AAသို့မဟုတ်

AA​ကြောင့်
NLD နဲ့ စစ်​​လော်​ဘီ​တွေ
ညီညွတ်​လာတာ
ငါကျေနပ်​တယ်​။

AA​ကြောင့်
မဘသ နဲ့ မဟန
ညီညွတ်​လာတာ
ငါကျေနပ်​တယ်​။

AA​ကြောင့်
မီဒီယာ​ချင်းချင်း
ညီညွတ်​လာတာ
ငါကျေနပ်​တယ်​။

AA​ကြောင့်
၈၈ နဲ့ ​ရွှေ​၀ါ​ရောင်​ကို
အာဂုံ​ဆောင်​ထားတဲ့
ပုဂ္ဂိုလ်​တွေ​ ​ခေါင်း​ထောင်​လာလို့
ငါကျေနပ်​တယ်​။

AA​ကြောင့်
လက်​ပံ​တန်း​တောင်
မတရားသိမ်းပိုက်​ခံ မြေယာရှင်​​တွေ
တရား​သောစစ်​ကို အား​ပေးလာလို့
ငါကျေနပ်​တယ်​။

AA​ကြောင့်
ဆိုက္ကားသမား
အရက်​သမား
နေ့စားသမား​တွေ​တောင်
အခ​ကြေးမယူပဲ
မျိုးချစ်​တတ်​လာလို့
ငါ​ကျေနပ်​တယ်​။

AA​ကြောင့်
တရား​သောစစ်​ ​ထောက်​ခံပွဲမှ
ဦး​ဆောင်​နာယက ဘုန်းဘုန်းများလည်း
ကြည်​ညိုမိတယ်​။

AA​ကြောင့်
မိ​ကောင်းဖခင်​ သားသမီး​တွေ
အဆဲသန်​လာလို့
ငါ​ကျေနပ်​တယ်​။

AA​ကြောင့်
မြန်​မာ့ဂုဏ်​ထူး​ဆောင်
လော်​ဘီ ​တော်​ကီ ၀ါဒီ
အ​ဆွေ​ကောင်း အ​ခြောက်​​ကောင်းနှင့်
သူရိယ​နေ၀န်း လို ဂျာနယ်​လစ်​​တွေ
ပေါ်ထွန်းလာလို့
ငါ​ကျေနပ်​တယ်​။

ငါကျေနပ်​ခဲ့ပါသည်
သို့​သော်​--
မ​ကျေနပ်​သည့်​အချက်​က-👇

( ရိုးမတစ်​ဖက်
အ​နောက်​ရပ်​က
မတရားဖိနှိပ်​ခံထားရတဲ့ လခြမ်း​မြေမှာ-

ဘယ်​သူ​တွေက နယ်​ချဲ့-?
ဘယ်​သူ​တွေက နယ်​ခံ-?
ဘယ်​သူ​တွေက သမိုင်းတရားခံ-?
ဘယ်​သူ​တွေက နယ်​ကျွန်​-?)

- မတရားဖိနှိပ်​ခြင်းခံထားရတဲ့ ပြည်​နယ်​မှာ
တရား​သောစစ်​ ဆိုတာ​ကော ရှိနိုင်​ရဲ့လား-?

- ဘီလျံသန်းချီ သယံဇာတ​တွေက​ကော-?

- တို့ပြည်​တို့​မြေလို့​တော့ ဆိုခွင့်​ရှိတယ်
ဆိုင်​သာဆိုင်​ ပိုင်​ခွင့်​ရှိလို့လား-?

- အရွယ်​တူ ကြယ်​ဖြူ ၁၄လုံးမှာ
ဒီလူမျိုး​တွေ လူရာသွင်းခံဖူးခဲ့ရဲ့လား-?

- ဒီ​မေးခွန်း​တွေရဲ့အ​ဖြေကို
မသိလို့ အ​ဖြေမရှိခဲ့ကြတာလား-

- သိလျှက်​နဲ့ မ​ဖြေမိခဲ့ကြတာလား-

နားတစ်​ဖက်​ပိတ်​ မျက်​လုံးစုံမှိတ်​ပြီး
မျိုးချစ်​တတ်​တာကို​တော့ ​လေးစားမိပါတယ်​ဗျာ။

သို့​သော်
လက်​၀ါးကြီးအုပ်​ချုပ်​မှု့နဲ့
လူမျိုးကြီးဝါဒစွဲကိုင်​ထားတဲ့
မျက်​လုံး​တွေကို ခွဲစိတ်​ကုသသင့်​ပြီဆိုတာ
ပြောလိုက်​ပါရ​စေ မြန်​မာပြည်

AAဆိုတာ ဘာလဲ-?
ရက္ခိတလမ်းစဉ်​ဆိုတာ ဘယ်​လဲ-?
AAမှာ စစ်​သားဘယ်​​လောက်​ရှိပြီလဲ-?
သိချင်​​နေသူ​တွေနဲ့ ​မေး​နေတဲ့သူ​တွေ

AAဟာ
KIA KNUကပဲ ဦးစီး​ဆောင်​ပြီး
သူတို့ရဲ့ လက်​ကိုင်​တုတ်​လိုလိုနဲ့
တရုတ်​ကပဲ ​ထောက်​ပံ့​နေသလို
ARSA နဲ့ပဲ ပူး​ပေါင်း​နေသ​ယောင်
မူးယစ်​ဂိုဏ်းဆိုလား
ထင်​​ကြေး​ပေးသူက​ပေး
သွေး​ခွဲသူကခွဲ
မှိုင်းတိုက်​သူကတိုက်​နဲ့
အ​ခြေမြစ်​မရှိတဲ့ ၀ါဒီသမား​တွေရဲ့
ပါးစပ်​ဖျားမှာ လမ်းဆုံးလို့​နေကြတယ်​။

AA ဆိုတာ
မိုး​ပေါ်က ရုတ်​တစ်​ရက်​ကျလာတဲ့
မိုး​ကျ​ရွှေကို​တော့မဟုတ်​ဘူး
ရက္ခိုင့်​နိုင်​ငံ​တော်​ အချုပ်​ခြာအာဏာကျရှုံးအပြီး
နှစ်​​ပေါင်းနှစ်​ရာ​ကျော်​ကတည်းက
ဒါဏ်​ရာ အနာတရ​တွေနဲ့
ရခိုင်​လူမျိုးတို့ရဲ့ နှလုံးသားမှာ
မြစ်​ဖျားခံ ပဋိသ​န္ဓေတည်​လာတဲ့
အဖွဲ့စည်းတစ်​ခု။

တစ်​နည်း​ပြောရလျှင်
နတ်​ဖွတ်​ထားတဲ့ တပ်​မဟာနှင့်
ရှည်​လျှားလှတဲ့ ကျွန်​သက္ကရာဇ်​ကို
ရက္ခိတလမ်းစဉ်​နှင့်​အတူ
ဖြိုခွင်းပစ်​မည့်​ အဖွဲ့စည်းတစ်​ခု။

AA နဲ့ ရခိုင်လူမျိုးဆိုတာ
ရင်​ချင်းဆက်​ ယှက်​နွယ်​​နေရုံမက
မတရားဖိအားသွင်းခံထားတဲ့
ဘောလုံးများလို များများဖိနှိပ်​​လေ
တွန်းကန်​အား ပိုများလာ​လေဆိုတာ
သ​ဘော​ပေါက်​ချိန်​ တန်​ပါပြီ။

နောက်​တစ်​ခါ
AAမှာ စစ်​သားဘယ်​​လောက်​ရှ်ိပြီလဲလို့
ငါ့ကိုလာမ​မေးနဲ့-
ရခိုင်​လူဦး​ရေ ဘယ်​​လောက်​ရှိလဲ​မေး
ဒီဟာ ငါ​ပေးနိုင်​တဲ့
မေးခွန်းထဲက အ​ဖြေပဲ။

     Credit to-မဇ္ဈိမခရီးသည်

Comments

Popular posts from this blog

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ

သမထမှဝိပသနာသို့ကူးပုံ