ဘင်္ဂါလီအကြောင်း.. အတွင်းကျကျသိခဲ့သူစုံ စမ်းရေးကော်မရှင်အဖွဲ့ဝင်၏ မှတ်တမ်း
ဘင်္ဂါလီအကြောင်း.. အတွင်းကျကျသိခဲ့သူစုံ စမ်းရေးကော်မရှင်အဖွဲ့ဝင်၏ မှတ်တမ်း
.ကျွန်မ ရေးသားဖော်ပြလိုစိတ် မရှိခဲ့သော အကြောင်းအရာများ (၁) (၂) (၃)
× × ×
2012ခုနှစ် ရခိုင်ပဋိပက္ခမီးတောက်တွေ တောက်လောင်တော့ စုံစမ်းရေးကော်မရှင်ဥက္ကဌ ဒေါက်တာမျိုးညွန့်အပါအဝင် ယုဒသန် ခရစ်ယာန်နှစ်ခြင်းအသင်းတော်က ဆရာတော်ဦးကျော်ညွန့် နှင့်အတူ ကျွန်မတို့ လက်ထောက်သုတေသနမှူးများ စစ်တွေကို ကွင်းဆင်းမှတ်တမ်းယူ အင်တာဗျူး ခဲ့ကြပါတယ်။
တွေ့ဆုံ အင်တာဗျူးရာမှာ မရမာကြီးရွာမှလူများ၊ ခရစ်ယာန်အသင်းတော် ဝင်းထဲမှ လူများ၊ ရခိုင်ဒုက္ခသည် စခန်းမှ လူများ၊ အိန္ဒိယနွယ်ဖွား ဟိန္ဒူ ဘာသာဝင်များ၊ သဲချောင်းဘင်္ဂါလီ ဒုက္ခသည်စခန်းမှ လူများ၊ စစ်တွေ တက္ကသိုလ်မှ ဆရာ/ဆရာမများ နှင့် ကျောင်းသူကျောင်းသားများ။စစ်တွေဆေးရုံရှိ ဒဏ်ရာရ လူနာများ။ ဟိုတယ်ဝန်ထမ်းများ အစရှိသည့် အလွှာစုံမှ လူစုံကို တွေ့ဆုံမေးမြန်းခဲ့ကြပါတယ်။
ကျွန်မတို့ဟာ ခရစ်ယာန်ကျောင်းဝင်းထဲအပါအဝင် ဘယ်လူမှုအဖွဲ့အစည်းကိုပဲသွားသွား မေးချင်တဲ့သူကို လက်ညှိုးညွှန် ဖိတ်ခေါ်ပြီး မေးခွင့်ရှိပါတယ်။ အားလုံးကလည်း လိုလိုလားလား ပါဝင်ဖြေဆို ကူညီကြပါတယ်။ ဖြေဆိုသူများကို အကြမ်းအားဖြင့် ၃မျိုးခွဲလို့ ရပါတယ်။
၁။ ပဋိပက္ခဖြစ်စဉ်မှာ ဘာမှမသိလိုက်ဘဲ မီးတောက်တွေ လူအုပ်တွေကြောင့် ထွက်ပြေးလာခဲ့ရတယ်။ ဒါပေမယ့် ဗဟုသုတလည်းစုံတယ် စာဖတ်အားလည်းကောင်းတယ်။ ရေဒီယို(BBC. VOA စသဖြင့် )မပြတ်နားထောင်ပြီး လည်လည်ဝယ်ဝယ် ချက်ကျလက်ကျ ဖြေဆို တတ်ကြသောအုပ်စု
၂။ မေးခွန်းလည်းနားမလည်၊ သူပြောတဲ့စကား ဖြေနေတဲ့အဖြေလည်း ဘာမှန်းမသိ ဘယ်ရောက်လို့ရောက်မှန်းမသိ အူတိအူကြောင်များနှင့်
ဘယ်လိုပဲ အာမခံနှစ်သိမ့်ပါစေ ပြောလိုက်ဖြေလိုက်ရင် ညကြ လာဖမ်းမှာလားလို့ တွေးကြောက်ပြီး မဖြေရဲတဲ့အုပ်စု
၃။ မေးသမျှလည်း နားလည်တယ် ဖြစ်စဉ်တွေကိုလည်း တိတိကျကျနီးပါး မြင်ခဲ့ ကြုံ ခဲ့ ကိုယ်တိုင် ရင်ဆိုင်ပါဝင်ခဲ့ပြီး သိသမျှ မြင်သမျှအတိုင်း ရိုးရိုးသားသား ပြန်ပြောပြတတ်တဲ့ အုပ်စု
စသဖြင့်ပါ။
ဒီတော့မေးရတာဟာ စိတ်နှစ်သက်ကြည်သာ ဖြစ်ရပါတယ်။ မိတ်ဆွေတွေနဲ့အတူ ဖြစ်ပွားနေတဲ့ ပဋိပက္ခအကြောင်းအရာများကို စကားစမြည် ပြောရသကဲ့သို့ ပါပဲ။
× × × × × × × × ×
ဒါပေမယ့် ဘင်္ဂါလီသဲချောင်းဒုက္ခသည်စခန်းမှာတော့ အဲ့လိုလုံးဝမဟုတ်တော့ပါဘူး။ အခြေအနေတွေက အစစ အရာရာ ပြောင်းပြန်တွေသာ ဖြစ်ကြပါတယ်။
ကျွန်မတို့ ကားတွေ စခန်းထဲ ဝင်ပြီဆိုတာနဲ့ ကလေး/လူကြီးမကျန် ဝိုင်းလာပြီး ရန်လိုကြပါတယ်။ အဝတ်မပါ ဖင်တုံးလုံး ကလေးလေးတွေကစပြီး ရန်စောင်ကြပါတယ်။ ၅နှစ်ဝန်းကျင် သွက်သွက်လက်လက် ပြေးနိုင်လွှားနိုင်အရွယ် ကလေးတွေကစပြီး မီးချောင်းတွေ ကိုယ်စီ ကိုင်ထားကြပါတယ်။
ပါလာတဲ့ ရဲအစောင့်အရှောက်တွေကို ထီမထင် ဆက်ဆံပါတယ်။ ဘာပြောပြော နားမထောင်ကြပါဘူး။ ညှိလို့လည်း မရပါဘူး။ တပ်ကို ဖုံးဆက်ခေါ်လို့ စစ်ဘက်အစောင့်အရှောက်တွေ လာမှ လူစုကွဲပါတယ်။
မေးခွန်းမေးဖို့ လူခေါ်ရာမှာ ဘယ်သူ့မှ ခေါ်လို့မရပါဘူး။ ဘင်္ဂါလီခေါင်းဆောင်များ စီစဉ်ပေးသူကိုသာ မေးမြန်းခွင့်ရှိပါတယ် …
လူဘယ်နှစ်ယောက် မေးချင်ပါတယ်လို့ တောင်းဆိုလို့ မရပါဘူး။ သူတို့လူချပေးသလောက်လေးကိုပဲ မေးရပါတယ် …
မြန်မာစကား ပီပီသသ ပြောတတ်ပြီး မြန်မာပြည်ပေါက် ဘင်္ဂါလီ လူမျိုးများနှင့်ပဲ မေးမြန်နိုင်အောင် စီစဉ်ပေးပါတယ် …
မေးသမျှမေးခွန်းတွေကိုလည်း ကြောင်ပုဇွန်စား ကျွတ်ကျွတ်ဝါးသကဲ့သို့ အလွတ်နီးပါးကျက်မှတ်လာပြီး ဖြေဆိုကြပါတယ် …
အမေးအဖြေပေါင်းများစွာကို ပြုလုပ်အပြီးမှာ ကောက်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ချလို့ရပါတယ်။ အဲ့ဒါကတော့ ကော်မရှင်ရဲ့ မေးခွန်းတွေကို ဖြေဆိုမယ့် ဘင်္ဂါလီတွေဟာ ကြို တင်ရရှိမေးခွန်းပေါက်ပြီး ဖြစ်နေတယ် ဆိုတာပါပဲ။
ပြီးတော့ မြန်မာ့မြေပေါ်မှာနေထိုင်ပြီး မြန်မာ့ဥပဒေ၊ ထုံးတမ်းစဉ်လာ များသာမကဘဲ မြန်မာ့အာဏာပိုင်အဖွဲ့များကို မထီလေးစား မရိုမကျိုး ပြု မူနေထိုင်ကြသလို သူတို့ ဘာသာ၊သာသနာ၊ သူတို့လူမျိုး အားဖြင့် တစ်ထီးတစ်နန်း နေထိုင်ကြတယ် ဆိုတဲ့ အဓိပ္ပါယ်တွေကိုလည်း ထင်ထင်ရှားရှား ပြသကြပါတယ်။
မီးလောင်ပြင် ရပ်ကွက်ကြီးတစ်ခုမှာ ကျန်ခဲ့တဲ့ မရမာကြီးဘုန်းကြီးကျောင်းမှာ အထိုင်ချပြီး မီးလောင်ပြင်မှ ဒုက္ခသည်များကို မေးမြန်းကြတော့ အစီစဉ်အတိုင်း အစစ အရာရာဟာ အေးချမ်းပါတယ်။ အားလုံးသော မရမာကြီး၊ ဗမာ၊ ရခိုင်နှင့် ဟိန္ဒူ အပါအဝင် လူတွေဟာ နေအိမ်နှင့်တကွ စည်းစိမ်းဥစ္စာတွေ ဆုံးရှုံးထားသော်လည်းပဲ အသက်မသေဘဲ မိသားစုနှင့် အတူတူ ရှိနေကြရသည့်အတွက် တော်ပါသေးရဲ့ ဆိုတဲ့ ဖြေသိမ့်အတွေးတွေနဲ့ ကြည်ကြည်သာသာ ရှိနေကြပါတဟ်။ ကျွန်မတို့ကိုလည်း လိုလိုလားလား လက်ခံတွေ့ဆုံကြပါတယ်။ ကျောင်းပေါ်လာထိုင်နေတဲ့ လူတွေထဲက ကျွန်မက အမျိုးသမီးတစ်ဦးကို ရွေးချယ်မေးမြန်းခဲ့ပါတယ်။
သူမက မထင်မှတ်လောက်အောင်ပဲ ဗဟုသုတ စုံလှသလို သူ့ရခိုင်ပြည်နယ်အကြောင်းကို ခရေစေ့တွင်းကျ သိရှိပြောပြနိုင်သူပါ။ ပြောတဲ့အခါမှာလည်း သူ့နေရပ် သူ့ပြည်နယ်အတွက် ဂုဏ်ယူမှုတွေကို မျက်လုံးမှာ အထင်းသား မြင်တွေ့ရပါတယ်။ သမီးလေးတစ်ယောက်ရှိပြီး သားသမီးထပ်မယူလိုတော့သူလည်း ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့လည်း စီးပွားရေးကြောင့်လို့ ဖြေရှာပါတယ်။
သူမကိုကြည့်ရင်း ကျွန်မကိုယ်ကျွန်မ ပြန်မေးမိပါတယ်။ "ငါဆိုရင်ရော မန္တလေးတိုင်းအကြောင်း ဘယ်လောက်များ သိပါလိမ့်" ဆိုပြီးပေါ့။ သူမက အလေးစားရဆုံးလူက ဆရာတော်ဦးဥတ္တမ ဖြစ်ပြီး နောက်တစ်ယောက် ရွေးချယ်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်တဲ့။ စစ်အစိုးရကဖမ်းလည်းဖမ်းပါစေ ဆိုပြီး ကျွန်မတို့ရခိုင်တွေရဲ့ အမြတ်နိုးဆုံးနဲ့ တန်ဖိုးအထားဆုံး သဇင်ပန်းလေးကို အမေစုကို ပေးပြီး ကြိုခဲ့ဖူးပါတယ်။ အခု ကြုံ တွေ့နေရတဲ့ ပြသနာတွေနဲ့ အပူမီးတွေကို နားလည်စာနာ ကူညီပေးမယ်လို့လည်း မျှော်လင့်နေတုန်းပါပဲ။ လို့လည်း ပြောခဲ့ပါတယ်။
နောက်ထပ် မေးမြန်းလိုက်တဲ့ အမျိုးသားတစ်ဦးကတော့ မေးတစ်ခွန်း ဖြေတစ်ခွန်းပါပဲ။ မေးခွန်းကို နားလည်အောင် အတော်ရှင်းပြရသလို သူ့စကားကိုလည်း နားလည်အောင် ကြိုးစားရပါတယ်။ စိုးရိမ်မှုတွေလည်း သူ့မျက်နှာမှာ ရှိနေပါတယ်။ ညဘက် မီးတွေ ဟုန်းဟုန်းတောက်လောင်မှ သိကြ နိုးကြပြီး ဆိုင်ကယ်၂စီးနဲ့ ရောင်းဝယ်ဖေါက်ကားတဲ့ ပစ္စည်းတွေ အကုန်ပါပြီး ဘာမှ မရလိုက်ကြဘဲ လူလွတ်ထွက်ပြေးခဲ့ရကြောင်း တွေလည်း ပြောပြပါတယ်။
ဟိန္ဒူ ကျောင်းမှာ သွားမေးကြတော့လည်း ဒီလိုပါပဲ ။ ကျွန်မမေးရတဲ့သူက ကျွန်မမေးသမျှကို လက်ပိုက်ပြီး အတန်းထဲမှာ စာပြန်သလိုမျိုး ရွတ်ဆိုပြရင်း ဖြေရှာပါတယ်။ ဟိန္ဒူ ဘုရားလူကြီးနဲ့ ဟိန္ဒူ မိတ်ဆွေတွေက စန္ဒီမယ်တော်တန်ခိုးကြီးကြောင်းနှင့် ဆုတောင်းပြည့်ကြောင်း ရှင်းပြကြပါတယ်။ ရံဖန်ရံခါ လပြည့်လကွယ်ညမျိုးမှာလည်း ကိုယ်ထင်ပြတတ်ကြောင်းပြောပြကြပါတယ်။ ကျွန်မတို့တွေ အလုပ်ပြီးတော့ မပြန်ခင်မှာ စန္ဒီမယ်တော်ကို အမွှေးတိုင်များနဲ့ ပူဇော်ပြီး ဆုတောင်းဂါရဝ ပြု ခဲ့ကြပါတယ်။
ခရစ်ယာန်ကျောင်းတော်ကိုသွားတော့ ခြံဝန်းထဲက သစ်ပင်ကြီးအောက်မှာ စားပွဲ ကုလားထိုင်တွေ ပြင်ထားပြီး ကော်ဖီများ မုန့်များနှင့် ကျွန်မတို့ကို မိသားစု ဆန်ဆန် ဧည့်ခံကြပါတယ်။ အဖွဲ့အစည်းအသီးသီးက လူတွေနဲ့တွေ့ဆုံ မေးမြန်းအပြီးမှာ သိလာရတဲ့ စစ်တွေမြို့နဲ့ ကျူးကျော်ခိုးဝင် ဘင်္ဂါလီတွေရဲ့ အကြားက ပြဿ နာတွေဟာ ကျွန်မတို့ သိထားထင်ထားတာထက် နက်ရှိုင်းရှုပ်ထွေးပြီး စိတ်မသက်သာစရာ တကယ်ကောင်းလှပါတယ်။
အစ်မတို့ အခုမြင်ရတဲ့ စစ်တွေမြို့ဟာ တော်တော် စိတိချမ်းသာစရာကောင်းတဲ့ အနေအထားလို့ ပြောရမှာပဲတဲ့။ အရင်က အခုလို ခြံထဲမှာ အေးအေးဆေးဆေး စားပွဲနဲ့ ကုလားထိုင်နဲ့ ထိုင်လို့မရသလို ထိုင်ပြီးရင်လည်း အထဲကို ချက်ခြင်းသွင်းရပါတယ်။ အင်္ကျံဟောင်း အဝတ်စုတ်လေး တစ်ခုတစ်လေတောင် ကျန်ခဲ့လို့ မရပါဘူး။ ဘင်္ဂါလီကလေးလေးတွေဟာ အဝတ်အစားမပါ ကိုယ်တုံးလုံးတွေနဲ့ သူတို့ထက် နည်းနည်းကြီးတဲ့ ကလေးတွေနဲ့အတူ မြို့အနှံ့ လျှောက်သွားနေကြပြီး တွေ့သမျှကို ခိုးပါတယ်။ ကျွန်တော်တို့မှာ သား/သမီးချင်း စာနာပြီး မရိုက်ရက်သလို အလျှော့ပေးပြန်တော့လည်း မကြောက်မရွံ့ အတင့်ရဲလာပြီး ခြံတွေထဲထိ ကျော်ချ ဝင်ရောက် ယူကြပါတယ်။ မိလို့ ခေါ်ပြီး ကြောက်အောင် ဆူငေါက်ကြိမ်းမောင်းပြီး မေးရင် သူတို့မိဘတွေက ပစ္စည်းတစ်ခုခု ပါမလာရင် ထမင်းမကျွေးလို့ ယူရတာပါလို့ ဖြေကြပါတယ်တဲ့။
ကိုယ့်အိမ် ကိုယ့်ခြံထဲမှာတောင် လုံခြုံ မှုကို မရနိုင်တာ အပြင်ထွက်ရင်လည်း သတိနဲ့ ထွက်ရသလို မိုးချူပ်ရင်လည်း မထွက်ရဲကြပါဘူးတဲ့။ စစ်တွေမြို့ဟာ အခုလို ပြသနာမီးတွေဖြစ်ပြီး ဘင်္ဂါလီတွေကို သီးသန့်ဖယ်ထုတ်လိုက်တော့မှ အတော်နေလို့ထိုင်လို့ လုံခြုံ လာတယ်လို့ ခံစားမိပါတယ်တဲ့။ ဒီလို သဘောအဓိပ္ပါယ်တူညီတဲ့ အဖြေတွေကို မြို့ခံ ဘာသာ/လူမျိုး မတူသူတွေက နေရာအသီးသီးကနေ ဖြေကြားခဲ့ကြပါတယ်။
ရခိုင်နှင့်တကွ ဖြေဆိုသူ လူမျိုးပေါင်းစုံဟာ သားသမီးကို ၂ယောက်ထက် ပိုမယူလိုဘူးလို့ ပြောကြပါတယ်။ ဘာလို့လဲဆို မကျွေးနိုင်လို့ လူတန်းစေ့ပညာမသင်ပေးနိုင်လို့ နိုင်သလောက်လေးပဲ ယူပါတယ်လို့ ဖြေကြပါတယ်။
သူတို့ ကြည်ညိုလေးစားသူပုဂ္ဂိုလ် ဆိုရာမှာ ဦးဥတ္တမ ဦးသိန်းစိန် နှင့် ရခိုင်ပြည်တွင် ပရဟိတကုသိုလ်အလှူ အတန်းများ လုပ်နေသော သူဌေး ဦးကျောက်တောင်ကို အဖြေများကြပါတယ်။ လူငယ်အချို့က ပရဟိတ ကုသိုလ်အလွန်လုပ်သော သူဌေးကြီးကို လေးစားရုံမက အားကျကြောင်း သူလိုလူ ဖြစ်အောင် လုပ်လိုကြောင်းတွေ ပြောကြပါတယ်။
ဘင်္ဂါလီတွေအပေါ် ဘယ်လိုမြင်သလဲ သူတို့နဲ့ အတူယှဉ်တွဲပြီး ငြိမ်းငြိမ်းချမ်းချမ်း နေကြဖို့ ဘာတွေလိုအပ်မလဲ စသည်ဖြင့် မေးမြန်းတော့လည်း
အားလုံးကတော့ အတူနေဖို့ဆိုတာ မဖြစ်နိုင်ကြောင်းနှင့် ဘာ့ကြောင့်မဖြစ်နိုင်တုန်း ဆိုတာကို သိလိုလျှင် သူတို့နှင့်အတူ ၂ရက်လောက် နေကြည့်ရုံဖြင့် သိလာမည်ဖြစ်ကြောင်း ဖြေကြပါတယ်။ ဒီလိုဖြေကြားထင်မြင်ချက် ပေးသူတွေထဲမှာ နိုင်ငံတကာတက္ကသိုလ်များမှ ဘွဲ့ရ ခရစ်ယာန်ဘာသာဝင်များနှင့် လူနည်းစု ဟိန္ဒူ များလည်း ပါဝင်ပါတယ်။
ရခိုင်တွေအပေါ်ရော ဘယ်လိုမြင်သလဲ ဆိုရာမှာ ရခိုင်များနှင့် သူတို့ကြားမှာ ဘာသာရေး/လူမျိုးရေး ပြသနာမရှိကြောင်း ဘယ်လူမျိုး ဘယ်ဘာသာအပေါ်မှလည်း ရခိုင်များက ရန်မပြု ကြောင်း ဘင်္ဂါလီများကသာ ဘာသာလူမျိုးမခွဲဘဲ အားလုံးနှင့် ပြဿ နာဖြစ်နေကြောင်း ဖြေဆိုကြပါတယ်။ ဒါပေမယ့် ဟိန္ဒူ အမျိုးသား တစ်ဦးကတော့ အိမ်နီးချင်း ရခိုင်များကို မကျေနပ်တာ ရှိပါတယ်လို့ ဖြေပါတယ်။ သူ့ကို ရခိုင်လူတွေက …… "ဟေ့ကောင်ကုလား ဘယ်သွားမလို့လဲ ဘာညာ" ပြောကြောင်း ဟေ့ကောင်ကုလား လို့ခေါ်တာကို သူအင်မတန်စိတ်ဆိုးကြောင်း သူ့အပေါ် နှိမ်ချိုးသည်ဟု ထင်ကြောင်း။ သူသည် ခိုးဝင်ဘင်္ဂါလီမဟုတ်ကြောင်း ဟိုးးး ရှေးဘိုးဘေးလက်ထက်ကတည်းက စစ်တွေတွင် အခြေချ နေလာသူဖြစ်ကြောင်း ဒါပေမယ့် မကြိုက်ကြောင်းကိုတော့ မပြောမိ မတားမိကြောင်း ။ ဖြစ်နိုင်လျှင် ရခိုင်များက သူ့ကို ကုလားဟု မခေါ်စေချင်ကြောင်းပါ အမှာစကားပါးလိုက်ပါတယ်။
ကြားရ သိရ သမျှတွေသည် ဘင်္ဂါလီလူမျိုးများ မကောင်းကြောင်း အထွေထွေနှင့်တကွ ဘင်္ဂါလီတို့နှင့်အတူယှဉ်တွဲ နေထိုင်လို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်းများသာ စစ်တွေလူ့အဖွဲ့အစည်းထံမှ ပဲ့တင်ထပ် ဖြေကြားခဲ့ကြပါသည်။
ကျွန်မတို့ ဘင်္ဂါလီသဲချောင်းကို သွားကြရာတွင်လည်း ကလေးပေါက်စလေးများကစပြီး အရွယ်စုံ လူအုပ်ကြီးကို တွေ့ရပါသည်။ ရခိုင်ဒုက္ခသည်စခန်းနှင့် အိုးအိမ်စည်းစိမ် ဆုံးရှုံးခဲ့ ရသော ရခိုင်နှင်တကွ လူမျိုးဘာသာ အပေါင်းတို့သည် အဝတ်အစား သပ်သပ်ရပ်ရပ် သနပ်ခါးဖွေးဖွေးနှင့် တင့်တင့်တယ်တယ် ရှိကြပါသည်။
ဤဘင်္ဂါလီများသည် အဝတ်အစားများ စုတ်ပြတ်ညှိုးနွမ်းလွန်းကာ အသွင်အပြင်များမှာလည်း ညစ်ပတ်လှရှာပါသည်။ အထူးသဖြင့် အဝတ်အစားမပါသော ကိုယ်တုံးလုံးနှင့် မည်းညစ်ညစ် ကလေးငယ် လေးဘက်တွားလေများ မတ်တတ်သွားလေးများမှာ အလွန်သနားစရာ ကောင်းလှပါသည်။ အများစုမှာ ဗိုက်ပူနံကား သံကောင်ဗိုက်လေးများဖြစ်ကြပါသည်။ လူကြီးများမှာလည်း မည်သူ့မျက်နှာကြည့်ကြည့် ရွှင်လန်းမှုမရှိဘဲ အိုစာညှိုးနွမ်းလှပါသည်။ ကျွန်မတို့ကိုလည်း ဂရုမစိုက်ကြပါ။ သူတို့အတွင်းအဇ္ဈတ္တမှာ မည်မျှပူလောင်နေသည် မသိနိုင်ပါ။
သန်သန်စွမ်းစွမ်း ကလေးငယ်များနှင့် လူငယ်များ လူလတ်ကြီးများမှာ ကျွန်မတို့ကို စိတ်ဝင်စားလှသလို မျက်လုံးများ အရောင်တပြောင်ပြောင်နှင့် ရန်လိုသတ်ဖြတ် လိုစိတ်များကို အထင်းသားတွေ့ရပါသည်။ တွေ့ရာ ဒုတ်၊ဓါး၊မီးချောင်း၊ စသဖြင့် စွဲကိုင်ထွက်လာ ကြပါသည်။ ကားနှင့်ခပ်လှမ်းလှမ်းမှ ရန်စောင်လျှက်ရှိကြပါသည်။ လုံခြုံ ရေးလိုက်ပါလာသော ရဲဝန်ထမ်းများကိုလည်း မကြောက်မရွံ့မထီလေးစား အမူအရာအပြည့်နဲ့ တုန့်ပြန်ကြပါတယ်။
သူတို့ဘာလို့ ဒီလိုတွေလုပ်ရဲတာလဲ ဆိုတာကို ကျွန်မ ဥာဏ်မီသမျှ စဉ်းစားမိတော့ ၂ချက်တွေ့ပါတယ်။ ပထမတစ်ချက်က လက်နက်ပါ။ အခုရဲတပ်ဖွဲ့များ ကိုင်ဆောင်လာသော သေနတ်များမှာ ဂျပန်ခေတ် တော်လှန်ရေးကားများထဲက သစ်သားတစ်ပိုင်းနှင့် လုပ်ထားသော ရှေးဟောင်းသေနတ်ကြီးများဖြစ်ပြီး တော်တော်လည်း လေးလံလှပါတယ်။ တစ်ချက်ပစ်တိုင်း ကျည်တစ်တောင့်နှုန်းမှ ထွက်နိုင်ပါရဲ့လားဟုလည်း သေနတ်အိုကြီးများကို ကြည့်ပြီး သံသယဖြစ်မိပါတယ်။
နောက်ဒုတိယအချက်က ပစ်မိန့်ပါ။ ပုံမှန်အားဖြင့် ရဲကို ပစ်မိန့်ပေးဖမ်းခွင့် ပေးထားလေ့မရှိခြင်းကို သိထားသောကြောင့် ဘင်္ဂါလီကုလားများက မထေမဲ့မြင် ပြုရဲကြသည်ဟုလည်း ထင်မိပါတယ်။
ဘင်္ဂါလီတွေကို မြို့ခံဘာသာပေါင်းစုံတွေက ဘယ်လိုပဲ အပြစ်ပြော မကောင်းပြောကြပါစေ ဒီလောက်ဆင်းရဲတွင်း နက်နေရှာသည့် ကလေးငယ်တွေ လူတွေကို မြင်ရတွေ့ရတဲ့ အခါမှာတော့ သူတို့အတွက် လူ့သားအခွင့်အရေး၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများနှင့်အတူ စားဝတ်နေရေးဆိုင်ရာ အခက်အခဲများ ဆေးဝါးအခက်ခဲများကို ဖြေရှင်းပေးသော လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးကို ပေးရမည်ဟုသာ ကျွန်မ သဘောပေါက် လိုက်မိပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် လူ့အသိုင်းအဝိုင်းတစ်ခုထဲကို ပြန်ဝင်ဆံ့အောင် သွင်းပေးဖို့လိုတယ်လို့လည်း ထင်မြင်ခဲ့မိပါတယ်။ တော်တော်လေးလည်း သနားကရုဏာ သက်မိခဲ့ပါသည်။
ဒီလိုနဲ့ သဲချောင်းဘင်္ဂါလီဒုက္ခသည် စခန်းက ပြည့်ကျပ်သိပ်နေတဲ့ လူတွေထဲက အင်တာဗျူးဖြေဆိုခွင့် ပေးမယ့်သူများကိုလည်း အကြာကြီးစောင့် နေခဲ့ရပါတယ်။ ကျွန်မတို့ ရောက်ကတည်းက ကျွန်မတို့ကို ဧည့်ခံနေရာချထား ၊ဖြေမယ့်လူတွေစီစဉ်နဲ့ အလုပ်အရှုပ်ဆုံးနဲ့ အဖော်ရွေဆုံး ကုလားလေးဟာ ဖုံးနဲ့နား မပြတ်တမ်းနားထောင်နေသလို ဖုံးထဲကိုလည်း အခြေအနေအရပ်ရပ်ကို တရစပ် တစ်ခုမကျန် ပြန်လည်သတင်းပို့ နေပါတယ်။ အဲ့ဒီလို Nokia ဖုံးနဲ့ ပါးစပ်မပြတ်တမ်း သတင်းပေးပို့ ပြောဆိုမှုကို ကျွန်မတို့ရောက်ကတည်းက ပြန်တဲ့အထိ နေ့တစ်ပိုင်းစာ စက္ကန့်မလပ် လုပ်နေခဲ့သလို ကျွန်မတို့ကိုလည်း လုံးဝ အလွတ်မပေးတမ်း အကဲခတ်လျှက်ရှိနေပါတယ်။
ဖြေဆိုသူများမှအပ စခန်းကို ဓါတ်ပုံမရိုက်ရပါဘူး။ ကျွန်မကတော့ အဲ့ဘင်္ဂါလီဖုံးသရဲ ဖုံးပြောနေပုံကို ဖုံးကင်မရာနဲ့ မရိပ်မိ မသိအောင် ၃ပုံရိုက်ယူခဲ့ပါတယ်။ ကျွန်မတို့ အင်တာဗျူးတာဟာ အင်မတန် ပြောင်မြောက်တဲ့ ပြဇာတ်တစ်ခုကို ကြည့်ရသလိုပါပဲ။ လာရောက်ဖြေဆိုသူတွေဟာ ဗမာစကား ရည်ရည်လည်လည် ပြောတတ်သူတွေချည်း ဖြစ်ကြပါတယ်။
ခုနက ကျွန်မတို့ နှင့် ရဲအရာရှိများကို ရန်လိုတိုက်ခိုက်သူများအသွင် မဟုတ်တော့ပါဘူးးးး
အလွန်မှ နူးညံ့ပြီး စကားပြောကောင်းသူများ ဖြစ်ကြပါတယ်။ ကျွန်မမေးမြန်းခွင့် ရသူက အသက်၅၀ကျော် အမျိုးသမီးကြီးတစ်ဦးပါ။ သူက သူမဟာ ရိုဟင်ဂျာလူမျိုးပါလို့ ဖြေပါတယ်။ ရိုးရိုးဖြေတာမဟုတ်ပါဘူး ထပ်ခါထပ်ခါ သေသေချာချာ ဖြေရှာတာပါ။ သူမယောက်ျားက တိုင်းရင်းသား ခရစ်ယာန်တစ်ဦး ဖြစ်ပြီး တပ်မတော်သားဟောင်းတစ်ဦးပါတဲ့။ သူတို့နေခဲ့ရတဲ့ တပ်နံပါတ်တွေ တပ်ထဲက တပ်မိသားစုဘဝတွေ တပ်တွင်းရုပ်ရှင်ရုံတွေအကြောင်း သတိတရပြောပြရှာပါတယ်။
ဒါနဲ့အဲ့တပ်မှာ နေတုန်းက အန်တီ့စာရွက်စာတမ်းတွေ ထဲမှာ လူမျိုးနေရာကို ဘယ်လိုဖြည့်စွက်ခဲ့သလဲ မေးတာ့ အိုးတိုးအမ်းတမ်းနဲ့ မဖြေနိုင်ဘူး ဖြစ်နေပါတယ်။ မဖြေတာကို ကျွန်မတို့က ဇွတ်စစ်ဆေးခွင့် မရှိပါဘူး ဖြေသမျှကိုသာ မှတ်ရတဲ့အခါမှာ သူဖြေလာအောင် စောင့်ကြည့်နေပေးပြီး မဖြေတော့မှသာ နောက်မေးခွန်းတစ်ခုကို ကူးလိုက်ပါတယ်။
သူမရဲ့ အလေးစား အကြည်ညိုဆုံးပုဂ္ဂိုလ်ကတော့ သမ္မတကြီး ဦးသိန်းစိန်ပါတဲ့ ။ ဘာလို့ကြည်ညိုလေးစားတာလဲ ဆိုတော့ တိုင်းပြည်ကို ကောင်းမွန်အောင် အုပ်ချုပ်ပေးတဲ့ အန်တီတို့ရဲ့ အကြီးအမှူး ခေါင်းဆောင်မို့လို့ပါတဲ့။ ဒါဆို သမ္မတကြီးမရှိခင်တုန်းကရော ဘယ်သူ့ကို အလေးစားအကြည်ညိုဆုံးလဲ လို့ မေးတော့ "ဟမ်!!!!! သမ္မတကြီးက ဟိုးးးးကတည်းက ရှိပြီး အုပ်ချုပ်နေတာ မဟုတ်ဘူးလားးး" လို့ တအံ့တသြနဲ့ မေးရှာပါတယ်။ ကျွန်မမှာ သနားလည်းသနား ရယ်လည်း ရယ်ချင်နဲ့ သမ္မတကြီးက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်လို့ မကြာသေးသော နှစ်ကမှ သမ္မတဖြစ်လာကြောင်း လိုတိုရှင်း ပြောပြတော့ သူမခမျာ့ အူလည်လည်နဲ့ နားထောင်ရှာပါတယ်။
လက်ရှိပဋိပက္ခတွေအကြောင်းမေးတော့ ရခိုင်တွေဟာ အလွန်ဆိုးကြောင်း ရိုင်းကြောင်း သူတို့ဘင်္ဂါလီတွေအပေါ် အနိုင်ကျင့်ကြောင်း။ ရွာများ အိမ်များကို မီးရှို့ဖျက်ဆီးကာ လူတွေကိုလည်း သတ်ဖြတ်ကြောင်း ဖြေကြားပါတယ်။ ထိုသို့ရခိုင်များ၏တိုက်ခိုက်မှုများအပေါ် ဘယ်လိုတုန့်ပြန် ကြပါသလဲလို့ မေးရာမှာလည်း သူမတို့ ဘင်္ဂါလီများသည် မည်သို့မှ မတုန့်ပြန်ဘဲ ဘေးလွတ်ရာ ဤသဲချောင်းစခန်းသို့ ပြေးခဲ့ကြကြောင်း၊ သူမတို့သည် ငါးပါးသီလကို လုံအောင်ထိန်းကြောင်း မည်သည့်အခါမှ လူမသတ်ကြောင်း၊ ရခိုင်များသည် လွန်စွာ ကြမ်းတမ်းရက်စက်သလို လူတွေကလည်း သာမာန်လူ၂ကိုယ်စာခန့်ရှိကြောင်း ပေါင်လုံးကြီးများသည်ပင် ဤမျှ အကြီးကြီး ဖြစ်ကြောင်းကို လက်ဖြင့် အရွယ်သဏ္ဍန် လုပ်ပြပါတယ်။ သူမတို့သည် ထိုသို့ရက်စက် ကြမ်းကြုတ်သော လူထွားကြီးများကို ရင်မဆိုင်ရဲကြောင်း၊ မေတ္တာသာလျှင်ထားကြောင်း မည်သည့်ပဋိပက္ခများမှ မရှိခဲ့မလုပ်ခဲ့ကြောင်း စသဖြင့် စုံစုံလင်လင် ဖြေးဖြးသက်သာ ကွမ်းလေးမြုံ့ရင်း ရှင်းလင်းပြောပြခဲ့ရှာပါတယ်။
အန်တီတို့ လူမျိုးများသည် လွန်စွာ ဒုက္ခကြီးစွာ ရောက်နေပါကြောင်းနှင့်အတူ မနေ့ညကမှ ပင်လယ်မှလာသော ဒုက္ခသည်ဆိုသူ ဘင်္ဂါလီ စက်လှေများ ၁၀ စီးကျော် ကမ်းကပ်ခွင့်ရခဲ့ကြောင်း။ ရှေ့ရက်တွေက ကမ်းမကပ်ရသဖြင့် ပင်လယ်ပြင်မှာ ဒုက္ခကြီးစွာ ဖြင့် စောင့်ဆိုင်းခဲ့ရကြောင်း များနှင့်တကွ လှေပေါ်မှ ဒုက္ခသည်များအကြောင်းကိုပါ ပြောပြရှာပါတယ်။ လှေတစ်စင်းမှာ လူ ၈၀ - ၁၀၀ ဝန်းကျင် ပါကြောင်းလည်း ပြောပြပါတယ်။ ဘာလို့ ကမ်းမကပ်ရတာလဲ ဆိုတော့ အစိုးရက တားထားလို့ပါတဲ့။ အခုရော ဘာလို့ ကမ်းကပ်ခွင့် ရခဲ့တာလဲ လို့မေးတော့ အန်တီတို့ ဆရာကြီးတွေရဲ့ ကျေးဇူးကြောင့်ပါတဲ့။ ဆရာကြီးတွေက ဘာလုပ်ပေးသလဲ ??? မေးတော့ သိန်း၅၀ စီ ထုတ်ပေးပါတယ်တဲ့။ သိန်း၅၀ပေးလို့ ကမ်းကပ်ခွင့် ရတာပါတဲ့။ သိန်း၅၀ ဆိုတာ လှေတစ်စင်းစီ အတွက်ပေးရတာလား အားလုံးပေါင်းအတွက် ပေးရလား မေးတော့ အဲ့လောက်ထိ အသေးစိတ် မသိပါဘူးတဲ့။ ပိုက်ဆံပေးမှ ကမ်းကပ်ခွင့် ရခဲ့တာပါတဲ့။ အဲ့ဒီဆရာကြီးတွေက အခု ဒီကမ့်ထဲက ဘာသာရေးခေါင်းဆောင်တွေလား လို့ မေးမြန်း ရာမှာ "မဟုတ်ပါဘူး အန်တီတို့ ဆရာကြီးတွေက ရန်ကုန်ကပါ ပိုက်ဆံအရမ်းရှိတဲ့ သူဌေးကြီးတွေ ခေါင်းဆောင်ကြီးတွေပါ။ အန်တီတို့ရဲ့ ဒုက္ခမှန်သမျှကို သူတို့ပဲ အမြဲတမ်း ဖြေရှင်းကယ်တင်ပေးနေကြပါ" လို့လည်း ပြောပြပါတယ်။
အဲ့ဒီ ပင်လယ်ပြင်က ဒုက္ခသည်အမည်ခံဝင်လာတဲ့ စက်လှေတွေကို ကျွန်မတို့နှင့် အတူတူ တစ်သားတည်း လိုက်ပါလာသော ကော်မရှင်ဥက္ကဌ ကိုယ်တိုင်က ကမ်းကပ်ခွင့်မပြု ဖို့နှင့် ကပ်လာပါက ပစ်ဖို့ပါ အမိန့်ပေးပြီး ဖြစ်တယ်လို့ သိထားခဲ့ပါတယ်။ ညဘက် တည်းခိုဆောင်ကနေ ပင်လယ်ဆီ လှမ်းကြည့်ရင်လည်း လှေမှ မီးရောင်ပြပြများကို ကြယ်သေးသေးလေးများသဖွယ် မြင်နေခဲ့ရပါတယ်။ အခု လှေတွေကမ်းကပ်ခွင့်ကို ဥက္ကဌက ခွင့်မပြုသေးကြောင်း သိရပေမယ့် ခွင့်ပြုသူက ပြုလို့ စက်လှေများ သဲချောင်းကမ့်ထဲကို အဲ့ဒီနေ့မနက် အာရုဏ်မတက်ခင် ဝင်ရောက်နိုင်ခဲ့ကြပါတယ်။
အန်တီ့အနေနဲ့ ကိုယ်တိုင်သော်လည်းကောင်း/ သမီးများကိုသော်လည်းကောင်း မယားငယ် သို့မဟုတ် မယားပြိုင် အဖြစ် နေလိုပါသလား/ခွင့်ပြု ပါသလား လို့ မေးရာမှာလည်း လုံးဝလက်မခံကြောင်း/ခွင့်မပြု ကြောင်းတွေ ပြောပြပါတယ်။ ဒါပေမယ့် ဖြေဆိုသူ အမျိုးသားများကတော့ မိန်းမတစ်ယောက်မက ရှိကြသူတွေ ဖြစ်နေကြတာကို သိရပြီး ထိုသို့ မယားများများရှိခြင်းအပေါ်လည်း အလွန်ကျေနပ်ဂုဏ်ယူနေဟန် အပြည့်ရှိပါတယ်။
အလုပ်သိမ်းလို့ ညဘက်မှာ တနေကုန်စာ ရီကော့ဒင်းတွေပြန်ဖွင့်နားထောင် လက်ရေးပြန်ကူးထည့် ကွန်ပျူတာထဲထည့် စတာတွေ လုပ်ကြရတဲ့အခါ အချင်းချင်း မေးမြန်းခဲ့တဲ့ အကြောင်းတွေကို ဖလှယ်ကြပါတယ်။ ဘင်္ဂါလီကမ့်က လူတွေရဲ့ အဖြေတွေဟာ တစ်ထပ်တည်း တူညီကြတာကို တွေ့ရပါတယ်။ သူတို့အကြည်ညိုဆုံး ပုဂ္ဂိုလ် ဆိုတာကလည်း ဆရာတော်ဦးဥတ္တမနဲ့ သမ္မတကြီး ဦးသိန်းစိန်ပဲ ဖြစ်ကြပါတယ်။ ဘာလို့ကြည်ညိုလဲ မေးရင် ဘာလို့မှန်းမသိဘဲကို တအားကြည်ညိုကြတာကို တွေ့ရပါတယ်။ မေးခွန်း အားလုံးအတွက် အဖြေတွေကို ကြိုတင်ပြီး ယိမ်းတိုက်သလိုတိုက်ကာ သင်တန်းပေးထား သကဲ့သို ဖြေဆိုထားကြပါတယ်။
ဖြေဆိုသူတွေထဲက အမျိုးသားတစ်ဦးဟာ မိန်းမ အယောက်၃၀ ရှိပြီး သားသမီး အယောက် ၇၀ ရှိပါတယ်။ အလုပ်က ကြုံ ရာကျဘမ်း အလုပ်သမားပါတဲ့။ ဒီအကြောင်းအရာတွေကို စုံစုံလင်လင် ကိုယ်တွေ့မြင်ခဲ့ ကြားခဲ့ သိခဲ့ အပြီးမှာတော့ ကျွန်မဟာ ဘယ်ဘင်္ဂါလီ ကလေး/လူကြီးတွေကိုမှ ဘာအခွင့်အရေးမှ မပေးသင့်သူတွေလို့ ပြောင်းလဲ ရှု့မြင်လာမိပါတော့တယ်။
ကျွန်မတို့က ဘင်္ဂါလီ ကလေးတွေကို ကလေးသူငယ်အခွင့်အရေး လူအခွင့်အရေး ထောက်ပံ့ကြေး ဘယ်လိုပဲ ပေးကြသည်ဖြစ်စေ ကျွန်မတို့နိုင်ငံ ပိုပိုနစ်နာထိခိုက်တာကလွဲပြီး သူတို့ ကလေးတွေအနေနဲ့လည်း ဘာမှ ရရှိမှာမဟုတ်ဘူးဆိုတာကို သိလာလို့ပဲ ဖြစ်ပါတယ်။
ဘင်္ဂါလီကလေးငယ်တွေအတွက် ကလေးသူငယ်အခွင့်အရေး ၊ သားသမီးအခွင့်အရေး လူ့အခွင့်အရေး ၊ ဆိုတာတွေနဲ့ ပျှော်ရွှင်ငြိမ်းချမ်းစရာ အနာဂတ်ဆိုတာဟာ ကျွန်မတို့က ပေးလို့မရဘဲ သူတို့မိဘတွေဆီကသာ တောင်းဆိုရမှာဖြစ်ပြီး မိဘတွေက ပေးမှသာ ရကြမှာ ဖြစ်တယ်ဆိုတာကိုလည်း သဘောပေါက် လာတာကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် မယားမှတ်မှတ်၊သားမှတ်မှတ် ပေါင်းမယ့် ချစ်မယ့် စောင့်ရှောက်ချစ်ခင်ယုယမယ့် ပညာသင်ပေးမယ့် ဖခင်တွေ ဖြစ်လာဖို့ စိတ်နေစရိုက်နဲ့ ခံယူချက်တွေကို ပြောင်းလဲပေးရမှာသာ ဖြစ်ပါတယ်။
ဖခင်တွေ မိခင်တွေရဲ့ စိတ်နေစရိုက် ပြောင်းလဲလာဖို့ ဆိုတာဟာ မိန်းမများများယူ ကလေးများများမွေးဆိုတဲ့ ခံယူချက်ဆိုးကြီးပါ စွန့်လွှတ်ပြီး ဇနီးမယားတစ်ယောက်ကိုသာ မယားမှတ်မှတ် ချစ်ချစ်ခင်ခင် သစ္စာရှိရှိ စောင့်ရှောက်ဖို့နဲ့ မိမိတို့ ဝင်ငွေအရ ကျွေးမွေး စောင့်ရှောက်နိုင်တဲ့ သားသမီးပမာဏကိုသာ မွေးဖွားရပါမယ်။ ကိုယ်စိတ်နဲ့ကိုယ် ကလေး ဘယ်နှစ်ယောက်ယူယူ ဒါဟာ လူ့အခွင့်အရေးလို့ အော်လို့မရပါဘူး။ လူ့အခွင့်အရေးဆိုတာဟာ တစ်ဖက်သားကို ထိခိုက်နစ်နာအောင် လုပ်ခွင့်ပေးမထားပါဘူး။
အခု ကလေးမွေးနိုင်သလောက် မွေးတယ် ဆိုတာဟာ မွေးဖွားလာတဲ့ ကလေးငယ်တွေရဲ့ လူသားအခွင့်အရေးကို နစ်နာစေရုံမကဘဲ ရိုက်ချိုးစော်ကားခြင်းသာ ဖြစ်ပါတယ်။ ဘင်္ဂါလီကလေးတွေဟာ ဘင်္ဂါလီမိဘများရဲ့ တာဝန်မဲ့မှုကြောင့် လူလိုသူလို မဝတ်ရ မစားရ ဘဝနဲ့ သိမ်ငယ်စိတ်တွေနဲ့ ကြီးပြင်အရွယ်ရောက်လာရ သလို ခေတ်ပညာ အတန်းပညာ သင်ကြားခွင့် တွေပါ အစစ အရာရာ ဆုံးရှုံးစေပါတယ်။ ဘင်္ဂါလီကလေးငယ်တွေရဲ့ လူသားဂုဏ်သိက္ခာ လူသားအခွင့်အရေးအတွက် ဘင်္ဂါလီလူမျိုးတွေရဲ့ အားတိုင်းမွေးတဲ့ အကျင့်ကို မြန်မာနိုင်ငံရဲ့ ဥပဒေများနှင့်အညီရော နိုင်ငံသားမဟုတ်သူ ဒုက္ခသည်များအတွက် သီးသန့်ထပ်မံပြဌာန်းချက်များ ထုတ်ပြန်၍သော်လည်းကောင်း စနစ်တကျ ထိထိရောက်ရောက် တားဆီးအရေးယူ ဆုံးမပေးဖို့ လိုကိုလိုအပ်နေပြီလို့ ကျွန်မယုံကြည်ပါတယ်။
ဆက်လက်ဖော်ပြပါမည်
.
#Credit #နေထက်ထက်
Copied from- Nyunt Tin
Comments
Post a Comment