Civil Major
Civil Major ကို ပေလို့တေလို့ အကြောင်းပေါင်းစုံစုစည်းပြီး
ကျမ BE ဆက်တက်ခွင့်မရပဲ B.tech civil ဘဝနဲ့
အလုပ်ရှာခဲ့ရတယ် ။
သင်တန်းတွေ ၆ လလောက်တက်ရင်း ...
အင်ဂျင်နီယာအလုပ်တစ်ခုရဖို့ အဆက်အသွယ်မရှိတဲ့
ကျမတို့မိသားစု ဟိုလူ့အဖေခေါ်ရနိုး ဒီလူ့အဖေခေါ်ရနိုးနဲ့
ဖေကြီးကလဲ သူငယ်ချင်းတွေဆီအကူအညီတောင်း ၊
မေကြီးကလဲ အသိတွေဆီမေးမြန်းရင်း ၊ နောက်ဆုံး
စီနီယာ အသိအမတစ်ယောက်ရဲ့အကူအညီနဲ့
ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှာ အလုပ်ရခဲ့တယ်။
အဲ့ဒီဘက်ကာလမှာ ...
အင်ဂျင်နီယာတစ်ယောက်အခြေခံလစာ ၁၂၀၀၀၀/-
ရနေတဲ့အချိန်မှာ ကျမကို ၆၀၀၀၀ နဲ့လုပ်နိုင်မလားတဲ့
လိုလိုချင်ချင်ပဲ လက်ခံခဲ့တယ် ။
သွားရမဲ့အလုပ်က သင်္ကန်းကျွန်း ဇဝန ၊ နေတာကမှော်ဘီ ။
မနက် ၅ နာရီထ အလုပ်သွား ၊ ညအိမ်ပြန်ရောက်ရင်
၉ ခွဲဆယ်နာရီ ။
လကုန်တော့ သူဌေးက ၈ သောင်းပေးခဲ့တယ်။
လစာလေးပိုက်ပြီးပီတိတွေနဲ့ အိမ်ပြန်လာပြီးမိဘတွေကို
ကန်တော့ခဲ့ပေမယ့် သူတို့ပြန်ပေးရတဲ့ လမ်းစရိတ်စားစရိတ်က
၁၅၀၀၀၀ လောက်ရှိနေခဲ့တယ်။
ကျမ စိတ်ဓာတ်မကျခဲ့ဘူး
အင်ဂျင်နီယာဘဝကို မစော်ကားခဲ့ဘူး ။
ရုံးရောက်ကာစ Autocad ဆွဲတတ်ရုံရှိတဲ့ကျမကို
MDကိုယ်တိုင် section ၊ shop drawing ဆွဲတတ်အောင်
အသေးစိတ်သင်ပေးတယ် ။
လိုအပ်ရင် ရုံးစာတွေရိုက်ရတယ်။
Payment ကျရင်ရံဖန်ရံခါ ငွေအမောင့်နည်းရင်လိုင်းကား
ငွေ အမောင့်များရင် Taxi နဲ့ ငွေယူရမယ့် ကုမ္ပဏီကို
သွားယူရတယ် ။
ဒါပေမဲ့ ကိုယ့်ကိုကို လက်နှိပ်စက်စာရေးလို့မခံယူခဲ့ဘူး
တောက်တိုမယ်ရအလုပ်လို့ မခံယူဖူးဘူး ။
အင်ဂျင်နီယာ ဘဝကို မစော်ကားခဲ့ဘူး ။
ဆိုဒ်ထဲကဝန်ထမ်းတွေစီးဖို့ ဝတ်ဖို့ Safety ဖိနပ်အင်းကျီ
ဝယ်တော့လဲ ကျမအထုတ်လိုက်ဆွဲ လိုက်ဝယ်ခဲ့ရတာပဲ
အင်ဂျင်နီယာညီမလေးကိုယ်တိုင် အလုပ်သမားတွေအတွက်
လာဝယ်တာ ချစ်လို့ဆိုပြီး ဆိုင်ရှင်အမက ၃၀၀၀၀ တန်
Safety shoe လေးလက်ဆောင်ပေးတာကို ညအိပ်မပျော်
လောက်အောင်ပျော်ပြီး ခဏခဏထုတ်ကြည့်ရတာအမော
နောက်နေ့ ဆိုဒ်ထဲဆင်းတော့ ခြေထောက်နဲ့မြေကြီး
မထိလောက်အောင် မြောက်ကြွလို့ ...
ကိုယ့်ကိုကို Purchaser လို့ မခံစားမိခဲ့ဘူး ။
ကျောင်းလေးနှစ်တက်ပြီးလည်း ဘာမှမသိတဲ့ကျမတို့ကို
သူတို့က ငွေပေးပြီး အလုပ်လုပ်တတ်အောင် သင်ပေးနေ
တယ်လို့ ခံယူထားတဲ့အတွက် ရတဲ့ငွေကို...
ဘယ်လောက်နည်းပါစေ ကျမ မက်မောခဲ့တယ်။
နောက် ...
သမီး တာဝန်ယူထားတဲ့ drawing အတွက်
ကိုယ်တိုင်ဆိုဒ်ထဲသွားပါလို့ အမိန့်ကျလာတဲ့ တစ်နေ့
သုံးလမပြည့်သေးပေမယ့် ကျမလုပ်အားခ ၁၂၀၀၀ ဖြစ်လာ
ခဲ့တယ်။ Site allowence မပါသေးဘူး ။
သူဌေးတစ်ယောက်ရဲ့ အိမ် တစ်ထပ်ခွဲကို ၂ထပ်အဖြစ်
ပြန်ပြုပြင်ရတဲ့ဆိုဒ်မှာ သူတပါးပေါ့လျော့မှုကြောင့်
အထက်လူကြီးမရှိတုန်းခဏ ဆိုဒ်ကြီးကြပ်အင်ဂျင်နီယာ
တာဝန်ယူထားရတဲ့ကျမ ...
ငွေဂုဏ်မောက်နေတဲ့ ပိုင်ရှင်ရဲ့ မောက်မာတဲ့လေသံနဲ့
အော်ဟစ်တာကိုခံခဲ့ရတယ်။
ကိုယ်မမှားမှန်းသိနေလည်း ငါလက်အောက်ကတာဝန်
ငါ့တာဝန်လို့ ခံယူလိုက်တဲ့ခဏ ၊ ကျနေတဲ့ မျက်ရည်တွေ
တင်းနေအောင်ကိုက်ထားမိတဲ့ နှုတ်ခမ်းတွေ ...
ဆုတ်ထားမိတဲ့လက်သီးတွေကိုဖြေပြီး လုပ်လက်စ
အလုပ်ကိုဆက်လုပ်နိုင်ခဲ့တယ်။
ဒါပေမယ့် ...
ကျမ အင်ဂျင်နီယာဘဝကို စိတ်မကုန်ခဲ့ဘူး
မစော်ကားခဲ့ဘူး ။
ဒီ Project အပြီး မိဘအိမ်နဲ့ဝေးလွန်းရာ
သံလျင်ကြယ်စင်အိမ်ယာ ပြင်သစ်စီမံကိန်းမှာတာဝန်ကျလို့
အဝတ်ထုတ်ဆွဲပြီး မိဘတွေတားတဲ့ကြားက တစ်ခါမှမခွဲဖူးဘဲ
နီးရာမှာ အဆောင်နေခဲ့တယ်။
ဆိုဒ်ထမင်းဟင်းစား အစာအိမ်ကမကောင်းတော့ဝမ်းပျက်
အလုပ်ရှိရာနဲ့အိမ်သာ ၁၀ မိနစ်လောက် Safety shoe နဲ့
တစ်နေ့ ငါးခါလောက် အသွားအပြန်ပြေး ..
ညပြန်ချိန်အဆောင်မှာ ချက်မစားနိုင်လို့အငတ်ခံ..
ဖြစ်သမျှရောဂါ ဖျားနာတာကအစ
အလုပ်နားပြီး အိမ်ကပြန်ခေါ်မှာစိုးလို့ အိမ်ကိုမပြောဘဲ
ရရာဆေးသောက်ပြီး ပေတေဆက်လုပ်နေခဲ့တယ် ။
ဒါပေမဲ့ အင်ဂျင်နီယာဘဝကို စိတ်မကုန်ဘူး
မစော်ကားခဲ့ဘူး ။ ပိုချစ်လာခဲ့တယ်။
၆ လမပြည့်သေးပေမဲ့ ကျမလစာ ၂ သိန်းကျော်လာခဲ့ပြီ
ဆိုဒ်ထဲက Welder တစ်ယောက်လစာ ၃ သိန်းကျော်
နေချိန်မှာ ကျမထက်များနေတယ်ဆိုတာသိနေပေမယ့်
သူတို့ရဲ့အင်ဂျင်နီယာမဆိုတဲ့ အသိကြောင့် သိမ်ငယ်မှုကို
မခံစားမိဘူး ။
ငွေလိုချင်လို့ အင်ဂျင်နီယာလုပ်နေတာမဟုတ်ဘူးလေ ။
နောက် CP ထောက်ကြံ့ ထိုင်းဆိုဒ်ရောက်တော့လဲ
လမ်းခင်းတဲ့ Project အတွက် survey သုံးခွထောင့် ၊
level ပုံးနဲ့ တိုင်သုံးမျိုးလုံးကို ပခုံးမှာလွယ် ...
နွေရာသီနေပူပူအောက်မှာ ထီးတစ်ချောင်းနဲ့ သုံးလေးဧက
ကျယ်တဲ့ ကွင်းပြင်ထဲမှာ Level လိုက်ဖမ်းလိုက် ၊
ရုံးပေါ်တက်ပြီး အေးစိမ့်လွန်းတဲ့ အခန်းထဲ ပုံပြေးဆွဲလိုက် ၊
တခြားအလုပ်တွေပါ မွစ်လည်နေအောင်လုပ်နေရလည်း
ကိုယ့်ကိုကို surveyor လို့မခံစားမိဘူး ၊
လုပ်စရာ အလုပ်ရှိနေတာ ၊ ရင်ထဲ လှိုက်မောလို့
ရင်ခေါင်းနဲ့ပါးစပ်ကနေအသက်ရှုနေရတာကို
ကျေနပ်နေခဲ့တယ်။ စိတ်မကုန်ခဲ့ဘူး ၊ မစော်ကားခဲ့ဘူး
ရပ်တန့်လိုက်ဖို့ တွေးလို့မရခဲ့ဘူး ။
နောက်သီလဝါ ဂျပန်ဆိုဒ်ပြောင်းရမယ့်အတွက်
အထုတ်ဆွဲပြီး သီလဝါနားက အဆောင်ပြောင်းနေခဲ့တယ်။
လုပ်သက် ၂နှစ်လောက်မှာ ကျမလစာ ၄ သိန်းကျော်
ရခဲ့တယ်။
အစပိုင်းတာဝန်များနေသရွေ့ကျမ ပင်ပန်းလွန်းနေပေမယ့်
အစားအသောက်မမှန်လို့ မဲသဲစုတ်ပြတ်နေလဲ ပျော်နေခဲ့တယ်။
နောက် အလုပ်ပြီးခါနီး အလုပ်ပါးလာတဲ့အချိန်
တစ်နေကုန် စစ်ဆေးစရာနည်းပြီး လုပ်စရာရှားပါး
လာတဲ့အချိန် ...
ဆိုဒ်ထဲသွားထိုင်ပြီး လစာယူရတာကိုမကျေနပ်တော့တဲ့ကျမ
အလုပ်ကထွက်ခဲ့တယ် ။
အလုပ်များနေ အခိုင်းခံနေရတာကို ကျမ ပျော်နေခဲ့ပေမယ့်
အလုပ်မရှိဘဲ သူတစ်ပါးလစာထိုင်ယူနေရတာကို
မကျေနပ်တဲ့ကျမ ...
ထွက်စာတောင်မတင်ပဲ ထွက်ပြေးလာခဲ့တယ်။
ထွက်စာတင်ရင် MD က ခွင့်မပြုမှာကိုသိနေခဲ့လို့လေ ။
အဲ့အချိန်က ကျမ BE (civil) တောင်မဟုတ်ပါဘူး
B .tech တစ်ယောက်ပါ ။
ဒါပေမဲ့ သီလဝါ ဂျပန်ဆိုဒ်မှာ MD က...
ကျတော်တို့ ကုမ္ပဏီက အတော်ဆုံးအင်ဂျင်နီယာလို့
မိတ်ဆက်ပေးရလောက်အောင် ကျမကြိုးစားခဲ့ပါတယ် ။
ဘယ်သူဆီက မျက်နှာလိုချင်လို့မှမဟုတ်ဘဲ
ကိုယ်တိုင်အလုပ်ကို ချစ်တဲ့စိတ်နဲ့ ကျွဲ နွားလိုရုန်းခဲ့တာပါ
ကျမစိတ်မကုန်ခဲ့ဘူး မစော်ကားခဲ့ဘူး။
ခုတော့ ကျောင်းဆက်တက်ပြီး BE ဘွဲ့ကိုယူနိုင်ခဲ့ပြီ ။
ဂျပန်သွားပြီး ပင်ပန်းလွန်းပါတယ်ဆိုတဲ့ဆိုဒ်အလုပ်ကိုလည်း
ထပ်ပြီး Challenge လုပ်ဦးမယ်။
အဲ့ဒီအချိန်မှာ စိတ်ကုန်သွားမလား ပိုချစ်လာမလား
ကျမ အဖြေမပေးနိင်သေးပါဘူး ။
နောက်တစ်ချိန်တိ ကျတဲ့အဖြေထွက်လာမှာပါ ။
ခုလောက်ထိ လက်ညောင်းခံရေးနေရတာ
အင်ဂျင်နီယာဘဝကို စက်ချုပ်သမား ၊ အလှပြင်သမား ၊
ကြုံလေရာ ဝင်ငွေများတဲ့သူတွေနဲ့ နှိုင်းယှဉ်နှိမ်ချပြောနေတဲ့
လက်မှတ်ရ အင်ဂျင်နီယာစိတ်မရှိသူတွေသိစေချင်
လွန်းလို့ပါ။
ကျမ အင်ဂျင်နီယာအလုပ်မလုပ်ချင်ရင် ချက်ချင်းထွက်
စက်ချုပ်သင် အလှပြင်သင်တန်းတက်ပြီး လုပ်စားလို့ရပေမယ့်
သူတို့ကို အင်ဂျင်နီယာလုပ်ခိုင်းကြည့်ပါလား ? ရပါ့မလား ။
ဘယ်သူ့အသက်မွေးဝမ်းကြောင်းကိုမှ
မစော်ကားချင်ပေမယ့် ...
ကိုယ့်အသက်မွေးဝမ်းကျောင်းပညာကို
စော်ကားသူတွေကိုတော့ စိတ်နာမိတယ်။
TU ကျောင်းကြီးမှာ ၅ နှစ်တက်ပြီးလည်း
ဝါသနာမပါရင် ...ဒီထက်အသက်မကြီးခင်
လမ်းကြောင်းပြောင်းပြီး တခြားအလုပ်ကိုကြိုးစား ကြည့်ကြပါ ။
ကိုယ်မတတ် မစွမ်း မလုပ်နိုင်တိုင်း အပုတ်မချပါနဲ့
မစော်ကားကြပါနဲ့
ကြိုးစားသလောက် အရာထင်တာချည်းပါပဲ
အချိန်တိုနဲ့တော့ လောဘမကြီးသင့်ဘူးလေ ။
တန်ဖိုးမသိသူတွေ ...
တန်ဖိုးထားရာ လမ်းကြောင်းပြောင်းပြီးထွက်သွားကြပါ
တန်ဖိုးသိလူနည်းစုကပဲ ကိုယ့်အလုပ်ကိုတန်ဖိုးရှိအောင်
ဆက်ကြိုးစားပါရစေ ။ ။
@@@@@@@@@@@@@@@@@@
Post & photo
Credit to Lay Kyi Cho
စာကြွင်း-
မူရင်း အကောင့် LKC
လော့ကျသွားတယ် ထင်ပါတယ်
Deactivate လည်း ဖြစ်နိုင်ပါတယ်။
ကျနော်ကတော့ သူမရဲ့ပို့စ်ရော ပုံတွေကိုပါ
Save လိုက်နိုင်ခဲ့ပါတယ်
ပြန်လည်မျှဝေပေးပါတယ်
ရင်ထဲမှာ တစ်ခုခုတော့ ကျန်ခဲ့မယ်လို့ ထင်ပါတယ်
😊😊😊
(5-2-2018
မူရင်းပို့စ်ရှင် ဆရာမ Lay Kyi Cho
အကောင့် ကိုပါ tag တွဲ၍
ပြန်လည်တင်ပြပါတယ် ) 😁😁
Comments
Post a Comment