စ ာ ေ ပ ဝိ ေ ရ ာ ဓိ မ ် ာ း - 7
စ ာ ေ ပ ဝိ ေ ရ ာ ဓိ မ ် ာ း - 7
တိုင်းပြည်တစ်ခု ဖွံ့ ဖြိုးတိုးတက်မယ့်
အရေးမှာ ရှေးဟောင်းသမိုင်းတွေကိုလေ့
လာလိုက်စားသူ ဖော်ထုတ်တင်ပြသူ သုတေသနသမားတွေ များများပေါ်ထွက်ဖို့  လိုအပ် တယ်။
အရင်ခေတ်အဆက်ဆက်က ဒီလို
အခွင့်အရေးမျိုးမရခဲ့ဘူး ။
လူမျိုးတစ်မျိုး တိုင်းပြည်တစ်ခု ဖွံ့ ဖြိုး
တိုးတက်ပြီး ယဉ်ကျေးမှုမြင့်မားလာ
စေဖို့ သုတေသနလုပ်ငန်းများအတွက် ခု နိုင်ငံတော်ကလည်း လမ်းဖွင့်ပေးနေ တယ်. . လို့  29. 8. 2018.
ည 7:00 သတင်းမှာ မြန်မာ့အသံက
ကြေညာသွားတာ နားထောင်လိုက်ရ
တယ် ။
ဖုန်းနဲ့  တောင်အသံဖမ်းထား ဖြစ်တယ် ။
အင်တာဗျူး အမေးအဖြေသဘော
တင်ပြသွားတာ ကောင်းပါတယ် ။
တကယ့်သမိုင်းအမှန် ဖြစ်စေချင်ရင်
တော့ သုတေသနစစ်စစ် စေတနာ အမှန် ရင်းမြစ်တွေ အဓိက လိုအပ် မယ်လို့  ယူဆမိတာပဲ ။
* * *
ရခိုင် ဝေသာလီကျောက်လှေကား ခေတ်မှာ ပဉ္စမသင်္ဂါယနာတင်ခဲ့တယ် ။
လေးမြို့ခေတ်မှာလည်း ဧကာဒဿမ
သင်္ဂါယနာဆယ့်တစ်ကြိမ်လို့ သိရတာ ဖြစ်တယ်။
သင်္ဂါယနာကြီးနဲ့ သင်္ဂါယနာငယ်ဆိုပြီး နှစ်မျိုးရှိခဲ့တာ ထင်ရှားတဲ့သဘောပဲ။
သင်္ဂါယနာပွဲ ကျင်းပတယ် ။
ပေမူကူးရေးတယ် ။
အာနန္ဒစန္ဒြကျောက်စာမှာ ပိဋကတ်
တော်တွေကို ပေမူကူးရေးသတဲ့ ။ နှစ်ပေါင်းထောင်နဲ့ ချီကြာအောင် ကမ္ဗည်းတင်ခံတဲ့ ပေရွက်မှာကညစ် တင်ကူးရေး ခဲ့တယ်လို့  နှလုံးသွင်းရတယ် ။
သင်္ဂါယနာနဲ့ စာကူးရေးတာ မတူပါ
ဘူး ။
ပေမူ မှတ်တမ်းယူတာကိုသင်္ဂါယနာ
တင်တယ်လို့ ယူဆခဲ့ရင် ရှုပ်ကုန်လိမ့်
မယ် ။
အဲသလိုပဲ ။
သီဟိုဠ်စတုတ္ထသင်္ဂါယနာရှိတာကို
အတည်ပြုရမယ် ။
လေးစားရမယ် ။
ဒါမှ သုတေသနသဘော အဖြောင့်
ဝင်မယ် ။
တကယ်လည်း ရခိုင်နဲ့ သီဟိုဠ် ဆက်ကြောင်းက ရှိနှင့်ခဲ့တယ် ။
သီရိလင်္ကာနိုင်ငံမှာ ရခိုင်က သံဃာ
တွေသာသနာပြုပေးရတဲ့ အထောက် အထား ဓညဝတီသိမ် ဆိုတာ ရှိတယ်။
ရခိုင်မှာ သင်္ဂါယနာတင်တာကို မှတ်တမ်းတင်ထားတဲ့ကျောက်စာ တူး
ဖော်တွေ့ ရှိပြီး ကိုလံဘိုပြတိုက်မှာ
ထားရှိတယ် လို့ လည်းသိရပြန်တယ် ။
ဒီစာစုကို စာအုပ်အဖြစ်ထုတ်ဝေတဲ့
အခါ ကျောက်စာ အထောက်အထား
တင်ပြနိုင်အောင် ကြိုးစားပေးပါ့မယ်။
အဲတော့ ရခိုင်သင်္ဂါယနာ ယုတ္တိမရှိ
ဘူး မပြောသင့် မရေးသင့်ဘူး။
မနေ့ တစ်နေ့ က မက်တဲ့အိပ်မက်
မဟုတ်လို့  သုတေသနပြုသင့်တယ်။
သမိုင်းမမှောက်မှားသင့်ဘူး ။
ယုတ္တိမရှိဘူး ယူဆခဲ့ရင်လည်း ကျိုး
ကြောင်းပြသင့်တယ် ။
သင်္ဂါယနာ တင်တယ် ဆိုတာ သာမန်ကိစ္စရပ် မဟုတ်လို့  နားလည်
ထားရမယ် ။
သံဃဝန်ဆောင် ထေရ်ရဟန်းတွေစု
ပေါင်းပြီး ဘုရားရှင်လေးဆယ့်ငါးဝါ
ကာလပတ်လုံး ဟောကြားခဲ့တဲ့ တရား
တော်တွေကို မပျောက်မပျက်ရအောင် နှုတ်တက်အာဂုံဆောင်ကြတယ် ။
ရွတ်ဖတ်သရာဇ္ဈာယ်နေတယ်။
ဆိုတဲ့ မှတ်တမ်းအထောက်အထား
တွေ ဖတ်မှတ်လေ့လာရတာ ရှေးအတိတ်ခေတ် ကာလက ရခိုင်မှာ သာသနာတည်နေပုံကို သိခွင့်ရလာ
တယ်။
* * *
အဲသလိုပဲ. . . ။
မြန်မာ ပဉ္စမသင်္ဂါယနာ ခေါ်တဲ့
ကုန်းဘောင်ခေတ်နှောင်းမင်းတုန်းမင်း
တင်တဲ့ သင်္ဂါယနာဟာ စလေဦးပုည
ရဲ့ သာသနာလျှောက်စာတမ်း အရ
ဧကာဒဿမ ဖြစ်သင့်တဲ့အကြောင်း
ထောက်ပြခဲ့တယ်။
မင်းတုန်းဘုရင်ဟာ ရှေးက မြန်မာ
ဘုရင်တွေရဲ့သင်္ဂါယနာကို ဘာကြောင့် အသိအမှတ်မပြုဘဲ ပဉ္စမသင်္ဂါယနာ
လို့  လုပ်ခဲ့ရသလဲ ။
အကြောင်းရှိရပါမယ် ။
မွန်ကစာပေမိတ်ဆွေတစ်ယောက်
ကတော့ ဦးပုညရဲ့ သာသနာလျှောက်
စာတမ်းအရ ရှေးက အနော်ရထာ အလောင်းမင်းတရား စတဲ့ သင်္ဂါယနာ
တွေဟာ သီတန်မဝင် လို့ စာရင်းမတင်
တာလို့  ကောက်ချက်ဆွဲပါတယ်။
သီတံမဝင်ဘူးဆိုတာ အလေးထား
စရာမလိုတဲ့ သဘောပါ ။
ထေရ်ရဝါဒနဲ့ သွေဖီတဲ့ မဟာယာန အယူဆတွေ အရောရောအနှောနှော ပါဝင်နေလို့ ဖြစ်ပါသတဲ့ ။
အံ့ရော ။
စာရေးသူက ဝင်မန့် လိုက်ပါတယ် ။
ဒါဆို အနော်ရထာ သထုံကတိုက်ယူ
သွားတဲ့ ပိဋကတ်တော်တွေ။ ရှင်အရဟံ တင်ခဲ့တယ်ဆိုတဲ့ သတ္တမ သင်္ဂါယနာကို အလေးမထားတဲ့ သဘောသက်ရောက် သွားပါတယ် ။
ဦးပုညရဲ့ သာသနာလျှောက်စာတမ်း
အရ အနော်ရထာကနေ အလောင်းမင်းတရား စဥ့်ကူးမင်းအထိ
သင်္ဂါယနာဟာ မွန်မူပိဋကတ်ဖြစ်နေပါ
တယ် ။
သီတန်မဝင် စာရင်းမတင်တော့ဘူး
လား ။
မေးစရာဖြစ်နေပါတယ် ။
မင်းတုန်းမင်း မတိုင်မီ မြန်မာ သင်္ဂါယနာတွေကို အတည်မပြုဘူးပဲ
ထားပါတော့ ။
ထေရ်ရဝါဒနဲ့ သွေဖီတဲ့ မဟာယာန
အငွေ့ အသက်တွေပါနေလို့  စာရင်း
မတင်ဘူးပဲ ထားပါတော့ ။
မင်းတုန်းသင်္ဂါယနာ မတင်မီ သူ့ အထက်က ဘိုးတော်ဗဒုံမင်း ရခိုင်က
တိုက်ယူသွားတဲ့ (မှန်းနန်းအဆိုအရ) ရခိုင်ကြိုးတန်း ပိဋကတ်တော်ကို အတည်ပြုခဲ့လေသလား စဉ်းစားစရာ ဖြစ်ရတယ်။
အတည်ပြုခဲ့တယ်ဆိုရင် ရခိုင်ပဉ္စမ
သင်္ဂါယနာရှိပါလျှက်နဲ့  ဘာကြောင့်
မင်းတုန်းဘုရင် ဟာ ပဉ္စမသင်္ဂါယနာ လို့  လုပ်ရသလဲ ။
မွန်မူကို အတည်မပြုခဲ့ရင် ရခိုင်မူကို
လိုချင်လို့ တိုက်ယူတာသေချာလောက်
တယ်။
စိစစ်ပြီး ရခိုင်ပိဋကတ်ကို မင်းတုန်း
မင်း လက်ခံတဲ့ သဘောလား ။
ရခိုင်ပိဋကတ်ကို အတည်ပြုပြီး ရခိုင်သင်္ဂါယနာ တွေကို မသိလို့ ဆိုတာ မဖြစ်နိုင် ။ ဘာကြောင့်လဲ ဆိုတော့ ဘိုးတော်တိုက်ယူခဲ့စဉ်က
ပိဋကတ်အပြင် အခြားစာပေမှတ်တမ်း
တွေ အမြောက်အများ ဆင်နဲ့ တင်ဆောင်သွားခဲ့တာဖြစ်တယ် ။
ပဒေသရာဇ်ခေတ်မှာလည်း စစ်ရှုံးသုံ့ ပန်းဘုရင် နဲ့  သူရဲကောင်းတွေကို မကွက်မျက်သလိုပဲ ။
မြန်မာအောက်ရောက်သွားတဲ့  ရခိုင်
သင်္ဂါယနာကိုလည်း မပစ်ပယ်သင့်ဘူး
လို့ ယူဆရတာပဲ ။
ရခိုင်သင်္ဂါယနာ ရှိပါလျှက်နဲ့  မင်းတုန်းမင်းက ပဉ္စမလို့ သတ်မှတ်လိုက်တာ ဟာ စစ်ရှုံးသွားရတဲ့ ရခိုင်ပဉ္စမ သင်္ဂါယနာကို အဆုံးစီရင်ပစ်တဲ့  သဘောပဲ ။
မလုပ်သင့်ဘူး ။
ကောင်းပြီ ။
နှစ်ဘက်တင်ပြ သုံးသပ်ရရင်. . . .
ရခိုင်သင်္ဂါကို အတည်မပြုခဲ့ရင် လည်း မွန်မူကို အတည်ပြုမယ်ဆိုပါစို့ ။
ပဉ္စမသင်္ဂါယနာ မဖြစ်သင့်ထိုက်ပါ ။
အထက်က ရှေးမြန်မာမင်းဆက် တွေရဲ့  မွန်မူသင်္ဂါယနာတွေကို လေးစားရပါလိမ့် မယ်။
စဥ့်ကူးမင်းအထိ ဒဿမ သင်္ဂါယနာ
တင်ပြီးလို့  စလေဦးပုည ရဲ့ သာသနာ
လျှောက်အရ မင်းတုန်းမင်း သင်္ဂါယနာဟာ ဧကာဒဿမအကြိမ်ဖြစ်သင့်ထိုက်တယ်လို့  စိစစ်ပြတာပါ ။
သုံးသပ်တွေးမိတာလေးပါ ။
တဘက်က ရခိုင်သင်္ဂါယနာဆိုတာ
ခေတာဟုတ် ။ သူ့ မူ သူ့ မှတ်တမ်းအရ အထောက်အထားခိုင်မာနေတယ် ။
ကြိုးတန်းပိဋကတ် ဖြစ်နေတယ်။
ကြိုးတန်းပိဋကတ်ဆိုတာ ဘုရား ဟောလမ်းစဉ်အတိုင်း တသွေမတိမ်း စာမျဉ်းမချွတ် သင်္ဂါယနာတင်တယ်။
ဘုရားဟောအတိုင်းကိုပဲ မူလထားပြီး
နှုတ်ပယ်တာ ဖြည့်စွက်တာ မလုပ်ဘဲ ရဟန္တာမထေရ်ကြီး တွေကိုယ်တိုင် ကြပ်မတ်ပြီး မှတ်တမ်းတင် ထားတာ ကို ဆိုလို တာပါ ။
* * *
ရခိုင်ဒေသရဲ့ စကားဟောင်းအမည်
နာမ ပေါရာဏအသုံးဟာ မဟိံသက
မဏ္ဍလ လို့ အမည်ရပါတယ် ။
ရှေးဟောင်းအသုံး ဖြစ်ပါတယ်။
သီရိလင်္ကာနိုင်ငံ ကို ရှေးအခါက
လင်္ကာဒီပ- သီဟိုဠ်ကျွန်း ခေါ်သလိုပဲ။
ရခိုင်တိုင်းကို ရက္ခင်္ဂ- မဟိံသကမဏ္ဍ
လ ခေါ်ပါတယ် ။
သီရိလင်္ကာ မဟာဝံသ ။
မဟိံသက သုတဝံသ ။
မေဓာပညာ မော်ကွန်း အရ. . .
မဟိံသကမဏ္ဍလတိုင်းကြီးထဲမှာ
ရခိုင်အပါအဝင်ဖြစ်တယ်လို့ ရေးခဲ့ပြီး
ဖြစ်တယ် ။
ကိုးတိုင်းကိုးဌာန သာသနာပြုရာမှာ
မဟိံသကမဏ္ဍလတိုင်း(မိုက်ဆိုးနယ်)
လို့  မြန်မာကထုတ်တဲ့ ဗုဒ္ဓနိုင်ငံတော်
လိုကျမ်းစာအုပ်မျိုး ။ သာသနာ ဝံသ
ကျမ်းတွေမှာ အိန္ဒိယနိုင်ငံ မိုက်ဆိုးနယ်လို့ ပြဆိုထားပြီး ရခိုင်နဲ့ 
မြန်မာဟာ ကိုးဌာနသာသနာပြုရာမှာ
မပါမဝင် ဖြစ်ခဲ့ရပုံ ။
အမှန်က မဟိံသကမဏ္ဍလတိုင်း
ထဲမှာ ရခိုင်ဒေသ ပါတယ်ဆိုတာမသိ
ခဲ့ရင် သမိုင်းပျောက်ရမယ့် သဘောရှိ
တယ် ။
နှစ်ပေါင်းနှစ်ထောင်ကျော် ရခိုင်မှာ
သာသနာထွန်းနေတာကို သမိုင်းမျက်
ခြေပြတ်စေချင်တဲ့ သဘောလား ။
ယခင်ခေတ်စနစ်ထဲက စာပေစိစစ်
ရေးဟာ ထင်ရှားတဲ့ ပြယုဂ်ဖြစ်တယ်။
ဒီမှာက သာသနာ ၂၃၆ မှာရခိုင်ဒေ
သနေရာအနှံ့  ၂၄၈ ဆူ ဓါတ်စဉ်သမိုင်းက နှစ်၂၀၀၀ ကျော်
ဘိုးဘေးစဉ်လာ ကြီးခဲ့တယ် ။
အဲတော့ မဟိံသကမဏ္ဍလတိုင်းဆို
တာ ရခိုင်အပါအဝင်ဖြစ်တယ်လို့ 
မှတ်သားထားမှရမယ် ။
လက်ဆင့်ကမ်း မှတ်တမ်းတင်ထား
မှဖြစ်တော့မယ် ။ မဟုတ်ရင် အတိတ်
မေ့နေသူတွေလို ဆွံ့ ဆွံ့ အအနဲ့  ဘာ
မှမသိသူတွေလို သွပ်ချာပါဒ လိုက်ကုန်လိမ့်မယ် ။
ရခိုင်သာသနာဟာ ကိုးဌာနပြဆိုရာ
မှာ မြန်မာ(ဗမာ )မူတွေနဲ့ မတူ ။ မွန်မူနဲ့ ကွဲပြားခြားနားနေတယ် ။
ဒါပေမဲ့ ပျူမူနဲ့ ရခိုင်မူတစ်ထပ်တည်း
ကျနေတယ် ။
ဟန်ချက်ညီနေတာတွေကို မညီမညွတ်တာတွေနဲ့  စိစစ်လာတဲ့အခါ သုတေသနအမြင်ပါ
လာရတော့တယ် ။
*** (သမိုင်းနဲ့ ဒေါက်တာဘွဲ့ ရတဲ့  ကျနော့်ညီငယ်တွေလုပ်ရမယ့်အလုပ်။ နိုင်ငံရပ်ခြား ပညာတော်သင်တွေသွား
နေရတဲ့ ညီငယ်တွေက ပိုပြီးစွမ်းဆောင် သင့်လှတယ် ။)
သုတေသနအမြင်တင်ပြချက်တွေ
ဟာမျိုးချစ်စိတ်ဒေသအစွဲနဲ့ မရေးသင့်
သလိုပဲ ။ တစ်စုံတရာအမှောင့်ပယော
ဂကြောင့် သမိုင်းမမှောက်သင့်ဘူး ။
အမှန်အတိုင်း စိစစ်တင်ပြသင့်တယ်။
ဒါမှ နှောင်းလူတို့ အတွက် ကမ္ဘာနဲ့ ရင်
ဘောင်တန်းလာတဲ့အခါ မိမိတို့ စာပေ
ယဉ်ကျေးမှုအနုပညာ မျက်နှာပန်းလှ
တင့်တယ်ပေလိမ့်မယ် ။
နိုင်ငံတစ်နိုင်ရဲ့ အဆင့်အတန်းဆိုတာ
စာပေယဉ်ကျေးမှု အနုပညာသာ ဖြစ်
တယ်ဆိုတာ သတိချပ်သင့်လှတယ် ။
ဗုဒ္ဓဘာသာ တစ်လှေထဲစီး တစ်ခရီး
သွားချင်းအတူတူ ဦးမပြူခေါင်ကနစ်ခဲ့
ရင် တစ်လှေလုံးနစ်တာပါပဲ ။
စေတနာ စကားပါ ။
* * *
ရခိုင်သင်္ဂါယနာဟာ မေဓပညာမော်
ကွန်း နဲ့  ပါရာဇိက အဋ္ဌကထာမူ
တစ်ထပ်တည်း ကျနေတာတွေ့ ရပါ တယ် ။
မေဓပညာမော်ကွန်းအရ ပဉ္စမသင်္ဂါ
ယနာလို့ မှတ်သားရပြန်တယ် ။
ရခိုင်သံဃာ နဲ့  သီဟိုဠ်သံဃာပေါင်း
စပ်လို့  ရခိုင်မှာသင်္ဂါယနာတင်တဲ့
အကြောင်း သီရိလင်္ကာနိုင်ငံမှာ အထိမ်းအမှတ်ကျောက်စာရှိတယ်လို့ 
သိရတာဟာ ရခိုင်သမိုင်း သဲလွန်းကြိုး
ကျစ်လှစ်ခိုင်မာဖို့ ရာ အတွက် . .
သဲလွန်စ တစ်ခု ဖြစ်နေတယ် ။
ဆက်လက်တင်ပြပေးပါမယ်. . .
လေးစားစွာ. . .
#ေ ဇာ် မ င်း ထွ န်း (သံတွဲ)
Comments
Post a Comment