၈၈၈၈
#၈၈အရေးအခင်းဘယ်ကစ
အင်းစိန်ကြို့ကုန်းအနောက်ရပ်ကွက်က ရပ်ကွက်နေသူတွေ နဲ့
ရန်ကုန်စက်မှု တက္ကသိုလ်ကျောင်းသားအချို့ ဘူတာအနီးက
စန္ဒာဝင်းလက်ဖက်ရည်ဆိုင်မှာ ရန်ဖြစ်တာကစပါတယ်
#ဘာအကြောင်းအရာကြောင့်ဖြစ်
သီချင်းကက်ဆက်ခွေ ဖွင့်ရန် အကြောင်းကိစ္စကြောင့်
ဖြစ်ပါတယ်
#ဘယ်သူတွေဖြစ်
စက်မှုတက္ကသိုလ် ဒုတိယနှစ်ကျောင်းသားကျော်စန်းဝင်း ၊
မောင်ဝင်းမြင့် တို့နဲ့ ရပ်ကွက်နေ ဇော်ဇော်(ခေါ်)ညီညီလွင် နှင့်
အပေါင်းအပါ (၅) ဦးတို့ ဖြစ်ပါတယ်
#ဘယ်နေ့ဘယ်အချိန်မှာဖြစ်
၁၂.၃.၁၉၈၈ ၊ ည (၉) နာရီ မှာပါ ..
#ဘယ်လိုဆက်ဖြစ်
ရန်ဖြစ်တော့ ရဲက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၅/၁၁၄ အရ
အမှုဖွင့်အရေးယူပြီး ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည်ဟုယူဆရတဲ့ ဇော်ဇော် (ခေါ်) ညီညီလွင်နဲ့ လူငယ် ငါးဦးတို့အား ဖမ်းဆီးခဲ့ပါတယ်
လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှူများ ပြုလုပ်ခဲ့ပြီး မှုခင်း ကိစ္စနဲ့
မသက်ဆိုင်တဲ့ ဇော်ဇော်(ခေါ်)ညီညီလွင်ကို ၁၃.၃.၁၉၈၈ မှာ
ပြန်လွှတ်ပေးခဲ့ပါတယ်
ဒါကို ကျောင်းသားတွေက မကျေနပ်ပဲ
ရပ်ကွက်ကိုထပ်ပြဿနာရှာတဲ့အတွက်
ရန်ထပ်ဖြစ်ကြပြီး ကျောင်းသားတစ်ယောက် ဒဏ်ရာရပါတယ်
ဒါကိုထပ်အကြောင်းပြု ကျောင်းသားတွေစုပြီး
စန္ဒာဝင်း လက်ဖက်ရည်ဆိုင်နဲ့ ကောင်စီရုံးကို
ဂဲတွေနဲ့ ဝိုင်းပေါက်ကြတယ် ၊ ဆဲဆိုကြတယ်
အဲ့လူတွေထဲကမှ ဆူပူချင်တဲ့သူတွေက
ရက်ကွက် သမဝါယမ ဆိုင်ကို မီးရှို့တယ် ..
ရပ်ကွက်ကသူတွေက မီးဝိုင်းငြိမ်းကြပြီး ..
ကျောင်းသားတွေကို လိုက်ကြတော့ လွတ်သွားတယ်
ဒါကိုထပ်အကြောင်းပြု ထပ်လာပြီး
မီးထပ်ရှို့ကြတာ သမဝါယမ ဆိုင်တင်မက
လူနေအိမ် ၄ အိမ်ပါ ပါသွားတယ်
ရပ်ကွက်နေသူတွေကလဲ သည်းမခံနိုင်တဲ့အဆုံး
တုတ်တွေ၊ ဓားတွေနဲ့ ပါ ရင်ဆိုင်လာကြတယ်
တစ်ဖက်နဲ့ တစ်ဖက်ဖြစ်ကြရင်း
နောက်ဆုံး အင်းစိန်လမ်းပေါ်မှာ
လူအုပ်ကြီးတွေဖြစ်ပြီး ရန်စောင်ကြတဲ့
အခြေအနေ ဖြစ်လာတယ် ..
အခြေအနေဆိုးလာတဲ့အတွက်သက်ဆိုင်ရာ အာဏာပိုင်တွေက
၂ဖက် စလုံးကို လူစုခွဲခိုင်းကြရာမှာရပ်ကွက်နေသူတွေက
လူစုကွဲသွားပြီးကျောင်းသားတွေက လုံထိန်းတွေကိုပါ
ရန်မူလာကြတယ်
ကျောင်းသားတွေ လူစုမခွဲပဲ ရန်မူလာကြတဲ့အတွက်
မီးသတ်ကားတွေ ၊ တစ်လုံးထိုးသေနတ်တွေနဲ့
ခြောက်လန့် ပစ်ခတ် လူစုခွဲစေတယ်
နောက်ဆုံး ၁၄.၃.၁၉၈၈ မနက် ၃ နာရီမှာလူစုကွဲ သွားကြတယ် ..
အဓိကရုန်း ဖြိုခွဲရင်းနဲ့ ကျောင်းသား ၅ ဦး ဒဏ်ရာရပြီး
ဖုန်းမော် ဆိုသူ သေဆုံးခဲ့တယ် ..
ဒါကို အကြောင်းပြုရင်းနဲ့
နောက်ရက်တွေမှာ ကျောင်းသားတွေကရပ်တန့်မသွားပဲ
ဆူပူဆန္ဒပြမှုတွေ ဆက်လုပ်လာကြတယ်..
(၁၅.၃.၁၉၈၈)
စစ်တပ် မှ ရန်ကုန် စက်မှု တက္ကသိုလ်ကျောင်းဝင်းထဲထိ ဝင်ပြီး
ထိန်းသိမ်းခဲ့ရပြီး ဆူပူရမ်းကားတဲ့ကျောင်းသား အချို့ကို
ထိန်းသိမ်းခဲ့ရတယ်
(၁၆.၃.၁၉၈၈)
ရန်ကုန်တက္ကသိုလ်များ ကျောင်းသားများ တွေပါလာပြီး
လှိုင်ကောလိပ်နှင့် စက်မှု တက္ကသိုလ်သို့ ပြည်လမ်းမ အတိုင်း
ဆန္ဒပြ ချီတက်လာကြတဲ့အတွက် လုံထိန်းနဲ့ စစ်တပ်က
တားဆီးခဲ့ရပြန်တယ်
(၁၇.၃.၁၉၈၈)
ဖုန်းမော် အသုဘ ပို့ဆောင် သဂြိုလ်တာကို
အကြောင်းပြုပြီး ဆူပူလိုသူတွေရှိလာတဲ့အတွက်
တိတ်ဆိတ်စွာပဲ တစ်ြခားနေရာမှာ သဂြိုလ်လိုက်ရပါတယ်
(၁၈.၃.၁၉၈၈)
ဆူပူသောင်းကျန်းလိုသူများ ကြောင့်
တက္ကသိုလ်များ အားလုံးကို ပိတ်လိုက်ရတယ်
(၉.၄.၁၉၈၈)
စုံစမ်းစစ်ဆေးရေး ကော်မရှင်က မတ်လတွင်ဖြစ်ပွားခဲ့သော
အဓိကရုဏ်း၌ ကျောင်းသား ၃ယောက်သေဆုံးပြီး
၆၂၅ယောက် အဖမ်းခံရကာ ၁၄၁ ယောက်ကို ဆက်လက်
ထိန်းသိမ်းထားကြောင်း ကြော်ငြာပေးတယ်
(၃၀.၅.၁၉၈၈)
ကျောင်းများ ပြန်ဖွင့်ခဲ့ပြီး ကျောင်းတက်သော
ကျောင်းသားတွေကြားထဲ အစိုးရ ဆန့်ကျင်တဲ့
စာရွက်စာတမ်းတွေဖြန့်ဝေသူတွေ ရှိခဲ့တယ်
(၁၅.၆.၁၉၈၈)
ရန်ကုန် တက္ကသိုလ် ကျောင်းဝင်းအတွင်း၌ အစည်းအဝေးပွဲတွေ ဆန္ဒပြ ပွဲတွေ စတင်ပေါ်ပေါက်လာတယ်
(၁၆.၆.၁၉၈၈)
မောင်မောင်ကျော်၊ မိုးသီးဇွန်တို့ရဲ့ ဟောပြောပွဲတွေ
တက္ကသိုလ် ကျောင်းဝင်းများ အတွင်းပေါ်ပေါက်လာတယ်
(၁၇.၆.၁၉၈၈)
ဆူပူအုံကြွမှု များကြောင့် ရန်ကုန် တက္ကသိုလ် အတွင်းမှ
သင်တန်းများ အားလုံး ရပ်စဲလိုက်ရပါတယ်
(၂၁.၆.၁၉၈၈)
ကျောင်းသားများက ပြည်လမ်းရှိ ဆေးတက္ကသိုလ်မှ
ရန်ကုန်မြို့လယ်ကို ကြွေးကြော်သံများဖြင့်
ချီတက်ဆန္ဒပြကြပါတယ် ..
ဟံသာဝတီ လမ်းဆုံ အရောက်မှာ လုံထိန်းများက
တားမြစ်ဖြိုခွဲရာကနေ ကျောင်းသားများကလည်း
ဂျင်ကလိများဖြင့်ပြန်လည်ပစ်ခတ်ကြပြီးအဓိကရုဏ်းများ
ဖြစ်ပွားခဲ့ပါတယ်
ကျောင်းသား အချို့သေဆုံးသလို
လုံထိန်း ၂၀ခန့် သေဆုံးကြသည်။
အစိုးရ က ဇွန်လ ၂၁ရက်နေ့မှ ဩဂုတ် ၁၉ရက်နေ့အထိ
လူစုလူဝေး မပြုလုပ်ရန် နှင့် ညနေ၆နာရီမှ နံနက် ၆နာရီထိ
ညမထွက်ရ အမိန့်ကို ထုတ်ပြန်လိုက်ရတယ်..
ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ တက္ကသိုလ်များ
အားလုံးကို ပိတ်လိုက်ရတယ် ..
(၁.၇.၁၉၈၈)
အစိုးရမှ ညမထွက်ရအမိန့်ကို ည၈နာရီ မှ
နံနက် ၄နာရီသို့ ပြင်ဆင်လိုက်တယ်
(၉.၇.၁၉၈၈)
ညမထွက်ရ အမိန့်ကို ပြန်လည် ရုတ်သိမ်းပြီး
ကျောင်းထုတ်ခံရသော ကျောင်းသားများလည်း
သက်ဆိုင်ရာတက္ကသိုလ်အသီးသီးတွင် ကျောင်းပြန်တက်ခွင့်
ပြန်လည် လျှောက်ထားနိုင်ကြောင်း ကြော်ငြာခဲ့တယ်
(၁၈.၇.၁၉၈၈)
မတ်လအတွင်း ဖြစ်ခဲ့သော အဓိကရုဏ်းများနဲ့ပတ်သတ်ပြီး
တာဝန်ရှိသည်ဟု ပြည်ထဲရေး ၀န်ကြီးဦးမင်းခေါင် ရာထူးမှ
နှုတ်ထွက်သွားတယ်..
(၂၂.၇.၁၉၈၈)
ပြည်မြို့မှာ ဆူပူမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ..
အကြမ်းဖက် သတ်ဖြတ်မှုတွေ ကြောင့် ..
အရေးပေါ် အခြေအနေကြော်ငြာကာ ...
အုပ်ချုပ်ရေးတာဝန်ကိုတပ်မတော်သို့လွှဲပေးလိုက်ရတယ်
(၂၈.၇.၁၉၈၈)
ရွေတိဂုံစေတီတော်တွင် ကျောင်းသားများနှင့်
ပြည်သူလူထုများ ဆန့်ကျင် ဆန္ဒပြ စုရုံးကြတယ်..
မြေထဲ(အောင်လံ)မြို့ တွင် ညမထွက်ရ အမိန့်ထုတ်လိုက်တယ်
(၁.၈.၁၉၈၈)
ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ချုပ်က
သြဂုတ် ၈ရက် နေ့တွင် ဗမာနိုင်ငံလုံး အထွေထွေ သပိတ်ကြီး
ဆင်နွှဲရန် လှုံ့ဆော်တဲ့ စာရွက် စာတမ်းတွေ ဖြန့်ဝေကြတယ်
(၂.၈.၁၉၈၈)
ရွှေတိဂုံစေတီတော်မှာ ကျောင်းသားများ
အစည်းအဝေးကျင်းပကာ ဟောပြောပွဲများ ပြုလုပ်ကြတယ်
(၃.၈.၁၉၈၈)
ရန်ကုန်မြို့တွင် မာရှယ်လော ထုတ်ပြန်ပြီး
ညနေ၆နာရီ နောက်ပိုင်း အပြင်မထွက်ရအမိန့်
ထုတ်ပြန် ကြေညာခဲ့တယ် ..
မာရှယ်လော အမိန့်ကို ဖီဆန်ပြီး
မြို့တွင်းမှာ လှည့်လည်ဆန္ဒပြကြ သူတွေရှိခဲ့တယ်
(၆.၈.၁၉၈၈)
ရေနံချောင်း သနပ္ပင်နှင့် ပဲခူးမြို့နယ်တို့တွင်လည်း
ညမထွက်ရ အမိန့်များ ထုတ်ပြန်လိုက်တယ်
(၈.၈.၁၉၈၈)
ရန်ကုန်မြို့ လမ်းမပေါ် နေရာတိုင်း၌
လူတန်းစား ပေါင်းစုံပါဝင်သော အထွေထွေ သပိတ်ကြီးကို
ဆင်နွှဲကြတယ်
အဲ့ဒီအချိန်မှာမှ ဆန္ဒပြ လူထုကြီးက ဒီမိုကရေစီနှင့်
လူ့အခွင့်အရေး ရရှိရေး၊ မဆလ ပါတီနှုတ်ထွက်ရေး နှင့်
ဆိုရှယ်လစ် စီးပွားရေး စနစ်ကို အဆုံးသတ်ရန်
တောင်းဆိုကြတယ် ..
တစ်နိုင်ငံလုံး အနယ်နယ် အရပ်ရပ်တွင် ဆန္ဒပြပွဲများ တပြိုင်တည်း ကျင်းပကြတယ်..
(၉.၈.၁၉၈၈)
ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားခဲ့ပြီး ..
နိုင်ငံပိုင် အဆောက်အအုံတွေ ဖျက်စီးသူတွေ
မီးရှို့သူတွေရှိလာပြီး အကြမ်းဖက်မှုတွေဖြစ်ပေါ်လာတဲ့အတွက်
ကျောင်းများအားလုံးကိုပိတ်လိုက်ရတယ်
(၁၀.၈.၁၉၈၈)
မြောက်ဥက္ကလာပတွင် မင်းမဲ့စရိုက်ဆန်စွာ
လူအုပ်ကြီးက ရဲအချို့အား ခေါင်းဖြတ်သတ်လိုက်တယ်
(၁၂.၈.၁၉၈၈)
ဦးစိန်လွင် ရာထူးမှ ဆင်းတယ် ..
(၁၉.၈.၁၉၈၈)
ဒေါက်တာမောင်မောင်အား
မဆလ၏ ဥက္ကဌ အသစ်အဖြစ် ခန့်လိုက်တယ်..
တရားသူကြီးအဖွဲ့ ဥက္ကဌ ဦးတင်အောင်ဟိန်းဦးဆောင်သည့်
ပြည်သူ့ဆန္ဒလေ့လာရေး ကော်မရှင်ကို ပြည်သူ့လွှတ်တော်က
ဖွဲ့စည်းလိုက်တယ်
(၂၀.၈.၁၉၈၈)
ဆန္ဒပြသူများက ဒေါက်တာ မောင်မောင်၏ အစိုးရသစ် အား
နှုတ်ထွက်ပေးရန်၊ အထွေထွေ ရွေးကောက်ပွဲများ ပြုလုပ်ပေးရန်
ကြားဖြတ်အစိုးရ ဖွဲ့စည်းပေးရန် တောင်းဆိုကြတယ်
(၂၄.၈.၁၉၈၈)
မာရှယ်လော ကို ရုတ်သိမ်းလိုက်တယ်..
ဒေါက်တာမောင်မောင်က ..တစ်ပါတီစနစ် (သို့) ပါတီစုံစနစ်
ကျင့်သုံးရန် ပြည်သူ့ဆန္ဒယူပွဲပြုလုပ်ပေးရန် ကတိပြုလိုက်တယ်
(၂၆.၈.၁၉၈၈)
ရွှေတိဂုံစေတီ အနောက်မုဒ်တွင် ဒေါ်အောင်ဆန်းစုကြည်က
ထောင်ပေါင်းများစွာသော လူထုကြီးအား မိန့်ခွန်းပြောကြားခဲ့ပြီး
အထွေထွေ သပိတ်ကြီးကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ
အားလုံးရပ်ဆိုင်းသွားခဲ့ရတယ်
အင်းစိန်ထောင်တွင် အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး တစ်နိုင်ငံလုံးရှိ
ထောင်အသီးသီးတွင် အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး
အကျဉ်းသား ၉၀၀၀ ခန့် လွတ်မြောက်သွားခဲ့တယ်
(၂၈.၈.၁၉၈၈)
ဗမာလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကို ဖွဲ့စည်းတည်ထောင်ပြီး မင်းကိုနိုင် ကို ဥက္ကဌအဖြစ် တင်မြှောက်ကြတယ် ..
ဦးနုက
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အဖွဲ့ချုပ် ကို တည်ထောင်လိုက်သည်။
ဆန္ဒပြပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေပြီး အစိုးရက လမ်းမပေါ်ရှိ ဆန္ဒပြပွဲများ နှင့် အစည်းအဝေးပွဲများ ကို ပြုလုပ်ခွင့်ပေးခဲ့တယ် ..
(၁၇.၉.၁၉၈၈)
အစိုးရက နှုတ်ထွက်ပေးရန် နှင့် ကြားဖြတ်အစိုးရ ဖွဲ့စည်းပေးရန်
ခေါင်းစဉ်နဲ့ ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာပြီး ကျောင်းသားများ
စတင်ပြီး တောခိုကြတယ်
(၁၈.၉.၁၉၈၈)
ဗိုလ်ချုပ်ကြီး စောမောင်က စစ်တပ်မှ အာဏာကို လွှဲယူလိုက်ပြီး
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ကို
ဖွဲ့လိုက်ကြောင်း ကြော်ငြာလိုက်ပြီး တပ်မတော်က ..
တာဝန်စယူပါတော့တယ် ..
(၁၉.၈.၁၉၈၈)
မြို့ပေါ်စိမ့်ဝင်လာတဲ့ သောင်းကျန်းသူ ပြောက်ကျားများက
ရန်ကုန်မြို့လယ်ရှိ မိုက်ကရိုဝေ့ ကြေးနန်းတိုင်အား
ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ပါသေးတယ်
#သုံးသပ်ချက်
၈၈၈၈ ရဲ့ ပြဿနာ အစကို သုံးသပ်ရင်
ဘာ နိုင်ငံအရေး ၊ ကျောင်းသားအရေး ၊ ဒီမိုကရေစီအရေး
တစ်ခုကိုမှ အခြေခံပြီး ဖြစ်ပေါ်လာခဲ့တာ မဟုတ်ပဲ
ဖြစ်ပေါ်လာတဲ့ ပြဿနာကို အကြောင်းပြုပြီးမှသာ
နိုင်ငံကို ပျက်စီးစေလိုသူတွေရဲ့ ..
သပ်လျှိုမှု၊ သွေးထိုးမှုတွေ ၊ အသုံးချမှုတွေ ကြောင့်သာ
တိုင်းပြည် မငြိမ်သက်မှူတွေဖြစ်လာခဲ့တယ်လို့ပဲ
သုံးသပ်မိပါတယ် ..အမှုမှာပါတဲ့ဇော်ဇော်က ပါတီ
ကောင်စီ ဥက္ကဌ ရဲ့သား။ပါတီ
ကောင်စီဥက္ကဌ ဆိုတာအဲဒီ
အချိန်က နတ်နေကိုင်းပဲ။ဘယ်
သူမှမထိရဲဘူး။ဇော်ဇော်က
အဓိကလူ။ဒါပေမယ့် ပါတီ
ကောင်စီဥက္ကဌသားဖြစ်နေလို့
ပြန်လွှတ်ပေးလိုက်တယ်။အဲဒါ
ကိုကျောင်းသားတွေက မကျေ
နပ်ကျတာ။နောက်ရက် ကောင်
စီ ဥက္ကဌအိမ်ကိုကျောင်းသား
တွေသွားတော့ လုံထိန်းရဲက
လုံခြုံရေးယူထားတယ်။
အဓိက ပွိုင့်ဖြစ်တဲ့ အဲ
ဒီအချက် ဒီပို့စ်မှာ မပါဘူး။
နောက်ပြီးစခန်းက ဒီပြသ
နာကို ဘက်မလိုက်ပဲပြေ
လည်အောင် မဖြေရှင်းဘူး။
အောင်ရဲထွေး အမှုလိုပေါ့။
အဖေက စစ်ဗိုလ် သားက
လူသတ်တရားခံ။
မကရင်က အမှုလိုပေါ့
လင်က စစ်ဗိုလ် ဇနီးက
လူသတ်တရားခံ။
တရားရုံးရောက်လာ
တော့အားလုံးသိတော်မူ
ကျတဲ့အတိုင်းပဲ။
မီး လောင်တယ်ဆိုတာ-
လောင်စာ
ခြောက်သွေ့တဲ့ပတ်ဝန်းကျင်
ရှို့တဲ့သူ(လူ/လေ သဘာဝ)
မီးခြစ်(ပွတ်တိုက်မှုကြောင့်လဲဖြစ်)
တို့ပြည့်စုံရင် 'မီးလောင်ပါတယ်- ၁.၁.၁၁၁၁နေ့ကမီးမလောင်သေးဘူး အဲဒီနားကို လူသူအရောက်အပေါက်မရှိတဲ့တောကြီးမျက်မဲပါ ၁.၅.၁၁၁၁ နေ့ရောက်တော့ အဲဒီတော 'မီး'လောင်တယ် လူမရောက်တဲ့နေရာဆိုတော့ ရှို့တာ/မီးကျွင်းမီးကျန်ကလည်းလောင်တာမဟုတ်ဘူး--ဒါကိုဘာအကြောင်းမှမရှိဘဲလောင်တယ်လို့ အလွယ်ပြောလို့မရပါဘူး လောင်ဘို့ အကြောင်းတွေစုံလာ/စုလာရင် တရက်ရက်ကျ ထ လောင်တာမျိုးပါ -နောက်တခု ထပ်ပြောမယ် ဘုရားဟောတာနော် >အဖြစ်အပျက်တခုမှာ အကြောင်းမရှိဘဲ အကျိုး ဆိုတာဖြစ်မလာဘူး(လုံးဝ) အဲတော့ ဒီအချိန် တိုက်ဆိုင်စွာ တင်လာတဲ့ဒီပုဂ္ဂိုလ် သည် ၈၈၈၈ အရေးအခင်းကို သိမ်ငယ်အောင် သေးသိမ်ပြီးတန်ဘိုးကျအောင်,မမှီလိုက်တဲ့ ကလေးတွေကို အလကားပါကွာ တန်ဘိုးမရှိပါဘူးလို့ ထင်အောင် တင်တဲ့post သာဖြစ်ပါတယ်။ လူသေတိုင်းအရေးအခင်းဖြစ်ရရင် ၅လောင်း ၄လောင်းတွေတုန်းကဖြစ်ပေါ့ -မဖြစ်ပါ မီးရှို့တိုင်း ဖြစ်မယ်ဆိုလည်း ထို့အတူဘဲ -မဖြစ်ပါ ဖြစ်တာက နှစ်ရှည်ရှည် အနှိပ်စက် ခံ,လွပ်လပ်မှုဆုံးရှုံး,ပညာရေး လူမှုရေး ,နိုင်ငံရေးတွေ ကျဆုံးနေရတာကို မခံစားနိုင်တော့လို့ အောင့်လုံး'တွေပွင့်ထွက်ရခြင်း ပါ
.
.
.
.
ကွီးဥာဏ်(၈၈ မှာ ခုနှစ်တန်းကျောင်းသား)
7.8.2018
#၈၈၈၈History
.
.
Cd.@aye chan min
Comments
Post a Comment