မှန်ရွှေရီ

မှုံရွှရီ
---------
ကျော်လင်း

မှုံနေအောင်လှသူလေးဖြစ်လို့ သူ့နာမည် မှုံရွှေရီ လို့ကျွန်တော် နာမည်ပေးထားဖူးတယ်။

ငါးမန်းတွေပင်လယ်မှာပျော်သလို ဝေလငါးတွေ ပင်လယ်မှာပျော်သလို ကျွန်တော် မှုံရွှေရီလေးတို့ရွာမှာပျော်တယ်။
နန်းတော်မရှိပေမယ့် ထီးရိပ်နန်းရိပ်ကိုစွန့်ပြီး တောရွာဇနပုဒ်ကိုခိုလှုံတဲ့ မင်းသားတစ်ပါးလို ကျွန်တော် မှုံရွှေရီတို့ရွာမှာနေထိုင်ခဲ့တယ်။

အဲသလိုနဲ့ စိန်းလမ်းဝေဆာသောသောကတောင်ကုန်းပေါ်မှာ မျှော်လင့်ချက် မကုန်သေးရင် ပျော်ရွှင်စရာသစ်ပင်များစိုက်ပျိုးလို့ဖြစ်ထွန်းတဲ့အကြောင်း ကျွန်တော် ရှင်းပြတော့ သူတို့တစ်တွေပျော်ရွှင်လာ။

နတ်ဘုရားမတစ်ပါးပါးရဲ့ချွေးသိပ်တော် ပလွေသံနဲ့ ခုနစ်ထွေကကြိုးတို့ ဆုံရာအရပ်မှာ ရွှေရင်အစုံကို လှိုက်ဖိုရင်ခုန်စွာ မှုံရွှေရီ ဘာသာဗေဒလုပ်ပြ တော့ ကျွန်တော့်မှာ အံ့သြငေးမောစွာနဲ့ အလို အချစ်ဆိုတာ ဒီလိုမထင်မရှားတဲ့ နေရာလေးတစ်ခုမှာ ဒီလိုမျိုးထွန်းလင်းတောက်ပသတဲ့ လား လင်းခဲ့ရ နေ့ရက်များစွာအတွက် ကျေးဇူးပါ မှုံရွှေရီ။

ပုလဲကိုရပြီးပုလဲကြောင့်ဒုက္ခရောက်ရတဲ့ ဂျွန်စတိန်းဘတ်ရဲ့ဇာတ်ကောင် လိုမျိုးတော့မလိုလားပေဘူး။ရင်ထဲမှာ မင်းအတွက်ပုလဲလုံးများစွာသီကုံး လို့ ဒဏ်ရာများကို ဆေးကြောဖို့ အိမ်ရှေ့က ကွင်းပြင်မှာ သောကတောင်ကုန်း လေးကို သုခဘုံလေးဖြစ်အောင် ထွန်ယက်စိုက်ပျိုးဖို့ နှစ်ကိုယ်တူချစ်သမျှ သီချင်းကိုအတူသီဆိုရင်း အချစ်လှေငယ်ထဲ မျှော်လင့်ခြင်းရွက်လေးထည့် လို့ အဲသလိုနဲ့ မှုံရွှေရီနဲ့ ကျွန်တော်တို့လှပစွာတည်ဆောက်ခဲ့တဲ့ အချစ်အိမ်ငယ်လေး။

ခေတ်တွေပြောင်းသွားပြီ မှုံရွှေရီ မင်းရယ်သံက သစ်လွင်ဆဲပါ ရေခဲချောင်းရောင်းတဲ့ ဘီလ်တီးသံကြားရင် တောရွာကကလေးတွေ ခေါင်းထောင်လာသလို အမေ့ရဲ့ရင်နှစ်မွှာကို လှစ်ပြလိုက်ရင် နို့စို့ ကလေးတွေ ခေါင်းထောင်လာသလို ငါ့မှာ မင်းအသံလေးကိုကြား ရင် မရိုးနိုင်ခြင်းများစွာနဲ့ ။

ရွာထိပ်က တောင်ကုန်းလေးပေါ်က စေတီပုထိုးပေါ်ကိုသွားတိုင်း ငါမင်းကို လွမ်းနေဆဲ ဘုရားတရားနဲ့တွေ့ရင်လည်း မင်းကို အနားမှာရှိစေချင် ကား ကောင်းကောင်းစီးရင်လည်း မင်းကိုအနားမှာရှိစေချင် လေယာဉ်ခရီးနဲ့သွားရင်လည်း မင်းကိုငါ့နံဘေးမှာပါစေချင် အဲသလို စိတ်ကူးခင်မင်မှုနဲ့ သိမ်းဆည်းထားခဲ့ဖူးသော နံနက်ခင်းများစွာကို ငါ့မှာ ခေါက်သိမ်းလို့ သွားလေရာရာကိုယူဆောင်လို့။

ဒီလိုနဲ့ ရွှေရောင်အတိပြီးသော နေ့ရက်များမှာ မင်းကိုငါ သုခဘုံထဲခေါ် ဆောင်ချင်တယ် မှုံရွှေရီ။တစ်ပြားသားမှလျော့သွားစရာမရှိတဲ့ အချစ်က လည်း လက်ဖျံရိုးကို ဖောက်ကြည့်လိုက်ရင် မင်းကိုချစ်ခဲ့တုန်းက အို ဖြစ်ခဲ့ တဲ့ ငါ့သွေးဟာ အို ဖြစ်နေတုန်းပါပဲ။ ပြောင်းလဲတာဆိုလို့ အိမ်နံဘေးက သစ်ပင်ကသစ်ရွက်တွေ ငါးကြိမ်ကြွေလိုက်၊ငါးကြိမ် ပြန်ဖြစ်လိုက်နဲ့ ငါ့မှာ သာ မင်းအတွက်အမြဲစိမ်းသစ်ရွက်အဖြစ် နာမည်လေးကြားရုံနဲ့ ရင်ထဲမှာ တလှပ်လှပ်

Comments

Popular posts from this blog

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ

ရခိုင်သမိုင်း