အာဏာရှင်များနှင့် မြန်မာ့တပ်မတော် -

အာဏာရှင်များနှင့် မြန်မာ့တပ်မတော် - အပိုင်း ၆ 

မကျေနပ်မှုများ ကြီးထွားလာခြင်း
-----------------------------------
ကောလာဟလတခုကတော့ လူငယ်အရာရှိတွေကိုရာထူးတိုးပေးတော့မယ်
ဆိုရင် သူတို့ထဲက ဘယ်သူ့ကို  ရာထူးပေးသင့်တယ် ထင်သလဲလို့ သူတို့ရဲ့
နက္ခတ်နဲ့ဇာတာကို စစ်ဆေးတဲ့နေရာမှာ ဦးနေဝင်းကို   ဦးစိန်လွင်က ကူညီ
ပေးရတယ်လို့ ဆိုတယ်။

ဗိုလ်မှူးချုပ်သန်းရွှေရဲ့ ဇာတာကို ဦးစိန်လွင်  ကိုယ်တိုင်စစ်ဆေးခဲ့ရဲ့လားဆို
တာတော့ ဘယ်သူမှမသိပါဘူး။ ဗေဒင်ဆရာအချို့ရဲ့ အဆိုအရတော့ သူက
ဘယ်သူ့ကို ခန့်ရမယ်၊ဘယ်သူ့ကို ပယ်ရမယ်ဆိုတာကို အစိုးရလက်စွဲဗေဒင်
ဆရာ ရန်ကင်းဦးတင်အောင်နဲ့ တိုင်ပင်လေ့ရှိတယ်။ အာဏာရှင် အလောင်း
အလျာ ဗိုလ်မှူးချုပ်သန်းရွှေကိစ္စမှာတော့  စစ်အစိုးရဗေဒင်ဆရာတွေရဲ့ဟာ
ကွက်ကနေတဆင့် ဖြစ်သွားပုံရတယ်။
တကယ်တမ်းတော့ ၁၉၈၆ ခုနှစ်အတွင်းမှာ မြန်မာပြည်သူအများစုက  ဗိုလ်
ချုပ်သန်းရွှေနဲ့ သူ့ရဲ့ မိသားစု အကြောင်းကို ကောင်းကောင်း  မသိကြဘူး ။
မြန်မာနိုင်ငံက တက္ကသိုလ်နယ်မြေတွေကတော့ အစိုးရကို အာခံမယ့်သူတွေ
ကို မွေးထုတ်ပေးတဲ့နေရာဖြစ်တယ်။အဲဒီအချိန်က တော်လှန်ရေး(၈၈အရေး
အခင်း) ပေါ်ပေါက်လာဖို့ကလည်း ၂  နှစ်လောက် လိုနေသေးတဲ့ အချိန်ပါ ။
ဗိုလ်ချုပ်သန်းရွှေရဲ့ သမီးဖြစ်သူ ကြည်ကြည်ရွှေလည်း အာရ်စီတူးလို့ခေါ်တဲ့
ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)မှာ ကျောင်းတက်နေတုန်းပဲ ရှိသေးတယ်။
နေစဉ်နေ့တိုင်း အဲဒီခေတ်က  အဆင့်မြင့်အစိုးရအရာရှိတွေအတွက် အစိုးရ
က ထုတ်ပေးတဲ့မာဇဒါ ၃၂၃ကားလေးနဲ့ ကျောင်းကို လာတတ်တာကိုလည်း
ဘယ်သူမှ သိပ် သတိမထားမိကြဘူး ။ ကြိုင်ကြိုင်ရွှေလိုပဲအစိုးရအရာရှိကြီး
တွေရဲ့ သားသမီးတွေဟာ ကားကို ကိုယ်တိုင်မောင်းလို့ ဖြစ်စေ၊ ဒရိုင်ဘာနဲ့
ဖြစ်စေ ကျောင်းကို လာကြတယ် ။  ကျောင်းမှာ သူတို့နဲ့ ပေါင်းတဲ့သူတွေကို
ဘယ်လို သတိထားရမယ်၊ ဘယ်လိုနေထိုင်ပြုမူရမယ်ဆိုတာ သူတို့ကို မိဘ
တွေက သင်ကြားပေးထားကြတယ်။ဒါပေမယ့် အများစုကတော့သူငယ်ချင်း
တွေနဲ့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီးရှိပြီးတော့ စားသောက်ဆိုင်တန်းတွေဘက်
ကို မှန်မှန်လာတတ်ကြတယ်။

သူတို့ ဒီလိုနေပေမယ့် တက်ကြွလှုပ်ရှားတဲ့ကျောင်းသားတွေကတော့ သူတို့
နဲ့ နိုင်ငံရေး မဆွေးနွေးဘူး ။  သူတို့ရှေ့မှာ လွယ်အိတ်ကိုတောင် မဖွင့်ဘူး ။
၁၉၈၆နဲ့၁၉၈၇ ခုနှစ်တွေတုန်းက လွယ်အိတ်တွေထဲမှာ အစိုးရဆန့်ကျင်ရေး
လက်ကမ်းစာစောင်တွေလိုမျိုး ပစ္စည်းတွေ ရှိနေတတ်လို့ပါ။ မုန်တိုင်းရောက်
မလာခင် ငြိမ်သက်နေတဲ့အခြေအနေမျိုးမှာ ကြည်ကြည်ရွှေနဲ့ သူ့ရဲ့ကျောင်း
နေဖက်တွေဟာ ဘယ်သူက ရန်သူဖြစ်ပြီး ဘယ်သူက မိတ်ဆွေဖြစ်တယ်ဆို
တာကို ၁၉၈၈ ခုနှစ်ရောက်တဲ့အထိ မသိခဲ့ကြဘူး။

အဲဒီတုန်းက ကြည်ကြည်ရွှေက အိမ်ကို  အလည်လာဖို့ ဖိတ်ခေါ်တဲ့အတွက်
ရောက်သွားတဲ့ သူငယ်ချင်းတွေက  မြက်ခင်းပေါ်မှာ    လမ်းလျှောက်နေတဲ့
ဗိုလ်ချုပ်သန်းရွှေနဲ့ မီးဖိုချောင်ကို   စီမံခန့်ခွဲနေတဲ့ ဒေါ်ကြိုင်ကြိုင်ကို မြင်ခဲ့ရ
တဲ့ အကြောင်းပြန်ပြောပြကြတယ် ။ သူတို့ မိသားစုရဲ့ နေထိုင်မှုဟာ အလွန်
ပျင်းရိ ငြီးငွေ့ဖို့ကောင်းပြီး သူတို့အိမ်ရဲ့အပြင်ဘက်မှာ ဘာတွေဖြစ်နေသလဲ
ဆိုတာကိုတောင် မသိကြတဲ့အထိ ရိုးစင်းလွန်းတယ်လို့လည်း ဆိုပါတယ် ။

“သူတို့ အချစ်ဝတ္ထုတွေ ဖတ်တယ်။ကြည့်ရတာ အချိန်တွေ ပိုနေကြသလိုပဲ။
ဘာမှမလုပ်ကြဘဲ ပျင်းစရာကောင်းတယ်လို့ ပြောတယ်။သူတို့ပတ်ဝန်းကျင်
က ဘဝတွေ ဘယ်လိုဆိုတာကိုလည်း မသိကြဘူး။ သူတို့ ကံကောင်းတယ်၊
အတိတ်ဘဝက ကောင်းမှုကုသိုလ်တွေလုပ်ခဲ့လို့ သူတို့ ဒီဘဝရတယ်၊ ဆင်း
ရဲတဲ့သူတွေကတော့ အတိတ်ဘဝတုန်းက မကောင်းမှု အကုသိုလ်တွေလုပ်
ခဲ့ကြလို့ ကံမကောင်းကြဘူးလို့ သူတို့က ယူဆကြ တယ်” လို့ ဗိုလ်ချုပ်သန်း
ရွှေရဲ့ အိမ်ကို ရောက်ခဲ့ဖူးတဲ့ ကျောင်းသူတယောက်က ပြန်ပြောပြတယ် ။
မြန်မာနိုင်ငံမှာ ကံမကောင်းတဲ့ ပြည်သူတွေ အမြောက်အမြားရှိနေတယ်။စီး
ပွားရေးအခြေအနေက ဆိုးဝါးပြီး တိုင်းပြည်ကလည်း   အိမ်နီးချင်းနိုင်ငံတွေ
ထက်ခေတ်နောက်ကျကျန်နေတယ်။သူ့ရဲ့မအောင်မြင်တဲ့ စီးပွားရေးမူဝါဒနဲ့
ပတ်သက်ပြီး “ကျားမြီး ဆွဲထားရသလိုပဲ” လို့ ဦးနေဝင်း တခါတုန်းက  ပြော
ဖူးတယ်။ ဆိုလိုချင်တာကတော့ မြန်မာ့ဆိုရှယ်လမ်းစဉ်ကို ပြဋ္ဌာန်းသတ်မှတ်
ပြီးသားဖြစ်လို့ သူဘာမှမလုပ်နိုင်တော့ဘူး။မအောင်မြင်ပေမယ့်လည်း ဆက်
သွားရ မယ့်သဘောပါ ။ ဦးနေဝင်း ဒီလိုဆက်လုပ်ခဲ့လို့လည်း မြန်မာနိုင်ငံက
ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်လာပါတော့တယ်။

ဦးနေဝင်းရဲ့ ဘက်မလိုက်နိုင်ငံခြားရေးဝါဒကြောင့် မြန်မာနိုင်ငံဟာမိတ်ဆွေ
များများစားစားမရှိခဲ့ဘူး ။ သူ့ရဲ့ စစ်အစိုးရနဲ့ နီးစပ်တဲ့ မဟာမိတ်နိုင်ငံ အချို့
ကတော့ အကြံကောင်းတွေ ပေးခဲ့ပေမယ့်လည်း  ပြန်မပြော   နားမထောင်
အဖြစ်မျိုးနဲ့သာ တိုးခဲ့ကြရတယ် ။စင်ကာပူရဲ့ဝါရင့်ခေါင်းဆောင်ကြီး လီကွမ်
ယုက စီးပွားရေး ပြုပြင် ပြောင်းလဲရေးအတွက် မျိုးဆက်သစ်    အရာရှိတွေ
မွေးထုတ်ဖို့ တိုက်တွန်းခဲ့ပေမယ့် ဘာမှဖြစ်မလာခဲ့ဘူး။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းကို တံခါးဖွင့်ဖို့ ဝန်ကြီးချုပ်ဦးမောင်
မောင်ခကို သူက အကြံပေးခဲ့ တယ် ။  အမှန်တကယ် လုပ်ပိုင်ခွင့် မရှိရှာတဲ့
ဦးမောင်မောင်ခက ဦးနေဝင်းကို ပြန်လည်တင်ပြလိုက်ပါမယ်လို့  လီကွမ်ယု
ကို ယဉ်ယဉ်ကျေးကျေးပြန် ဖြေခဲ့ပေမယ့် သူဒီအကြောင်းကိုတင်ပြဖို့  သတ္တိ
ရှိပါ့မလားဆိုတာက သံသယရှိစရာပါ။

၁၉၈၇ ခုနှစ် ဩဂုတ်လ ၊ တိတိကျကျ ပြောရရင် ၁၉၈၈  အရေးတော်ပုံကြီး
ပေါ်ပေါက်မလာခင် တနှစ် အလိုမှာ ပြည်သူကို ထုတ်လွှင့်ခဲ့တဲ့ မိန့်ခွန်းတခု
မှာ မြန်မာနိုင်ငံမှာ အဆင်မပြေဖြစ်နေတာ အားလုံးဟာ သူ့ရဲ့ အုပ်ချုပ်ရေး
က အမှားအယွင်းတွေ လုပ်မိခဲ့တာကြောင့်လို့ ဦးနေဝင်းက ပြောတယ် ။ သူ့
ရဲ့အမှားတွေကို ရဲရဲဝံ့ဝံ့ ဝန်ခံခဲ့ပေမယ့် ပြန်လည်ပြင်ဆင်ဖို့    အတွက်တော့
အချိန်က   အရမ်းနှောင်းသွားခဲ့ပါပြီ ။  အာဏာရှင်ဟာ  အင်အားကောင်းပြီး
ရက်စက်တဲ့ လက်နက်ကိုင်စစ်တပ်တခုနဲ့ ကျွမ်းကျင်တဲ့ လျှို့ဝှက်ရဲအဖွဲ့တခု
ကို တည်ထောင်ခဲ့ပြီး ဖြစ်တယ်။သူတို့တွေဟာ အာဏာကိုစွန့်လွှတ်ဖို့ ဘယ်
တော့မှ စိတ်မကူးတဲ့ အာဏာရှင်တွေရဲ့    လက်ကိုင်တုတ်သဖွယ်  ဖြစ်လာ
ပါတော့တယ်။

တကယ်လို့သာ ဦးနေဝင်းက ၁၉၈၀   ပြည့်နှစ်  အစောပိုင်းတွေလောက်က
တည်းက သူ့ရဲ့ အမှားတွေကို ထုတ်ဖော်  ဝန်ခံပြီး    ပြုပြင်ပြောင်းလဲရေးကို
အားစိုက်ခွန်စိုက်လုပ်ခဲ့မယ်၊ တိုင်းပြည်ကို တံခါးဖွင့်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံ
ရဲ့ သမိုင်းဟာ အများကြီး ကွဲပြားခြားနားသွားခဲ့မှာဖြစ်တယ် ။ ၁၉၈၈ အရေး
အခင်းလိုမျိုးတွေလည်း မလိုအပ်တော့တဲ့အတွက် ပေါ်ပေါက်လာမှာမဟုတ်
သလို သစ္စာရှိပြီး ရိုးသားတဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်လို   စစ်သားကြီးဟာ
လည်း အသက်ပြည့်တဲ့အထိ တာဝန်ကို ထမ်းဆောင်ရပြီးတော့မှ ရာထူးက
အနားယူသွားတာမျိုးတွေ ဖြစ်လာမှာပါ။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာလည်း သူ့ရှေ့က ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့
လမ်းစဉ်နောက်ကိုလိုက်ပြီး ပြည်သူ့မြင်ကွင်းကနေ မသိမသာ ပျောက်ကွယ်
သွားမှာ ဖြစ်ပါတယ် ။ ဗိုလ်ချုပ်ကြီး ခင်ညွန့်လည်း သူ့ရဲ့   စစ်မှုထမ်းဘဝကို
ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဘဝနဲ့ပဲ  အဆုံးသတ်သွားပြီးတော့ နိုင်ငံ
တခုခုမှာ သံအမတ်ကြီးဘဝနဲ့ မြင်ရတာမျိုးတွေတောင်ဖြစ်လာနိုင်တယ်။

ဒါပေမယ့် ဖြစ်လာတာတွေက အဲဒီလို မဟုတ်ဘူး ။ ၁၉၈၈  ခုနှစ် မတ်လမှာ
ဆန္ဒပြပွဲတွေ စတင် လာတဲ့အချိန်မှာ အစိုးရပိုင်းက  အဆင့်မြင့်ပုဂ္ဂိုလ်တွေနဲ့
စစ်ဗိုလ်ချုပ်တွေရဲ့ မိသားစုတွေဟာ ကိုယ့်အိမ်မှာပဲ  ကိုယ်နေခဲ့ကြရတယ် ။
ကြည်ကြည်ရွှေလည်း ကျောင်းကို မသွားရတော့ဘူး။ ဒုဗိုလ်ချုပ်ကြီးသန်းရွှေ
ရဲ့မိသားစုဟာ စစ်တပ်အာဏာသိမ်းတဲ့အချိန်အထိ သော့ခတ်ထားတဲ့တံခါး
နောက်မှာ ရက်သတ္တပတ်အတော်များများ နေထိုင်ခဲ့ရတယ်လို့လည်း ကော
လာဟလတွေ ကြားရတယ်။ထွက်ပြေးစရာရှိရင် မြန်မြန်ဆန်ဆန် ထွက်ပြေး
နိုင်ဖို့ အတွက်  အင်းလျားကန်ထဲမှာ စပိဘုတ်တစီး   အသင့်ထားရှိတယ်လို့
လည်းဆိုကြပါတယ်။ခံတပ်တခုလို ခိုင်ခိုင်ခံ့ခံ့ဆောက်လုပ်ထားတဲ့သူတို့အိမ်
ဟာ လမ်းအဆုံးက တောင်ကုန်းလေးတခုပေါ်မှာ ရှိတယ် ။ စစ်ရေးသဘော
အရ နေရာကောင်းမှာ ရှိနေတဲ့အတွက် အိမ်သူအိမ်သားတွေနဲ့     လုံခြုံရေး
အစောင့်တွေက ဝင်လာတဲ့ဧည့်သည်တွေ ၊   လူစိမ်းတွေကို သေသေချာချာ
အပေါ်စီးကနေမြင်တွေ့နိုင်တယ်။

ဒုဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ နောက်
ထပ် သမီးတယောက်ကတော့  အရေးအခင်းကာလတုန်းက   သူတို့အိမ်ကို
ချဉ်းကပ်လာမယ့် ဘယ်ကျောင်းသားကိုမဆို စောင့်ကြပ်နေတဲ့  အရာရှိတွေ
နဲ့ စစ်သားတွေက သေနတ်နဲ့ပစ်ချဖို့ အသင့်ပြင်ထားတယ်လို့ပြောတယ် ။
“ငါတို့ က တောင်ကုန်းထိပ် မှာဆိုတော့ ကျောင်းသားတွေလာရင်   ပစ်လို့ရ
တယ်”လို့ တုန်လှုပ်နေတဲ့သူငယ်ချင်းတွေကို သူက ဘာခံစားချက် မှ မရှိတဲ့
ပုံစံနဲ့ ပြောခဲ့တယ်။

၁၉၈၈ ခုနှစ် စက်တင်ဘာလမှာတော့ ဦးနေဝင်းက ဗိုလ်ချုပ်ကြီးစောမောင်၊
ဒု ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်မှူးကြီးခင်ညွန့်နဲ့ ထိပ်တန်း စစ်အရာရှိကြီးတွေ
ကို သူ့အိမ် လာဖို့ဆင့်ခေါ်ပြီး စစ်တပ်က အာဏာသိမ်းယူဖို့ အမိန့်ပေးလိုက်
တယ် ။ သူတို့ကလည်း အမိန့်ကို  လျင်လျင်မြန်မြန်   ထိထိရောက်ရောက်နဲ့
ရက်ရက်စက်စက် အကောင် အထည်ဖော်ကြတယ်။

အာဏာ သိမ်းယူလိုက်ပြီးတဲ့နောက် စစ်အစိုးရက တက္ကသိုလ်နဲ့  ကောလိပ်
အမြောက်အမြားကိုရည်ရွယ်ချက်ရှိရှိနဲ့နေရာရွှေ့ပြောင်းခဲ့တယ်။မြေအောက်
ကျောင်းသားနိုင်ငံရေး လှုပ်ရှားသူတွေ ပေါက်ဖွားရာလို့ ယူဆတဲ့ ပုဂ္ဂလိကနဲ့
အစိုးရကျောင်းဆောင်တွေကိုလည်း ပိတ်သိမ်းပစ်လိုက်တယ်။ ဝေးလံတဲ့ဒေ
သတွေမှာ ကောလိပ်အမြောက်အမြား ဖွင့်လှစ်ပြီးတော့ ကျောင်းသားအရေး
လှုပ်ရှားတဲ့အဖွဲ့တွေမှာ လူအင်အားလျော့နည်းသွားစေဖို့ရည်ရွယ်ပြီး အဝေး
သင် ပညာရေးစနစ်ကိုလည်း အင်တိုက်အားတိုက် အကောင်အထည်  ဖော်
တယ်။

ကျောင်းတွေပြန်ဖွင့်လို့ ကြည်ကြည်ရွှေ ကျောင်းကို   ပြန်ရောက်လာတဲ့အခါ
သူရဲ့ ကျောင်းနေဖက်သူငယ်ချင်း တချို့ဟာ NLD  ပါတီဝင်တွေ ဖြစ်နေကြ
ပြီး သူနဲ့ဝေးဝေးနေကြတယ်။တချိန်တုန်းက သူငယ်ချင်းဖြစ်ခဲ့ဖူးသူတွေကြား
မမြင်ရတဲ့တံတိုင်းတခုရုတ်ခြည်းပေါ်လာပြီး တိုင်းတာလို့လည်း မလွယ်ကူပါ
ဘူး။ အိမ်မှာလည်း ကြည်ကြည်ရွှေရဲ့ မိဘတွေက မိသားစုဝင်တွေကို လုံခြုံ
ရေးအတွက် အနေအထိုင် ဆင်ခြင်ကြဖို့ ဆုံးမပါတယ်။

လုံခြုံရေးကိုအကြောင်းပြုပြီး ကျောင်းစာသင်ချိန်တွေ ပျက်ကွက်စပြုလာပေ
မယ့် ကြည်ကြည်ရွှေဟာ သူရဲ့ ညီအစ်မတွေနဲ့     ဗိုလ်ချုပ်ဈေးလို့ သိကြတဲ့
စကော့ဈေးကိုတော့ဈေးဝယ်ထွက်တုန်းပဲ။အဲဒီအချိန်တုန်းက ဒုဗိုလ်ချုပ်ကြီး
သန်းရွှေရဲ့ သမီးတွေဟာ နာမည်ဆိုးနဲ့ လူသိမများကြသေးဘူး။ရွှေဆိုင်တွေ
ထဲကိုဝင်သွားပြီး ဆိုင်ရှင်တွေကိုသူတို့ရောင်းတဲ့ပစ္စည်းတွေကို လက်ဆောင်
အဖြစ်ပေးဖို့ တောင်းဆိုတာမျိုး မလုပ်ကြသေးဘူး။

အရေးအခင်းက ကြည်ကြည်ရွှေရဲ့ ကျောင်းသူဘဝကို   ကန့်သတ်ခဲ့ပေမယ့်
အိမ်ကဘဝကတော့ ငြီးငွေ့စရာ မဖြစ်ခဲ့ဘူး။အိမ်ထောင်စုရဲ့အုပ်ထိန်းသူဖြစ်
တဲ့ဒေါ်ကြိုင်ကြိုင်က သူ့အတွက် ခင်ပွန်းသည်ဖြစ်ဖို့ အလားအလာရှိတဲ့လူပျို
ယောက်ျားလေး ၅ ယောက်ကို အဆိုပြုတယ်။အားလုံးက တပ်နဲ့ဆက်သွယ်
ပတ်သက်မှုရှိတဲ့သူတွေပါ။၁၉၉၀အစောပိုင်းနှစ်တွေအတွင်းမှာ ကြည်ကြည်
ရွှေဟာ ဒေါက်တာ နေစိုးမောင်လို့ အမည်ရတဲ့ ငယ်ရွယ်ချောမောတဲ့ ဆေး
တပ်အရာရှိတယောက်နဲ့ လက်ထပ်ခဲ့တယ်။ သူက ရန်ကုန်ဆေးတက္ကသိုလ်
ကနေ   ဘွဲ့ရရှိခဲ့ပြီး ဩစတြေးလျနိုင်ငံ  ကွင်းစ်လန်းမှာ   ပညာသင်ကြားဖူး
တယ်။သူ့အဖေကတော့ ဦးနေဝင်းလက်အောက်မှာ  တာဝန်ထမ်းဆောင်ဖူး
တဲ့  ဗိုလ်ချုပ်တင်စိန် (ငြိမ်း) ပါ။

ကြည်ကြည်ရွှေနဲ့ ဒေါက်တာနေစိုးမောင်တို့က နေရွှေသွေးအောင်လို့အမည်
ရတဲ့ သားတယောက် မွေးဖွားခဲ့တယ် ။ ဖိုးလပြည့်လို့သိကြတဲ့ သူတို့ရဲ့သား
ဟာ ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ အချစ်ဆုံးမြေးဖြစ်တယ် ။ ဒါပေမယ့် ဒေါက်တာ
နေစိုးမောင်နဲ့ မကြာခင် အာဏာရှင်ဖြစ်မယ့်  သူရဲ့သမီးဖြစ်သူ ကြည်ကြည်
ရွှေတို့ဟာ  လာရာလမ်းကြောင်းတွေ   မတူညီကြတဲ့အတွက် သူတို့ရဲ့ အိမ်
ထောင်ရေးဟာ ကြာရှည်မမြဲခဲ့ဘူး။

သူတို့အိမ်ထောင်ရေး ပြိုကွဲခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဒေါက်တာနေစိုးမောင်ဟာ
ဒုတိယဗိုလ်မှူးကြီး ဖြစ်လာပြီး ပြည်သူ့ကျန်းမာရေး တက္ကသိုလ်မှာ ကထိက
အဖြစ် တာဝန်ထမ်းဆောင်ပါတယ်။ သူဟာ စာရေးဆရာ တယောက်လည်း
ဖြစ်လာပြီးတော့ ရန်ကုန်က အနုပညာသမားတွေ၊စာရေးဆရာတွေနဲ့ တရင်း
တနှီးရှိတယ်။ဒေါက်တာနေစိုးမောင်က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို အမြဲ
ကူညီတတ်ပြီး  တချို့ကတော့  သူဟာ  မြန်မာနိုင်ငံရဲ့ ထိပ်သီး   မိသားစုနဲ့
ကွာခြားကြောင်း ပြချင်ပုံရတယ်လို့ ယူဆကြတယ်။

(ဧရာဝတီမဂ္ဂဇင်းတွင် အခန်းဆက်ဖော်ပြခဲ့သော အောင်ဇော်၏ Dictator:
A Story of Burma’s Military Rulers ကို နိုင်မင်းသွင် ဆီလျော်အောင်
ဘာသာပြန်ဆိုသည်)

အပိုင်း (၇) ကို ဆက်လက်ဖော်ပြပါမည်။

Irrawaddy မှ ကူးယူ ဖော်ပြ မျှဝေပေးပါသည် ။

ငွေစိုး

Comments

Popular posts from this blog

ရခိုင်သမိုင်း

အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ