နှလုံးသား ဝေဒနာ

လူတစ်ယောက် ကိုယ့်ကိုအလေးနက်
ထား၊မထားဆိုတာကိုသူ့အပြုအမူ
တွေက တဆင့်သိနိုင်တယ်။

လူတစ်ယောက် ကိုယ့်ကို တကယ်လို
လား၊မလိုလားဆိုတာကို သူ့အကြည့်
အရှုတွေက တဆင့်သိနိုင်တယ်။

လူတစ်ယောက် ကိုယ့်ကို ချစ်၊ မချစ်ဆို
တာကို သူ့ဆက်ဆံပုံတွေက တဆင့်သိ
နိုင်တယ်။

လူတစ်ယောက် ကိုယ့်ကို နှစ်သက်၊မ
သက်ဆိုတာကို သူ့အပြောအဆိုတွေက တဆင့်သိနိုင်တယ်။

လူတစ်ယောက် ကိုယ့်အပေါ် ဂရုစိုက်၊
မစိုက်ဆိုတာကို သူ့လုပ်ရပ်တွေက တ
ဆင့်သိနိုင်တယ်။

လူတစ်ယောက် ကိုယ့်အပေါ် တကယ်
စေတနာထား၊ မထားဆိုတာကို သူ့
ခွင့်လွှတ်အနစ်နာခံမှုတွေကတဆင့်သိ
နိုင်တယ်။

#အတုံ့ရှိမှ အလှည့်ရှိတဲ့ ဒီလောက
ကြီးမှာ....
ကိုယ့်ကို အလေးအနက်မထားသူအ
တွက်လည်း အချိန်တွေအလဟဿအ
ကုန်မခံမိပါစေနဲ့။

ကိုယ့်ကိုမလိုလားတဲ့သူ ဘေးမှာတွယ်
ကပ်နေပြီးတော့လည်း ကိုယ့်ရပ်တည်မှု
အတွက် သိမ်ငယ်မနေပါနဲ့။

ကိုယ့်ကိုမချစ်တဲ့သူအတွက်လည်း
တစ်နေ့နေ့ရယ်လို့ မျှော်လင့်မနေပါနဲ့။

ကိုယ့်ကိုမနှစ်သက်တဲ့သူကိုလည်း အလိုက်မသိ တွယ်တာမနေပါနဲ့။

ကိုယ်ဘာလုပ်လုပ် ဂရုမစိုက်သူအတွက်
လည်း ဘဝကို အနစ်မွန်းမခံလိုက်ပါနဲ့။

ကိုယ့်အပေါ် စေတနာမရှိသူကြောင့်
လည်း နှလုံးသား မှာဝေဒနာတွ တနင့်တပိုးသယ်ဆောင်မထားမိပါစေနဲ့။

#အရေးကြီးဆုံးကဘဝကိုအချည်းနှီးမကုန်ဆုံးစေဖို့ရာကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး အကျိုးရှိရှိနေထိုင်သွားဖို့ပဲလိုအပ်တာပါ။

မနောဖြူ

#Credit

Comments

Popular posts from this blog

ရခိုင်သမိုင်း

အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ