Posts

Showing posts from January, 2019

သမိုင်း

ဗမာ(မြန်မာ)တွေက ဗမာတပ်မတော်ကြီးက လွတ်လပ်ရေးယူပေးခဲ့တယ်လို့ ထင်နေတယ် ************************************* * သမိုင်းလေး ပြောပြမယ်။ ဗမာ(မြန်မာ) ဘုရင် သီပေါမင်း အဖမ်းခံရတယ်။ အင်္ဂလိပ် ကိုလိုနီဖြစ်သွားတယ်။ ဗမာ(မြန်မာ)ကို အင်္ဂလိပ်က စစ်သားဖြစ်ထိုက်တယ်လို့ မယုံဘူး။ ခိုက်ရန်ဒေါသကြီးတယ်၊ အရက်သောက်မိရင် သွေးဆိုးတယ်၊ အဆင်အခြင်မရှိ တဇွတ်ထိုးလုပ်တတ်တယ်၊ ဒါကြောင့် အုပ်ချုပ်ရခက်တယ်လို့ ဆိုတယ်။ ကရင်၊ ကချင် နဲ့ ချင်းပဲ အမှုထမ်းခွင့်ရတယ်။ * ပထမကမ္ဘာစစ်အစမှာ    ဗြိတိသျှအိန္ဒိယတပ်မတော်မှာ 70th Burma Rifles အမှတ် ၇၀ ဘားမားရိုင်ဖယ်ဆိုတာ ဖြစ်လာတယ်။ ကရင်၊ ကချင် နဲ့ ချင်းပဲ အမှုထမ်းခွင့်ရတယ်။ * ဒါပေမယ့် ပထမကမ္ဘာစစ်အတွင်းမှာ လိုအပ်ချက်အရ  85th Burma Rifles အမှတ် ၈၅ ဘားမားရိုင်ဖယ်ဆိုတာ ဖွဲ့ပေးတယ်။  ဗမာ(မြန်မာ)တွေ  စက်ပြင် မိုင်းရှာ ပစ္စည်းသယ် လုပ်ခွင့်ရတယ်။ ဘားမားစပ္ပား မိုင်နားအဖွဲ့ Burma Sappers and Miners ဆိုပြီး တပ်ရင်း ၃ ခု ၊ ဗမာအလုပ်သမား Labour Corps  တပ်ဖွဲ တဖွဲ့ပေးတယ်။ ဒါကလဲ မိုင်းရှာ လမ်းဖောက် တံတားဆောက်ဖို့ပါ။ *  အင်္ဂလိပ်တွေက အမှတ် ၇၀ ဘားမားရိုင်ဖယ်ကို အီဂျစ်ပို့၊ ဗမာအလုပ်သမား တပ်ဖွဲ့ကို ပြင်သစ်ပို့၊ ဘားမား

းအလှအပ

Image

AA ကိုအမြစ်ဖြတ်မယ်ဆိုသူတွေဖတ်ဖို့

AA ကိုအမြစ်ဖြတ်မယ်ဆိုသူတွေဖတ်ဖို့ ********************************************** (မူရင်းစာရေးဆရာအား လေးစားစွာခရက်ဒေ့တ်ပေးပါသည်) AA ကိုလျှော့တွက် သူများအတွက် """""""""""""""""""""""""""""""""""" wall ကို လျှောက်မွှေလိုက်တော့ ပြောချင်တာတွေ တစ်ပုံကြီးရလာတယ်။ မြင်ရတာကတော့ တကယ်ပဲ ရခိုင်လူထုဟာ အချိန်ကိုက် ပေါက်ကွဲတော့မယ့် ဗုံး တစ်လုံး အနေအထား။ သူတို့ ဆုံးရှုံးရတာတွေ၊ နာ ကြင်ခါးသီး ရတာတွေ။ ဒဏ်ရာတွေ။ ပစ်ပယ် ခံရတာ တွေ။ အနိုင်ကျင့် ခံရတာတွေ။ အနှိမ် ခံရတာတွေ။ လက်တွေ့မာ အရိုးကွဲအောင် ခံနေရတဲ့ အဖြစ်သနစ် ကို ပြည်မသားတွေက နားလည်ခံစားမပေးတဲ့ အပြင်၊ ကိုယ်ချင်းမစာတဲ့ အပြင် ရခိုင်တွေရဲ့ဒဏ်ရာနက်နက် ကိုမှ အက်ဆစ်နဲ့ ပက်ဖြန်းနေသလို ပြောဆိုနေတာတွေ ကြောင့် ရခိုင်တွေရဲ့ ရင်ထဲမာ ဘယ်လိုမှ အခဲမကြေနှိုင် တော့ပဲ ဗလောင်ဆူဝေတဲ့ ဝဲဂယက်တစ်ခုလို ဖြစ်လာနေ တာကို တွေ့ရတယ်။ အင်မတန်မှ ပြင်းထန်မယ့် ဝဲဂယက် တခုလို့ ရှု့မြင် သုံးသပ်မိတ

ရခိုင်နိုင်ငံတော်ရခိုင်လွတ်လပ်ရေးရလာနိုင်ပါသလား

ရခိုင်နိုင်ငံတော်ရခိုင်လွတ်လပ်ရေးရလာနိုင်ပါသလား (Can Rakhine gain independence?) ___________________________________ အဖိနှိပ်ခံ ရခိုင်ပြည်သူလူထုတရပ်လုံး နိုင်ငံရေးနိုးကြားလာခြင်းနှင့်အတူ ရခိုင်ပြည်သူလူထုတရပ်လုံး၏ထောက်ခံမှုကို ရရှိထားသော ရက္ခိုင့်တပ်မတော်၏လက်နက်ကိုင်တော်လှန်ရေးမှသည် အမျိုးသားလွတ်မြောက်ရေးနှင့်နိုင်ငံရေးတိုက်ပွဲဆီသို့ ဦးတည်ချီတက်သွားနေခြင်းက “ရခိုင်လွတ်လပ်ရေးရလာနိုင်ပါသလား” ဆိုတဲ့ မေးခွန်းကထွက်ကျလာပါသည်။ တချို့သော မြန်မာ့နိုင်ငံရေးလေ့လာသူများက ဘာသက်သေအထောက်အထားသာဓကတွေမှ ခိုင်ခိုင်မာမာမချပြ ဖြေရှင်းချက်မပေးပဲ မဖြစ်လာနိုင်ဘူးလို့အကြောက်အကန် ငြင်းပယ်နေကြတဲ့ တချိန်တည်းမှာပဲ တချို့သော ဗမာပြည်သူတွေက ရခိုင်ပြည်သီးခြားနိုင်ငံဖြစ်လာရင် မင်းတို့ရခိုင်မတွေ ဘင်္ဂလီမိန်းမဖြစ်သွားမယ် စာမတတ်တဲ့ မင်းတို့ရခိုင်တွေ ဘယ်လိုနိုင်ငံသစ်ထူထောင်လာနိုင်မှာလဲ ဘာစီးပွါးရေးကို အခြေခံပြီး အစိုးရယန္တရားကို မောင်းနှင်လာနိုင်မှာလဲ စတဲ့ လူမျိုးရေးဘာသာရေးအမုန်းတရားများကို လှုံ့ဆော်ပေးတဲ့ စော်ကားခြိမ်းခြောက်မှုတွေကို ကျူးလွန်လာကြခြင်းက တွန်းအားတွေဖြစ်လာပြီး ရခိုင်လူထုကို လွတ်လပ်ရေးယူချင်စိတ်များ ပိုပြီး