ငွေစက္ကူ များ ရိုက်နှိပ်တဲ့စက်ရုံ(ဝါဇီ)

ငွေစက္ကူ များ ရိုက်နှိပ်တဲ့စက်ရုံ(ဝါဇီ)
•••••••••••••••••••••••••••••••••
      ..

လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများစက်ရုံ (၀ါဇီ)

အဲဒာ ငွေစက္ကူ​တွေရိုက်နှိပ်သော စက်ရုံပါ

ဘယ်မှာရှိလဲ...?

ဘယ်လိုသွားလို့ရသလဲ...?

လူအတော်များများ မသိကြပါ။

ဗဟုသုတဖြစ်အောင် ပြောပြပေးပါမယ်...

ဝါဇီဆိုတာက မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၏ အ​ရှေ့​တောင်ဖက်ဖျားဆုံး တန့်ကြီးတောင် တောင်စွယ်၏ တောင်ဖက် အစွန်ဆုံး​တောင်ကုန်းပေါ်မှာ တည်ရှိပါတယ်။

အဲဒီတောင်ကုန်းစက်​ရုံ၏ ပါတ်လည် မိုင် ၂၀ အတွင်း မည်သည့် လူနေကျေးရွာ အိမ်မှ မရှိပါ။

ဧရာဝတီမြစ်​ အထက်​ ​ပေ ၁၀၀၀.​ကျော်​မြင့်​​သောတောင်​ကုန်း​ပေါ်မှာတည်​ရှိပါတယ်​။

တောင်ဘက် ဆင်းရင် ယော​ချောင်း..

အနောက်ဘက်မှာက တောင်ကုန်းတောင်စွယ်များ...

မြောက်ဘက်မှာလည်း တောင်ကုန်းတောင်စွယ်တွေပဲ...

အရှေ့ဘက်မှာတော့ စက်ရုံ အဝင်လမ်းအစမှာ လမ်းရွာ​ကျေးရွာ နှင့် ဧရာဝတီမြစ်ကြီးရှိပါတယ်။

စက်ရုံသွားတဲ့လမ်း အ၀င်လမ်း တစ်လမ်းပဲရှိပါတယ် အထွက်လမ်းလည်း ဒီတစ်လမ်းပဲရှိပါတယ်။

အများအားဖြင့် ၀ါဇီကို သွားမည်ဆိုပါက ချောက်မြို့ကနေ စက်လှေ ​​မော်​​တော်​နှင့်​ လမ်းရွာကျေးရွာကိုသွားရပါမယ်​။

ကားတွေကူးချင်ရင်တော့ ခု ဧရာဝတီမြစ်ကူးတံတား (အနော်ရထာ) ၏ အထက်ဘက်၊ ချောက်မြို့က အထက် ၁၀ .မိုင်လောက် ဝေးတဲ့​နေရာက ဧရာဝတီမြစ်ကို ဇက်ရေယဉ်နှင့် ကူးရပါတယ်။

လမ်းရွာ​ကျေးရွာကနေ အနောက်ဘက်တည့်တည့် တောင်ကုန်း​ပေါ်မှာ ဝါဇီစက်ရုံ တည်ရှိပါတယ်။

အဲဒီစက်ရုံ မှာ အလုပ်လုပ်ကြတာတွေက တပ်မတော်သား ပညာရှင်တွေချည်းပါ။

အရပ်သား လုံးဝမရှိပါ။

လမ်းရွာက စထွက်တာနဲ့ ၀ါဇီစက်ရုံသွားတဲ့ လမ်းဝမှာ တပ်စုအဆင့်ထက်မနည်းသော လက်နက်ကိုင် လုံခြုံရေးအဖွဲ့က စစ်ဆေးရေး ဂိတ်ကြီးမှာ စတင် အစစ်ဆေးခံရပါတယ်။

ဘယ်လိုလူတွေ သွားခွင့်ရှိသလဲ
================

စက်ရုံမှာ အလုပ် လုပ်သေား တပ်မတော်သားများ၊

အတူနေ မိသားစု အိမ်ထောက်စုဝင်များမှအပ မည်သူကိုမှ သွားလာခွင့်မပြုပါ။

အဲဒီစာရင်းတွေက စစ်ဆေးရေးဂိတ်တိုင်းမှာ ဓါတ်ပုံနှင့်တကွ ရှိပါတယ်။

စီစစ်ရေးကတ်တွေ ကိုင်ဆောင် ထားကြရပါတယ်။

ပထမစစ်ဆေးရေးဂိတ်ကြီးကနေ အထက်ဘက်​ အမြင့်​ပေ ၁၀၀၀.​လောက်​ မိုင် ၃၀.ခန့်လောက် တောင် အတက်လမ်းကို ကားဖြင့်တက်ရပါတယ်။

လမ်းတစ်ဝက်လောက်မှာ ဒုတိယ ဂိတ်တစ်ဂိတ်က ထပ်အစစ်ဆေးခံရပါသေးတယ်။

ဝါဇီ အ၀င်ဝမှာလည်း နောက်ထပ်တတိယ​​မြောက်​စစ်​​ဆေး​ရေးဂိတ်​ကစစ်​​ဆေးခံပြီးရင်တော့ ရောက်ပါပြီ ၀ါဇီကို။

စတွေ့တာက စက်ရုံလုပ်သား လူနေ တိုက်တန်းတွေပါ။

ပုံစံတူ,အရွယ်တူ တိုက်တန်းလျားတွပဲဖြစ်ပါတယ်။

စက်ရုံအလုပ်သမား တပ်မတော်သားတွေ၊မိသားစုတွေ နေထိုင်ကြပါတယ်။

ပင်မစက်ရုံကတော့ လူနေတိုက်ခန်းတွေထက် အထက်ဘက်​ကို ဆက်တက်ရပါသေးတယ်။

တာဝန်ရှိသူ စက်​ရုံအလုပ်သမားများမှအပ မည်သူမှ ၀င်ခွင့်မရှိပါ။

ဒါက စက်ရုံ တည်နေရာပါ။

ဘယ်လိုပစ္စည်းတွေ ထုပ်လုပ်သလဲ
===================

ပြည်တွင်သုံး ငွေစက္ကူတွေ၊

စာပို့ တံဆိပ်ခေါင်းတွေ၊

စာချုပ် တံဆိပ်ခေါင်းမျိုးစုံ၊

အောင်​ဘာ​လေ ထီလက်​မှတ်​​တွေ၊

အခြား လုံခြုံရေးနှင့်သက်ဆိုင်သေား စာရွက်စာတန်းတွေကို ရိုက်နှိပ်ပါတယ်။

ငွေစက္ကူ​တွေ ဘယ်လို ပုံနှိပ်​ပါသလဲ
===================

ငွေစက္ကူရိုက်သောစက္ကူသားက ၀ါဂွမ်းချည် ၄၀% ပါဝင်သော လုံခြုံရေးငွေရောင်ကြိုးပါဝင်သော စက္ကူကို India နိုင်ငံကမှာရပါတယ်။

ရေနီစက်​ရုံကထွက်​​သော ဝါးဖြင့်​လုပ်​​သေားစက္ကူဖြင့်​ ​ငွေစက္ကူရိုက်လို့မရပါ။

ငွေစက္ကူရိုက်​​သော စက္ကူသားကို
မှာတဲ့သူကတော့ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာကပါ။

ကျနော်တို့ ပြည်တွင်းမှာ မထုတ်လုပ်နိုင်သေးပါ။

အစိုးရ အဆက်ဆက်ဟာ ငွေစက္ကူ ရိုက်နှိပ်ဖို့လိုအပ်ကြောင်း ဗဟိုဘဏ်က တင်ပြလာရင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ကာကွယ်ရေးဝန်ကြီးဌာနကို တဆင့်အကြောင်းကြားလို့ အရေအတွက် ဘယ်​​လောက် ပုံနှိပ် ရိုက်ကူးမယ်ဆိုတာကို စက်ရုံအထိ အဆင့်ဆင့် အကြောင်းကြားပြီးမှ ရိုက်နှိပ်ကြပါတယ်။

ငွေစက္ကူ​တွေကို ကိုယ်တိုင်ရိုက်ကူးတာက တပ်မတော်သားအတတ်ပညာရှင် အလုပ်သမားတွေပါ။

ဒီနေရာမှာ မေးစရာတစ်ခုရှိပါလိမ့်မယ်

ဘဏ္ဍာရေးဝန်ကြီးဌာနက ငွေစက္ကူ သိန်း ၁၀၀ ရိုက်ခိုင်းရင်  စစ်တပ်က သိန်း၂၀၀ ရိုက်ပြီး ပိုတာယူလို့ရတာပေါ့..လို့ မတွေးလိုက်ကြပါနဲဗျာ။

မရပါ...လုံးဝမရပါ....

ကုန်ကြမ်းစ​​က္ကူဝယ်တာက အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနကမို့လို့ ပေးပို့လာတဲ့ စက္ကူအရေအတွက် အကိုက်ပဲ ရိုက်လို့ရပါတယ်။

ဝါဇီစက်ရုံက ရိုက်နှိပ် ပြီးစီး​သော ငွေစက္ကူများကို ကွန်​တိန်​နာကားတွေနှင့်တင်ပြီး လုံခြုံရေးအစောင့်အကြပ် အပြည့်စုံ လိုက်ပါစောင့်ကြပ်လို့  အရင်ကတော့ ရန်ကုန် ဗဟိုဘဏ်ကို ပို့ကြရပါတယ်၊ ခုတော့နေပြည်တော်ဖြစ်မယ်ထင်ပါတယ်။

ဝါဇီစက်ရုံက အပြီးသတ်​ ထုတ်လုပ်ပေးလိုက်သော​ငွေစက္ကူများဟာ တန်းပြီး သုံးစွဲလို့မရသေးပါ။

အချက်အလက် အင်္ဂါ မပြည့်စုံသေးလို့ဖြစ်ပါတယ်။

နောက်တစ်ချက် အရေးကြီးတာ ပြောပြပါမယ်။

ငွေစက္ကူတွေပေါ်မှာပါတဲ့ နံပါတ်စဉ် အက္ခရာစဉ် ဂဏန်း​တွေကို ၀ါဇီစက်ရုံမှာ ရိုက်လို့မရပါဘူး။

အဲဒါ​တွေက နိုင်​ငံ​တော်​အစိုးရအဖွဲ့၊ ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုဘဏ်ကိုေ​ရာက်မှ ရိုက်နှိပ်ရတာမို့

စစ်တပ်က ငွေတွေရိုက် ထုတ် ​သုံးချင်သလိုသုံးလို့ ရ,မရ ရှင်းလောက်ပါပြီ...။

Edited by #မင်း​မော်

Comments

Popular posts from this blog

ရခိုင်သမိုင်း

အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ