ဘဝကို ဘာနဲ့ပေါင်းချင်လဲ

ဘဝကို ဘာနဲ့ပေါင်းချင်လဲ
================

ဘဝကို အတ္တနဲ့ ပေါင်းကြည့်လိုက်တော့
နောက်ဆုံး အထီးကျန်တယ်

ဘဝကို လူတွေနဲ့ ပေါင်းကြည့်တော့
သင်္ခန်းစာတွေ ကျန်တယ်

ဘဝကို အမှားနဲ့ ပေါင်းကြည့်တော့
နောက်ဆုံး နောင်တတွေ ကျန်တယ်

ဘဝကို ပျော်စရာတွေနဲ့ ပေါင်းကြည့်တော့
နောက်ဆုံး ဒုက္ခတွေ ကျန်တယ်

ဘဝကို မာနနဲ့ ပေါင်းကြည့်တော့
နောက်ဆုံး မြေကြီးပဲ ကျန်တယ်

ဘဝကို အချစ်နဲ့ ပေါင်းကြည့်တော့
နောက်ဆုံး ဘဝပဲ ပြန်ကျန်တယ်

ဘဝကို စာပေနဲ့ ချဉ်းကပ်ကြည့်တော့
ရသမြောက်တဲ့ ကဗျာတွေ ကျန်တယ်

ဘဝကို ကောင်းခြင်းဓမ္မနဲ့ ပေါင်းကြည့်တော့
နောက်ဆုံး အသိဉာဏ်တွေ ကျန်တယ်

ယင်းအသိကို အကျင့်နဲ့ ပေါင်းကြည့်တော့
ဘာဆို ဘာမှ မကျန်တော့ဘူး

နောက်ဆုံး
ဘဝကို နေဝင်ချိန်နဲ့ ပေါင်းကြည့်လိုက်တော့

အထီးကျန်တဲ့သူရယ်
နောင်တ ကျန်တဲ့သူရယ်
အသိကျန်တဲ့ သူရယ်
ဘဝ ကျန်တဲ့သူရယ်
ဘာမှ မကျန်တဲ့ သူရယ်ပါပဲ ။

Crd

Comments