AA ကိုအမြစ်ဖြတ်မယ်ဆိုသူတွေဖတ်ဖို့

AA ကိုအမြစ်ဖြတ်မယ်ဆိုသူတွေဖတ်ဖို့
**********************************************
(မူရင်းစာရေးဆရာအား လေးစားစွာခရက်ဒေ့တ်ပေးပါသည်)

AA ကိုလျှော့တွက် သူများအတွက်
""""""""""""""""""""""""""""""""""""

wall ကို လျှောက်မွှေလိုက်တော့ ပြောချင်တာတွေ
တစ်ပုံကြီးရလာတယ်။ မြင်ရတာကတော့ တကယ်ပဲ
ရခိုင်လူထုဟာ အချိန်ကိုက် ပေါက်ကွဲတော့မယ့် ဗုံး
တစ်လုံး အနေအထား။ သူတို့ ဆုံးရှုံးရတာတွေ၊ နာ
ကြင်ခါးသီး ရတာတွေ။ ဒဏ်ရာတွေ။ ပစ်ပယ် ခံရတာ
တွေ။ အနိုင်ကျင့် ခံရတာတွေ။ အနှိမ် ခံရတာတွေ။
လက်တွေ့မာ အရိုးကွဲအောင် ခံနေရတဲ့ အဖြစ်သနစ်
ကို ပြည်မသားတွေက နားလည်ခံစားမပေးတဲ့ အပြင်၊
ကိုယ်ချင်းမစာတဲ့ အပြင် ရခိုင်တွေရဲ့ဒဏ်ရာနက်နက်
ကိုမှ အက်ဆစ်နဲ့ ပက်ဖြန်းနေသလို ပြောဆိုနေတာတွေ
ကြောင့် ရခိုင်တွေရဲ့ ရင်ထဲမာ ဘယ်လိုမှ အခဲမကြေနှိုင်
တော့ပဲ ဗလောင်ဆူဝေတဲ့ ဝဲဂယက်တစ်ခုလို ဖြစ်လာနေ
တာကို တွေ့ရတယ်။ အင်မတန်မှ ပြင်းထန်မယ့် ဝဲဂယက်
တခုလို့ ရှု့မြင် သုံးသပ်မိတယ်။ ဒါကို ရိပ်စားမိတဲ့ ပြည်မ
သား စာရေးဆရာ တစ်ဦးစ နှစ်ဦးစကလည်း စစ်ရေးဟာ
ပြည်မထိ ဂယက်ရိုက်ခတ်မလာဖို့ ရခိုင်ကို လက်လျှော့
လိုက်ဖို့ထိတောင် အကျယ်တဝင့်ရေးသား ဖော်ပြလာကြ
တာကို fb စာမျက်နှာမှာ တွေ့ရတယ်။
မြန်မာ တပ်မတော် သတင်းနဲ့ မီဒီယာ Page.
Group တွေမှာလည်း AA ရဲ့ ဟုတ်သတင်း မဟုတ်
သတင်းနဲ့ ထုံမွှတ်နေတာကို တွေ့ရတယ်။ မြန်မာတပ်မ
တော်သားတွေကလည်း AA ဟာ မနေ့တစ်နေ့ကမှ
ပေါ်ပေါက်လာတဲ့ သူပုန်းအဖွဲ့လေး တစ်ဖွဲ့သာ ဖြစ်
ကြောင်း၊ မူးယစ်ဆေးဝါး လုပ်နေကြောင်း၊ ပြည်သူ
ကို ဆက်ကြေးကောက် ပေါ်တာဆွဲနေကြောင်း လက်တွေ့
နဲ့ ပြောင်းပြန် သတင်းအမှောင်ချနေကြတယ်။ AA ကို
စစ်လေယဉ်နှစ်စီးလောက်နဲ့ဆို လုံလောက်ပါတယ်ကွာလို့
Comm ထားတာကိုတွေ့ရတယ်။ အဲဒီ Comm က like
1k တောင်ရတယ်။ ဒီနေရာမှာ ဘာပြောချင်သလဲ ဆို
တော့။ ပြည်သူက အခြေအနေမှန်ကို မသိဘူး။ မြန်မာ
တပ်မတော်သားတွေ ပြောတဲ့အတိုင်း ယုံတယ်။ ဒီတော့
မဖြစ်စလောက်လေးကို တိုက်ပါ၊ အမြစ်ဖြတ်ပါ လုပ်
တယ်။ AA ဟာ ကျောချမ်းလောက်တဲ့ အင်အားကို
ပိုင်ဆိုင်နေပြီ ဆိုတာကို မသိကြဘူး။ ဒီအတွက် သတင်း
အမှောင်ချတဲ့ ဒဏ်ကို မဝေးတော့တဲ့ အချိန်အတွင်းမှာ
ပြည်မတွေပါ ခံစားလာရနှိုင်ဖွယ် ရှိတယ်။
ဘယ်သူကများ စစ်အနိဋ္ဌာရုံကို လိုချင်မှာလဲ။
ဒါပေမယ့် ရခိုင်တွေက စစ်ရေးကို နားဝင်ပီယံ ဖြစ်နေ
ကြတယ်။ ဒါဟာ စစ်ရေးကမှ ရခိုင်တွေရဲ့ ထွက်ပေါက်
ဖြစ်တယ် ဆိုတာ ကောင်းကောင်းနားလည် သဘော
ပေါက်ထားကြလို့ပဲ၊ စစ်ဘေးသင့်ပြည်သူတွေ ငြီးသံ တစ်
ချက်မှ မထွက်တာဟာ ရခိုင် Dream ကို အလွန်တရာမှ
အားဖြစ်စေတယ်။
စနှိက်ဘာနဲ့ ပြောက်ကျားစစ်ကို စစ်လေယဉ်က
ဘာသွားသုံးစားလို့ ရမှာလဲ။ AA က ဟိုတစ်စု ဒီတစ်စု။
တပ်စခန်းလို့ မည်မည်ရရ မရှိ။ ဒါဟာ အင်မတန်မှ
အမြော်အမြင်ကြီးတဲ့ AA စစ်ဦးချုပ်ရဲ့ ဗျူဟာ ဖြစ်
တယ်။ ဒါကို AA တပ်စခန်းကို ဂြိုလ်တုကနေ တစ်ဆင့်
တွေ့ပြီတို့၊ AA တပ်စခန်းကို ဝင်သိမ်းလိုက်ပြီတို့ မြန်မာ
တပ်မတော်သားတွေ သတင်းလွင့်နေတာဟာ ရှက်ဖွယ်
ရာ အတိပဲ။
မြန်မာတပ်မတော်တင်ပဲ မဟုတ်သတင်း လွင့်နေ
တာလားဆို မဟုတ်ဘူး။ ဗမာပြည်ထဲက Media အ
ကျော်အမော်တွေကလည်း မီဒီယာကျင့်ဝတ် တစ်စက်
ကလေးမှ မစောင့်သိပဲ တစ်ဖက်သတ် သတင်းတွေ
ရေးနေကြတယ်။ သတင်းအမှောင်ထုဟာ ရည်ရှည်မှာ
တိုင်းပြည်ထွက်ပေါက်မဲ့အောင် အဆိုးရွားဆုံးဒဏ်ကို
ပေးလာကြလိမ့်မယ်။
ဒုတိယ ကမ္ဘာ့စစ်ပြီးတော့ ဂျပန်ဟာ၊ စစ်ဒဏ်၊
စစ်လျှော်ကြေးဒဏ်တွေနဲ့ ပိပြီး အတော့ကို ဆိုးရွားပြီး
နာလံမထူနှိုင်တဲ့ ဘဝကို ကျရောက်သွားတယ်။ ဒီတော့
အစိုးရနဲ့ ပြည်သူကြားမှာ မီဒီယာဟာ ကြားနေပြီး။ အစိုး
ရရဲ့ အခက်အခဲကို ပြည်သူကို ချပြတယ်။ ပြည်သူရဲ့
အခက်အခဲကို အစိုးရကို ချပြတယ်။ တစ်ဦးအခက်
အခဲ တစ်ဦးသိပြီး အစိုးရနဲ့ ပြည်သူ လက်တွဲပြီး အခက်
အခဲတွေကို ဖြေရှင်းလိုက်တာ။ တစ်ရှိန်ထိုး တိုးတက်သွား
တာ ဘယ်လောက်မှတောင် မကြာဘူး။ မြန်မာပြည်မှာကျ
တော့ အစိုးရ အကျင့်ပျက်ရုံ မကဘူး မီဒီယာတွေလည်း
သုံးစားလို့မရ။
AA ဟာ ၉ နှစ်လောက်နဲ့ ကမ္ဘာ့တော်လှန်ရေး
သမိုင်း၊ မြန်မာပြည် တော်လှန်ရေး သမိုင်းမှာ မရှိဖူးတဲ့
အင်အားကို ပြသနှိုင်ခဲ့တယ်။ ဒါလေး တစ်ချက်နဲ့ AA
ဟာ လေးစားအသိမှတ်ပြုစရာ ကောင်းနေပြီ။ အစိုးရနဲ့
NCA လက်မှတ်ထိုးထားတဲ့ ALP အဖွဲ့ဟာ တစ်ချိန်က
ကရင်ပြည်ကနေ ရခိုင်ကိုလာတာ နှစ်ချီပြီး ကြာတယ်။
မအောင်မြင်ဘူး။ ရခိုင်ကို ရောက်ခါနီး ချင်း ရခိုင် အစပ်
မဏိပူရမြစ်မှာ စစ်အစိုးရရဲ့ ချေမှုန်းခြင်း ခံရတယ်။
AA က ၁၅ ရက်လောက်နဲ့ ကချင်ကနေ ရခိုင်
ကို မြန်မာပြည် အလည်ရိုးကို ဖြတ်ပြီး အရောက်လာ
နှိုင်ခဲ့တယ်။ ရခိုင်ကို ရောက်ချင်းမဆိုက် တိုက်ပွဲတောင်
နွှဲပစ်သေးတယ်။ မြန်မာတပ် အထိနာတယ်။ AA ရဲဘော်
၁ ယောက် အဖမ်းခံရတယ်။ မှတ်မိကြမှာပေါ့ ၂၀၁၆
တုန်းက။ ထောင် ၅ နှစ်ကျသွားတဲ့ တစ်ယောက်။
ရောက်ချင်း မဆိုက် တိုက်ပွဲမှာ တစ်ယောက်ပဲ
အဖမ်းခံထိတယ်။ အကျအဆုံး မရှိ။ မြန်မာတပ်မတော်
ဖက်က ၃၀၀ ကျော် ဘဝကူးသွားတယ်။ အဲသလောက်
စွမ်းတဲ့ AA ကိုမှ သွားလျှော့တွက်တာဟာ။ ကျားဖင်မြီး
ကို သွားဆွဲတာနဲ့ အတူတူပဲ။ ခုလည်း မြန်မာရိန်းဂျား
တပ်မတွေ ဝက်ဝက်ကွဲ အထိနာနေတယ်။ မအလ
ရှက်ရမ်းရမ်းဦးမှာမို့ ရခိုင်စစ်ရေးက ငြိမ်းလာဖို့ မရှိဘူး။
ပြင်းထန်လာဖို့ပဲ ရှိတယ်။ ရခိုင်မြေမှာ ရခိုင်သားဖြစ်တဲ့
AA ကို မြန်မာတပ်မတော်က လာတိုက်နေတာကို
ရခိုင်ပြည်သူတွေ လက်ပစ်ကြည့်နေမယ် ထင်ရင် ဒါဟာ
မဟာအမှားကြီး ဖြစ်သွားမှာပေါ့။
ဒီတော့ AA ကို သိပ်လျှော့တွက်နေတဲ့ သူတွေ
စောင့်ကြည့်လိုက်ပါ။ တစ်ခုပဲ။ စစ်ရေးဟာ ပြည်မဘက်
ကို ရောက်မသွားပါစေနဲ့လို့ ဆုတောင်းပေးလိုက်တယ်။ ။

#ခိုင်နှင်းမောင်
15/1/2019

Comments

Popular posts from this blog

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ

ရခိုင်သမိုင်း