ရေအကြောင်း

ရေနဲ့ပတ်သတ်လို့ ...
ရေသန့်နည်းပညာတွေနဲ့ပတ်သတ်လို့ ...
သိချင်တာတွေမေးနိုင်ပါတယ် ...

ကြိုးစားပြီး ပြန်ဖြေပေးပါ့မယ် ......

Page ကို Like ပေးဖို့မမေ့ပါနဲ့ ...
ရေအကြောင်းစိတ်ဝင်စားတဲ့ ...
သူငယ်ချင်းတွေဆီကိုလည်း ...
လက်တို့ပေးနိုင်ပါတယ် ...

= = = = = = = = = = = = = = =

ရေနဲ့ပတ်သတ်တဲ့မေးခွန်းတွေကို ...
တတ်နိုင်သလောက်ပြန်ဖြေနေပါတယ် ...

မေးလာတဲ့မေးခွန်းတွေကို ...
ဘာရေ ဘာ့ကြောင့် ဘယ်လို စသဖြင့် ...
ရေရာသေချာအောင် ပြန်မေးရပါတယ် ...
မေးပြီးလို့ ရေထဲမှာ ဘာတွေပျော်ဝင်နေသလဲ ...
စစ်ဆေးဖို့လိုတယ်လို့ လမ်းညွှန်လိုက်တာနဲ့ ...
အတော်များများ အသံတိတ်သွားကြပါတယ် ...
ရေစစ်ဆေးတဲ့ ကုန်ကျစရိတ်အပြင် ...
ကရိကထလည်းများလို့ထင်ပါတယ် ...

တကယ်တော့ ရွာတိုင်းနယ်တိုင်းမှာ ...
သောက်နေရတဲ့ တွင်းရေ ကန်ရေ ...
စိမ့်ရေ စမ်းရေ စတာတွေ ...
သောက်ရန်သင့်အနေအထားရှိမရှိကို ...
စစ်ဆေးသင့်ပါတယ် ...
ရာသီအလိုက်ကို စစ်ဆေးသင့်ပါတယ် ...

အဲဒီအတွက် ရွာတွေနယ်တွေမှာ ဆိုင်ရာက ...
ရွှေ့လျားဓါတ်ခွဲခန်းတွေ အသုံးပြုပြီး ...
အခမဲ့ စစ်ဆေးတာတွေ ပြုလုပ်ပေးသင့်ပါတယ် ...

ရေထဲမှာ ...
အနည်အမှုံအရောင်အနံ့တွေရှိနေရင် .
အခြေအနေကို သိသာနိုင်ပေမဲ့ ...
သိသာမှုမရှိတဲ့ ...
အခြားပျော်ဝင်နေမှုတွေလည်း ရှိနေနိုင်ပါတယ် ...

သောက်သုံးနေတဲ့ရေအရင်းအမြစ်တွေဟာ ...
မဖြစ်မနေ စစ်ဆေးပြီးသားဖြစ်ရပါမယ် ...

ရွာတွေနယ်တွေမှာ ...
သောက်ရေသန့်စနစ်တွေအတွက် ...
အချိန်ရသလို ဆက်ရေးပါမယ် ...

သောက်ရေသန့်လုပ်ငန်းကို ...
စိတ်ဝင်စားသူတွေမေးလာတဲ့အတွက် ...
လုပ်ငန်းမစခင်မှာ သိသင့်တာတွေကို ...
ပို့စ်အဖြစ်စုစည်းရေးထားပါတယ် ...

လက်ရှိ သောက်ရေသန့်လုပ်နေသူတွေရော ...
စွန့်ပစ်ရေဆိုးသန့်စင်နေတဲ့သူတွေပါ ...
မေးတာတွေရှိပါတယ် ...

အဲဒီမှာ သိရတာက ...
သောက်ရေသန့်စက်ရုံတည်ပြီးလုပ်နေသူအများစုဟာ ...
ကိုယ့်တွင်းကထွက်တဲ့ရေကြမ်းသဘာဝနဲ့ ...
ကိုယ့်စက်ရုံမှာ တပ်ဆင်ထားတဲ့ စက်ကိရိယာတွေ ...
သန့်စင်မှု အဆင့်ဆင့်ဆောင်ရွက်ချက်တွေကို ...
အသေအချာနားလည်ထားသူကအနည်းငယ်ပဲရှိပါတယ် ...

ထစ်ကနဲရှိ ထည့်ရလဲရပြန်ပြီ ...
အရေးထဲမှ စက်ကဖောက်နေပြန်ပြီ ...
အမှာတွေများတော့မှ မီးကပျက် စက်မောင်းကခွင့်ယူ ...
ဒါနဲ့ပဲ ပိုက်ဆံကလေးရလာလိုက် ပြန်ထည့်ရလိုက် ...

အာအိုမန်ဘရိမ်းက ဘယ်လောက်အသုံးခံသလဲ ...
အိုးထဲမှာ ထည့်ထားတာတွေကို ဘယ်တော့အသစ်လဲရမလဲ ...
စတဲ့မေးခွန်းတွေလည်း မေးကြပါတယ် ...

ရေသန့်စနစ်တစ်ခုရဲ့ သက်တမ်းဟာ ...
စက်ကို ကိုင်တွယ်မှောင်းနှင်နေသူရဲ့ လက်ထဲမှာရှိပါတယ် ...

ရေနဲ့ပတ်သတ်တာတွေ ...
သန့်စင်မှုစနစ်နဲ့ပတ်သတ်တာတွေ ...
စက်ကိရိယာတွေနဲ့ပတ်သတ်တာတွေ ...
လျှပ်စစ်သွယ်တန်းအသုံးချမှုဆိုင်ရာပတ်သတ်တာတွေ ...
အရည်အသွေးစစ်ဆေးမှုနဲ့ပတ်သတ်တာတွေမှာ ...

အချိန်မှန် မှတ်တမ်းတင်မှု ...
အချိန်မှန်စစ်ဆေးစမ်းသပ်မှု...
အချိန်မှန်ပြုပြင်ထိန်းသိမ်းမှုတွေ ဆောင်ရွက်ဖို့လိုပါတယ် ...

အတွေ့အကြုံအရ ဆယ်နှစ်သက်တမ်းထဲဝင်နေတဲ့အထိ ...
ဆက်တိုက်အသုံးပြုနေတဲ့ အာအိုမန်ဘရိမ်းတကယ်ရှိနေပါတယ် ...

ရေနဲ့ပတ်သတ်တဲ့ သိဖွယ်မှတ်ဖွယ်တွေကို ...
အချိန်ရရင်ရသလို ဆက်ရေးနေပါမယ် ...

အသုံးဝင်တဲ့ ဖတ်စရာလေ့လာစရာတွေကို ...
၀၉၇၇၄၉၉၉၉၁၄ ဗိုက်ဗာကနေ ပို့ပေးနေပါတယ် ...

နည်းပညာအကြောင်းဆွေးနွေးဖလှယ်တာကိုပဲ ...
အဓိကထားတဲ့ ပေ့ခ်ျဖြစ်လို့ ဈေးစကားပြောတာ ...
ကုန်ပစ္စည်းကြော်ငြာရောင်းဝယ်တာတွေ ...
တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ မလုပ်ပါဘူး ...

စက်ရုံတွေကို လာလည်ဖို့ဖိတ်ခေါ်တာတွေရှိပါတယ် ...
လာလည်ပါ့မယ် စက်ရုံရောက်တဲ့အခါ ..
မေးတာတွေကိုလည်း တတ်နိုင်သလောက်ဖြေပါ့မယ် ...

ရေနဲ့ ပတ်သတ်လို့ ...
သိချင်တာတွေ ဆက်မေးကြပါ ...
ကြိုးစားပြီး ပြန်ဖြေပေးပါ့မယ် ......

= = = = = = = = = = = = = = =

ဗီဒီယိုဖိုင်မှာ အပိုင်း(၅)ပိုင်းရှိပါတယ် ...

= = = = = = = = = = = = = = =

(၁)

(ရုပ်သံဖိုင်ကို မှီငြမ်းရေးထားတာဖြစ်ပါတယ်)

မြို့ပြအတွက် လိုအပ်တဲ့သောက်သုံးရေကို သန့်စင်စနစ်များမှနေစဉ်ထုတ်လုပ်ပါတယ် ...
နေရာဒေသအလိုက် ရေသန့်စင်စနစ်တွေကို ရွေးချယ်ရပါတယ် ...
ကျန်းမာရေးဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့အဆင့်ရောက်အောင်လည်း ထုတ်လုပ်ရပါတယ် ...
ရေအရင်းအမြစ်ကို မြစ် ချောင်း ကန် မြေအောက်ရေ စသဖြင့် ရယူပါတယ် ...
ရယူရာမှာလည်း သဘာဝအရင်းအမြစ်များကို အသက်ဆက်နိုင်အောင် သူတို့ပေးနိုင်တဲ့ပမာဏထက် ပိုမထုတ်ယူသင့်ပါဘူး ...

ရေအရင်းအမြစ်မှ ရေတွန်းစက်နဲ့ရယူပြီး ရေသန့်စနစ်ထဲကို ပို့လွှတ်ပါတယ် ...

ပထမဦးစွာ ရေထဲကအမှုံများကို အနည်ထိုင်စေပါတယ် ..
ပေါလောပေါ်ပါလာတဲ့ အရာများကို ဖယ်ထုတ်ပါတယ် ..
ထို့နောက်ရေထဲသို့ coagulant လို့ခေါ်တဲ့ ဓါတ်ကူပစ္စည်းကိုထည့်ပါတယ် ...
ဓါတ်ကူပစ္စည်းကြောင့် အနည်ထိုင်ဖို့မလွယ်တဲ့ အမှုံသေးလေးတွေဟာ တစ်ခုနဲ့တစ်ခုပူးကပ်လာပြီး အနည်ဖတ်ကြီးတွေ ဖြစ်လာပါတယ် ...
ကမ္ဘာ့ဆွဲအားကြောင့် အနည်ဖတ်ကြီးတွေ အနည်ထိုင်သွားပါတယ် ...

အပေါ်ယံရေကြည်တွေကို သန့်စင်မှုစနစ်ဆီ ဆက်ပို့ပါတယ် ...
ဒီအဆင့်မှာ အနည်စစ်ပါတယ် ပထမအဆင့်ရဲ့ အခရာအကျဆုံးအလုပ်ဖြစ်ပါတယ် ...
သဲကြမ်းသဲနုအလွှာတွေပါတဲ့ အနည်စစ်နည်းနဲ့ အနည်စစ်တာဖြစ်ပါတယ် ...
Activated carbon ကိုလည်း အလွှာတစ်ခုအဖြစ်နဲ့ ထည့်သွင်းအသုံးပြုလေ့ရှိပါတယ် ...

နောက် ရေကို Ozone ဓါတ်ငွေ့နဲ့ပိုးသတ်ပါတယ် ...
Ozone ကြောင့် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်တွေ ရှင်းသွားပါတယ် ...

နောက်ဆုံးအဆင့်မှာ ရေဖြန်ဖြူးရာပိုက်လိုင်းတလျှောက်မှာ ဘက်တီးရီးယား ဗိုင်းရပ်တွေ မပေါက်ဖွားနိုင်အောင် ကလိုရင်းဓါတ်ကူထည့်ပါတယ် ...

စနစ်ထဲမှာ အာရုံခံကရိယာများ ထည့်သွင်းတပ်ဆင်ပြီး ရေရဲ့ စံမီတဲ့အရည်အသွေးကို ထိန်းသိမ်းပါတယ် ...
လိုအပ်တာတွေ့ရင်လည်း ချက်ခြင်းပြုပြင်ပါတယ် ..
အဆင့်တိုင်းမှာ အာရုံခံကရိယာများ နဲ့ ချိန်ညှိခြင်းတွေကို လုပ်ပါတယ် ...

အားလုံးပြီးတဲ့အခါမှာတော့ သောက်ရန်သုံးရန်အသင့်ဖြစ်နေတဲ့ ရေကို ရပါပြီ ...

= = = = = = = = = = = = = = =

(၂)

စင်္ကာပူရဲ့နယူးဝါးတားတက်ကနော်လော်ဂျီ ...

စိန်ခေါ်မှုတွေကို အခွင့်အလမ်းအဖြစ် ပြောင်းလဲတဲ့နေရာမှာ
Singapore ရဲ့ New Water ဟာ တကယ့် နမူနာကောင်းဖြစ်ပါတယ် ...

အဆင့်မြင့်မြင့် သန့်စင်အားကောင်းကောင်း နဲ့ သုံးပြီးသားစွန့်ပစ်ရေတွေကို ...
ပြန်လည်သန့်စင်ရယူနိုင်တာဟာ ရေပုံပြင်ရှည်ကြီးထဲက အခရာကျတဲ့ ဆန်းသစ်မှုဖြစ်လာပါတယ် ...

New Water ဟာ ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုကို ...
အံတုနိုင်တဲ့ အရင်းအမြစ်က ရယူပါတယ် ...

စက်မှုလုပ်ငန်းတွေ နဲ့ အပူထိန်းညှိလုပ်ငန်းတွေ မှာ အဓိကအသုံးပြုပြီး ...
ရေလှောင်ကန်ကြီးများ ရဲ့ ရေလိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးပါတယ် ...

ရေရဲ့ အရည်အသွးကို သဲသဲလှုပ်တိတိကျကျလိုအပ်တဲ့ wafer fabrication လို့ခေါ်တဲ့
အဆင့်မြင့် အီလက်ထရောနစ်ထုတ်လုပ်ရေးမှာလည်း အများဆုံးအသုံးပြုပါတယ် ...

ဒါဟာ အရည်အသွေးအဆင့်မြင့်မှု နဲ့ အစမ်းသပ်ခံနိုင်မှုကို ပြသနေတာပါပဲ ...

New Water ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပါအဝင် ပညာရှင်များရဲ့ ...
စမ်းသပ်မှု အကြိမ်ပေါင်း တစ်သိန်းသုံးသောင်းကို ကျော်ဖြတ်နိုင်ခဲ့ပါတယ် ...

ထုတ်လုပ်ပုံအဆင့်ဆင့်ကတော့ ...

ဦးစွာ လူနေတိုက်ခန်းများမှ အသုံးပြုပြီးသားရေများကို ...
ရေဆိုးသန့်စင်စက်ရုံများမှာ သန့်စင်ပါတယ် ...
သန့်စင်ပြီးရေတွေကို New Water စက်ရုံများသို့ ပို့လွှတ်ပြီး ...
စေ့စပ်သေချာတဲ့ အဆင့်၃ဆင့် သန့်စင်မှုကို ထပ်မံဖြတ်သန်းကာ သန့်စင်ပါတယ် ...

ပထမအဆင့်မှာ Microfiltration စနစ်ထဲကို ဖြတ်သန်းစေပြီး ...
အနည်အမှုံများနဲ့ ဘက်တီးရီးယား ဗိုင်းရပ်ပိုးမွှားတွေကို ဖယ်ထုတ်ပါတယ် ...

ဒုတိယအဆင့်ကတော့ Reverse Osmosis စနစ်ပဲဖြစ်ပါတယ် ...
ရေမော်လီကျူးသာသာအပေါက်ကလေးများရှိတဲ့ ဇကာထဲကို ဖြတ်သန်းစေပြီး ...
ရေသီးသန့်ကို ထပ်မံဖယ်ထုတ်ပါတယ် ...

နောက်ဆုံးအဆင့်ကတော့ Ultravoilet Disinfection ခရမ်းလွန်ရောင်ခြည်ဖြင့် ...
ပိုးမွှားထပ်မံသန့်စင်ခြင်းပဲဖြစ်ပါတယ် ...

= = = = = = = = = = = = = = =

(၃)

ဗီဒီယိုထဲမှ စာကို ဆီလျှော်အောင်ပြန်ဆိုသည် ...
ကိုယ်သောက်နေတဲ့ရေ ဘယ်ကလာသလဲဆိုတာ တွေးမိကြရဲ့လား ...

ဒီ Savannah မြစ်ထဲက စတင်တယ်လို့သိလိုက်ရရင် အံသြသွားနိုင်တယ် ...
မိုင်ဝက်လောက်ရှည်တဲ့ တူးမြောင်းလေးဖောက်ပြီး ရေတွန်းစက်ဆီရောက်အောင်ရေကိုသွယ်ယူပါတယ် ...
ရေတွန်းစက်မှာ မြစ်ရေတွေကို ၂၆ပေအမြင့်ရောက်အောင်တွန်းတင်လိုက်ပါတယ် ...
ရေတွန်းအားက တစ်ရက်ကို ရေဂါလံ ၅၅သန်း ဖြစ်ပါတယ် ...

ရေတွန်းစက်ကနေ ကုန်းဆင်းလေးအတိုင်း လှောင်ကန်ရောက်အောင် နောက်ထပ်မိုင်ဝက်လောက် စီးလာရပါတယ် ...
ရေလှောက်ကန်ကတော့ ရေဂါလံ သန်း ၁၈၀လောက် ဆန့်ပါတယ် ...
လှောင်ကန်က ရေလှောင်တာအတွက်တင်မဟုတ် တောရိုင်းမျိုးစိတ်တွေရဲ့ ကျက်စားရာနေရာလည်း ဖြစ်နေပါတယ် ...

လှောင်ကန်မှရေတွေဟာ ရေသန့်စနစ်ရှိရာသို့ စီးသွားပါတယ် ...

ရေသန့်စင်တဲ့စနစ်ထဲ စဝင်ပါပြီ ...
ရေတွန်းစက်ကနေ အမြန်ရောမွှေကန်ထဲသို့ ရေတွေတွန်းပို့ပြီး ထုံး နဲ့ ကျောက်ချဉ်ကို ရေထဲ ရောမွှေလိုက်ပါတယ် ...
ထုံးကတော့ ရေရဲ့ pH တန်ဖိုးကို ထိန်းညှိဖို့အတွက်ဖြစ်ပြီး ကျောက်ချဉ်ကတော့ မျက်စိနဲ့မြင်ရဖို့ခက်တဲ့ အနည်အမှုံတွေကို ဖယ်ထုတ်နိုင်အောင်ဖြစ်ပါတယ် ...
ကျောက်ချဉ်နဲ့ရေ ရေနှောသွားတဲ့အခါမှာ အနည်မှုံအချင်းချင်း ပူကပ်သွားပြီး အဖတ်တွေဖြစ်လာကာ အနည်ထိုင်လာစေပါတယ် ...

ဓါတ်ခွဲခန်းထဲမှာလည်း ပညာရပ်ဆိုင်ရာတာဝန်ခံများက ကျောက်ချဉ်ထည့်ရမယ့် ပမာဏကို တိကျစေရန် စမ်းသပ်မှုများ ပြုလုပ်နေပါတယ် ...
ကျောက်ချဉ်ပမာဏ မှန်ကန်မှသာ အဖတ် Floc ဖြစ်နှုန်း ထိရောက်မှာ ဖြစ်ပါတယ် ...

အမြန်ရောအမွှေကန်ထဲက ထွက်လာတဲ့ ရောပြီးသားရေတွေကို အနည်ဖွဲ့ကန်ထဲမှာ အနှေးစီးစေပါတယ် ...
အနှေးစီးဆင်းစေခြင်းဖြင့် အချိန်နဲ့အမျှ အနည်ဖတ်တွေ ပိုကြီးထွားလာစေပါတယ် ...

ကြီးထွားလာတဲ့ အနည်ဖတ်ကြီးတွေဟာ အလေးချိန်တိုးလာပြီး ကန်အောက်ခြေကို အနည်ထိုင်လာပါတယ် ...
ဒီအခြေအနေရှိလာတဲ့ ရေတွေကို အနည်ထိုင်ကန်ထဲသို့ ပို့လိုက်ပါတယ် ...

အနည်ထိုင်ကန်ထဲရှိ အကန့်စောင်းလေးတွေက အနည်တွေကို အောက်သို့ ပိုမြန်မြန်ဆင်းသွားစေပြီး
အနည်လွတ်ရေတွေကို သီးသန့်ဖြစ်စေကာ အပေါ်ကျော်စီးဆင်းသွားစေပါတယ် ...

အောက်ခြေမှာ စုလာတဲ့အနည်တွေကို အနည်စု ဒလက်တွေနဲ့ လှဲယူစုပါတယ် ...
အနည်ထိုင်ကန် အောက်ခြေကနေလှဲယူလိုက်တဲ့ အနည်တွေကို အနည်ချကန်ထဲ ဆက်ပို့လိုက်ပါတယ် ..
အနည်လွတ်သွားတဲ့ ရေတွေကတော့ အနည်ထိုင်ကန်ကနေ အနည်စစ်ကန်ထဲသို့ရောက်သွားပါပြီ ...
ဒီအချိန်မှာ ရေထဲက အနည်တွေကို ၉၅ရာခိုင်နှုန်းအထိ ဖယ်ထုတ်ပြီးသား ဖြစ်သွားပါပြီ ...

အနည်စစ်ကန်ထဲမှာ သဲနဲ့အန်သရာစိုက် anthracite အလွှာတွေကို ဖြတ်စီးစေခြင်းဖြင့် ...
ရေထဲမှာ ကျန်ရှိနေတဲ့ အနည်အမှုံတွေကို စစ်ထုတ်လိုက်ပါတယ် ...

နောက်ဆုံးအဆင့်ကတော့ ပိုးသန့်တဲ့စနစ်ပဲဖြစ်ပါတယ် ...
ပိုးသန့်ဖို့အတွက် ကလိုရင်း ကို အသုံးပြုပါတယ် ...
ပိုးသန့်ပြီးသားရေကိုသာ ဖြန့်ချိရေးစနစ်ထဲ ပို့လွှတ်ပါတယ် ...

ဓါတ်ခွဲခန်းထဲက ပညာရှင်တွေကလည်း အဆင့်တိုင်းကနေ နာရီအလိုက် နမူနာယူထားတဲ့ ...
ရေတွေကို သတ်မှတ်စံနှုန်းငြိမ်ရှိမရှိ စမ်းသပ်လျှက်ရှိနေပါတယ် ...

တစ်ချိန်တည်းမှာပဲ ကွန်ပြူတာစောင့်ကြည့်စနစ်တစ်ခုကနေ မိနစ်တိုင်းမှာ အဆင့်တိုင်းရှိ ရေတွေကို အရည်အသွေးစောင့်ကြည့်နေပါတယ် ...
ရေချောထုတ်လုပ်မှု ပမာဏအပြောင်းအလဲပေါ်မူတည်ပြီး ဓါတ်ကူပစ္စည်းအတိုးအလျှော့ကို ပညာရှင်များက ချိန်ညှိပေးနေပါတယ် ...

ပြင်ထိန်းအဖွဲ့ကလည်း ဓါတ်ခွဲခန်းပစ္စည်းများကို လိုအပ်ချက်အတိုင်း ပြန်လည်ချိန်ညှိမှု ပြုလုပ်ပေးပြီး ...
လုပ်ငန်းသုံးပစ္စည်းများကိုလည်း စစ်ဆေးပြုပြင်အစားထိုးခြင်းများ ပြုလုပ်လျှက်ရှိနေပါတယ် ...

အစကနေ အဆုံးအထိ အဆင့်ဆင့်ကို စက္ကန့်မလပ် မိနစ် နာရီ ရက် မလပ် ဆက်တိုက် ဆောင်ရွက်နေတာဖြစ်ပါတယ် ...

သင့်အတွက် ကြည်လင် စိတ်ချ သန့်ရှင်းသော ရေ ရပါပြီ ...

= = = = = = = = = = = = = = =

(၄)

မြူနီစပယ်အဆင့် ရေသန့်နည်းဆိုတာဒီလို ...

ရေပိုက်ခေါင်းကနေ ...
ရေကြည်ကြည်လေးထွက်လာရင် ...
အံ့ဩနေမှာ မဟုတ်လား ...

ဒီလိုရေကြည်ကြည်လေးဆိုတာ ...
သဘာဝအလျှောက်ရလာတာမဟုတ်ပါဘူး ...
သန့်စင်မှုအဆင့်ဆေင့်တွေကို ...
စေ့စေ့စပ်စပ်နဲ့ ဂရုတစိုက်ဖြတ်သန်းလာပြီးမှ ...
ရေကြည်ကြည်ရလာတာဖြစ်ပါတယ် ...

စပြောရရင်တော့ ...
ဆည်ထဲကရေတွေကိ ရေစုကန်ထဲမှာ ...
ဇကာကျဲ ဇကာစိပ် အဆင့်ဆင့်ဖြတ်ပြီး အရင်စုပါတယ် ...

စုပြီးသားရေတွေကို Aeration Process လုပ်ပြီး ...
ရေသန့်စနစ်ရှိရာသို့ပို့ပါတယ် ...

Aeration Process ဆိုတာ ...
ရေတွေကို ပြင်ပလေနဲ့ ထိနိုင်သမျှ ထိတွေ့မှုရှိအောင် ...
လုပ်ပေးတာပဲဖြစ်ပါတယ် ...

ဒီလိုလေနဲ့ထိတွေ့ပေးခြင်းအားဖြင့် ...
ရေထဲမှာပျော်ဝင်နေတဲ့ ဓါတ်ငွေ့များ ...
ပြန်ထွက်သွားစေမှာဖြစ်ပါတယ် ...

နောက်တစ်ဆင့်ကတော့ ...
Softening Process ပဲဖြစ်ပါတယ် ....
ရေစေးကို ရေသွက်လုပ်ခြင်းပါပဲ ...

ရေစေးဟာ ရေပိုက်ထဲမှာ အနည်ကပ်ဂျိုးတည်တာကို ...
ဆိုးဆိုရွားရွားဖြစ်စေပါတယ် ...

Slaked Lime (ကယ်လဆီယမ်ဟိုက်ဒြောဆိုဒ်) ...
နဲ့ Soda Ash (ဆိုဒီယမ်ကာဗွန်နိတ်) ကို
ရေထဲရောထည့်ခြင်းဖြင့် ရေစေးဖြစ်စေတဲ့ ...
ကယ်လဆီယမ်နဲ့ မက်ဂနီဆီယမ်ကို အနည်ချ ဖယ်ထုတ်ပါတယ် ...

နောက် ရေကို Coagulation Process ဆီပို့ပါတယ် ...

ရေထဲမှာ အနည်ထိုင်ဖို့ခက်နေတဲ့ ...
အနည်အမှုံလေးတွေမှာ သဘာဝအလျှောက် ...
အမဓါတ်အား ဖြစ်ပေါ်နေလေ့ရှိပါတယ် ...

သဘာဝတူ အမဓါတ်အားကြောင့် ...
အမှုံတစ်ခုနဲ့တစ်ခု တွန်းကန်နေကြကာ ...
အနည်မထိုင်နိုင်ခြင်းဖြစ်ပါတယ် ...

အမှုံတွေကိ ဓါတ်ပြယ်စေတဲ့ Coagulant တွေ ...
ထည့်ရောလိုက်ခြင်းအားဖြင့် အမှုံတွေ ဓါတ်ပြယ်ကာ ...
တစ်မှုံနဲ့တစ်မှုံတွဲကပ်လာပါတယ် ...

တွဲကပ်လာနိုင်အောင် Flocculation Process ကို ...
ဖြတ်ရပါတယ် ...

တစ်မှုံနဲ့ တစ်မှုံတွဲကပ်ပြီး အနည်ကျလာပါတယ် ...
အနည်ကျလာတာတွေကို Floc လို့ခေါ်ပါတယ် ...

ပြီးရင် ရေကို ညင်သာစွာ စီးဆင်းစေပြီး ...
Sedimentation Process ထဲ စီးဝင်စေပါတယ် ...
အနည်ချခြင်းပဲဖြစ်ပါတယ် ...

ဒီအဆင့်မှာတော့ အနည်တွေဟာ ...
အောက်ခြေမှာ စုသွားပါပြီ ...

ရေကို Filtration Process ဆီ ဆက်ပို့ပါတယ် ...

ရေစစ်ခြင်းအဆင့်ပါပဲ ...
ကျောက်စရစ် သဲ နဲ့ အန်သရာဆိုက် အလွှာများပါဝင်တဲ့ ...
ရေစစ်က လက်ကျန်အမှုံအမွှားတွေကို စစ်ထုတ်ပါတယ် ...

ဒါဆို Disinfection Process ကိုရောက်သွားပါပြီ ...
ပိုးမွှားသန့်စင်ခြင်းအဆင့်ဖြစ်ပါတယ် ...
ကလိုရီနေးရှင်း အဆင့်လို့လဲခေါ်ပါတယ် ...

ကလိုရင်းဓါတ်ငွေ့ဟာ ရေထဲကို ပြန့်နှံ့ဝင်ရောက်သွားပြီး ...
ဟိုက်ဒြိုကလိုရပ်အက်ဆစ်အဖြစ်ပြောင်းကာ ...
ပိုးမွှားတွေကို သန့်စင်ပါတော့တယ် ...

ရေကို ကန်ထဲမှာ လှည့်လည်စီးဆင်းစေခြင်းဖြင့် ...
ကလိုရင်းဖြင့်ပိုးသန့်စင်ခြင်းနည်းလမ်းကို စေ့စေ့စပ်စပ် ...
လုပ်ရပါတယ် ...

ဒီအဆင့်ကထွက်လာတဲ့ ရေကို ...
သတ်မှတ်ထားတဲ့ နှုန်းအတိုင်း ဖလိုရိုက် Fluoride နဲ့ ...
ရောသမမွှေလုပ်ပေးရပါတယ် ...
ဖလိုရိုက်က သွားနဲ့အရိုးတွေအတွက် လိုအပ်ပါတယ် ...

ရေက ဖြန့်ဖြူးဖို့ အသင့်ဖြစ်သွားပါပြီ ...
သောက်မလား သုံးမလား ...
စိတ်ချနိုင်တဲ့ ရေကြည်ကြည်ရသွားပါပြီ ...

(သက်ဆိုင်ရာ ဒေသအလိုက်
ပညာရှင်များက နည်းလမ်းသတ်မှတ်ထားသော
မြူနီစပယ်အဆင့်များရှိကြသည်
ယခုတစ်နည်းတည်း မဟုတ်ပါ)

= = = = = = = = = = = = = = =

(၅)

စွန့်ပစ်ရေဆိုးသန့်စင်စက်ရုံ ...
စွန့်ပစ်ရေဆိုးမှန်သမျှကို သန့်စင်ပြီးမှ ...
မြစ်ချောင်းပတ်ဝန်းကျင်ကို ထုတ်လွှတ်နိုင်ပါတယ် ...

Comments

Popular posts from this blog

ရခိုင်သမိုင်း

အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ