သားသမီးးးးသုံးမျိုး
သားသမီး ၃ မျိုး ....
◾️အကြွေးလာဆပ်တဲ့ သားသမီးနဲ့
အကြွေးလာတောင်းတဲ့ သားသမီးဆိုပြီး
နှစ်မျိုးရှိပါတယ်..
◾️အကြွေးလာဆပ်တဲ့ သားသမီးကတော့
သူတတ်တဲ့ပညာတွေနဲ့ မိဘတွေကို
ပညာတတ်ရင်လည်း ပညာနဲ့
ပညာမတတ်ရင်လည်း ခွန်အားနဲ့
လုပ်ကြွေးပြုစုမယ့် သားသမီးမျိုးပေါ့..
◾️အကြွေးလာတောင်းတဲ့ သားသမီးကတော့
မိဘစိတ်ဆင်းရဲအောင်လုပ်မယ် ဂျီတိုက်မယ်
မသေခင် အမွေတောင်းမယ် စတဲ့ စိတ်ဆင်းရအောင် လုပ်မယ် အရှက်ပေးမယ် ..
အန္တရာယ်ပေးမယ့် သားသမီးမျိုးပေါ့...
◾️ဘုရားဟောစကားတော်အရကတော့
အတိဇာတသား , အနုဇာတသား , အဝဇာတသား
ဆိုပြီး သုံးမျိုးရှိတာပေါ့..
◾️အတိဇာတသားဆိုတာက
မိဘထက်အလွန် ကိုယ်ကျင့်သိက္ခာက
အစသာသွားတာ၊ဥပမာ ဘုန်းကြီး ရဟန်း
အဖြစ်နဲ့ မိဘကို လုပ်ကျွေးပြုစုတဲ့သားမျိုး ၊
သားကောင်းသားမြတ်မျိုးပေါ့..
◾️အနုဇာတသား ဆိုတာက
မိဘနဲ့ ကိုယ်ကျင့်သိက္ခာတူ မိဘကို
လုပ်ကျွေးပြုစု ကျွေးမွေးစောင့်ရှောက်တဲ့
သားသမီးမျိုးပေါ့
◾️အဲ့ဒီ ၂နှစ်မျိုးက သားကောင်း
သမီးကောင်းတွေပေါ့
အထက်မှာပြောထားသလို
အကြွေးဆပ်မယ့် သားသမီးမျိုးပေါ့...
◾️အဝဇာတသားကတော့
မိဘထက်ယုတ်ညံတဲ့ သာသမီးမျိုး
အကြွေးတောင်းလာတဲ့ သားမျိုးပေါ့
မိဘကို ဒုက္ခပေးဖို့ သက်သက် ဖြစ်လာတဲ့
သားမျိုး မွေးလာလို့သာချစ်မြတ်နိုးရပေမယ့်
ဒီသားသမီးမျိုးကိုတော့ ဘယ်မိဘမှ
မလိုလားတဲ့ သားသမီးမျိုးပေါ့
◾️ဒီသားသမီးမျိုးကျ အထက်မှာပြောထားသလို
အကြွေးလာတောင်းတဲ့ သားသမီးမျိုးပေါ့
◾️ဒါပေမယ့် မိဘဆိုတာက
ဘယ်သားသမီးကိုမဆို
ဆိုးရင်လည်းဂရုဏာနဲ့ ချစ်တာပါပဲ
◾️ကောင်းတဲ့သားသမီးကိုလည်း
လိမ္မာလို့ချစ်ရတာပါပဲ
ခွဲခြားတာမျိုးတော့မရှိဘူးပေါ့
◾️တကယ်လိုလားတာက
အတိဇာတ သားသမီးမျိုးသာ
မိဘတိုင်း လိုလားကြပါတယ်
◾️ဒါကြောင့်မို့လို့ သားသမီးတွေ အနေနဲ့
အတိဇာတ သားသမီးမျိုးထိ
မဖြစ်နိုင်တောင် အနုဇာတ သားသမီး
လောက်တော့ ဖြစ်အောင် မိဘကို
ကျွေးမွေးစောင့်ရှောက်နိုင်တဲ့
သားသမီးများဖြစ်အောင်
ကြိုးစားနိုင်ကြပါစေ....
* သားသမီးကောင်းများဖြစ်လို့
မိဘကို အသက်ပေးလို့
ကာကွယ်နိုင် ပါစေ....
ဗဟုသုတ မျဝေပါသည်..
လေးစားလျက်...Dar Li
Comments
Post a Comment