မမြင်​ချင်​ဘူး မဟုတ်​လား..


မျက်​နှာလွဲထားလိုက်​ပါ။

မသိချင်​ဘူးမဟုတ်​လား...
ကျောခိုင်းထားလိုက်​ပါ။

မ​ပြောချင်​ဘူးမဟုတ်​လား..
ဝေး​ဝေးသာ​နေလိုက်​ပါ။

မကြားချင်​ဘူးမဟုတ်​လား..
ခပ်​ကင်းကင်းသာ​ရှောင်​လိုက်​ပါ။

မဆက်​ဆံချင်​ဘူးမဟုတ်​လား..
ဥပက္ခာပြုထားလိုက်​ပါ။

မပတ်​သက်​ချင်​ဘူးမဟုတ်​လား...
လျစ်​လျူရှုထားလိုက်​ပါ။

ဒီလိုမဟုတ်​ဘဲ....
မမြင်​ချင်​ဘူးဆိုပြီး မျက်​စိ​ဒေါက်​​ထောက်​လိုက်​ကြည့်​​နေတာမျိုး
မသိချင်​ဘူးဆိုပြီး တခုတ်​တရစူးစမ်း​နေတတ်​တာမျိုး
မ​ပြောချင်​ဘူးဆိုပြီး မ​နေနိုင်​မထိုင်​နိုင်​ဂရုစိုက်​​မိ​နေတာမျိုး
မကြားချင်​ဘူးဆိုပြီး တမင်​တကာသတိထားမိ​နေတာမျိုး
မဆက်​ဆံချင်​ဘူးဆိုပြီး အနားမှာပဲတဝဲလည်​လည်​ဖြစ်​​နေတာမျိုး
မပတ်​သက်​ချင်​​တော့ဘူးဆိုပြီး သံ​ယောဇဉ်​မပြတ်​နိုင်​တာမျိုး​တွေက သူ့ကို​ရောကိုယ့်​ကိုယ်
ကိုယ်​ပါနှိပ်​စက်​ရာကျပါတယ်​။

#creditမ​နောဖြူ
via ငွေတာရီ

Comments

Popular posts from this blog

ရခိုင်သမိုင်း

အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ