စူဠသုဘဒ္ဒါ မုန်းခဲ့တာမဟုတ်​ပါဘူး


​ပြောရက်​ကြတယ်​...
အစွယ်​လိုသူမိဖုရားတဲ့လား....
ကျမတကယ်​လိုချင်​ခဲ့တာက
မင်း​ဆဒ္ဒန်​ရဲ့အချစ်​တစ်​ခုတည်းရယ်​ပါ...

အင်​ကြင်းပန်းမှာ ခါချဉ်​​လေးကပ်​ရုံနဲ့
ကမ္ဘာအဆက်​ဆက်​
သုဘဒ္ဒါမုန်းရက်​ခဲ့တာမဟုတ်​ပါဘူး

ပြိုင်​ဘက်​နဲ့ ယှဉ်​ရင်​ အချစ်​​တွေအကုန်​အစင်​မရခဲ့လို့
သုဘဒ္ဒါရင်​မှာ နာကျင်​​ကြေကွဲခဲ့ရတာပါ....
ဒါ​တွေကို ရှင်​နားလည်​ရဲ့လား မင်း​ဆဒ္ဒန်​....

ဟိမဝန္တာ ​တောင်​စဉ်​ခုနစ်​ထပ်​မှာ
ကျမဟာ ရှင့်အတွက်​ဆို အသက်​​ပေးဖို့လည်း
အဆင်​သင့်ဖြစ်​ခဲ့ပါရက်​နဲ့
ဘဝတစ်​ခုလုံး​ပေးဆပ်​ချစ်​ခဲ့တာ​တောင်​
ရှင်​ပြန်​​ပေးခဲ့တဲ့ ချစ်​ခြင်း​မေတ္တာက ဒုတိယ တဲ့လား....

ဟင့်အင်း...
ပထမချစ်​ခြင်းမဟုတ်​ရင်​ ဒုတိယအဖြည့်ခံ​တော့
ဘယ်​မိန်းမသားကမှ မဖြစ်​ချင်​ဘူး....

မဖြစ်​နိုင်​ဘူး မင်း​ဆဒ္ဒန်​...
မဖြစ်​နိုင်​​တော့ပါဘူး...

ဒုတိယ ဆိုတာ ဘယ်​လိုနည်းနဲ့မှ
မဖြစ်​နိုင်​ခဲ့ပါဘူး မင်း​ဆဒ္ဒန်​ရယ်​...
ကျမ ရှင့်ကို စိတ်​နာတယ်​....

ဟိမဝန္တာ လွမ်းရိပ်​မြိုင်​မှာ အမုန်း​တွေ
တစ်​သီတစ်​တန်းနဲ့ ကျမ ကျဆုံးခဲ့တာမဟုတ်​ဖူး....

အပယ်​ခံတစ်​​ယောက်​လို နာကျင်​မှုမျိုးနဲ့
ကိုယ့်အချစ်​ကို အဆိပ်​ခတ်​ပြီး
ယိုင်​နဲ့နဲ့နှလုံးသားတစ်​စုံကို ဖက်​တွယ်​ရင်း
ရှင်​ပ​စ္စေကဗုဒ္ဓါထံမှာ ကျမဆုပန်​ခဲ့မိတာပါ...

ရှင့်စိတ်​ထဲထင်​ခဲ့ချင်​ ထင်​ခဲ့မယ်​...
သုဘဒ္ဒါဟာ အငြိုးကြီးတဲ့...အမျက်​ကြီးတဲ့...
​ဒေါသကြီးတဲ့ မိန်းမရယ်​လို့....
ရှင်​ထင်​ချင်​သလိုသာ ထင်​ပါ​တော့မင်း​ဆဒ္ဒန်​ရယ်​...

ဒီ​လောကကြီးတစ်​ခုလုံးကို
မြေလှန်​​ပြီး​မေးကြည့်စမ်းလှည့်ပါ..
ကိုယ့်ချစ်​သူထံက ဦးစား​ပေးအချစ်​ခံချင်​တဲ့
မိန်းမဆိုလို့ ကျမတစ်​​ယောက်​တည်းရှိခဲ့တာများလားလို့....

ရှင့်အတွက်​​တော့ ခါချဉ်​​လေးတစ်​​ကောင်​...ဆို​ပေမယ့်...
ကျမအတွက်​​တော့ နာကျင်​ခြင်း
မြင့်မိုရ်​​တောင်​ကြီးပါ​ပဲလေ...
ဆင်​ရှစ်​​သောင်းစု​ပေါင်း​နေတဲ့
မင်းရင်​ပြင်​ထက် ရှင်​​ပေးတဲ့ပန်းတစ်​ခက်​က
အများအလယ်​မှာ အရှက်​ရ​စေခဲ့တယ်​ဆိုတာ
ရှင်​ကမှသတိမထားမိခဲ့ပဲ...

မျက်​ရည်​ဝဲဝဲနဲ့ အံကြိတ်​ပြီး ခံရခက်​ခဲ့တယ်​ဆိုတာ
ရှင်​ထင်​သလို ခါချဉ်လေးပါတဲ့
အင်​ကြင်းပန်းတစ်​ခက်​ ​ကြောင့်မဟုတ်​ပါဘူး...

မဟာသုဘဒ္ဒါအ​ပေါ် ရှင့်ရဲ့
အ​ရေး​ပေးမှု​အောက်​မှာ
ကျမ ကမ္ဘာကြီး မူး​နောက်​ပြာကျခဲ့ရတာပါ​လေ..

ရှင်​သိ​အောင်​ ထပ်​​ပြောခဲ့မယ်​မင်း​ဆဒ္ဒန်​....
ပထမ စူဠသုဘဒ္ဒါ မဟုတ်​ခဲ့ဖူးဆိုရင်​
ဒုတိယ မဟာသုဘဒ္ဒါ​တော့
ဘယ်​မိန်းမက မဖြစ်​ချင်​ခဲ့ဘူးဆိုတာ
တစ်​​နေ့​နေ့​တော့ ရှင်​နားလည်​လာမှာပါ....

ဟင့်အင်း....
ရှင်​အထင်​မလွဲပါနဲ့...
အစွယ်​လိုသူမိဖုရား မဟုတ်​ခဲ့ပါဘူး...
ရှင့်အချစ်​တစ်​ခုတည်းကိုပဲ လိုချင်​ခဲ့တာပါ....

ဘဝချင်းမတူ​အောင်​ သံသရာခြားနားခဲ့​ပေမယ့်
ကျမ နှလုံးသားက ရှင့်ကိုပဲစူးစူးနစ်​နစ်​
ချစ်​ခဲ့မိတာပါ မင်းဆဒ္ဒန်​ရယ်​

ရှင့်အစွယ်​ကို နား​ဋောင်းပန်​ဆင်​လိုတယ်​
ဆိုတာလည်း
ကျမမှာ အ​ကြောင်းအရင်း​တွေရှိပါတယ်​.

ဟိမဝန္တာ အင်​ကြင်း​တောမြိုင်​ယံမှာ
ရှင့်ရဲ့သက်​ဆိုင်​သူဖြစ်​ခဲ့တဲ့ ကျမကို
ရှင်​ခုချိန်​ထိ သတိတရရှိ​သေးရဲ့လား
ဆိုတာ ကျမသိချင်​တယ်​...
သတိတရနဲ့လွမ်းဆွတ်​တမ်းတမှုမျိုးကိုလည်း ကျမလိုချင်​မိတယ်​....

ဘဝချင်းခြားခဲ့တာ​တောင်​ ချစ်​အားမ​လျော့ခဲ့တဲ့
ကျမနှလုံးသားကို ရှင်​ ​လျှော့မတွက်​ပါနဲ့ မင်း​ဆဒ္ဒန်​...

တစ်​ဖတ်​သတ်​ဆိုရင်​​တောင်​ ကျမက ​ကျေ​ကျေနပ်​နပ်​ကြီး
သံသရာအဆက်​ဆက်​ ယူသွားအုံးမှာမို့လို့ပါ...
ဟုတ်​တယ်​...ကျမရှင့်ကို အဲ့​လောက်​ထိချစ်​တယ်​....

ဒါ​ပေမယ့်....
နားလည်​မှုလွဲမှားခြင်းရဲ့ ဆုလဒ်​​တွေ​ကြောင့်
ကျမဟာ မိန်းမရိုင်းကြီး သုဘဒ္ဒါဖြစ်​ခဲ့ရတာပါ
မင်းဆဒ္ဒန်​ရယ်​.....

ရှင့်အစွယ်​ကို နားဋောင်းပန်​ဆင်​လိုတယ်​လို့ ​
သောနုတ္ထိုရ်​ကို ကျမမှာကြားလိုက်​တယ်​ဆို​ပေမယ့်....

အစွယ်​ကို အာ​ခေါင်​ရင်းက ဖြတ်​ခဲ့ရမယ်​လို့
ကျမမမှာခဲ့မိဘူး...အမိန့်လည်းမ​ပေးခဲ့ပါဘူး....

နား​ဋောင်းလုပ်​ဝတ်​လို့ရမယ့်
ရှင့်ရဲ့အစွယ်​အဖျား​လေး​လောက်​ပဲ
ကျမကလိုချင်​ခဲ့မိတာပါ...

ရှင်​အနားမှာ ရှိ​နေမ​ပေးရင်​​တောင်​
ရှင့်ရဲ့အ​သွေးအသား​လေးတစ်​ခု ကျမအနားမှာ
အ​ဖော်​ပြု​နေရုံနဲ့ ကျမနှလုံးသားကို နှစ်​သိမ့်ချင်​လို့ပါ....

ရှင်​သာ ကျမကိုတကယ်​ချစ်​ရင်​ နား​ဋောင်းတစ်​ဆင်​စာ
အစွယ်​အဖျား​လေး​တော့
ရှင်​ကျမကို ​ပေးနိုင်​မှာပဲမဟုတ်​လား....

ခု​တော့....
မုဆိုး​လျှောက်​တင်​သမျှကို မစဉ်းစားမဆင်​ခြင်​ပဲ
ရှင်​က အာ​ခေါင်​ရင်းကိုလွှနဲ့ထိုး ဆိုးရွားတဲ့​ဝေဒနာကိုအံတုလို့ မိန်းမဆိုးအမုန်း ဒီဘဝဒီမျှနဲ့ တုံး​စေ​တော့ဆိုပြီး လက်​လွတ်​စပယ်​ ကျမ​ကြောင့် ရှင်​​သေပွဲဝင်​ရတယ်​တဲ့​လေ...

ကျမက မှားခဲ့တယ်​ဆို​ပေမယ့်...
ရှင်​က မိုက်​ခဲ့တယ်​ မင်း​ဆဒ္ဒန်​....

နား​ဋောင်းတစ်​ဆင်​စာ ပမာဏဟာ
အာ​ခေါင်​ရင်းက​​နေဖြတ်​ချမှ ရမှာမို့လို့လား...

မုဆိုးတင်​သမျှကို ကြားရပြီး
စိတ်​နာတဲ့ ​လေသံနဲ့
မိန်းမဆိုးအမုန်း ဒီဘဝဒီမျှနဲ့တုံး​စေ​တော့လို့ ​ပြောရင်း
ရှိရှိသမျှအပြစ်​​တွေကို ကျမအ​ပေါ်ပဲစုပုံရက်​ခဲ့တယ်​....

ကျမ မှာ​တော့ မုဆိုးထမ်းလာတဲ့ ရှင့်အစွယ်​​ဖွေး​ဖွေးကို
ခပ်​​ဝေး​ဝေးကလှမ်းမြင်​ရတည်းက
အရာရာဟာ လွဲမှားစွာ မှားယွင်းခဲ့ပြီလို့ သိလိုက်​ပြီး
​သောကအ​ပေါင်းဟာ ဖိစီးထိုးနှက်​ခဲ့ပါတယ်​....

​နောက်​ဆုံးထွက်​သက်​​တွေအထိ
နာကျင်​ခံခက်​တဲ့ ​လေသံနဲ့ ရှင်​ ကျမကို ​ပြောရက်​ခဲ့တဲ့
မိန်းမဆိုးအမုန်း ဒီဘဝဒီမျှနဲ့တုံး​စေ​တော့...
ဆိုတဲ့စကားဟာ ကျမက ရှင့်ကို တမင်​မုန်းလို့ပဲ
သတ်​​စေခဲ့သလိုပါပဲလား....

မဟုတ်​ရပါဘူးမင်း​ဆဒ္ဒန်​ရယ်​....
အစွယ်​​လေး နား​ဋောင်းတစ်​ဆင်​စာ ပဲလိုချင်​ခဲ့တာပါ...

အာ​ခေါင်​ရင်းက​နေ ​သွေး​မြေကျ ဖြတ်​​ပေးဖို့ ကျမက
ဘယ်​လိုနှလုံးသားမျိုးနဲ့ ရှင့်ကိုရက်​စက်​နိုင်​မှာတဲ့လဲ...

မိုက်​လိုက်​တာ မင်း​ဆဒ္ဒန်​ရယ်​....

နာကျည်းချက်​​တွေနဲ့ ရှင်​က ကျမကို နှုတ်​ဆက်​ခဲ့တယ်​​ပေါ့....

မျက်​နှာ​ငွေလ ရွှင်​ပျပျနှင့် သခင်​မ...ဝမ်း​မြောက်​ပါ​လေ​တော့တဲ့လား....

​ပြောရက်​လိုက်​တာ ​မောင်​​တော်​မင်း​မင်း​ဆဒ္ဒန်​ရယ်​....

နား​ဋောင်းတစ်​ဆင်​စာ​လေးအတွက်​ အာ​ခေါင်းရင်းက​နေ
ဖြတ်​ယူခဲ့တဲ့ မုဆိုးမိုက်​​ကြောင့် လွဲမှားတဲ့ သံသယ​တွေနဲ့
သုဘဒ္ဒါ နှလုံးသားဟာ ​သွေး​မြေကျခဲ့ရပါပြီ​လေ....

မျက်​နှာ​ငွေလ မဟုတ်​ခဲ့ပါဘူးမင်း​ဆဒ္ဒန်​...
သုဘဒ္ဒါ မျက်​နှာတစ်​ခုလုံး တိမ်​ဖုံးပြီး လမိုက်​ခဲ့ရပါပြီ...

သခင်​မ...ဝမ်း​မြောက်​​စေချင်​တဲ့ ရှင့်ဆု​တောင်း​တွေလည်း
မပြည့်နိုင်​​တော့ပါဘူး...

နှမ​တော်​ရဲ့ နှလုံးသည်းပွတ်​ဖြစ်​တဲ့
ရှင့်ကို ​သေ​အောင်​သတ်​မိခဲ့သလို
ဖြစ်​သွားခဲ့တဲ့အတွက်​ ကျမ ဘယ်​လိုနည်းနဲ့မှ
ရွှင်​ရွှင်​ပျပျ ​​ပျော်​မ​နေရ​တော့ပါဘူး..

အခု.....
နှမ​တော်​ အသည်းစိုင်​တစ်​ခုလုံး ကွဲအက်​ ပျက်​စီးပြီး ကံ​တော်​ကုန်​လု​နေပါပြီ....မင်း​ဆဒ္ဒန်​...

မနက်​ဖြန်​​တွေအဆက်​ဆက်​ ​နောက်​ထပ်​
ရှိခဲ့အုံးမယ်​ဆိုရင်​​တော့...
ရှင့်ရဲ့ သံသယ​တွေအတွက်​ ရှင်းပြခွင့်ရလိုက်​ချင်​ပါတယ်​​လေ...

တကယ်​ဆို ကျမရင်​ထဲက ချစ်​ခြင်း​မေတ္တာကို ရှင်​မမြင်​ပဲ
မိန်းမိရိုင်းကြီးရဲ့ အမုန်းလို့ပဲ ရှင်​က ထင်​ခဲ့တာကိုး....

ရှိပါ​စေ​တော့ မင်း​ဆဒ္ဒန်​ရယ်​...
ရှိပါ​စေ​တော့...
ဒီဘဝ ဒီမျှနဲ့ပဲ ရှိပါ​စေ​တော့​လေ...

တကယ်​ဆိုရင်​.....
ကျမက....မှားခဲ့တယ်​ဆို​ပေမယ့်
ရှင်​က......မိုက်​ခဲ့ပါတယ်​မင်း​ဆဒ္ဒန်​.....

ဘာလို့လဲဆို​တော့...
မိန်းမသားဆိုတာ....ကိုယ့်ချစ်​သူရဲ

ပထမ.......စူဠသုဘဒ္ဒါ မဟုတ်​ခဲ့ရဘူးဆိုရင်​
ဒုတိယ.....မဟာသုဘဒ္ဒါ ​တော့

ဘယ်​​တော့မှ အဖြစ်​မခံချင်​ကြဘူးဆိုတာ
ဟိမဝန္တာ ​တောမြိုင်​ယံမှာ ဆင်​အ​ ​ပေါင်းခြံရံပြီး စိုးစံခဲ့တဲ့
မင်း​ဆဒ္ဒန်​ဧကရာဇ်​ ကြီးမှ မသိခဲ့တာကိုး......

တကယ်​​တော့ သုဘဒ္ဒါ​ဆိုတဲ့ နှမ​တော်​က
​မောင်​ကြီးမင်းဆဒ္ဒန်​ကို မုန်းခဲ့တာ မဟုတ်​ပါဘူး
အချစ်​ကြီးချစ်​ခဲ့မိတာပါ မင်းဆဒ္ဒန်​ရယ်​....
#Crd

Comments

Popular posts from this blog

ရခိုင်သမိုင်း

အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ