#အားမငယ်ပါနဲ့ကလေး... #မင်းတစ်ယောက်တည်း #သူခိုးမဟုတ်ပါဘူး... #ငါလည်းမင်းလို #သူခိုးတစ်ယောက်ပါပဲ.... (၁) ကျွန်တော်သူခိုးတစ်ယောက်ပါ မနောက်ပါဘူး အတည်ပါ ငယ်ငယ်က ကျောင်းမုန့်ဈေးတန်းမှာ အာလူးကြော်တွေ ခိုးစားဖူးတယ် သူများခြံက သရက်သီးခိုးဖူးတယ် ဝက်သားတုတ်ထိုးသည်ကြီးဆီမှာ တုတ်တွေမမြင်အောင်လွှင့်ပစ်ဖူးတယ် ရထားနဲ့ဘတ်စကားတွေလည်း ခိုးစီးဖူးတယ် အလုပ်ချိန်ကို မနက်နာရီဝက်လောက်နောက်ကျပြီး အချိန်ခိုးတယ် ပြန်ချိန်ကိုစောပြန်ပြီး ခိုးတယ်။ ဘာခိုးမှန်းသေချာမသိရပေမယ့် ငါသူခိုးပါလို့စာဆွဲခံရတဲ့ ကလေးပုံfbမှာမြင်တော့ ကိုယ်တိုင်လည်း သူခိုးဖြစ်တာဝန်ခံချင်မိတယ် ကျွန်တော်က ကြုံသလိုခိုးသူတစ်ယောက်သာ။ ကားလမ်းပိတ်ရင် အစ်ကိုရေ တစ်စီးလောက်ဆိုပြီး လက်ညှိုးလေးထောင် သူများအခွင့်အရေးကိုခိုးတယ် စားအုန်းဆီတစ်ပေပါကို အနယ်ထိုင်အောင်လုပ် ပဲဆီသုံးပိသာလောက်ရော ပဲဆီသန့်ဆိုပြီး ပါကင်လှလှနဲ့ စားသုံးသူအခွင့်အရေးကို ခိုးတယ် အဲသလိုပေါ့လေ။ (၂) ကလေးတစ်ယောက် ခိုးမှုကျူးလွန်တယ်ဆိုတာ လူ့ပတ်ဝန်းကျင်မှာ ဖြစ်လေ့ရှိတဲ့သဘောပါ ဇာတ်တော်ထဲမှာ ဘုရင့်သားတောင်နှမ်းခိုးစားသေးတာပဲ လွယ်ရင်သူကြွယ်တောင် ခိုးသတဲ့လေ။ ခိုးရင်တော့အပြစ်ပေးရမှာပေါ့ ဆုံးမရမှာပေါ့ သူ့အုပ်ထိန်းသူကိုပြောရမှာပေါ့ ရပ်ကွက်လူကြီးဆီတိုင်ရမှာပေါ့ ရဲစခန်းအပ်ရမှာပေါ့ လူငယ်လေ့ကျင့်ရေးစခန်းပို့ရမှာပေါ့ ကလေးသူငယ် ဥပဒေရှိတာပဲ လူလည်ခေါင်မှာ ငါသူခိုးပါလို့စာဆွဲပြီး အရှက်ခွဲဖို့ အနာဂတ်ကိုသတ်ဖို့တော့ ဘယ်ဥပဒေမှာမှမရှိပါဘူး။ ပြောကြည့်လေ အဲဒိကလေးက ဘောလုံးပွဲလောင်းပြီးရှုံးရင် မပေးဘဲနေသလား အိမ်ငှားပြီး အိမ်ကိုမောင်ပိုင်စီးသလား ၁၅ပဲရည်ကြေညာပြီး ၁၃ပဲတစ်ခြမ်းရည်နဲ့ ရွှေဆိုင်ကြီးဖွင့်လား တစ်စီးလုံးအော် ပစ္စည်းစုံဆိုပြီး ကားဝယ်ရောင်းလို ဝိတ်လျှော့သလား ခိုးကူးခွေတွေဖြန့်သလား နိူင်ငံခြားရုပ်ရှင်တွေသီချင်းတွေ ကူးချသလား။ ပြောကြည့်လေ အဲဒိကလေးက အစည်းအဝေးမှာနောက်ကျလာပြီး ဝန်ထမ်းတွေရဲ့အချိန်ကိုခိုးလား စားသုံးသူဆီက Taxအပြင် service ခတွေပါဘောင်ချာမှာထည့်တွက်သလား ပရဟိတအဖွဲ့ဖွဲ့ပြီး လေးပုံသုံးပုံလှူပြ ကျန်တာ အိတ်ထဲထည့်သွားဖူးလိုငါ့သားလေးသာဖြစ်ခဲ့ရင်
#အားမငယ်ပါနဲ့ကလေး... #မင်းတစ်ယောက်တည်း #သူခိုးမဟုတ်ပါဘူး... #ငါလည်းမင်းလို #သူခိုးတစ်ယောက်ပါပဲ....
(၁)
ကျွန်တော်သူခိုးတစ်ယောက်ပါ
မနောက်ပါဘူး အတည်ပါ
ငယ်ငယ်က ကျောင်းမုန့်ဈေးတန်းမှာ
အာလူးကြော်တွေ ခိုးစားဖူးတယ်
သူများခြံက သရက်သီးခိုးဖူးတယ်
ဝက်သားတုတ်ထိုးသည်ကြီးဆီမှာ
တုတ်တွေမမြင်အောင်လွှင့်ပစ်ဖူးတယ်
ရထားနဲ့ဘတ်စကားတွေလည်း ခိုးစီးဖူးတယ်
အလုပ်ချိန်ကို
မနက်နာရီဝက်လောက်နောက်ကျပြီး အချိန်ခိုးတယ်
ပြန်ချိန်ကိုစောပြန်ပြီး ခိုးတယ်။
ဘာခိုးမှန်းသေချာမသိရပေမယ့်
ငါသူခိုးပါလို့စာဆွဲခံရတဲ့ ကလေးပုံfbမှာမြင်တော့
ကိုယ်တိုင်လည်း သူခိုးဖြစ်တာဝန်ခံချင်မိတယ်
ကျွန်တော်က ကြုံသလိုခိုးသူတစ်ယောက်သာ။
ကားလမ်းပိတ်ရင် အစ်ကိုရေ တစ်စီးလောက်ဆိုပြီး
လက်ညှိုးလေးထောင် သူများအခွင့်အရေးကိုခိုးတယ်
စားအုန်းဆီတစ်ပေပါကို
အနယ်ထိုင်အောင်လုပ် ပဲဆီသုံးပိသာလောက်ရော
ပဲဆီသန့်ဆိုပြီး ပါကင်လှလှနဲ့
စားသုံးသူအခွင့်အရေးကို ခိုးတယ်
အဲသလိုပေါ့လေ။
(၂)
ကလေးတစ်ယောက် ခိုးမှုကျူးလွန်တယ်ဆိုတာ
လူ့ပတ်ဝန်းကျင်မှာ ဖြစ်လေ့ရှိတဲ့သဘောပါ
ဇာတ်တော်ထဲမှာ
ဘုရင့်သားတောင်နှမ်းခိုးစားသေးတာပဲ
လွယ်ရင်သူကြွယ်တောင် ခိုးသတဲ့လေ။
ခိုးရင်တော့အပြစ်ပေးရမှာပေါ့
ဆုံးမရမှာပေါ့
သူ့အုပ်ထိန်းသူကိုပြောရမှာပေါ့
ရပ်ကွက်လူကြီးဆီတိုင်ရမှာပေါ့
ရဲစခန်းအပ်ရမှာပေါ့
လူငယ်လေ့ကျင့်ရေးစခန်းပို့ရမှာပေါ့
ကလေးသူငယ် ဥပဒေရှိတာပဲ
လူလည်ခေါင်မှာ ငါသူခိုးပါလို့စာဆွဲပြီး
အရှက်ခွဲဖို့ အနာဂတ်ကိုသတ်ဖို့တော့
ဘယ်ဥပဒေမှာမှမရှိပါဘူး။
ပြောကြည့်လေ အဲဒိကလေးက
ဘောလုံးပွဲလောင်းပြီးရှုံးရင် မပေးဘဲနေသလား
အိမ်ငှားပြီး အိမ်ကိုမောင်ပိုင်စီးသလား
၁၅ပဲရည်ကြေညာပြီး ၁၃ပဲတစ်ခြမ်းရည်နဲ့
ရွှေဆိုင်ကြီးဖွင့်လား
တစ်စီးလုံးအော် ပစ္စည်းစုံဆိုပြီး
ကားဝယ်ရောင်းလို ဝိတ်လျှော့သလား
ခိုးကူးခွေတွေဖြန့်သလား
နိူင်ငံခြားရုပ်ရှင်တွေသီချင်းတွေ ကူးချသလား။
ပြောကြည့်လေ အဲဒိကလေးက
အစည်းအဝေးမှာနောက်ကျလာပြီး
ဝန်ထမ်းတွေရဲ့အချိန်ကိုခိုးလား
စားသုံးသူဆီက Taxအပြင်
service ခတွေပါဘောင်ချာမှာထည့်တွက်သလား
ပရဟိတအဖွဲ့ဖွဲ့ပြီး လေးပုံသုံးပုံလှူပြ
ကျန်တာ အိတ်ထဲထည့်သွားဖူးလို့လား
ခြံစည်ရိုးကာရင်း
တစ်ဘက်မြေကြီးခြောက်လက်မခိုးလို့လား
သဘာဝဓာတ်ငွေ့ခိုးရောင်းလား
သစ်တောတွေကျောက်စိမ်းတွေ ခိုးလား
ဖုန်းဘေလ်ခိုးလား
ပိုက်ဆံပိုအမ်းတာကို မသိယောင်ဆောင်သွားလား
လခသောင်းဂဏန်းနဲ့ သိန်းရာကျော်ကားစီးသလား
စသဖြင့် စသဖြင့် . .
ဟုတ်ပါတယ်
ကလေးက ဗိုက်ဆာလို့ခိုးမိတာမှန်ပါလိမ့်မယ်။
(၃)
လာဘ်ပေးလာဘ်ယူကမ္ဘာ့အဆင့် Top Tenနိုင်ငံမှာ
လွှတ်တော်အမတ်ဖြစ်ဖို့ မဲခိုးတာကြားဖူးတယ်
ကျောက်တွေကတ္တရာတွေ
နေရာပြောင်းခင်းလိုက်တာရှိတယ်
ဘုရားပိုက်ဆံဂေါပကနဲ့ကန်ထရိုက်ဘုံးတာရှိဖူးတယ်
စီမံကိန်းဗန်းပြပြီး လယ်မြေအပိုသိမ်းတာရှိဖူးတယ်။
ကလေးတစ်ယောက်ဗိုက်ဆာလို့ခိုးတဲ့အခါ
အဝတ်အစား ပိုက်ဆံမရှိလို့ခိုးတဲ့အခါ
ဟိုဒုသမ္မတကြီးနဲ့မီဒီယာကြီးလို
ပညာပေးကာလ မထားနိူင်ဘူးလား
ကလေးတစ်ယောက်ရဲ့ရင်ဘတ်ပေါ်မှာ
ငါသူခိုးပါလို့စာဆွဲတာကို
အားရကျေနပ်တဲ့ ကြင်နာမှုခေါင်းပါးလှတဲ့
မြေနိမ့်ရာလှံထပ်စိုက်တဲ့
လူအဖွဲ့အစည်းမျိုးမလိုချင်ပါ။
(၄)
ခိုးရင် ခိုးသူအပြစ်ပေါ့လေ
ခိုးတဲ့အပြစ်ခံရမှာပေါ့
ဒါပေမဲ့ လူ့အခွင့်အရေးကြေညာစာတမ်းအလိုအရ
မတရားနိုပ်စက်လို့ မရပါဘူး
အရှက်ခွဲလို့မရပါဘူး
ဘဝတလျှောက်လုံး လူတောမတိုးအောင်မလုပ်ရပါဘူး။
အပြစ်ရှိသည်ဟု
ခိုင်လုံသောသက်သေ အထောက်အထားမရှိမချင်း
ထိုသူသည် အပြစ်မရှိလို့
UNရဲ့လူ့အခွင့်အရေးကြေညာစာတမ်းမှာပါတယ်
ကျွန်တော်ပြောပြီးပြီ
ကျွန်တော်ဟာ သူခိုးတစ်ယောက်ပါ
ခိုင်လုံစွာဝန်ခံပါတယ်လေ။
ကျွန်တော့်ရင်ဘတ်ပေါ် စာလာဆွဲပါ
လူကြီးမင်းကိုယ်တိုင်
အဒိန္နဒါနကိုတစ်သက်တာ ဝေရာမဏိခဲ့တယ်ဆိုရင်
ကျွန်တော့်ရင်ဘတ်မှာ စာလာဆွဲပါ လူကြီးမင်းရေ. .
ကျွန်တော် သူခိုးတစ်ယောက်ပါ...
#credit_စုမောင်မောင်
♨ ဒီနေရာမှာ ငါ့သားလေးသာဖြစ်ခဲ့ရင် ♨
➳ ❦ ➳ ❦ ➳ ❦ ➳ ❦ ➳ ❦ ➳ ❦
ခလေးတစ်ယောက်ရဲ့ အနာဂတ်ကို
စိတ်ဒဏ်ရာတွေနဲ့
ရင်နာမုန်းတီးနေရအောင်
မစွမ်းဆောင်ကြပါနဲ့ ။
စိတ်ဒဏ်ရာ ရသွားတဲ့ခလေးဆိုတာ
ကျော့ကွင်းက လွှတ်သွားတဲ့ကျားလိုပဲ
မြင်သူတကာကို
နာကျဉ်းသွားတတ်တယ် ။
ပညာမတတ်လို့ ခိုးတယ်
ဒါပေမယ့်
ပညာတတ်တဲ့ လူတွေက
သူခိုးကို ပြုပြင်ရမယ့်အစား
ပိုဆိုးအောင် လုပ်ဆောင်နေကြတယ် ။
တစ်ခါ ခိုးရုံနဲ့
သူခိုး မဖြစ်သလို
တစ်ခါ ဆိုးရုံနဲ့
လူဆိုး မဖြစ်ပါဘူး ။
အကြောင်းတရားကို လိုက်မရှာပဲ
အကျိုးတရားအတွက်
အကျိုးအပြစ်တွေပဲ ပေးနေရင်
ပို ပိုပြီးသာ ဆိုးလာဖို့ပဲ ရှိတယ် ။
ဒီနေရာမှာ
ငါ့ သားသမီးသာ ဖြစ်ခဲ့လျှင်
ငါ့ ရင်ထဲမှာ
ဘယ်လို ခံစားရမလဲ ။
သူခိုးကို မြှောက်ပေးတာမဟုတ်ဘူး ။
သူခိုးကို
ဟောက်စားလုပ်ပြီး
ကြောက်အောင်လုပ်နေတယ်ထင်တာ
တကယ်တော့
ဒီနေရာမှာ
ငါ့သားသမီးသာဆိုတဲ့အတွေးကို
ခင်ဗျားတို့ မေ့နေကြလို့ပဲ ။
ကိုယ့်သမီးအပြစ်လုပ်ရင်
သူ့အဖေ သိမှာစိုးလို့
ဖုံးလိုက်ဖိလိုက်နဲ့
ဒါပေမယ့်
သူ့သားသမီး အပြစ်လုပ်တဲ့အခါ
လူ မြင်ကွင်းမှာ
ငါ သူခိုးပါ တဲ့ ။
ကိုယ်ချင်းစာတရားကို
ဘယ်မှာထားခဲ့ကြတာလဲ။
ဒီနေရာမှာ
သင့်သားသမီးသာဆိုရင်
သင်ဘယ်လိုလုပ်မလဲ
ထို့ကြောင့် ။
# Credit :; swe taw
Comments
Post a Comment