#မြန်မာလူမျိုးတွေစာဖတ်ဖို့ပြောင်းလဲချိန်တန်ပြီ#

#မြန်မာလူမျိုးတွေစာဖတ်ဖို့ပြောင်းလဲချိန်တန်ပြီ#
================================

#အရက်ဆိုင်တွေမှာ ထိုင်ဖို့ မသင့်တော့ပြီ
  စာဖတ်ဖို့ အချိန်တန်ပြီ။

#Night Club တွေတက်တာတွေလျှော့ကြ
  စာဖတ်ဖို့ နောက်ကျ နေပြီ။

#တစ်ပါးသူကို လက်ညိုးထိုးတာ လျှော့ကြ
  စာဖတ်ကြဖို့ လိုပြီ။

#အပိုငွေတွေ မလိုအပ်ဘဲ သုံးတာ ဆင်ခြင်
  အားနေရင် ဖုန်းပဲနှိုက်မနေနဲ့ စာဖတ်ကြ။

#အမြဲတမ်း လိုင်းတက်ပြီး အပေါစားပို့စ်တွေတင်
  အလ္လာပ သလ္လာပ စကားပြောတာတွေလျှော့၊
  မဟုတ်တမ်းစကားတွေနဲ့ ညဥ့်နက်သန်းခေါင်
  အိပ်ပျက်ခံနေရတာတွေအတွက် ပြန်စဉ်းစား
  ပြောင်းလဲချိန်တန်ပြီဆိုတာ စာဖတ်ဖို့ပြောတာ။

#မြန်မာနိုင်ငံ မတိုးတက်တာ ဘာကြောင့်ဆိုပြီး
  ဟိုပါတီပုတ်ခတ် ၊ ဒီပါတီမကောင်းပြော ၊ မ
  ဟုတ်တမ်းစကားတွေထိုင်ပြီး လေကန်မနေကြ
  နဲ့၊  အဓိကအကြောင်းအရင်းက သူတစ်ပါးမ
  ကောင်းကြောင်း ကိုယ်ကောင်းကြောင်းပြော
  နေကြတဲ့ လူတွေကိုယ်တိုင်က စာတတ်ပြီး
  စာမဖတ်ကြလို့ပဲ။

#ဒီသရက်သီးချို တယ် ဟိုသရက်သီချ ဉ်တယ်ဆို
  ပြီး မျက်မြင်နဲ့ သတ်မှတ် တကယ်တမ်းချို တယ်
  ချ ဉ်တယ်သိချင်ရင် ကိုယ်တိုင်စားကြည့်ရမှာ၊အ
  ခုတော့ စာဖတ်ရင် ဘယ်လိုအကျိုးအမြတ်ရှိ
  တယ်ဆိုတာ ကိုယ်တိုင်စာမဖတ်ဘဲနဲ့ စာဖတ်
  ခြင်း အကျိုးကို သိမှာမဟုတ်ဘူး။ ဒါ့ကြောင့်အ
  မြင်နဲ့ သူများ ပြောတိုင်းခေါင်းငုံ့မနေနဲ့၊ သိချင်
  ရင် ကိုယ်တိုင်စာဖတ်။

#မြန်မာလူမျိုးသည် စာဖတ်သောလူမျိုးမဟုတ်။
  မြန်မာနိုင်ငံသည် စာဖတ်သောနိုင်ငံမဟုတ်။
  ထို့ကြောင့် စာမဖတ်သောနိုင်ငံမှာ စာမဖတ်
  သောလူမျိုးတွေကြောင့် တစ်ပါးသူရဲ့ ကျွန်လို
  ဆက်ဆံခြင်းခံနေရတာမဆန်းဘူး။

#တစ်နေ့နေ့ ဖုန်းကိုင်သူတွေများလာတယ်။
   မြန်မာနိုင်ငံမှာ Facebook သုံးစွဲသူတွေတစ်
  နေ့တစ်ခြားများပြားလာတယ်။ ဒါပေမဲ့ စာဖတ်
  တဲ့သူက များမလာဘူး။ တိုးတက်လည်းမလာ
  ဘူး။ စာကြည့်တိုက်တွေမှာ စာအုပ်တွေရှိလည်း
  မှို့တက်ယုံပဲ။ ခြကိုက်ယုံပဲ။

#အရက်ဆိုင်၊ ဘီယာဆိုင် ၊ ပွဲလမ်းသဘင်နဲ့
  အခြားအပျော်အပါး နေရာတွေမှာ လူငယ်တွေ
ဟိုနေရာရုန်း၊ ဒီနေရာရုန်းရုန်းနဲ့နေကြတယ်။
ဒီလိုလူငယ်တွေက တစ်နေ့တစ်ခြားများများလာ
တယ်။ ဒါနဲ့များ ဒီမိုကရေစီ ဆိုပြီး လေကန်ဖင်
ပိတ်ပြီး တောင်းဆိုလည်း အလကားပဲ။ စာမ
ဖတ်တဲ့ သောက်ပိန်းတွေများနေသ၍ ဒီမိုကရေစီ
ဆိုတာ အလကားပဲဖြစ်နေမှာပဲ။

#ဒီတော့ သူတစ်ပါးတိုးတက်တာကိုကြည့်ပြီးသာ
  ယာမနေနဲ့၊ သူတစ်ပါးနိုင်ငံတွေ တိုးတက်နေ
  တာ ခေတ်မီနေတာ ဘာကြောင့်ဆိုတာ လေ့
  လာ အချိန်ကုန်ခံပြီး facebook က စာဖတ်ရ
  တယ်ဆိုပြီး ကျေနပ်မနေနဲ့၊ သုတရသစာတွေ
  လည်း ရှာဖတ်၊ တစ်လကို စာအုပ်လေးအနည်း
  ဆုံး နှစ်အုပ်တော့ဖတ်ကြ၊ သူများနိုင်ငံတွေမှာ
  တစ်လကို လေးအုပ်ဖတ်တယ်။ တို့နိုင်ငံကစာ
  ဖတ်သူတွေ တစ်လနှစ်အုပ် ပုံမှန်ဖတ်ရဲ့လား။
  ဖတ်ကြစမ်းပါ။Online သုံးဖို့ဘေဝယ်ရင်တောင်
  အနည်းဆုံးတစ်ထောင်ရှိတယ်။စာအုပ်တစ်အုပ်
  တစ်ထောင်မရှိပါဘူး။အလကားတန်ဖိုးမရှိတဲ့
  နေရာမှာ ငွေဘယ်လောက်ကုန်ကုန် သုံးတတ်
  တဲ့ မြန်မာလူမျိုးတွေ စာမဖတ်လို့ သူ့ကျွန်ဘဝ
  ရောက်ခဲ့ရပြီး စာမဖတ်လို့ အခုအချိန်အထိ သူ
  များလက်ညိုးထိုးတာ ခံနေရတယ်။

#စာဖတ်တဲ့နေရာမှာလည်း ကောင်းတဲ့စာပေနဲ့
  မကောင်းတဲ့စာပေ ဆိုပြီးရှိတယ်။ မကောင်းတဲ့
  စာပေတွေဖတ်ပြီး မကောင်းတဲ့ကျင့်ကြံ တွေး
  တောယူဆချက်တွေ ခံယူပြီး သူများမကောင်း
  ကြောင်းကိုယ်ကောင်းကြောင်း အတင်းအဖျင်း
  ပြောနေကြမယ်ဆိုရင် ရှေ့ဆက်ကျွန်ခံဖို့ပဲရှိ
  တော့တယ်။

#နိုင်ငံခေါင်းဆောင် တော်တော်များများကိုကြည့်
   ဘွဲ့ရတဲ့ ခေါင်းဆောင်ကနည်းနည်းရယ်။ စာ
  ဖတ်လို့ ခေါင်းဆောင် ဖြစ်ကြသူတွေပဲ။

#အေဗရာဟင်လင်ကွန်း စာဖတ်တယ်
#မဟတ္တမဂန္ဒီစာဖတ်တယ်
#ကနေဒီ စာဖတ်တယ်
#အိုင်းစတိုင်းစာဖတ်တယ်
#အက်ဒီဆင်စာဖတ်တယ်
#မာသာထရီဇာစာဖတ်တယ်
#မဒမ်ကျူ ရီစာဖတ်တယ်
#သခင်ကိုယ်တော်မှိုင်းစာဖတ်တယ်
#ဆရာဇော်ဂျီစာဖတ်တယ်
#ဝန်ဇင်းမင်းရာဇာစာဖတ်တယ်
#ပီမိုးနင်းစာဖတ်တယ်
#အမေဒေါ်အမာစာဖတ်တယ်
#ဗိုလ်ချူ ပ်အောင်ဆန်းစာဖတ်တယ်
#ပခုက္ကူ ဦးအုန်းဖေစာဖတ်တယ်
#ဒေါ်အောင်ဆန်းစုကြည် စာဖတ်တယ်။

#နိုင်ငံတိုးတက်အောင်လုပ်ချင်တယ်ဆိုရင်
  ဘွဲ့ရဖို့မလိုဘူး…စာဖတ်ဖို့လိုတယ်။
  စာတတ်ရင် စာဖတ်ရမယ်။
  ဘွဲ့တွေဘယ်လောက်ပဲရ ရ ပညာတွေဘယ်
  လောက်ပဲတတ်တတ် ဒီနေ့ဘွဲ့ရပြီးမနက်ဖန်
  စာမဖတ်ရင် သဘက်ခါ စာမတတ်ဖြစ်သွား
  တတ်တယ်။

#နောက်ဆုံး ကိုယ်ဟာ နိုင်ငံအတွက် အကျိုးမပြု
  ခဲ့ဘူး ဆိုရင်တောင်မှ ကိုယ့်ဘဝကောင်းဖို့အ
  တွက်တော့ စာဖတ်သင့်တယ်။ သူတစ်ပါးကို
  စာဖတ်ဖို့တိုက်တွန်းချင်ရင် ကိုယ်တိုင်ကလည်း
  စာဖတ်ဖို့လိုတယ်။ ကိုယ်ကိုယ်တိုင်မလုပ်နိုင်တဲ့
  အလုပ်တစ်ခုကို တစ်ပါးသူလုပ်ဖို့တိုက်တွန်းတဲ့
  အလုပ်ဟာ သိပ်ကို ရှက်စရာကောင်းပါတယ်။
 
#စာဖတ်ဖို့အချိန် နောက်ကျ နေပြီ၊ နောက်ကျ နေ
  ပြီလို့သိတဲ့အချိန်ဟာ စာဖတ်ဖို့ပြင်ဆင်ရမဲ့အချိန်
  ပဲ။ ဒီပို့စ်ကိုဖတ်ပြီးရင် ငါတိုးတက်ဖို့ ငါ့နိုင်ငံ ငါ့လူ
  မျိုး တိုးတက်ဖို့ စာဖတ်ဖို့လိုတယ်ဆိုတဲ့အသိရ
  ခဲ့ရင် ဒီပို့စ်ကို ရေးသားရကျိုးနပ်ပါပြီ။

                          လေးစားစွာဖြင့်
                                ဆရာတိမ်ထွဋ်ခေါင်
ပခုက္ကူ ပညာရေးကောလိပ်
D.T.Ed (15/10), Section (D)
#Crd

Comments

Popular posts from this blog

ရခိုင်သမိုင်း

အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ