အတွေးလှလှ
#စိတ်ဓာတ်ကျတိုင်းဖတ်ပေးပါ= =>
လူတစ်ယောက် ကိုယ့်ဆီ မလာချင်ဘူးလား ?
အတင်း မခေါ်ပါနဲ့ . . .
လူတစ်ယောက် ကိုယ်မေးတာတွေ မဖြေချင်ဘူးလား?
အတင်း မမေးပါနဲ့. . .
လူတစ်ယောက် ကိုယ့်အပေါ် စိတ်မဝင်စားတော့ဘူးလား?
အတင်းလုပ် မယူပါနဲ့. . .
လူတစ်ယောက် ကိုယ့်ကိုဘာမှ မပေးချင်တော့ဘူးလား?
အတင်းတောင်း မယူပါနဲ့. . .
လူတစ်ယောက် ကိုယ့်ဆီက ရှောင်ခွာပြေးချင်နေပြီလား?
အတင်း မဆွဲထားပါနဲ့. . .
ကိုယ့်ဆီမှာ စိတ်မရှိတော့လို့သူ လုပ်မပေးနိုင်တော့တဲ့
ကိစ္စတွေအတွက် ကိုယ့်ဘက်က အတင်းကာရော
လိုက်လုပ်နေရတာတွေဟာ ကိုယ့်အတွက်လဲ
ပင်ပန်းသလို စိတ်မပါဘဲ လိုက်လုပ်ပေးနေရသူ
သူ့အတွက်လဲ ဝန်ထုပ်ဝန်ပိုး ဖြစ်နေတတ်ပါတယ်. . .
ကိုယ့်ရဲ့စိတ်ပင်ပန်းမှုနဲ့ သူ့ဘက်က ဝန်ထုပ်ဝန်ပိုး
ဆိုတာ နှစ်ခုကို ခံရလာတာ များလာ လေလေ
တယောက် နဲ့ တယောက်လူချင်း နီးနေတာတောင်
စိတ်ချင်းက ဝေးသထက် ဝေးသွားကြတော့မှာ
သေချာပါတယ်. . .
ဒါမျိုးတွေ အတင်းလိုက် မလုပ်ရအောင် ထိန်းချုပ်ရတာ
ဘဝမှာ အခက်ခဲဆုံး အလုပ်တွေပါ. . .
အဲဒီ အခက်ခဲဆုံး အလုပ်တွေကို လုပ်ရင်း ကျော်ဖြတ်ရတဲ့
အချိန်တွေဟာ စိတ်တွေ မွန်းကြပ် ပူလောင်လှတယ်
ဆိုတာလဲ လက်ခံရပါမယ်. .
ဒါပေမဲ့ အဲဒီ အချိန်တချိန် ကို အံကြိတ် ကျော်ဖြတ်လို့
သူ လာချင်တဲ့အချိန်ရှိလာပြီ ဆိုပါစို့ . . .
လက်ကမ်း ကြိုဦးမလား မကြိုဘဲနေနိုင်ပြီလား ဆိုတဲ့
အဖြေကို အဲဒီ ခါးသီးခဲ့တဲ့ အချိန်တွေက ကိုယ့်ကို
အဆုံးအဖြတ် ပေးပါလိမ့်မယ် . . .
သူဖြေချင်တဲ့အချိန်မှာ အရင်လို ကိုယ် သိချင်သေးလား
ဆိုတာကို ပူလောင်ခဲ့ရတဲ့ ကိုယ့်ရဲ့ ခံစားချက်တွေက
အဖြေပေး ပါလိမ့်မယ် . . .
သူ စိတ်ဝင်စားလာတာကို ကြည်နူး နိုင်ဦးမလားဆိုတာ
ကို နာကျင်ခဲ့ရတဲ့ ဝေဒနာတွေ က အဖြေပေးပါလိမ့်မယ် !
သူပေးချင်လာတာတွေကို လက်ခံနိုင်ဖို့ ခါးသီးစွာ
ကျော်ဖြတ်ခဲ့ရတဲ့ ကိုယ့်အချိန် တွေက အဖြေပေးပါလိမ့်
မယ်. . .
သူ ရှောင်ခွာ မပြေးချင်တော့ဘူး ဆိုရင်တောင် ကိုယ်ထိခိုက်
ခဲ့ရသမျှ စိတ်ဒဏ်ရာ တွေ က ကိုယ် ဘယ်လို ဆုံးဖြတ်သင့်
တယ် ဆိုတာကို အဖြေပေးပါလိမ့်မယ်. . .
အဲလို အချိန်တစ်ခုကို ခါးသီးပူလောင် နာကျင်စွာ
ကျော်ဖြတ်ပြီးတာတောင်ကိုယ့်နားမှာ သူ မနေချင်တော့ဘူး
လို့ ဖြစ်နေသေးရင်တောင်
ကိုယ်ဟာ ခံနိုင်ရည် အင်အားများ နဲ့ပြည့်ဝသူတစ်ယောက်
ဖြစ်လာ ပါလိမ့်မယ်. . .
အချိန်တန်ရင် အရာရာဟာ နေသားတကျ ပြန်ဖြစ်သွား
မှာပါ ဆိုပေမယ့်အဲဒီ အချိန်တန် ဖို့အတွက် ချစ်ရတဲ့သူဘက်
က ပေးဆပ်ရတာမဟုတ်ပါလား. . .
လောကကြီးထဲ ဘယ်လိုဒဏ်ရာမျိုးအတွက်မဆိုအကောင်းဆုံး သမားတော်ဟာ " အချိန် " ပါပဲ. . .
အကောင်းဆုံး ကုထုံးဟာ ဘယ်လိုအ၇ာတွေ ကြုံလာ ကြုံလာ
ကိုယ့်ကိုကိုယ် ခံနိုင်ရည် ရှိအောင် ပြုစု ပျိုးထောင်ခြင်းပါပဲ. . .
#စိတ်ဓာတ်ကျတိုင်းဖတ်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်(နေ့ စဉ်ဖတ်မိသောစာ)
#ကျော်မျိုးဟန်
Comments
Post a Comment