ယောက်ျားတို့သဘာဝ
ယောက်ျားဆိုတာ သူတို့စိတ်ပျော်ရာ
အရပ်မှာသာနေကြပြီး
မိန်းမဆိုတဲ့အမျိုးကသင့်တော်ရာ
အရပ်မှာနေကြရတယ်…
ယောက်ျားဆိုတာ ဆန္ဒကို
ရှေ့တန်းတင်တတ်ကြပေမယ့်
မိန်းမဆိုတာ ဘ၀ကိုရှေ့တန်းတင်တယ်….
ယောက်ျားဆိုတာကတိတစ်လုံး
လွယ်လွယ်ပေးတတ်ကြပြီး
မတည်တတ်ကြပေမဲ့
မိန်းမဆိုတာက ရထားတဲ့
ကတိတစ်လုံးကို
အချိန်တိုင်းတန်ဘိုးထား
မျှော်လင့်နေတတ်တယ်….
ယောက်ျားတွေက ချစ်တယ်လို့
စပြောပေမဲ့
အပြောခံရတဲ့ မိန်းမတွေကပဲ
တသက်လုံး ဆက်ချစ်ကြရတယ်….
ယောက်ျားဆိုတာက အတူတူနေလာတာ
ကြာရင် ရိုးအီသွားတတ်ပေမယ့်
မိန်းမတွေကတော့ အတူနေလာတာ
ကြာလေလေ သံယောဇဉ်ပိုလေပါပဲ…
မိန်းမတယောက်က
အပြစ်တစ်ခုလုပ်မိရင်
ယောက်ျားဆိုတာ ထပ်ခါထပ်ခါမြင်တတ်ပေမယ့်….
ယောက်ျားတစ်ယောက်က
အပြစ်တစ်ခုလုပ်ရင်
မိန်းမဆိုတာ ကောင်းခဲ့တဲ့
အကြောင်းအရာလေးကိုပဲ
ပြန်မြင်ပြီး ခွင့်လွှတ်ချင်နေကြတယ်…
ယောက်ျားတွေရဲ့အချစ်က
ခန္ဓာကိုယ်နဲ့ရင်းပြီး သာယာမှုနဲ့ ချစ်တယ်
မိန်းမတွေရဲ့အချစ်က ခန္ဓာကိုယ်မပါလည်း
စိတ်ခံစားချက်နဲ့ရင်းပြီး နှလုံးသားနဲ့ချစ်တယ်….
ယောက်ျားဆိုတာ လမ်းခွဲချင်ရင်
အကြောင်းပြချက်မထားတတ်ဘူး
သစ်စိမ်းချိုးလည်း ချိုးတတ်တယ်
သူတို့ကြောင့်ဘ၀ပျက်သွားရင်တောင်
မဆိုင်သလိုလည်း နေတတ်တယ်…
မိန်းမဆိုတာ လမ်းခွဲချင်ရင်
တစ်ဘက်လူရဲ့ ရပ်တည်မှုနဲ့
ခံနိုင်ရည်ရှိ မရှိကြည့်တယ်
ထွက်သွားရတဲ့အကြောင်းရင်းကို
လက်ခံပေးနိုင်မယ့် အနေအထား
ထိစောင့်တယ်….
နှစ်သိမ့်ဆွေးနွေးပြီးမှ နွေးနွေး
ထွေးထွေးထားခဲ့တတ်ပြီးသစ်စိမ်းချိုး
မချိုးတတ်ဘူး ပြီးတော့
သတင်းစကားလည်းအမြဲနားစွင့်ပြီး
စိတ်လေနေလား ပေတေနေလား
အမြဲစုံစမ်းပြီး ထားခဲ့မိရင်တောင်
အဝေးကနေတည့်မတ်ပေးတတ်တာ
မိန်းမသဘာဝပါ….
ဘာလို့လည်းဆိုတော့
မိန်းမဆိုတာ မိခင်မျိုးနွယ်က
ဆင်းသက်လာလို့ပါ ။
စိတ်ထိခိုက်ခံစားလွယ်ပြီး
သနားလွယ်တာ အဲ့ဒါကို
လူတွေက အယုံလွယ်တယ်
ဆိုပြီး အပြစ်တင်ကြပါတယ်…
ဒါပေမယ့်
ယောက်ျားတွေထက် မိန်းမတွေကပိုလည်ပြီး ဖြတ်ထိုးဉာဏ်ကျ
မိန်းမတွေက ပိုကောင်းပါတယ်…
ယောက်ျားတယောက်ကို ဒုက္ခပေးဖို့ပညာဆိုတာ
မသင်ပဲတတ်တဲ့မွေးရာပါ
ပညာဆိုသောငြား
ဒုက္ခမပေးကြတာ ဒုက္ခပေးဖို့
ဝန်လေးတတ်ကြတာ
မိန်းမတွေက အ လို့ မဟုတ်ပါဘူး …
အခြေခံစိတ်ဓာတ်ကိုက
မိန်းမတွေက ကိုယ်ချင်းစာတတ်တဲ့နေရာမှာ
ယောက်ျားတွေထက်သာပြီး
ခွင့်လွှတ်သီးခံတတ်တဲ့ စိတ်ကလည်း
ယောက်ျားတွေထက်သာပါတယ် …
ကမ္ဘာပေါ်မှာ ရှိသောမိန်းမတိုင်းက
မိခင်မျိုးနွယ်ကဆင်းသက်လာကြပြီး
သနားကြင်နာတတ်ကြလို့ပါ …
ယောက်ျားတွေက သူတို့ကိုယ်သူတို့
ထားခဲ့ရလို့ အနိုင်ရတယ်ထင်နေကြပေမဲ့ …
တကယ်တော့ မြင့်မြတ်တဲ့နှလုံးသား
ပိုင်ရှင် ခွင့်လွှတ်တတ်တဲ့မိန်းမတွေက
အချစ်ရှုံးသမားဘ၀နဲ့
နာကျင်စွာကျန်နေခဲ့
ရမယ်ဆိုရင်တောင် ခမ်းနားတဲ့
စိတ်ဓာတ်ကြောင့်
တစ်သက်လုံး
လိပ်ပြာသန့် ပါတယ် ။
#ယောကျာ်းတိုင်းကိုမဆိုလိုပါ…
Credit မူရင်း post
Comments
Post a Comment