အရင်းအနှီးဆိုသည်မှာ

#အရင်းအနှီးဆိုသည်မှာ

အရက်သောက်တဲ့သူက အသည်း
ရင်းရတယ်...။

ဆေးလိပ်သောက်တဲ့သူက အဆုတ်
ရင်းရတယ်...။

ကွမ်းစားတဲ့သူက သွားရဲ့အလှတရားတွေကို ရင်းရတယ်...။

သူတောင်းစားက မာနကို ခဝါချပြီး
ရင်းရတယ်...။

ဆေးသမားက ဘဝတစ်ခုလုံးကို
ရင်းရတယ်...။

လောင်းကစားသမားက ပိုင်ဆိုင်မှုကို
ရင်းရတယ်...။

ပြည့်တန်ဆာက အရှက် သိက္ခာကို
ရင်းရတယ်...။

မသူတော်က ယုတ်မာကောက်ကျစ်မှုကို
ရင်းရတယ်...။

တတ်ယောင်ဝါးက ဟန်ဆောင်မှုကို
ရင်းရတယ်...။

သူတော်ကောင်းက အမှန်တရားကို
ရင်းရတယ်...။

အနုပညာသမားက ခံစားချက်ကို
ရင်းရတယ်...။

သစ္စာတရား ဟောပြောသူက ခန္တီကို
ရင်းရတယ်...။

ယခု စာဖတ်နေသူက ဖုန်းဘေဖိုးကို
ရင်းရတယ်...။

ရင်းနှီးရကျိုး နပ်​ကြပါ​စေ။

#crd.မူရင်းအတိုင်း
crd>>>Gw

Comments

Popular posts from this blog

ရခိုင်သမိုင်း

အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ