ဆရာမအတွက် စာတစ်စောင်

အီဘရာဟင်လင်ကွန်း က သူ့သား
ကျောင်းစတက်တဲ့နေ့မှာ အတန်းပိုင်
ဆရာကိုပေးဖို့ စာတစ်စောင် သူ့သားနဲ့
ထည့်ပေးဖူးတယ်။

ဆရာခင်ဗျား........

ဒီနေ့ ကျွန်တော့်သား ကျောင်းစတက်ပါ
တော့မယ်၊ သားအတွက် ကျောင်း
အတွေ့အကြုံဟာ အရာရာ အစိမ်း
သက်သက်၊အသစ်တွေ တွေ့ရမယ်
​ခဏပေါ့၊သားကို ကြင်ကြင်နာနာ
ဆက်ဆံပေးဖို့ မေတ္တာရပ်ခံပါတယ် ...

သူ့အတွက် စာသင်ရတာ
ကမာ္ဘ့တိုက်ကြီးတွေ ဖြတ်ကျော်တဲ့
နယ်မြေသစ် စွန့်စားခန်းမျိုးများလား
မသိဘူး၊စွန့်စားခန်းလို့ပြောရင် စစ်ပွဲတွေ၊
အနိဋ္ဌာရုံတွေ၊ ဝမ်းနည်းပူဆွေးခြင်းတွေ
ဖြစ်ရတာမျိုးတွေ ပါလာတယ်၊
တကယ်တော့ ဒီဘဝ အသက်ရှင်ရေး
အတွက် ယုံကြည်ချက်၊ မေတ္တာတရား
နဲ့ သတ္တိတွေ က ပိုလိုနေကြတာပါ။

ဒီတော့ ဆရာရယ်၊ ဆရာ့မေတ္တာတရား နဲ့

သူ့လက်ကို ဆွဲလို့ သူသိသင့်တာတွေ
သင်ပေးပါဆရာ၊ ဖြစ်နိုင်သရွှေ့
အကြင်နာတရားရှေ့ထားပြီး
ငြင်ငြင်သာသာသင်ပေးပါဗျာ .....

အခက်အခဲတွေကြောင့် ရန်သူတွေ
အားလုံးထဲတောင် မိတ်ဆွေ
တစ်​ယောက်တော့ ရှာတွေ့တတ်ကြောင်း
လောကမှာ သမာဓိ၊ သစ္စာပျောက်တဲ့
လူတွေ၊ မရိုးသားသူတွေကိုတွေ့တဲ့အခါ
သတ္တိဗျတ္တိရှိတဲ့ လူစွမ်း​ကောင်းတွေ
လည်းရှိတယ်၊ လိမ်ညာလှည့်ဖြားတက်
တဲ့ နိုင်ငံရေးသမားတွေ ချည်း မဟုတ်ဘဲ
တိုင်းပြည်တည်ဆောက်ဖိ...

Comments

Popular posts from this blog

ရခိုင်သမိုင်း

အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ