းဆု (Jardin Prize) ချီးမြှင့်
ခံရသည်။ ဤဆုကို ဖခင် ဦးမေအောင်လည်း
ရရှိခဲ့သည်။
၁၉၂၇ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ မဟာ
ဝိဇ္ဇာဘွဲ့ကို ပထမဆင့်မှ ပထမ ရခဲ့သည်။
၁၉၂၈-၃ဝ တွင် အစိုးရပညာတော်သင် အဖြစ်
အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်၌ ပညာ
ဆက်လက် ဆည်းပူးရာ ဆရာဖြစ်သင်ဒီပလိုမာနှင့်
ဘီလစ်ဘွဲ့ (B. Litt.) ရခဲ့သည်။
၁၉၄၆ ခုနှစ်၊ ပါရီ ယူနက်စကို ကွန်ဖရင့် ကိုယ်စား
လှယ်၊ ၁၉၅၁-၆ဝ ရန်ကုန် တက္ကသိုလ် သမိုင်းကထိ
က၊ ၁၉၅၄ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု လေ့လာရေး အဖွဲ့ဝင်၊ ၁၉၅၆ ခုနှစ်တွင် အာရှ
ဖောင်ဒေးရှင်း အစီအစဉ်ဖြင့် အမေရိကန်တက္က
သိုလ်ကောလိပ် ၁၄ ခုတွင် မြန်မာ့ရေးရာဟောပြော
ပို့ချရေး ပညာရှင်၊
၁၉၆ဝ ခုနှစ်တွင် ဝါရှင်တန် အပြည်ပြည် ဆိုင်ရာ
အမျိုးသမီး ကွန်ဖရင့် သဘာပတိ မိန့်ခွန်းပြော
ကြားသူ၊ အမေရိကန် ပြည်ထောင်စု ဆွစ်တာရီ
ကောလိပ် အရှေ့တောင်အာရှ ဆိုင်ရာ ဧည့်ပါ
မောက္ခ၊ ကိုလံဘီယာ တက္ကသိုလ်တွင် မြန်မာ့
ယဉ်ကျေးမှုနှင့် သမိုင်း ဧည့်ပါမောက္ခ၊ ၁၉၇ဝ
ခုနှစ်တွင် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်
စိန့်ဟောက် ကောလိပ်၌ သုတေသန ပညာရှင်
စသည်ဖြင့် ဆောင်ရွက်ခဲ့သည်။
ဝိဇ္ဇာဘွဲ့ကို ရာဇဝင် ဂုဏ်ထူးဖြင့် အောင်မြင်ပြီး
နောက် မဟာဝိဇ္ဇာဘွဲ့ အတွက် ဖခင် ဦးမေအောင်
နှင့် သမိုင်း ပါမောက္ခ ဒီ၊ ဂျီ၊ အီး၊ ဟော (D. G. E.
Hall) တို့၏ အကြံပေးချက် အရ မြန်မာ အုပ်ချုပ်
ရေး သမိုင်းကို သုတေသနပြု စာတမ်း တင်သွင်းခဲ့
သည်။ စာတမ်းအမည်မှာ Myothugyiship in
Upper Burma "အထက်မြန်မာပြည် မြို့သူကြီး
တို့၏ တာဝန် ဝတ္တရားများ" ဖြစ်သည်။
စာတမ်း အမည်ကို ကြေးတိုင်မင်းကြီးဟောင်းဂျေ၊
အက်စ်၊ ဖာနီဗယ် (J. S. Furnival) က ရွေးချယ်
ပေးခဲ့သည်။ စာတမ်းအတွက် မြန်မာပညာရှိ ပုဂံ
ဝန်ထောက် ဦးတင်၏ မှတ်စုများနှင့် ဘားနာ့ဒ် ပိဋ
ကတ်တိုက်မှ စစ်တမ်း၊ ပေ၊ ပုရပိုက် ၃ဝဝကျော်ကို
ကိုးကား အသုံးပြုခဲ့သည်။
မဟာဝိဇ္ဇာဘွဲ့အတွက် ကျမ်းပြုနေစဉ် ၁၉၂၆
ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ပြင်ဦးလွင်မြို့၌ ဖခင်
ဦးမေအောင် ရုတ်တရက် ကွယ်လွန်ခဲ့သည်။
၁၉၂၇ ခုနှစ်တွင် ဒေါ်မြစိန်သည် မဟာဝိဇ္ဇာဘွဲ့ကို
ဂုဏ်ထူးတန်း ပထမ အဆင့်မှ ပထမ စွဲ၍အောင်
မြင်ခဲ့သည်။ ထို့နောက် အစိုးရပညာတော်သင်
အဖြစ် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်မှ
ဆရာဖြစ်သင် ဒီပလိုမာနှင့် ဘီလစ်ဘွဲ့ ရရှိခဲ့သည်။
ဘီလစ်ဘွဲ့ အတွက် တင်သွင်းသည့် စာတမ်းမှာ
ကိုလိုနီခေတ်ဦး ဗြိတိသျှ အုပ်ချုပ်ရေးကို လေ့လာ
သော Sir Charles Crosthwaite and the Consolidation of Burma "ဆာ ချားလ် ခရော့စ်ဝိတ်နှင့် မြန်မာပြည် အုပ်ချုပ်ရေးအုတ်မြစ်
ချခြင်း" ဖြစ်သည်။ ထိုစာတမ်း အတွက် ဒေါ်မြစိန်
သည် လန်ဒန်ရှိ အိန္ဒိယ အော့ဖစ် (India Office)
ရုံးနှင့် ရန်ကုန်ရှိ အတွင်းဝန်ရုံး အစိုးရ မှတ်တမ်း
များကို အသုံးပြုခွင့် ရခဲ့သည်။
ဒေါ်မြစိန်သည် အင်္ဂလန်မှ ပြန်လာပြီးနောက် ကိုလို
နီခေတ် မြန်မာ့ကျေးရွာ အုပ်ချုပ်ရေးကိုလက်တွေ့
လေ့လာသည်။ ထို့နောက် စာတွေ့ နှီးနှော၍အဂ
င်္လိပ်ဘာသာဖြင့် Administration of Burma
"မြန်မာပြည် အုပ်ချုပ်ရေး" စာအုပ် ရေးသား ပြုစု
သည်။ ယင်းစာအုပ်ကို ၁၉၃၈ ခုနှစ်တွင် ရန်ကုန်
မြို့ ဇဗ္ဗူ့မိတ်ဆွေပိဋကတ်တိုက်မှ ပုံနှိပ် ထုတ်ဝေ
ခဲ့သည်။
အမှန်စင်စစ်ဤစာအုပ်သည်ဒေါ်မြစိန်၏ ရန်ကုန်
တက္ကသိုလ် မဟာဝိဇ္ဇာဘွဲ့ စာတမ်းနှင့် အောက်
စဖို့ဒ် တက္ကသိုလ် ဘီလစ်ဘွဲ့ စာတမ်း နှစ်စောင်ကို
အခြေခံ၍ စာတွေ့ လက်တွေ့ ညှိနှိုင်း တင်ပြထား
သော မြန်မာ့ အုပ်ချုပ်ရေး သမိုင်း သုတေသန
ကျမ်းတစောင် ဖြစ်သည်။
ထိုစဉ်က မြန်မာပြည်ဘုရင်ခံ ဆာ အာချီဘော ဒေါက်ဂလပ်စ် (Sir Archibald Douglas
Cochrane) က စာအုပ်ကို အမှာ ရေးထားသည်။
ဤစာအုပ်ကို ၁၉၇၃ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ
အောက်စဖို့ဒ် တက္ကသိုလ် ပုံနှိပ်တိုက်မှ ထပ်မံပုံနှိပ်
ထုတ်ဝေခဲ့သည်။
ဒေါ်မြစိန်သည် ကိုလိုနီခေတ် အမျိုးသမီးများ၏
လူမှုရေး၊ နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင် ဆောင်
ရွက်ခဲ့ရာ ၁၉၃၁ ခုနှစ်တွင် အိန္ဒိယနိုင်ငံ လာဟိုမြို့၌
ကျင်းပသော အာရှ အမျိုးသမီး ကွန်ဖရင့်သို့
လည်းကောင်း၊ နိုင်ငံပေါင်းချုပ် အသင်းမှ ကြီးမှူး ကျင်းပသော ဂျီနီဗာ အမျိုးသမီး ကွန်ဖရင့်သို့
လည်းကောင်း၊ လန်ဒန်မြို့ မြန်မာနိုင်ငံ အုပ်ချုပ်
ရေးနှင့် ပတ်သက်သော မျက်နှာစုံညီ အစည်းအ
ဝေးသို့ လည်းကောင်း တက်ရောက် ဆွေးနွေးခဲ့
သည်။
ပထမအကြိမ် မြန်မာနိုင်ငံလုံး ဆိုင်ရာ လန်ဒန်
မျက်နှာစုံညီ အစည်းအဝေး (The Round Table
Conference) သို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်
၂၄ ဦး တက်ရောက်ခဲ့ရာ ဒေါ်မြစိန်သည် တဦး
တည်းသော အမျိုးသမီး ကိုယ်စားလှယ် ဖြစ်
သည်။
စစ်အတွင်း အိန္ဒိယ၌ နေထိုင်စဉ် ဆင်းမလား စစ်
ပြေး အစိုးရ ထုတ်ဝေသော Burma To-Day
Vol. 1, No. 8 (June 1944) တွင် မြန်မာ အမျိုး
သမီး ဘဝကို ဖော်ကျူးသော Little Lovely
Diamond: the story of Kin Sein Hla
ဝတ္ထုတို့ကို ရေးဖွဲ့သည်။ ဒေါ်မန်စမစ် ဦးဆောင်
သော မြန်မာပြည် စစ်ပြေး အစိုးရ၏ မြန်မာပြည်
ဆိုင်ရာ အကြံပေး အဖြစ် ဆောင်ရွက်၍ Burma၊
ပြည်မြန်မာနှင့် The Future of Burma
မြန်မာပြည်၏ အနာဂတ် စာအုပ်ငယ် နှစ်အုပ်ကို
အင်္ဂလိပ် ဘာသာဖြင့် ရေးသားခဲ့သည်။
ပြည်မြန်မာကို Oxford Pamphlets onIndian
Affairs စာစဉ်အမှတ် (၁၇) အဖြစ် အိန္ဒိယနိုင်ငံ
ဘုံဘေမြို့မှ ၁၉၄၃ ခုနှစ်တွင် ဒုတိယ အကြိမ် ထပ်
မံ ထုတ်ဝေရသည်။ "မြန်မာပြည်၏ အနာဂတ်"
စာအုပ်ကို အိန္ဒိယနိုင်ငံ ဘုံဘေမြို့ အောက်စဖို့ဒ်
ယူနီဗာစီတီ ပုံနှိပ်တိုက်မှ ၁၉၄၅ ခုနှစ်တွင် ပုံနှိပ်
ထုတ်ဝေသည်။ ယင်းစာအုပ်ငယ်တွင် မြန်မာ့လွတ်
လပ်ရေးနှင့် ပတ်သက်၍ မြန်မာတို့၏ ဆန္ဒသ
ဘောထားကို ဖော်ထုတ် ဆွေးနွေး တင်ပြထားသည်။
၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်မူ
ဒေါ်မြစိန်သည် ရန်ကုန် တက္ကသိုလ် သမိုင်းဌာန က
ထိက အဖြစ် ဆောင်ရွက်သည်။ ၁၉၆ဝ ပြည့်နှစ်
တွင် ဝန်ထမ်းဘဝမှ အငြိမ်းစား ယူခဲ့သည်။
ထို့နောက် သက်ကြီး တက္ကသိုလ်တွင် သမိုင်း က
ထိက အဖြစ် ခေတ္တ ဆောင်ရွက်၍ ဥရောပနှင့်
အမေရိက တက္ကသိုလ်များတွင် အရှေ့အာရှ
သမိုင်းနှင့် မြန်မာ့ ယဉ်ကျေးမှု ဆိုင်ရာ ဧည့်ပါ
မောက္ခ အဖြစ် ဟောပြော ပို့ချသည်။ ထိုသို့
ဆောင်ရွက်နေစဉ် လန်ဒန်မှ ထုတ်ဝေသောAsian
Affairs (London) အာရှရေးရာ စာစောင်တွင်
Towards Independence in Burma; The
role of women (မြန်မာနိုင်ငံ လွတ်လပ်ရေး
ကြိုးပမ်းမှုတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ)၊
Hemisphere စာစောင်တွင် Pagodas of
Pagan (Bagan) (ပုဂံဘုရားများ စာတမ်း) များ
ရေးသားခဲ့သည်။
၁၉၃၃ ခုနှစ်တွင် အိုင်စီအက် ဦးရွှေဘော်
(Ph.D., M.A.B.L.) နှင့် လက်ထပ်၍ သားတဦး
(ဦးမြဘော်)၊ သမီးတဦး (ဒေါ်မြသန္တာ) ထွန်းကား
ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ခင်ပွန်းသည်နှင့် ပြတ်
စဲ၍ ပညာရေး၊ လူမှုရေး၊ စာပေးရေးရာ လုပ်ငန်း
များတွင် တက်တက်ကြွကြွ ဦးဆောင် ပါဝဝင်ခဲ့
သည်။
၁၉၈၈ ခုနှစ်၊ နိုဝင်ဘာ ၁ဝ ရက်နေ့တွင် ကွယ်လွန်
ခဲ့သည်။....။
Credit >
Comments
Post a Comment