အရိုးသားဆုံး
အရိုးသားဆုံး
~~~~~~~~~~~~~~~~~~~~~~~~
💅 ပိုင်ဆိုင်ဖို့ ကံပါမလာရင် စွန့်လွှတ်နိုင်အောင် ကြိုးစားပါတဲ့...” 😔
ရယူပြီးမှ ပြန်ပေးလိုက်ရတဲ့ ခံစားချက်မျိုး ဘဝမှာ ခံရအခက်ခဲဆုံး
ဆိုတာ ကိုယ့်တိုင်ကြုံဖူးမှ သိတာ ဒါကြောင့် အချို့ ကံတရားတွေက
အစထဲကလွဲဖယ်သွားခဲ့ရင်လည်း အကောင်းသား။
💅 ရှေးဘဝက ရေစက်သာရှိရင် ဘယ်လောက်ဝေးဝေး ဆုံနိုင်တယ်တဲ့...” 😔
ဆုံခဲ့ရပြီးမှ ဝေးကွာသွားရတဲ့ သံယောဇဉ်မျိုး ဘဝမှာ လက်ခံဖို့မလွယ်
နိုင်ဘူးဆိုတာ မမေ့နိုင်တဲ့သူမျိုးတွေအတွက် သိပ်ခံရခက်လွန်းတယ်
ဒါကြောင့် မဆုံနိုင်မှန်းသိရဲ့သားနဲ့ အစထဲကမတွေ့ခဲ့ရရင် အကောင်းသား။
💅 နားမလည်ချင်တော့တဲ့တစ်နေ့ ဥပေက္ခာပြုနိုင်အောင် ကြိုးစားပါတဲ့...” 😔
ပေးဆပ်ခဲ့ရတဲ့ အရင်းအနှီးတွေက အချိန်တွေမို့ လွယ်လွယ်နဲ့
သင်ပုန်းချေဖို့ဆိုတာ တကယ့်ကို မလွယ်ကူလှဘူး ပြုသူနဲ့ ခံရသူက
ဘယ်သူ ပိုနာကျင်စေရပါသလဲ ဒါကြောင့် အချို့ပတ်သတ်မှုတွေက
အစထဲ မရင်းနှီးမဆက်ဆံခဲ့ရရင် အကောင်းသား။
💅 မမေ့နိုင်ခဲ့ရင်တောင်မှ ခွင့်လွတ်ဖို့ကြိုးစားပေးပါတဲ့...” 😔
သူပျော်ပါစေဆိုတဲ့ စိတ်နဲ့ လွတ်တင်ခဲ့ဖူးတဲ့ မိုးပျံဘောလုံးလေးလို
သူကိုယ့်အနားက အဝေးကိုရောက်သွားတိုင်း ကိုယ့်ပျော်ရွှင်မှုတွေလည်း
ပါသွားခဲ့ရတဲ့ ဒဏ်ရာမျိုး ပေးဆပ်ဖူးသူတိုင်း ကြုံဖူးမှာပါ ဒါကြောင့်
အချို့အရာတွေက သူပျော်ပါစေဆိုပြီး ကိုယ့်ပျော်ရွှင်မှုတွေကို
လမ်းခင်းပေးခဲ့ရတဲ့အဖြစ်တွေ အစထဲက အလေးမထားမိခဲ့ရင်
အကောင်းသား။
💅 ကိုယ့်အပေါ် စိမ်းကားသွားသူကို သူစိမ်းတစ်ယောက်လိုသဘောထားပါတဲ့...” 😔
အရာဝတ္တုတွေကို လွယ်လွယ်နဲ့ မေ့နိုင်ပေမယ့် စိတ်ထဲက အမှတ်တရ
တွေကိုတော့ အချိန်တွေအများကြီးရင်းပြီးမှ မေ့ဖျောက်ရတာမို့
အစွဲအလန်းကြီးမိသူတိုင်း ခံစားဖူးမှာပါ ဒါကြောင့် သူစိမ်းဆိုတာ
တစ်ချိန်က အရင်းအနှီးဆုံးသူတွေကမှ ဖြစ်တည်သွားတတ်တာမျိုးမို့
အစထဲက ဘဝထဲဝင်မလာခဲ့ရင်လည်း အကောင်းသား။
©®♥#မိုးရည် စက်များ
Comments
Post a Comment