ရင်ဆိုင်နိုင်ခြင်းစွမ်းရည်ကို မြှင့်တင်ပါ

ရင်ဆိုင်နိုင်ခြင်းစွမ်းရည်ကို မြှင့်တင်ပါ
========================
ကိုယ်ဖြစ်ချင်တဲ့ဘ၀ (သို့မဟုတ်) ကိုယ့်အိမ်မက်ကိုအကောင်အထည်ဖော်နိုင်တဲ့စွမ်းရည်ဆိုတာ…ကိုယ့်ရဲ့ကိုယ်တွင်းစိတ်ကနေ ပေါ်လာတဲ့ပြင်းပျတဲ့စိတ်ဆန္ဒရှိရုံနဲ့ မလုံလောက်ပါဘူး။

ဖြစ်ပေါ်လာတဲ့ကိုယ်တွင်းစိတ်ပို်င်းဆိုင်ရာ စွမ်းရည်တွေအပြက် အခြေအနေနဲ့ အချိန်အခါကိုနိုင်နင်းစွာ စီမံခန့်ခွဲနို်င်ခြင်းလည်း လိုအပ်ပါတယ်။

ဆိုပါတော့…ကိုယ်က ကိုယ့်အိမ်မက်ကို အကောင်အထည်ဖော်မယ်လို့ ဆုံးဖြတ်ပြီးတာနဲ့ စတင်အကောင်အထည်ဖော်ရပါတယ်။အကောင်အထည်မဖော်ခင်ကရော အကောင်အထည်ဖော်နေစဉ်မှာ လုပ်ငန်းနဲ့ပတ်သက်ပြီး ကိုယ့်စိတ်ကို အနှောက်အယှက်ဖြစ်စေတဲ့ အရာတွေကိုကြားရတယ်၊ တွေ့ရတယ်၊ ကြုံရတတ်တာပါပဲ။ လူတိုင်းပါ။

ကျမအတွေ့အကြုံအရဆိုရင် “ဒီအလုပ်က မအောင်မြင်နိုင်ဘူး” ”မဖြစ်နိုင်ဘူး” ….။ “သေချာစဉ်းစားဦး” ၊ “မိုက်လုံးမကြီးနဲ့တော်…” ၊ ”ရူးနေလား” ဆိုတဲ့ စကားတွေကို ကျမ ပတ်ဝန်းကျင်မှာ အကြိမ်ပေါင်းများစွာ ကြားရ ၊ အပြစ်တင်ခံရ၊ အလှောင်ခံရခြင်းတွေကြုံတွေ့ခဲ့ရတယ်။

အဲဒီအချိန်မှာ ကိုယ့်စိတ်ထဲက ဖြစ်ချင်တဲ့စိတ်၊ ဖြစ်ပါ့မလားဆိုတဲ့ပူပင်တဲ့စိတ်၊ သူတို့ပြောသလို ဖြစ်နေပြီလားဆိုတဲ့သံသယစိတ်တွေနဲ့ပါ၊ ဒါပေမဲ့ …ငါ့အကြောင်း င်ါပဲသိတယ်၊ သူတို့ပြောတာ သူတို့အမြင်နဲ့ပြောနေတာ၊ ငါ့အမြင်နဲ့ငါပဲ။ငါ့ ဘ၀ကို ငါပဲဖန်တီးမယ်ဆိုတဲ့ စိတ်နဲ့အားတင်းပါ။

အဲဒီလို ဘယ်သူတွေဘာလာပြောပြော ကိုယ်လုပ်စရာရှိတာကိုပဲ တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ဆောင်သွားနိုင်တာကို  E.Q လို့ပြောကြတဲ့Emotional Intelligence, or emotional quotient (EQ),ကောင်းတယ်လို့ ဆိုကြတာမဟုတ်လား။ 

ကျမကတော့ ဒါဟာကိုယ့်ကိုယ်ကို ဘယ်အချိန်မှာ ဘယ်လောက်အတိုင်းအတာထိ သည်းခံမယ်၊ ဘာကိုတော့ ဘယ်လို ဆုံးဖြတ်ရမယ်ဆိုတာကို စီမံခန့်ခွဲနိုင်ခြင်းလို့ နားလည်ထားပါတယ်။

နောက် ပညာရှင်စကားနဲ့ပြောရင်တော့ အရာရာတိုင်းကို လေ့လာနိုင်ဖို့ သင်ယူနို်င်ဖို့အတွက် IQ, or intelligence quotient, ကောင်းဖို့လိုတယ်။
ပတ်ဝန်းကျင်ကနေပဲ ဖြစ်ဖြစ် ၊ စာအုပ်တွေနဲ့ ဟောပြောပွဲတွေကပဲ ဖြစ်ဖြစ် ကိုယ့်ကို စိတ်ကူး စိတ်သန်းရစေတာကလည်း သင်ယူနိုင်ခြင်းပါပဲ။

နောက်ကျမတို့ရဲ့ကိုယ့်ကိုယ်ကို သိမြင်ပြီး စီမံခန့်ခွဲနိုင်ရေးမှာအရေးကြီးတဲ့အချက်ရှိပါတယ်။ အဲဒါကတော့  ကိုယ်နဲ့မတူတဲ့သူတွေ ကိုယ်နဲ့သဘေားကွဲပြားတတ်တဲ့သူတွေ၊ ကိုယ့်အပေါ် နားလည်နိုင်မှု နည်းပါးတတ်တဲ့သူတွေနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ဘယ်လို စီမံခန့်ခွဲရမလဲ ဆိုတာကိုပါ။

လူအမျိုးမျိုး၊ စိတ်အထွေထွေ၊ ကိုးကွယ်မှုအမျိုးမျိုးနဲ့ယဉ်ကျေးမှု အမျိုးမျိုး ရှိတဲ့အတွက် ကျမတို့ရဲ့ကိုယ့်ကိုယ်ကို စီမံခန့်ခွဲမှုမှာ မဖြစ်မနေ ပါဝင်သင့်တာကတော့ ယဉ်ကျေးမှုမတူသူတွေနဲ့ ဆက်ဆံတဲ့အခါ Cultural Intelligence (CQ)ကောင်းဖို့ လိုပါတယ်။အဲဒါ ကောင်းလာတဲ့အခါ သူတို့ကတော့ ဒီလိုပါပဲ၊ ကိုယ်နဲ့မတူတိုင်း ရန်သူ မဟုတ်သလို၊ကိုယ့်ကို တိုက်ခိုက်နေတဲ့သူတွေက ကိုယ့်ရဲ့ပါရမီဖြည့်ဘက်တွေပါလားလို့ နားလည်ပေးနိုင်တဲ့ ဥာဏ်ရည်ထက်မြက်မှုနဲ့နှလုံးသွင်းနိုင်စေဖို့လည်း လိုအပ်ပါတယ်။

ဘ၀မှာ CQ မြင့်တဲ့သူဟာ မိမိရဲ့ယဉ်ကျေးမှုကို မြတ်နိုးသလို တစ်ဖက်သားရဲ့ယဉ်ကျေးမှုကိုလည်း လေးစားဖို့လိုပါတယ်။ CQ မြင့်မားတဲ့သူဟာ ယဉ်ကျေးမှုမတူတဲ့အခြေအနေမှာ လိုက်လျောညီထွေစွာလှုပ်ရှားနိုင်သူဖြစ်ပါတယ်။ လူချစ်လူခင်များစေသလို လုပ်ငန်းခွင်မှာရော မိသားစုဘ၀မှာပါ အောင်မြင်နိုင်တဲ့စွမ်းရည်မျိုးပါ။

ကိုယ်သွားချင်တဲ့ခရီးကိုရောက်အောင် သွားနေတာ လမ်းပေါ်တော့ရောက်နေပြီ ဒါပေမဲ့ အလုပ်ထဲမှာပဲ အချိန်ပေးပြီး ကိုယ့်ရဲ့ကျန်းမာရေးကိုပါ ထိခိုက်လာစေတယ်ဆိုရင်တော့  ခရီးတစ်ဝက်နဲ့ရပ်သွားတတ်တဲ့အတွက် ကျန်းမာရေးကောင်းအောင်လည်း ကိုယ့်ကိုယ်ကို စောင့်ရှောက်ရပါတယ်။ Physical Intelligence (PQ)ကောင်းအောင် ကိုယ့်ကိုယ်ကို စောင့်ရှောက်ရတာပါ။ စိတ်ဖိအားများလာတယ်ဆိုရင် လျော့ကျအောင်။ ပြီးတော့  အကောင်းမြင်စိတ်နဲ့ တွေးတတ်မြင်တတ်အောင် ကိုယ့်ကိုယ်ကို စီမံပါ လေ့ကျင့်ပျိုးထောင်ရပါမယ်။

ဘ၀မှာ အတက်အကျနဲ့ အနိမ့်အမြင့်ဆိုတာ အမြဲရှိနေတဲ့အတွက် အဆင်မပြေမှုတွေ၊ မပြည့်စုံမှုတွေ အကြပ်အတည်းတွေနဲ့ကြုံရတိုင်း စိတ်ဖီစီးမှုတွေ ဒေါသတွေစတာတွေနဲ့ကြုံရမြဲပါ။  အဲဒီလို ဖိစီးမှုတွေကို ကျော်လွှားနိုင်ဖို့ AQ (Adversity IntelligenceQuotient) ကောင်းဖို့လည်း လိုပါတယ်။ ဖိအားဒဏ်ကို မခံနို်ငလို့စိတ်ဖိစီးမှုဒဏ်ကို မခံနိုင်တော့လို့ဆိုပြီး လမ်းဆုံးထိ ဆက်မလျှောက်ဘဲ တစ်ဝက်တစ်ပျက်နဲ့ နောက်ပြန်လှည့်တဲ့သူတွေ အများကြီးကို တွေ့ရပါတယ်။

ဘ၀မှာ အောင်မြင်ခြင်းပဲ ဖြစ်ဖြစ်၊ ရှုံးနိမ့်ခြင်းပဲ ဖြစ်ဖြစ် မတည်မြဲပါဘူး။ ဒါကို လက်ခံသိရှိပြီး ၊် အဲဒီလို လောကဓံ၈ပါးကို ခံနိုင်ရည် ရှိဖို့ကတော့ Spiritual Intelligence (SQ) ကလည်း လိုအပ်တဲ့အရာတစ်ခုလို့ လက်ခံနားလည်မိတယ်။

ယုံကြည်ကိုးကွယ်မှုဆိုတာဟာ အင်မတန်မှ သိမ်မွေ့တဲ့၊ လေးနက်တဲ့အရာတစ်ခုဖြစ်တာမို့ လူတိုင်းမြင့်မြတ်တဲ့ အတွေးအခေါ်၊ အယူအဆတွေရှိလာအောင် SQ ကလည်း မပါမဖြစ်ပါပဲ။ (SQ)  မြင့်တဲ့သူက ဘယ်လိုအခြေအနေမျိုးကိုမဆိုလက်ခံနိုင်တယ်။မေတ္တာတရားနဲ့ရှင်သန်နိုင်ပြီးတော့ ကိုယ့ိရဲ့ယုံကြည်ကိုးကွယ်မှုကိုသာမက တစ်ဖက်သားရဲ့ယုံကြည် ကိုးကွယ်မှုကို လေးစားတတ်တဲ့အတွက် ကိုယ်ချင်းစာနာစိတ်ရှိတယ်။

ဒီအချက်တွေက ဘ၀မှာ ကောင်းမွန်စွာ ရှင်သန်ဖို့အတွက် အရေးပါတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေအတွက်စီမံခန့်ခွဲနို်င်မယ်။ လောကဓံကို ရင်ဆိုင်နိုင်စွမ်းရည် မြင့်လာမယ်လို့ ကျမအနေနဲ့ ယူဆလက်ခံမိတယ်။

အဲဒီအချက်တွေအားကောင်းလာလေ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ဘဝဟာပိုပြီး မြင့်မား အားကောင်းလာလေပါပဲ။

ဒါပေမဲ့ကိုယ့်ကိုယ်ကို အရာရာရင်ဆိုင်နိုင်အောင် စွမ်းရည်မြှင့်တင်ခြင်းက ဘ၀ကို ပိုလှစေတဲ့ အတွက် ကျွန်မတို့အနေနဲ့PQ, IQ, EQ, SQ နဲ့ CQ , AQကောင်းစေဖို့ နေ့စဉ်နဲ့ အမျှ တည်ဆောက်ပေးပါ၊ လေ့ကျင့်ရင်းနဲ့ ဘဝလှေခါးထစ်တွေကို တစ်ဆင့်ခြင်း တတ်ပါလို့တိုက်တွန်းချင်ပါတယ်ရှင်္။

ကျေးဇူးတင်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)
ဝတ်စုံ နွယ်ဥယျာဉ်

Comments

Popular posts from this blog

ရခိုင်သမိုင်း

အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ