သိပ္ပံမှူးတင်လဲပြောပြီ
သိပ္ပံမှူးတင်လဲပြောပြီ
-----------------------------
Sky net က လွှင့်သွားတဲ့ EDU အစီအစဉ်မှာ
ဆရာကြီး သိပ္ပံမှူးတင် ဆွေးနွေးသွားတာ
နားထောင်လိုက်ကြရသူများ ရှိကြပါသလား ။
ဆရာကြီး ဆွေးနွေးသွားတဲ့အထဲမှာ -
စာသင်ခန်းတစ်ခန်း ကို ကျောင်းသား ၆၀ ၊ ၇၀
တွေသင်နေရတယ် ။ တက္ကသိုလ်တွေမှာ
lecture ရိုက်သလို ဆရာ စာသင်နေချိန်မှာ
နားထောင်သူကထောင် ၊ စကားပြောသူက
ပြော ၊ ဆော့တဲ့သူက ဆော့ ဖြစ်နေတယ် ။
သင်ကြားရေးမှာ စာသင်ခန်းတစ်ခန်းကို
ကျောင်းသား၂၅ ယောက် ၊ ၃၀ ယောuက်
ဖြစ်အောင် မဖန်တီးပေးနိုင်သ၍ ဘယ်တော့မှ
အောင်မြင်တဲ့ပညာရေး မဖြစ်နိုင်ဘူး တဲ့ ။
ဆရာတွေရဲ့ဘဝကို မြှင့်တင်မပေးဘဲနဲ့
အောင်မြင်တဲ့ပညာရေး မဖြစ်နိုင်ဘူး ။
အခုဖြစ်နေတာက ဆရာတွေရဲ့ဘဝကို
မြှင့်တင်မပေးတဲ့အပြင် ကျူရှင်သင်တာကို
ကန့်သတ်နေတာဟာ မဖြစ်သင့်ဘူး ။
ဆရာဝန်ပဲဖြစ်ဖြစ် အင်ဂျင်နီယာပဲဖြစ်ဖြစ်
ဆရာ ဆရာမတွေပဲဖြစ်ဖြစ် သူတို့ရဲ့
အားလပ်ချိန်မှာ ဘာမဆို လုပ်ခွင့်ရှိသင့်
တယ် ။ အခု ဆရာ ဆရာမတွေ
ကျူရှင်သင်တာကို တားဆီးနေတာဟာ
ဆရာတွေကို ဒုက္ခပေးခြင်း တစ်မျိုးပဲ တဲ့ ။
မြန်မာနိုင်ငံမှာ ဆရာ ဆရာမတွေဟာ
အောက်ဆုံးကို ရောက်နေတယ် ။ ဘာမဆို
ခိုင်းစရာရှိတော့ သူတို့ချည်းပဲ ။ သန်းခေါင်
စာရင်းအစ မဲပေးတာအဆုံး သူတို့ကို
ခိုင်းနေပြီး သူတို့ကို ပျော်ရွှင်မှုကျတော့
ဖန်တီးပေးမှု အားနည်းနေတယ်တဲ့ ။
မိဘ ဆရာ ကျောင်းသား ပညာရေးတြိဂံမှာ
မိဘ နဲ့ ကျောင်းသား မပါဘဲ ဆရာချည်း
ပညာရေးတိုးတက်အောင်လုပ်လို့ မရဘူး ။
မိဘတွေက မိမိတို့ကလေးတွေကို
မညှာတမ်းခိုင်းရမယ် ။ ကျောင်းသားများကလည်း
မလျှော့သောဇွဲနဲ့ ကြိုးစားကြရမယ် ... လို့
ဂျပန် တရုတ် စတဲ့နိုင်ငံများက မိဘများ
သူတို့သားသမီးများကို ပုံသွင်းပုံများဖြင့်
ရှင်းလင်းဆွေးနွေးသွားတာကို
နားထောင်လိုက်ရပါကြောင်း .......
Credit;
Comments
Post a Comment