Posts

Showing posts from July, 2019

"အနတ္တ လက္ခဏ တရားတော် "

" အနတ္တ လက္ခဏ တရားတော် " * ဝါဆို လပြည့် အခါ မှ စ၍ ဓမ္မစကြာ တရားတော် ဟောကြား ဆုံးမသည့် အခါ ပဉ္စဝဂ္ဂီ ငါးဦး တို့သည် တစ်ရက် တစ်ဦး သောတာပတ္တိမဂ်ဉာဏ် ရ၍ ရဟန်း အဖြစ် ခံယူကြသည် ။ * ဝါဆို လပြည့်ကျော် ၅ ရက်၌ မြတ်စွာဘုရားသည် ရဟန်း ၅ ပါး အရဟတ္တမဂ်ဉာဏ် ဖြစ်စေရန် အနတ္တ လက္ခဏ တရားတော် ကို ဟောကြား ဆုံးမတော် မူပါသည် ။       *************************     " အနတ္တ လက္ခဏ တရားတော် " မြတ်စွာဘုရား သည် ပဉ္စဝဂ္ဂီ ရဟန်းတို့ကို ၁ ။       " ရဟန်းတို့ " * ရုပ် သည် အတ္တ မဟုတ်ပါ ။ * ရုပ် သည် အတ္တ ဖြစ်ခဲ့လျှင် ရုပ် သည် နာကျင်ခြင်းငှါ မဖြစ်ရာ ။ * " ငါ၏ ရုပ် သည် ဤသို့ ဖြစ်စေ ၊ ငါ၏ ရုပ် သည် ဤသို့ မဖြစ်စေလင့် " ဟူ၍လည်း ရုပ်၌ ( စီရင်၍ ) ရရာ၏ ။ * ရဟန်းတို့ ရုပ် သည် အတ္တ မဟုတ် သောကြောင့် နာကျင်ခြင်း ဖြစ်၏ ။ * " ငါ၏ ရုပ် သည် ဤသို့ ဖြစ်စေ ၊ ငါ၏ ရုပ် သည် ဤသို့ မဖြစ်စေလင့် ဟူ၍လည်း ရုပ်၌ ( စီရင်၍ ) မရအပ်ပါ ။         *************************        " ရဟန်းတို့ " * ဝေဒနာ သည် အတ္တ မဟုတ်ပါ ။ * ဝေဒနာ သည် အတ္တ ဖြစ်ခဲ့လျှင် ဝေဒနာ သည် နာကျင်ခြင်း မဖြစ်ရ

ဦးစောက အောင်ဆန်းကို သတ်တာ မဟုတ်ဘူး..။

"ဦးစောက အောင်ဆန်းကို သတ်တာ မဟုတ်ဘူး..။ ဒါကို ငါလည်း သိတယ်။ မင်းတို့ဗြိတိသျှတွေလည်း သိတယ်။ ဘာဖြစ်လို့လဲဆိုတော့.. မင်းတို့က အဲဒီ လုပ်ကြံမှုရဲ့ နောက်ကွယ်မှာ ရှိနေလို့ပဲ.."။ (၁၉၄၇ စက်တင်ဘာလအတွင်း သခင်သန်းထွန်း (ဗိုလ်ချုပ် မယား ညီအကို) က ရန်ကုန် ဆူးလေး ဘုရားလမ်းရှိ အရှေ့အာရှ တလွှား အလျားအရှည် ဆုံး အရက်ဘား ဟု အဲ့ခေတ်တုန်းက နာမည်ကြီး တဲ့ အရာရှိများကလပ်မှာ ဗြိတိသျှ လူငယ် စစ်ဗိုလ် အန်တိုနီ စတိုနာ ကို ချဲတဲ့ စကား..) ဗိုလ်ချုပ်တို့လုပ်ကြံခံရမှုမှာ ဗြိတိသျှရဲ့ နောက်ကွယ် က ပါဝင်ပတ်သက်၊ ကြိုးကိုင်မှု ရှိ/မရှိ သုံးသပ်ချက် တွေကို ဗြိတိသျှ နိုင်ငံခြားရေးဋ္ဌာနက ဆက်စပ်တဲ့ လျှို့ဝှက်မှတ်တမ်းတွေ ထုတ်ခွင့်ရတဲ့ အချိန်ကာလ ရောက်မှ  မှတ်တမ်းရုပ်ရှင် အဖြစ် ပေါ်ထွက်လာခဲ့ တဲ့ ဘီဘီစီ ရဲ့ ရုပ်မြင်သံကြား အစီအစဉ် "အောင် ဆန်းကို တကယ် ဘယ်သူသတ်သလဲ.. (Who Really Killed Aung San?, BBC Documentary Programme, 1997)" အပါအဝင် ဦးခင်အောင်ရဲ့ "အောင်ဆန်းကို ဘယ်သူသလဲ" (Who Killed Aung San?, 1993) စာအုပ်လို နဲ့ အခြား သမိုင်း စာအုပ်တွေမှတဆင့် သိခွင့်ရလို့ လူအများ စဉ်းစား ဆင်ခြင် နို