ခရိုအေးရှား

* ထိုက်​တန်​တဲ့ အရှုံး *

ခရို ​ရေ
အရှုံးဆိုတာ
မုန်းစရာ ​ကောင်း​ပေမယ့်
မင်းတို့ အရှုံးကို
ပြုံးပြုံး​လေးနဲ့
ငါ..........
အား​ပေးခဲ့တယ်​.....။

မင်းတို့ ရှုံးလို့
ငါ့ နှလုံးသား​တွေ
နေသာ ထိုင်​ခက်
အခံရ ခက်​​ပေမယ့်​.....

ပွဲသိမ်းလို့ ခရာမှုတ်
နောက်​ဆုံး စက္ကန့်​ထိ
ကြိုးစားသွားတဲ့
မင်းတို့စိတ်​ဓာတ်
မင်းတို့ရဲ့ အားမာန်​​တွေကို
ငါ......
မ​လေးစားပဲ မ​နေနိုင်​ခဲ့ဘူး
အဲဒီ အခါ.....
ရှုံးခြင်းနဲ့ နိုင်​ခြင်းဟာ
တစ်​သားထဲလို
ုဖြစ်​သွားခဲ့တယ်​။

ခရို​ရေ.....
မင်းတို့ဟာ
ကစား​နေတဲ့ အချိန်​သာမက
ကစားပွဲပြီးတဲ့ အချိန်​ထိပါ
မင်းတို့ရဲ့ နှလုံးသား​တွေ
လှ ​နေလိုက်​ပုံများ.....
မင်းတို့ရဲ့ သမ္မတကြီးမျက်​နှာမှာ
အထင်းသား ​​တွေ့​နေရတယ်​။

မင်းတို့ သမ္မတကြီးရဲ့ မျက်​နှာမှာ....
မင်းတို့ ရှုံးလို့
မင်းတို့ကို မာန်​မဲခြင်း
ငြူစူခြင်း အလျဉ်းမရှိ....
အား​ပေး နှစ်​သိမ့်​​နေပုံများ...
မိခင်​တစ်​​ယောက်​က
သားသမီး​လေး​တွေကို
ဆရာတစ်​​ယောက်​က
တပည့်​​လေး​တွေကို
အမုန်းမဖက်​ ပြုံးလျက်​နုက်​ဆက်
ထွေး​ပွေ့နှစ်​သိမ့်​​နေတဲ့ ပုံရိပ်​​တွေဟာ
သူ့နိုင်​ငံ သူ့အသင်း
ဖလား​ရတယ်​လို့​တောင်​ ​အောက်​​မေ့ရ။
မနာလိုချင်​စရာ ​ကောင်းတဲ့
ချစ်​ခြင်း​မေတ္တာ
သြော်​......
ဖ​ရော်​ဖက်​ရှင်​နယ်​လ်​ ဆန်​လိုက်​တာ​နော်​...။

ခရို​ရေ......
မင်းတို့ရဲ့ ဇွဲ
မင်းတို့ရဲ အားမာန်
မင်းတို့ရဲ့ စိတ်​ဓာတ်
မင်းတို့ရဲ့ "ဖ​ရော်​ဖက်​ရှင်​နယ်​လ်​"ဆန်​မှုပုံရိပ်​​တွေဟာ
ငါနဲ့တကွ
ကမ္ဘာ့ပြည်​သူ​တွေရဲ့
ဘဝင်​နှလုံးကို
သိမ်းကျုံးညို့ငင်
ဆွဲယူ ဖမ်းစားနိုင်​ခဲ့ပါတယ်​။

မင်းတို့ အ​ကောင်းဆုံး
ကြိုးစားခဲ့တယ်​.......

မင်းတို့ အ​ကောင်းဆုံး
ပေးဆပ်​ခဲ့တယ်​.........

မင်းတို့ အ​ကောင်းဆုံး
စည်းလုံးခဲ့ကြတယ်​.....

မင်းတို့ အ​ကောင်း
ရှုးံခဲ့ကြတယ်​........

ဒါ​ကြောင့်​....
မင်းတို့ အရှုံးဟာ...........................

                အရှင်​လက္ခဏ( အင်းပါ )
  ၁၆.၇.၂၀၁၈.တနင်္လာ​နေ့။ 2:34 AM

Comments

Popular posts from this blog

ရခိုင်သမိုင်း

အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ