အမေမွေးလာကတည်းက

မလွမ်းဘူး ! ! !

မိန်းက​လေးဘဝဟာ
အမေမွေးလာကတည်းက
ဒူးနဲ့မျက်ရည်သုတ်ဖို့မှမဟုတ်တာ

ထားသွားလို့ဝမ်းနည်းရမယ်ဆိုတာ
ဘယ်ကျမ်း ဘယ်စာအုပ်မှာ
ညွှန်းတမ်းပြပေးခဲ့လို့လဲ

ခပ်ညံ့ညံ့သမိုင်းတွေမှာတော့
ချစ်သူက ပစ်​ထားခဲ့လို့
အဆိပ်သောက်သေတဲ့ မသာ
ချစ်သူပစ်လို့ လက်ဖျံကိုဓါးနဲ့မွှန်းတဲ့
ပေါကြောင်ကြောင်အထှာတွေ
အသဲကွဲတာ ထိုင်ငိုနေရမယ်လို့များ
ပုံသေနည်းတွေ သတ်မှတ်ခဲ့သလားထင်ရတယ် ။ ။

လုပ်ချင်ရာလုပ်သွားပြီးမှ
အလံဖြူလာမပြနဲ့
ကိုယ့်နှလုံးသားမှာ မင်းအလံဖြူစိုက်စရာ နေရာမရှိတော့ဘူး ။ ။

လွမ်းရမှာလား ?
လက်ခုပ်တီးလို့မရရင်
လက်ဖျောက်တီးနေမှာပေါ့
အိပ်လို့မရရင် ကော်ဖီသောက်ပြီး
သီချင်းနားထောင်နေမယ် ။ ။

ပြောတိုင်းယုံတဲ့ပေါက်သင်ညိုတောင်
အခုခေတ်မှာ တော်ရုံနဲ့
ခေါင်းမညိတ်တော့ဘူး
ဂျာအေးကို သူ့အမေရိုက်တဲ့
ပုံပြင်တွေဆိုတာ
၅ နှစ်အောက်ကလေးတွေတောင်
မကြိုက်တော့ဘူးလေ
မထူးမခြားနားပတ်ပျိုးတီးချင်ရင် ဇာတ်ထဲဝင် ။ ။

ဟာသတွေသိပ်ပြောနေတာ
လူရွှင်တော်လုပ်ကြည့်ပါလား
ပွဲကြည့်စင်အောက်ကနေ
ခဲနဲ့ထုပေးပါ့မယ်
နဖူးပွတ်လိုက်တိုင်း
အမာရွတ်လေးကိုင်ကြည့်ပြီး
သတိရနေအောင်
လက်ဆကို ချိန်ပြီး ထုပေးမယ် ။ ။

ဒီလမ်းကို ရွေးချယ်လို့ ထွက်သွားပြီးပြီပဲ
ပြန်လှည့်မလာနဲ့လေ
ကျန်ရစ်ခဲ့တဲ့သူက ငတုံးမှမဟုတ်တာ
ထားခဲ့ပြီးမှ ပြန်​လည်​ပြီး propose
လာလုပ်နေရအောင်လည်း
ကိုယ့်နှလုံးသားက Made in chinaမှ
မဟုတ်တာလေ
သစ္စာဆိုတာ ရေဆေးပြီးပြန်သုံးလို့ရတဲ့
ခပ်ညံ့ညံ့ ရောင်းတန်းဝင် လို့သတ်မှတ်ထားရင်
အပြင်သိပ်မထွက်နဲ့ မိုးတွေရွာနေတယ်
မိုးကြိုးအပစ်ခံထိလို့ မသာပေါ်သွားရင်
ငါ့အပြုံးတွေကြာကြာမမြင်သွားရမှာစိုးလို့ ။ ။

သွားစမ်းပါ မလွမ်းဘူး

U Soe Myat Win

Comments

Popular posts from this blog

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ

ရခိုင်သမိုင်း