ဘဝလက်တွဲဖော်ဆိုတာ...
ဘဝလက်တွဲဖော်ဆိုတာ...
_____________________
ဘဝလက်တွဲဖော်ဆိုတာ
အပျော်ထားအပ်တဲ့ အရာမဟုတ်လို့
ဖျော်ရည်အတူ သောက်နိုင်ရုံနဲ့လည်း
မရွေးချယ်သင့်ဘူး
ဘဝလက်တွဲဖော်ဆိုတာ
ယမကာ တစ်ပုလင်းမဟုတ်လို့
ခဏတာ ယစ်မူးချင်ရုံအတွက်နဲ့လည်း
မရွေးချယ်သင့်ဘူး
ဘဝလက်တွဲဖော်ဆိုတာ
ခဏတာအတွက်မဟုတ်လို့
တွေ့ကရာလူရှာမယ် စိတ်ကူးနဲ့လည်း
မရွေးချယ်သင့်ဘူး
ဘဝလက်တွဲဖော်ဆိုတာ
အာပလာလူတစ်ယောက်မဖြစ်သင့်သလို
အချစ်သာ အဓိကဆိုတဲ့ စိတ်နဲ့လည်း
မရွေးချယ်သင့်ဘူး
ဘဝလက်တွဲဖော်ဆိုတာ
ပညာတတ် ဂုဏ်ကြီးကျယ်တဲ့
ဘွဲ့လက်မှတ်ရှိရုံနဲ့လည်း
မရွေးချယ်သင့်ဘူး
ဘဝလက်တွဲဖော်ဆိုတာ
ဥစ္စာကြွယ်ဝ တိုက်တာ
ကားများပိုင်ဆိုင်ရုံနဲ့လည်း
မရွေးချယ်သင့်ဘူး
ဘဝလက်တွဲဖော်ဆိုတာ
ကိုယ်တစ်ယောက်အတွက်သာ
သေဖော်ရှင်ဖက်ဖြစ်သူ
မရှိအတူ ရှိအတူ
နားလည်မှုပေးနိုင်သူသာရွေးချယ်ပါ။
ဘဝလက်တွဲဖော်ဆိုတာ
မိမိရဲ့ချို့ယွင်းချက်မှန်သမျှကို
သိသိကြီးနဲ့ လုံးဝနောက်ဆုတ်
တွေဝေသွားခြင်း ဆိုတာမရှိဘူး ...
နောက်ဆုံးထွက်သက်ထိ မိမိရဲ့လက်ကို
ရဲဝင့်စွာကိုင်ဆွဲပြီး ဖြစ်ပေါ်လာသမျှ
ပြသနာပေါင်းစုံကို အတူတူဖြေရှင်း
ပေးမဲ့သူလေ ...
ဂရုစိုက်မှု့၊ ယုံကြည်ပေးမှု့တွေနဲ့
ပေးဆပ်ပြီး ထာဝရချစ်နေမဲ့သူဟာ
မိမိရဲ့~~~~~~
ဘဝလက်တွဲဖော် စစ်စစ်ပါပဲ ...
ဘဝလက်တွဲဖော်ဆိုတာ
ကြုံသလိုရွေးချယ်လို့ရဘူးလေ..
ကိုယ့်ဘဝနဲ့ အံဝင်ခွင်ကျတဲ့သူ
ဖြစ်ဖို့လိုတယ်၊
ဘဝဘက်တွဲဖော်ဆိုတာ
အရမ်းချမ်းသာဖို့မလိုဘူး
ကိုယ်နဲ့အတူ ချမ်းသာအောင်
ကြိုးစားတဲ့သူ ဖြစ်ဖို့လိုသလို
ဆင်းရဲတဲ့အခါလည်း
ကြံ့ကြံ့ခံရင်ဆိုင်ရဲတဲ့သူဖြစ်ဖို့လိုတယ် ..
ဘဝလက်တွဲဖော်ဆိုတာ
ပန်းချီကား တစ်ချပ်လိုပါပဲ
ကိုယ်တိုင် ဖန်တီးနိုင်ဖို့ထက်
ခံစားနားလည်ပေးတတ်ဖို့က
ပိုအရေးကြီးပါတယ်...။
Credit to original uploader
Comments
Post a Comment