မြန်မာ့ပညာရေး  ပျက်စီးနေပြီလား

ဗိုလ်ခင်ညွန့်ဖျက်စီးခဲ့တဲ့ ပညာရေးအကြောင်းပါ၊
ကျွန်မရေးထားတဲ့ ဆောင်းပါးပါ

             
ခင်ညွန့်ဖျက်ဆီးခဲ့တဲ့ မြန်မာ့ပညာရေး 
ဗိုလ်ချုပ်ခင်ညွန့်အကြောင်းပြောကြမယ်ဆိုရင် ပြောစ ရာတွေက ကုန်နိုင်ဘွယ်မရှိပါဘူး။ ဘာလို့လဲဆိုတော့ ၁၉၈၈ စစ်အာဏာသိမ်း ပြီးနောက်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ သူက မင်းသားလုပ်ခဲ့တာကိုး။  သေချာတာကတော့ မြန်မာပြည်ကို စနစ်တကျဖျက်ဆီးပစ်လိုက်တဲ့ အဓိက တရားခံတွေထဲမှာ သူလည်း တစ်ယောက်အပါအဝင်ပဲ ဖြစ်နေလို့ ပါ။ သူ့လက်ထက်မှာ လူငယ်တေ၊ွ ကျောင်းသားတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးဖို့ စနစ်တကျ စီမံခဲ့ပါတယ်။  အရေးအခင်းပြီးနောက်ပိုင်းတက္ကသိုလ်တွေကို အချိန်အတော်ကြာကြာပိတ်ထားခဲ့ပေမဲ့ အထက်တန်းကျောင်း တွေကို တော့ ပြန်ဖွင့်ခဲ့ပါတယ်။ အဲဒီအချိန်က ကျမအဖေကိုယ်တိုင်က အထက်တန်းပြဆရာတစ်ယောက်ဖြစ်နေလို့ ကျောင်းတွေကိုရောက်လာတဲ့ နဝတအဖွဲ့ရဲ့ ညွှန်ကြားလွှာတွေ၊ လှို့ဝှက်အကြောင်းကြားစာတွေ အကြောင်းကို သေချာသိနေခဲ့ရတာပါ။ ကျောင်းသားတွေ နိုင်ငံရေးအရ ဆူပူလှုပ်ရှားတာမျိုးတွေ မရှိစေဖို့အတွက် ကျောင်းတွေမှာ စာမေးပွဲတွေကိုတင်းကြပ်တာမျိုး၊ ကျောင်းစည်းကမ်းတင်းကြပ်တာမျိုးတွေ မလုပ်ဖို့အတွက်လည်း အမိန့် အမျိုးမျိုး ထုတ်ပြန်ခဲ့ပါတယ်။  ၁၉၈၈ နောက်ပိုင်းကျောင်းသားတွေ စည်းမဲ့ကမ်းမဲ့ဖြစ်လာတာရဲ့အဓိကပြဿနာက ဆရာ၊ဆရာမတွေရဲ့ လုပ်ပိုင်ခွင့်တွေကို ကန့်သတ်ချုပ်ချယ်လိုက်တာပါပဲ၊ ကျောင်းစည်းကမ်းနဲ့ ပတ်သက်လို့ တင်းတင်းကြပ်ကြပ် ကိုင်တွယ်တဲ့ ကျောင်းအုပ်တွေကို ပညာရေးမှူးတွေကို နည်းအမျိုးမျိုးနဲ့ တားမြစ်ခဲ့တာတွေရှိပါတယ်။ ဘာကြောင့်အဲဒီလိုတားမြစ်တာလဲဆိုတော့ လှို့ဝှက်ညွန်ကြားချက်တွေ အရ ကျောင်းသားဆူပူမှုတွေမဖြစ်အောင်လို့ ကျောင်းအုပ်တွေ၊ ဆရာ၊ ဆရာမတွေအနေနဲ့ ကျောင်းသားတွေကို လိုက်လိုက်လျောလျော ဆက်ဆံရမယ်ဆိုတဲ့ သဘောမျိုးဆောင်တဲ့ ညွန်ကြားချက်တွေကြောင့် လို့ပညာရေးမှူးတစ်ယောက်ကပြောပြခဲ့ဖူးပါတယ်။ ဗိုလ်ခင်ညန်ွ့  ဦးဆောင်တဲ့နဝတအဖွဲ့ တက်လာပြီးချင်း ဝန်ထမ်းတွေကို ဖြည့်ခိုင်းခဲ့တဲ့ ၃၃ ချက်နဲ့လည်း ဆရာ၊ဆရာမတေြွကား ဘယ်သူက ဘာဆိုတဲ့ အမှတ်အသားတစ်ခုလုပ်ပြီး စောင့်ကြည့်ခိုင်းခဲ့တယ်လို့လည်း အဲဒီ့ပညာရေးမှူးက ဆက်ပြောပြခဲ့ဘူးပါတယ်။ ဒါတွေကိုသိနေတဲ့ ကြောက်တတ်တဲ့ ဆရာ၊ဆရာမ တစ်ချို့ ကျောင်းသားတေြွကားထမှဲာ ဖြစ်ပျက်နေတဲ့ စည်းပျက်ကမ်းပျက် ကိစ္စတွေကို မသိချင်ယောင်ဆောင်နေခဲ့ရပါတယ်။  တဖြေးဖြေးနဲ့ပိုဆိုးလာတာက စာမေးပွဲတွေမှာ စာခိုးချတာကို ခွင့်ပြုပေးနေရတာပါ။ မဆလလက်ထက်က ပညာရေးစနစ်ပျက်စီးသွားတယ်လို့ဆိုပေမဲ့ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာဖြစ်ခဲ့တာမျိုးတော့မဟုတ်ပါဘူး၊ စာမေးပွဲခန်းထဲ ဝင်တဲ့ အချိန်မှာ ဆရာ၊ ဆရာမတွေရဲ့ စစ်ဆေးတာခံရပါတယ်။ ဦးခင်ညွန့်လက်ထက်မှာတော့ နှုတ်မိန့်နဲ့ ကလေးတွေ စာမေးပွဲကျတာမရှိစေရဘူးလို့ဆိုပါတယ်။ ထောက်လှမ်းရေးသတင်းပေးကျောင်းသားတွေလို့ထင်ရတဲ့ ကျောင်းသား တစ်ချို့က စပြီး စာမေးပွဲခန်းထဲကို စာခိုးချဖို့အတွက် မိတ္တူဆွဲထားတဲ့ စာရွက်တွေကို ယူဆောင် လာကြပါတယ်။ အစပိုင်းမှာ ဆရာတွေ၊ ဆရာမတွေက ဖမ်းကြပေမဲ့ အရေးယူခွင့်မရှိလို့ ဘာမှလုပ်မရခဲ့ပါဘူး၊ ကြာလာတော့လည်း ဆရာတွေ၊ ဆရာမတွေအနေနဲ့ အပင်ပန်းခံပြီးဖမ်းမနေတော့ဘူးပေါ့။ အဲဒီ့နောက်ပိုင်းမှာတော့ စာမေးပွဲပြီးတာနဲ့ ကျောင်းပတ်ဝန်းကျင်မှာ အတန်းစုံက ကူးထားတဲ့ မိတ္တူစာရွက်ပိစိလေးတွေကို ပုံစံမျိုးစုံနဲ့တွေ့လာခဲ့ရတယ်။ တစ်ဖြေးဖြေးနဲ့ စာခိုးချဖို့အတက်ွ မိတ္တူကူးတဲ့ စီးပွားရေးဈေးကွက်က ကျယ်ပြန့်လာခဲ့ပါတယ်။ တစ်ချို့ စီးပွားရေးသမားတွေက မိတ္တူစာရွက်တွေကို ဗန်းပေါ်တင်ပြီး ပေါ်ပေါ်ထင်ထင်ရောင်းချလာတဲ့ အထိပါပဲ။ ဒီလောက် အုတ်အော်သောင်းနင်းဖြစ်နေပေမဲ့ ဘယ်ထောက်လှမ်းရေးကမှ ဘယ်သူ့ကိုမှ ဖမ်းတယ်လို့မကြားမိပါဘူး။ တမင်ကို သိသိကြီးနဲ့ လွှတ်ပေးထားခဲ့တာပါ။   ခေတ်ပျက်နေတဲ့ အချိန်အတွင်းမှာ ပဲ ကျောင်းတွေမှာ  ဆရာတွေ နိုင်င်ငံရေးစကားသာမပြောနဲ့ လုပ်ချင်ရာ လုပ်လို့ရတယ်ဆိုတဲ့ messages မျိုးတွေကို ဆက်တိုက်ပေးနေပါတယ်။ အဲဒီ့အချိန်မှာ ပညာရေးကော်မတီရဲ့
ဥက္ကဌအဖြစ် ဗိုလ်ချုပ်ခင်ညွန့်ကဆောင်ရွက်နေတာပါ။ ဆရာ၊ ဆရာမတွေရဲ့လစာက တက်လာတဲ့ ကုန်ဈေးနှုန်းနဲ့ယှဉ်ရင် မစို့မပို့ အနေအထားမို့လို့ ဆရာ၊ဆရာမတွေ ကျုရှင်သင်ကြရပါတယ်။ အရင်တုန်းက စာမေးပွဲဆိုတာ ပထမအစမ်းဆိုရင် သင်ပြီးသမျှ အစအဆုံးဖြေကြရတဲ့အပြင် မေးခွန်းကိုလည်း အတန်းဝင်နေတဲ့ ဆရာမကိုယ်တိုင်မထုတ်ရဘူးဆိုတဲ့ စနစ်ရှိပါတယ်။ ၆ တန်းသင်္ချာ သင်သူက ၆ တန်းသင်္ချာဘာသာရပ်ကို  မေးခွန်းထုတ်ခွင့်မရှိပါဘူး၊ သူအနေနဲ့ အခြားအတန်း ကိုပဲ မေးခွန်းထုတ်ရပါတယ်။ ဗိုလ်ချုပ်ခင်ညွှန့် ပညာရေး ကော်မတီဥက္ကဌဖြစ်ချိန်မှာတော့ ကိုယ်သင်တဲ့ အတန်းကို ကိုယ်ကိုတိုင် မေးခွန်းထုတ်ခွင့် ရှိလာခဲ့ပါတယ်။  ဆရာမတွေကျူရှင်သင်တာလည်း ကိစ္စမရှိသလို ဆရာမတွေကိုယ်တိုင် မေးခွန်းထုတ်ခွင့်ရလာတဲ့ အချိန်မှာ ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းက ဆရာတွေ ဆရာတွေဆီမှာပဲ ကျူရှင်အပ်ကြပါတော့တယ်။ ၁၉၉၆ ခုနှစ်လောက်ကစပြီး စဉ်ဆက်မပြတ်အကြဲဖတ်တဲ့ စနစ်ဆိုပြီး တစ်လတစ်ခါ စာမေးပွဲစစ်ပါ တယ်။ ဒီတစ်လသင်တာကို ဒီတစ်လစာမေးပွဲစစ်ပြီးရင် နောက်ထပ် ဘယ်တော့မှ ထပ်မဖြေရတော့ပါဘူး။ ပိုဆိုးသွားတာက ကျောင်းကဆရာမဆီမှာပဲ ကျူရှင်ယူတော့ ဒီတစ်လဖြေရမဲ့ စာတေထွကဲမှ မေးခွန်းမှာပါတဲ့ ပုဒ်စာတွေကိုပဲ ဆရာမက ကျူရှင်မှာ သင်ပါတယ်။ ဘယ်လောက်ထိ ဆိုးသွားလဲဆိုတော့ မေးခွန်းကကျူရှင်မှာသင်ထားတဲ့ အမှတ်စဉ်တောင်မလွဲလို့ သင်္ချာလို ဘာသာရပ် ကို အလွှတ်ကျက်မှတ်တာတေြွဖစ်လာပါတယ်။   တစ်ချို့ကလေးတွေဆိုရင် နံပါတ်(၁)ရဲ့ အဖြေက ၁၂၊ နံပါတ် (၂) ရဲ့ အဖြေက ဘယ်လောက်ဆိုတာအထိ အလွတ်ကျက်ကြပါတော့တယ်။ အဲဒါတွေရဲ့ အကျိုးဆက်အဖြစ် ကလေးတွေကို တစ်ခုတည်းသော အစိုးရစစ်ဖြစ်တဲ့ ၁၀ တန်းစာမေးပွဲဖြေဖို့  ပြင်ဆင်တဲ့ အခါမှာ အောက်ခြေကစာတွေ ဘာဆိုဘာမှ မသိလို့ မျက်လုံးအပြူးသားနဲ့ ထိုင်ကြည့်နေတဲ့ လူတွေနဲ့လည်း ကြုံခဲ့ဘူးပါတယ်။  ၂၀၀၂-၂၀၀၃ ပညာသင်နှစ်မှာ ကျမက ၁၀ တန်းတွေကို ကျူရှင်သင်ပါတယ်။ ၁၀ တန်းဖြေမဲ့ လူက ၃၄၅ကို ၂၆ နဲ့ မမြှောက်တတ်ပါဘူး။ ကျမက နှစ်ဆင့်မြှောက်ပြတော့ သူကအဒီဲလိုမမြှောက်တတ်လို့ "စာမေးပွဲခန်းထဲဂဏန်းပေါင်း စက်ယူသွားရင် ရမလား" တဲ့။ ကျမကလည်း "ဂဏန်းပေါင်းစက်ကတော့ ယူလို့မရဘူး၊ နှစ်ဆင့်မမြှောက်တတ်ရင်တော့ တစ်ဆင့်ထဲပဲမြှောက် ၂၆ နဲ့ ၅ ကိုမြှောက် ရတဲ့ အဖြေရဲ့ ခုဂဏန်းကို အောက်မှာရေး ပိုတာကို ၄ အပေါ်တင်" လို့ပြောတော့ သူက တီချယ်ပြောတာပိုရှုပ်သွားပြီတဲ့။ ကလေးရဲ့ အခြေအနေက ဂဏန်းတွေကိုမြှောက်တောင်မမြှောက်တတ်ပါဘူး။ ပြီးတော့ ဆက်ပြောသေးတယ်၊ ဆရာမခုပြောနေတာတွေကို သူတစ်ခုမှ မသိဘူးတဲ့ ဘယ်နှစ်တန်းတုန်းက သင်ခဲ့တာလည်းတဲ့လေ။ ကလေးတွေရဲ့ အခြေအနေက အဲဒီလောက် အထိ ဆိုးရွားသွားခဲ့ပါတယ်။ ကလေးရဲ့ မိခင်ကလည်း ကျမကို ပြောတာက " ဒီအချိန်မှ စာတတ်အောင် သင်ဖို့မလွယ်တော့ဘူး၊ ခိုးချတတ်ယုံလောက်သင်ရရင်ပါပြီ"တဲ့။ တစ်ခါကလည်း ကျမစာသင်တဲ့ ကလေးရဲ့ အင်္ဂလိပ်စာစာအုပ်ကို ဘာရယ်မဟုတ်ဘူး၊ ယူကြည့်လိုက် မိပါတယ်။ I is a student လို့ရေးထားတာတွေ့ရပါတယ်၊ ဒါကြောင့် ကျမက မှားနေတယ်လို့ပြောတော့ သူက "ဘာမှားလို့လဲ တီချယ်ရယ်၊ သမီးက တစ်ယောက်တည်းမို့လို့ is ကိုသုံးထားတာလေ" တဲ့။ ဒါတောင် ဒီကလေးက အတန်းစဉ်တိုင်း မှာ အဆင့် ၁ ကနေ ၁၀ အတွင်းဝင်တဲ့ ကလေးနော်။ ကလေးတွေ ပညာရေးစနစ်အဲဒီလောက်ကို နောက်ကောက်ကျခဲ့ပါတယ်။ ကျူရှင်တွေနဲ့ ပညာရေးစနစ် ဆိုးရွားနေချိန်မှာ  ကျမကို ဆရာမတစ်ယောက်ကပြောပြဘူးတာက ကျူရှင်သင်လို့ရတဲ့ ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို ကျောင်းအုပ်တွေကိုပေးရပါတယ်၊ မပေးဘူးဆိုရင်တော့ အမျိုးမျိုး ခြိမ်းခြောက်တာတာတွေ လုပ်လေ့ ရှိတယ်လို့လည်း သိရပါတယ်။ ဒါကြောင့်လည်းဖြစ်မယ်ထင်ပါတယ် ကျောင်းအုပ်တွေက ကားအကောင်းစားတွေစီးပြီး အိမ်တွေ တစ်လုံးပြီး တစ်လုံးဝယ်နေတာတွေလည်းရှိပါတယ်။ ကျမရဲ့ မိတ်ဆွေ ပွဲစားတစ်ယောက်ပြောပြဘူးတာက စမ်းချောင်းမြို့နယ်ထကဲ မူလွန်ကျောင်းအုပ်တစ်ယောက်ကို သူက ပွဲစားလုပ်ပေးခဲ့တာ အိမ် ၃ လုံးတောင်ရှိနေပြီတဲ့။
ရန်ကုန်မန္တလေးလိုမြို့ကြီး တွေကိုကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ဖို့အတက်ွ ပညာရေးမှူးကိုလည်း သိန်းရာချီ ပေးရတယ်တဲ့။ ခွဲတမ်း မဟုတ်ဘဲ ကျောင်းအပ်ချင်ရင် ကျောင်းအုပ်ကြီးနဲ့ ပညာရေးမှူးက ဝေခွဲစားပါတယ်။ ဟိုအရင်မဆလခေတ်က ကျောင်းအုပ်တစ်ယောက်က သူ့သားကျောင်းစားရိတ်အတွက် နှစ်လွန်စာမေးပွဲ အဖြေလွှာတွေ ခိုးရောင်းမိလို့ ရာထူးချခံရတာမျိုးတွေရှိခဲ့ပေမဲ့ ဒီဘက်ခေတ် ကျောင်းအုပ်များကတော့ အဖြေလွှာစာရက်ွတွေအပေါ် စိတ်ကို မဝင်စားတော့ပါဘူး။  သူငယ်တန်းအခုမှ စအပ်တဲ့ ကလေးကို က၊ခ၊ မရေးတတ်လို့ လက်မခံဘူးလို့ ခပ်တင်းတင်းပြောတတ်တဲ့ ကျောင်းအုပ် တွေများ လာပါတယ်။ ကိုယ်နေတဲ့ ရပ်ကွက်ထဲက ခွဲတမ်းကျတဲ့ ကျောင်းကိုအပ်တာတောင် ကိုယ့်သားသမီးစာသင်ဖို့ စာရေးစားပွဲ ကိုယ်ဝယ်၊ ကိုယ့်ဖင်ထိုင်ခုံ ကိုယ်ဝယ်စနစ် ကျောင်းအပ်ခဲ့ရတာပါ။ ပြည်သူတေြွကားထဲ ဆရာ၊ဆရာမတွေရဲ့အကြောင်း ဘယ်လောက်ပဲ ပွထနေပါစေ အဲဒါအရေးမကြီးပါဘူး၊ ဗိုလ်ခင်ညွန့်တစ်နေရာရာကိုလာရင် ကလေးတွေကလက်အုပ်ချီပြီး ကြိုဆိုဖို့အတွက် စီစဉ်ပေးနိုင်ရင် အဲဒီကျောင်းအုပ် ရာထူးတက်ဖို့ အလားအလာအများကြီး ရှိနေပါတယ်။ တစ်ခါတစ်ရံ ကလေးငယ်ငယ်လေးတွေ မနက် ၆ နာရီလောက်ကနေ နေ့လည် ၁ နာရီ၊ ၂ နာရီလောက်အထိ လက်အုပ်ကလေးတွေချီပြီး ရပ်စောင့်ကြရပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်အပါအဝင် နဝတ လူကြီးတေကွို စောင့်ကြရတာပါ။ ကလေးတွေရဲ့ စိတ်ဓါတ်တွေကို ချိုးနှိပ်ဖို့အတွက် တမင်ကိုပဲ လက်အုပ်ချီခိုင်းခဲ့တယ်လို့ယူဆပါတယ်။ ကျမတို့ မြန်မာ့ဓလေ့မှာ လူအချင်းချင်းလက်အုပ်ချီ ကြိုဆိုတာမျိုးမရှိခဲ့ပါဘူး၊ ကိုယ့်ထက်ကြီးတဲ့ လူရှေ့မှာ လက်ပိုက်၊ ခေါင်းငုံတာလောက်ပဲလုပ်ရပါတယ်။ အခုတော့ ကလေးတွေကို သူတို့မလာမချင်း လက်အုပ်ချီထားတာ မဖြုတ်ရဘူးလို့ဆိုတဲ့ အထက်ဖားအောက်ဖိတွေလည်း ရှိခဲ့ပါသေးတယ်။ ကျောင်းသားတွေရဲ့ စာရိတ္တပိုင်းအရဆိုရင်လည်း ကျမတို့ငယ်ငယ်က ဆရာ၊ ဆရာမဆိုတာ လေးစား  ကြောက်ရွံ့ရသူတွေဖြစ်ပေမဲ့ အခုနောက်ပိုင်းမှာတော့ ကျောင်းသားတွေက ဆရာ၊ ဆရာမတွေကို တလေးတစား မရှိတော့တာများပါတယ်၊ အဓိကအကြောင်းကတော့ ဆရာမတွေကအရင်တုန်းကလိုမဟုတ်တော့ပဲ ကျောင်းသားတွေ ဆီကနေ ဘာပေးပါအုန်း၊ ဘာလုပ်ပါအုန်းဆိုတဲ့ တောင်းဆိုချက်တွေကြောင့်လည်းပါပါတယ်။ ဆရာ၊ဆရာမတွေ အနေနဲ့လည်း ကျောင်းတွေရဲ့လိုအပ်ချက်တွေကို အစိုးရက မဖြည့်ဆည်းပေးဘူး၊ ကိုယ့်ဖာသာဖြည့်ဆည်းရမယ် ဆိုတော့အခါမှာ ကျောင်းသားတွေဆီကနေ အလှူငွေကောက်ခံတာထက်ပိုပြီး ဘာမှမလုပ်နိုင်ပါဘူး၊ ဒါပေမဲ့လည်း အလှူငွေ ကောက်ခံတဲ့ နေရာမှာ စည်းကမ်းတွေ၊ နည်းလမ်းတွေ မရှိတော့ ဆရာ၊ဆရာမတွေ ကိုယ်တိုင်လည်း လောဘပါလာပါတယ်၊ ဒီလိုလောဘတွေကြောင့်လည်း ကျောင်းသားတွေနဲ့ မိဘတွေက ဆရာ၊ ဆရာမတွေကို ငွေပေးပြီး ဆက်ဆံလို့ရတယ်ဆိုတဲ့ အတွေးအခေါ်တွေ ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် ပိုက်ဆံချမ်းသာတဲ့ မိသားစုရဲ့ ကလေးတွေကဆရာ၊ဆရာမတွေကို ငါတို့ပိုက်ဆံပေးထားတယ်ဆိုတဲ့ အတွေးနဲ့  ဆရာ၊ ဆရာမတွေအပေါ်မှာ မခန့်လေးစားဆက်ဆံကြသလို၊ ငေမွပေးနိုင်တဲ့ ကလေးတွေကို ဆရာမတစ်ချို့က အတန်းထဲမှာ ချိုးနှိမ်ဆက်ဆံတာ တွေကြောင့် မကျေမနပ်စိတ်နဲ့ မိုက်မိုက်ရိုင်းရိုင်းပြန်ပြောတာမျိုးတွေလည်းရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ အခြေအနေပိုဆိုးလာတာက အတန်းပိုင်ဆရာမတွေက သီတင်းကျွတ်ကန်တော့ရင် ပါတိတ် နဲ့ကန်တော့မှ ဆိုတာမျိုးကို စာသင်ခန်းထမှဲာ ဖွင့်ပြောလာပါတယ်။ ဆရာမတွေအတွက် နေ့လည်စာစားဖို့ တတ်နိုင်တဲ့ ကျောင်းသားမိဘတွေက အလှည့်ကျတာဝန်ယူကြရပါတယ်။ အဲဒီလိုတာဝန်ယူတဲ့မိဘရဲ့သားသမီးတွေကကျောင်းတွေ မှာ ဖူးဖူးမှုတ်ခံထားရတဲ့ သူတွေဖြစ်လာပါတယ်။ ဒါကြောင့် မိဘတွေကလည်း ကိုယ့်သားသမီးအနေအစားချောင်ဖို့ အတွက် နေ့လည်စာ စီစဉ်ကြတာမှ အလုအယက်ပါပဲ။ ကျောင်းတွေမှာ မြင်မကောင်းလောက်အောင် ခြိမ့်ခြိမ့်သဲသဲ ဖြစ်နေကြတာပါ။ အဲဒီအချိန်က တာဝန်ရှိသူတွေ၊ ထောက်လှမ်းရေးတွေ အသေးစိတ်သိကြပေမဲ့ နိုင်ငံရေးမဟုတ်တဲ့ အတွက် ဂရုမစိုက်တဲ့အပြင် သူတို့က အဲဒီ့အခြေအနေကို ပိုလို့ကြိုက်နှစ်သက်ပါတယ်။
နဝတ၊ နအဖ လက်ထက်မှာ ကျောင်းပုရဝုဏ်ထဲက မြေနေရာအလွတ်တွေမှာ ဈေးဆိုင်ခန်းတွေ ဆောက်ပြီး အငှားချခဲ့ပါတယ်၊ အဲဒီဆိုင်ခန်းတွေမှာ အများအားဖြင့် ဖွင့်တာက အရက်ဆိုင်တွေ၊ စည်ဘီယာ ဆိုင်တွေပါ၊ ၂၀၀၂၊ ၂၀၀၃ လောက်က စည်ဘီယာတစ်ခွက် ကို ငွေ ၃၀၀ လောက်ပဲပေးရတာဆိုတော့ ကျောင်းသား တွေသောက်လို့ လက်လှမ်းမှီလောက်တဲ့ ငွေပမာဏာပါ။ ဒါကြောင့်လည်း ညနေ ကျောင်းဆင်းရင် အဖြူအစိမ်းလေးတွေ ဘီယာခွက် ကိုယ်စီနဲ့ တွေ့နေမြင်နေရပါတယ်။ ဘယ်လူကြီးကမှ မသောက်ရဘူးလို့ မဟန့်တား သလို၊ အသက်မပြည့်လို့ အရက် မရောင်းဘူးဆိုတဲ့ ဆိုင်လည်း မရှိပါဘူး။ နယ်မြေခံထောက်လှမ်းရေးတွေ၊ ရဲတွေလည်း နိုင်ငံရေးလှုပ်ရှားမှု သတင်းသာ သိုးသိုးသန့်သန့်မရနဲ့ ကျန်တာအားလုံး အိုကေပါတယ်။  အဒီဲ့အချိန်ကလေးတော်တော်များများက အတန်းသာအောင်သွားတယ် စာမတတ်ပေမဲ့ မတတ်သင့်တဲ့ ပညာတော်တော်များများကို တတ်မြောက်သွားပါတယ်။ မူးယစ်ဆေးဆိုတာက ဦးနေဝင်းလက်ထက်ကတည်းက ရှိခဲ့ပေမဲ့ နဝတ၊နအဖ လက်ထက်မှာ တော်တော်ပေါများနေပါတယ်။ ဦးနေဝင်းလက်ထက်က ဘိန်းဖြူကို တော်တော် ချမ်းသာတဲ့ မိသားစုက ကလေးတွေပဲ သုံးနိုင်တာဖြစ်ပေမဲ့ နဝတ ခေတ်မှာ လူလတ်တန်းစားတွေလည်း သုံးနိုင် လောက်အောင်ဈေးပေါလာသလို ပစ္စည်းလည်းတော်တော်ပေါလာပါတယ်။ နယ်စပ်ဒေသမှာလည်း ကွန်မြူနစ် ပါတီက ခွဲထွက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဘိန်းစိုက်ပျိုးထုတ်လုပ်ခွင့်ကိုလည်း မသိမသာခွင့်ပြုပေး ခဲ့ပါတယ်။  တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တရုတ်ပြည်ဘက်ကလာတဲ့ တရုတ်တွေက မြန်မာပြည်ဘက်ထဲကိုဝင်ပြီး ဘိန်းစိုက်ကြပျိုးကြတာပွဲတော်ကြီးလိုပဲ စည်ကားလှပါတယ်။ အဲဒီ့ စိုက်ပျိုးတဲ့ ဘိန်းတွေကို မြန်မာပြည်ထဲကိုပဲ အများဆုံးအားပြုပြီးဖြန့်ချီကြတာပေါ့။ နဝတ၊နအဖ လက်ထက်ကစပြီး အစိုးရနဲ့ မပတ်သက်သူတွေဟာ စီးပွားရေးအရ လုပ်ကိုင်ဖို့ခက်ခဲသွားခဲ့ပေမဲ့ နဝတ၊နအဖနဲ့ ပိုင်သူတွေကတော့ သစ်၊ဘိန်း၊ ကျောက်မြတ်၊ ရွှေ၊ ရေနံစ တဲ့ လုပ်ငန်းတွေဖြစ်ထွန်း လာပါတယ်။ ဒါကြောင့်လည်း လက်လီစိတ်ဘိန်းရောင်းတဲ့ လူတွေလည်း တဖြေးဖြေး များလာပါတယ်။ ကျမတို့ ထောင်ထဲမှာ ရှိနေတဲ့ အချိန်အတင်ွး အင်းစိန်ထောင်မှာ ဘိန်းရောင်းတဲ့ မိသားစုတွေ ကိုမေးကြည့်တော့ စစ်တပ်ကအာဏာသိမ်းပြီး နောက်မှာ ဘိန်းအရောင်းအဝယ်လုပ်ငန်းက တော်တော်ကောင်းလာ တယ်တဲ့။ ပြောချင်တာကကျောင်းသားတေထွမှဲာ ဘိန်းစားတွေတော်တော်များပါတယ်။ အထက်တန်းကျောင်းတွေမှာ ကို အိမ်သာထမှဲာ ဘိန်းဖြူကို သွေးကြောထထိုဲးထဲ့ တဲ့ သူတွေရှိလာပါတယ်။ ဗိုလ်ခင်ညွန့်က အခြေခံပညာတစ်ခုတည်းတင်မကပါဘူး၊ အဆင့်မြင့်ပညာကိုလည်းဖျက်ဆီးခဲ့ပါသေးတယ်။  အဝေးသင်တွေ စာမေးပွဲဖြေရင် ခိုးချလို့ရအောင် ဆရာမကို မုန့်ဖိုးပေးတဲ့ စနစ်တစ်ခုလည်း အကြီးအကျယ်ရှိခဲ့ပါတယ်။ တစ်ယောက်ကို ၅၀၀ ကျပ်နဲ့ အတန်းထလူဲ ၂၀ ရှိရင် စာမေးပွဲခန်းစောင့်တဲ့ ဆရာမက ငွေတစ်သောင်းရပါတယ်။ ကျမအမျိုးသားရဲ့ မိတ္တူဆိုင်က ဝန်ထမ်းကောင်မလေးက ကျမကို ပြောပြဘူးပါတယ်။ "ညီမတို့က အနီးကပ် ၁၀ ရက်ပဲ တက်ရတာ၊ တက်ရတဲ့ ၁၀ ရက်အတွင်းမှာ ဆရာမက စာလည်း ကောင်းကောင်းသင်တာမဟုတ်ဘူး၊ သူ့ကျူရှင် တက်မှ ကျူရှင်မှာ သင်ပေးတာ၊ အနီးကပ် ၁၀ ရက်ပြီးတာနဲ့ စာမေးပွဲကတန်းလာတာဆိုတော့ စာကျက်ဖို့လည်း အချိန်မရဘူး၊ အဲဒီတော့ အခန်းစောင့်တဲ့ ဆရာမကို ပိုက်ဆံ ပေးလိုက်ရင် အကြိုက်ကူးချလို့ရတာပေါ့" တဲ့။ အဲဒီလိုနဲ့ ဗမာ့ပြည်ရဲ့ ပညာရေးက သုံးစားမရတဲ့ အဆင့်ကို ရောက်ခဲ့ပါတယ်။ ဗိုလ်ခင်ညွန့် လက်ထက်မှာပဲ တက္ကသိုလ်တွေကိုလည်းနိုင်ငံရေးအရလှုပ်ရှားလို့မရအောင်လို့ တောကြိုအုံကြား ကို ရွေ့ပြောင်းလိုက်ပါတယ်။ လူသူနဲ့ ဝေးတဲ့ နေရာမှာ ဘိန်းဖြူတွေ၊ အရက်တွေအပြင် တည်းခိုခန်းလေးတွေပါဖွင့်ခွင့်ပေးထားလိုက်ပါသေးတယ်၊ ကျောင်းပုရဝု ဏ်အတွင်းမှာ ဖဲရိုက်မလား၊ ဘယ်လိုလောင်းကစားမျိုးလုပ်ချင်လဲ အားလုံး အဆင်ပြေပါတယ်။ ချစ်သူလေးနဲ့ တည်းခိုခန်းကို အေး အေးအေးသက်သာလည်းသွားလို့ရပါသေးတယ်၊ တည်းခိုခန်းတွေက နာရီဝက်၊ တစ်နာရီက စပြီးငှားပေးထားပါတယ်။
တစ်နာရီအတက်ွ အဖိုးအခကလည်း ကျောင်းသားတွေ လက်လှမ်းမှီ တဲ့ ဈေးပါ။ ဒီလိုသတင်းတွေကို မွေးနေတော့ မိဘတွေလည်း ကိုယ့်သားသမီးတေကွို တက္ကသိုလ်ပေးတက်ဖို့ တောင်တော်တော်ခက်ခဲလာပါတယ်။ အရင်က RIT ကို ပိတ်ထားလိုက်ပြီး GTC ဆိုပြီးလုပ်ပါတယ်။ တောကြိုအုံကြားမှာ ဖွင့်ပါတယ်။ GTC ၂ နှစ်ပြီးလို့ သတ်မှတ်ထားတဲ့ အမှတ်မှီခဲ့ရင် ဘီတက်စ် ဆက်တက်ရပါတယ်။ ကျမတို့နဲ့ နီးစပ်တဲ့ ကလေးတော်တော် များများ GTC သွားတက်ပြီးရင် ပျက်စီးသွားကြပါတယ်။ မိဘနဲ့ဝေးတဲ့ နယ်မြို့တွေမှာ သွားတက်ရတဲ့အပြင် ကျောင်းတွေက လယ်ကွင်းတွေထမှဲာပါ၊ ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရင်ပြီးရော ကျန်တာဘာလုပ်လုပ်ဆိုတဲ့ အစိုးရရဲ့ မူဝါဒကြောင့် ကျောင်းတွေရဲ့အနီးအနားဝန်းကျင်မှာ မကောင်းမှုမှန်သမျှ အကုန်လုပ်လို့ရနေပါတယ်။ အသက်ကလေးတေကွ အကြီးဆုံးတောင် ပျှမ်းမျှ ၁၈၊ ၁၉ လောက်အရွယ်လေးတွေဆိုတော့ စမ်းလို့ရသမျှ အကုန်စမ်းရင်းနောက်ဆုံးတော့ GTC နဲ့ ပဲစခန်းသိမ်းသွားတာတွေ၊ GTC တောင်မပြီးတာတွေ ရှိပါတယ်။ လူ့အသက်ကို ကယ်တင်ရမှာဖြစ်တဲ့ ဆရာဝန်တွေကို မွေးထုတ်ပေးတဲ့ ဆေးတက္ကသိုလ်ကိုလည်း မကွေးကို ပို့လိုက်ပါသေးတယ်။ မကွေးဆေးဖွင့်ခါစက လက်တွေ့ခန်းသုံးပစ္စည်းအပြည့်အစုံမရှိလို့ ရန်ကုန်မှာခွဲစိတ်နေတာကို မကွေးဆေးက ကလေးတွေက တီဗွီကြီးကနေ တစ်ဆင့် ထိုင်ကြည့်ကြရပါတယ်။ ဆရာဝန်လောင်းတွေရဲ့ ပညာရေးကိုသာ အဲဒီလိုလုပ်ပြစ်လိုက်တာပါ၊ သူတို့ တစ်ခုခုဖြစ်ရင် စင်ကာပူကို တန်းနေအောင်ပြေးကြတာပါ။ အဲဒီလိုဖျက်ပြစ်ခဲ့တဲ့ အကျိုးဆက်က အခုပေါ်နေပါပြီ။ မြန်မာ့ပညာရေးဟာ အရှေ့တောင်အာရှမှာတောင် အနိမ့်ဆုံး အဆင့်ပါ။ လူငယ်အတော်များများက အစိုးရခေါက်ခဲ့တဲ့ ခေါက်ရိုးအတိုင်း ပေါ့ပေါ့နေ ပေါ့ပေါ့စားဘဝနဲ့ နေကြပါတယ်။ ကိုယ့်ကိုကိုယ်ဖောက်ထွက်ဖို့ကျိုးစားခဲ့တဲ့ ကလေးတွေ ရှိပေမဲ့ သိပ်အများကြီးမဟုတ်ပါဘူး။ မူးယစ်ဆေးရဲ့ သားကောင်တေြွဖစ်ပြီး ခိုးမယ်၊ လုမယ်ဆိုတဲ့ အတေးွတွေနဲ့ လူငယ်တွေလည်း အများကြီးရှိနေပါပြီ။ ဒါပေမဲ့ ဗိုလ်ခင်ညွန့်ကတော့ သူ့ရဲ့ မြေးတွေကို စင်ကာပူမှာ ကျောင်းထားထားတယ်လို့သိရပါတယ်။ သူလက်စောင်းထက် နေချိန်တုန်းက သူလုပ်ခဲ့တဲ့ အရာတွေကို ပြည်သူတွေက ခါးခါးသီးသီး ခံစားနေကြရပေမဲ့ သူကတော့ အခုထိ နောင်တရပုံမရပါဘူး။ သူ့တို့ အာဏာတည်မြေဲရးအတွက် တိုင်းပြည်ကို ချနင်းခဲ့သူတွေက အခုချိန်အထိတော့ သူတို့ကိုယ်သူတို့ ကယ်တင်ရှင်လို့ အထင်ခံချင်နေတုန်းပါပ။ဲ

ခင်​ညိမ်းသစ်

Comments

Popular posts from this blog

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ

သမထမှဝိပသနာသို့ကူးပုံ