"အနတ္တ လက္ခဏ တရားတော် "

" အနတ္တ လက္ခဏ တရားတော် "
* ဝါဆို လပြည့် အခါ မှ စ၍
ဓမ္မစကြာ တရားတော် ဟောကြား ဆုံးမသည့် အခါ
ပဉ္စဝဂ္ဂီ ငါးဦး တို့သည် တစ်ရက် တစ်ဦး
သောတာပတ္တိမဂ်ဉာဏ် ရ၍ ရဟန်း အဖြစ် ခံယူကြသည် ။
* ဝါဆို လပြည့်ကျော် ၅ ရက်၌ မြတ်စွာဘုရားသည်
ရဟန်း ၅ ပါး အရဟတ္တမဂ်ဉာဏ် ဖြစ်စေရန်
အနတ္တ လက္ခဏ တရားတော် ကို
ဟောကြား ဆုံးမတော် မူပါသည် ။
      *************************
    " အနတ္တ လက္ခဏ တရားတော် "
မြတ်စွာဘုရား သည် ပဉ္စဝဂ္ဂီ ရဟန်းတို့ကို
၁ ။       " ရဟန်းတို့ "
* ရုပ် သည် အတ္တ မဟုတ်ပါ ။
* ရုပ် သည် အတ္တ ဖြစ်ခဲ့လျှင်
ရုပ် သည် နာကျင်ခြင်းငှါ မဖြစ်ရာ ။
* " ငါ၏ ရုပ် သည် ဤသို့ ဖြစ်စေ ၊
ငါ၏ ရုပ် သည် ဤသို့ မဖြစ်စေလင့် " ဟူ၍လည်း
ရုပ်၌ ( စီရင်၍ ) ရရာ၏ ။
* ရဟန်းတို့
ရုပ် သည် အတ္တ မဟုတ် သောကြောင့်
နာကျင်ခြင်း ဖြစ်၏ ။
* " ငါ၏ ရုပ် သည် ဤသို့ ဖြစ်စေ ၊
ငါ၏ ရုပ် သည် ဤသို့ မဖြစ်စေလင့် ဟူ၍လည်း
ရုပ်၌ ( စီရင်၍ ) မရအပ်ပါ ။
        *************************
       " ရဟန်းတို့ "
* ဝေဒနာ သည် အတ္တ မဟုတ်ပါ ။
* ဝေဒနာ သည် အတ္တ ဖြစ်ခဲ့လျှင်
ဝေဒနာ သည် နာကျင်ခြင်း မဖြစ်ရာ ။
* " ငါ၏ ဝေဒနာ သည် ဤသို့ ဖြစ်စေ ၊
ငါ၏ ဝေဒနာ သည် ဤသို့ မဖြစ်စေလင့် " ဟူ၍လည်း
ဝေဒနာ၌ ( စီရင်၍ ) ရရာ၏ ။
* ရဟန်းတို့
ဝေဒနာ သည် အတ္တ မဟုတ် သောကြောင့်
နာကျင်ခြင်း ဖြစ်၏ ။
* " ငါ၏ ဝေဒနာ သည် ဤသို့ ဖြစ်စေ ၊
ငါ၏ ဝေဒနာ သည် ဤသို့ မဖြစ်စေလင့် ဟူ၍လည်း
ဝေဒနာ၌ ( စီရင်၍ ) မရအပ်ပါ ။
        *************************
       " ရဟန်းတို့ "
* သညာ သည် အတ္တ မဟုတ်ပါ ။
* သညာ သည် အတ္တ ဖြစ်ခဲ့လျှင်
သညာ သည် နာကျင်ခြင်း မဖြစ်ရာ ။
* " ငါ၏ သညာ သည် ဤသို့ ဖြစ်စေ ၊
ငါ၏ သညာ သည် ဤသို့ မဖြစ်စေလင့် " ဟူ၍လည်း
သညာ၌ ( စီရင်၍ ) ရရာ၏ ။
* ရဟန်းတို့
သညာ သည် အတ္တ မဟုတ် သောကြောင့်
နာကျင်ခြင်း ဖြစ်၏ ။
* " ငါ၏ သညာ သည် ဤသို့ ဖြစ်စေ ၊
ငါ၏ သညာ သည် ဤသို့ မဖြစ်စေလင့် ဟူ၍လည်း
သညာ၌ ( စီရင်၍ ) မရအပ်ပါ ။
        *************************
       " ရဟန်းတို့ "
* သင်္ခါရ တို့ သည် အတ္တ မဟုတ်ပါ ။
* သင်္ခါရ တို့ သည် အတ္တ ဖြစ်ခဲ့လျှင်
သင်္ခါရ တို့ သည် နာကျင်ခြင်း မဖြစ်ရာ ။
* " ငါ၏ သင်္ခါရ တို့ သည် ဤသို့ ဖြစ်စေ ၊
ငါ၏ သင်္ခါရ တို့ သည် ဤသို့ မဖြစ်စေလင့် " ဟူ၍လည်း
သင်္ခါရတို့၌ ( စီရင်၍ ) ရရာ၏ ။
* ရဟန်းတို့
သင်္ခါရ တို့ သည် အတ္တ မဟုတ် သောကြောင့်
နာကျင်ခြင်း ဖြစ်၏ ။
* " ငါ၏ သင်္ခါရ တို့ သည် ဤသို့ ဖြစ်စေ ၊
ငါ၏ သင်္ခါရ တို့ သည် ဤသို့ မဖြစ်စေလင့် ဟူ၍လည်း
သင်္ခါရတို့၌ ( စီရင်၍ ) မရအပ်ပါ ။
        *************************
       " ရဟန်းတို့ "
* ဝိညာဏ် သည် အတ္တ မဟုတ်ပါ ။
* ဝိညာဏ် သည် အတ္တ ဖြစ်ခဲ့လျှင်
ဝိညာဏ် သည် နာကျင်ခြင်း မဖြစ်ရာ ။
* " ငါ၏ ဝိညာဏ် သည် ဤသို့ ဖြစ်စေ ၊
ငါ၏ ဝိညာဏ် သည် ဤသို့ မဖြစ်စေလင့် " ဟူ၍လည်း
ဝိညာဏ်၌ ( စီရင်၍ ) ရရာ၏ ။
* ရဟန်းတို့
ဝိညာဏ် သည် အတ္တ မဟုတ် သောကြောင့်
နာကျင်ခြင်း ဖြစ်၏ ။
* " ငါ၏ ဝိညာဏ် သည် ဤသို့ ဖြစ်စေ ၊
ငါ၏ ဝိညာဏ် သည် ဤသို့ မဖြစ်စေလင့် ဟူ၍လည်း
ဝိညာဏ်၌ ( စီရင်၍ ) မရအပ်ပါ ။
        *************************
၂ ။            " ရဟန်းတို့ "
* သင်တို့သည် ထိုအရာ ကို
အဘယ်သို့ မှတ်ထင်ကုန် သနည်း ။
* ရုပ် သည် မြဲသလော ၊ မမြဲသလော ? ဟု
မေးတော်မူရာ
- မမြဲပါ အသျှင်ဘုရား ဟု လျှောက်ကုန်၏ ။
* မမြဲသော ရုပ် သည် ဆင်းရဲလော ၊
ချမ်းသာလော ? ဟု မေးတော်မူပြန်ရာ
- ဆင်းရဲ ဖြစ်ပါသည် အသျှင်ဘုရား ဟု လျှောက်ကုန်၏ ။
* မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော
ရုပ် ကို " ဤဟာ ငါ့ဥစ္စာ ဖြစ်၏ ။ ဤဟာ ငါ ဖြစ်၏ ။
ဤဟာ ငါ့အတ္တ တည်း " ဟု ရှုခြင်းငှါ
သင့်လျှော် ပါမည်လော ? ဟု မေးတော်မူပြန်ရာ
- မသင့်လျှော်ပါ အသျှင်ဘုရား ဟု လျှောက်ကုန်၏ ။
       ***************************
            " ရဟန်းတို့ "
* သင်တို့သည် ထိုအရာ ကို
အဘယ်သို့ မှတ်ထင်ကုန် သနည်း ။
* ဝေဒနာ သည် မြဲသလော ၊ မမြဲသလော ? ဟု
မေးတော်မူရာ
- မမြဲပါ အသျှင်ဘုရား ဟု လျှောက်ကုန်၏ ။
* မမြဲသော ဝေဒနာ သည် ဆင်းရဲလော ၊
ချမ်းသာလော ? ဟု မေးတော်မူပြန်ရာ
- ဆင်းရဲ ဖြစ်ပါသည် အသျှင်ဘုရား ဟု လျှောက်ကုန်၏ ။
* မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော
ဝေဒနာ ကို " ဤဟာ ငါ့ဥစ္စာ ဖြစ်၏ ။ ဤဟာ ငါ ဖြစ်၏ ။
ဤဟာ ငါ့အတ္တ တည်း " ဟု ရှုခြင်းငှါ
သင့်လျှော် ပါမည်လော ? ဟု မေးတော်မူပြန်ရာ
- မသင့်လျှော်ပါ အသျှင်ဘုရား ဟု လျှောက်ကုန်၏ ။
       ***************************
            " ရဟန်းတို့ "
* သင်တို့သည် ထိုအရာ ကို
အဘယ်သို့ မှတ်ထင်ကုန် သနည်း ။
* သညာ သည် မြဲသလော ၊ မမြဲသလော ? ဟု
မေးတော်မူရာ
- မမြဲပါ အသျှင်ဘုရား ဟု လျှောက်ကုန်၏ ။
* မမြဲသော သညာ သည် ဆင်းရဲလော ၊
ချမ်းသာလော ? ဟု မေးတော်မူပြန်ရာ
- ဆင်းရဲ ဖြစ်ပါသည် အသျှင်ဘုရား ဟု လျှောက်ကုန်၏ ။
* မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော
သညာ ကို " ဤဟာ ငါ့ဥစ္စာ ဖြစ်၏ ။ ဤဟာ ငါ ဖြစ်၏ ။
ဤဟာ ငါ့အတ္တ တည်း " ဟု ရှုခြင်းငှါ
သင့်လျှော် ပါမည်လော ? ဟု မေးတော်မူပြန်ရာ
- မသင့်လျှော်ပါ အသျှင်ဘုရား ဟု လျှောက်ကုန်၏ ။
       ***************************
            " ရဟန်းတို့ "
* သင်တို့သည် ထိုအရာ ကို
အဘယ်သို့ မှတ်ထင်ကုန် သနည်း ။
* သင်္ခါရ တို့ သည် မြဲသလော ၊ မမြဲသလော ? ဟု
မေးတော်မူရာ
- မမြဲပါ အသျှင်ဘုရား ဟု လျှောက်ကုန်၏ ။
* မမြဲသော သင်္ခါရ တို့ သည် ဆင်းရဲလော ၊
ချမ်းသာလော ? ဟု မေးတော်မူပြန်ရာ
- ဆင်းရဲ ဖြစ်ပါသည် အသျှင်ဘုရား ဟု လျှောက်ကုန်၏ ။
* မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော
သင်္ခါရတို့ ကို " ဤဟာ ငါ့ဥစ္စာ ဖြစ်၏ ။ ဤဟာ ငါ ဖြစ်၏ ။
ဤဟာ ငါ့အတ္တ တည်း " ဟု ရှုခြင်းငှါ
သင့်လျှော် ပါမည်လော ? ဟု မေးတော်မူပြန်ရာ
- မသင့်လျှော်ပါ အသျှင်ဘုရား ဟု လျှောက်ကုန်၏ ။
       ***************************
            " ရဟန်းတို့ "
* သင်တို့သည် ထိုအရာ ကို
အဘယ်သို့ မှတ်ထင်ကုန် သနည်း ။
* ဝိညာဏ် သည် မြဲသလော ၊ မမြဲသလော ? ဟု
မေးတော်မူရာ
- မမြဲပါ အသျှင်ဘုရား ဟု လျှောက်ကုန်၏ ။
* မမြဲသော ဝိညာဏ် သည် ဆင်းရဲလော ၊
ချမ်းသာလော ? ဟု မေးတော်မူပြန်ရာ
- ဆင်းရဲ ဖြစ်ပါသည် အသျှင်ဘုရား ဟု လျှောက်ကုန်၏ ။
* မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော
ဝိညာဏ် ကို " ဤဟာ ငါ့ဥစ္စာ ဖြစ်၏ ။ ဤဟာ ငါ ဖြစ်၏ ။
ဤဟာ ငါ့အတ္တ တည်း " ဟု ရှုခြင်းငှါ
သင့်လျှော် ပါမည်လော ? ဟု မေးတော်မူပြန်ရာ
- မသင့်လျှော်ပါ အသျှင်ဘုရား ဟု လျှောက်ကုန်၏ ။
       ***************************
၃ ။            " ရဟန်းတို့ "
* ထို့ကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန် အတွင်း အပြင်
အကြမ်း အနု အယုတ် အမြတ် အဝေး အနီး ဖြစ်သော
အလုံးစုံသော ရုပ် ကို
" ငါ၏ ဥစ္စာ မဟုတ် ၊ ငါ မဟုတ် ၊ ငါ့ အတ္တ မဟုတ် " ဟု
ဟုတ်မှန်သည့် အတိုင်း ကောင်းသော ပညာဖြင့်
ရှုအပ်၏ ။
        ***************************
            " ရဟန်းတို့ "
* ထို့ကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန် အတွင်း အပြင်
အကြမ်း အနု အယုတ် အမြတ် အဝေး အနီး ဖြစ်သော
အလုံးစုံသော ဝေဒနာ ကို

အလုံးစုံသော သညာ ကို

အလုံးစုံသော သင်္ခါရ တို့ ကို
" ငါ၏ ဥစ္စာ မဟုတ် ၊ ငါ မဟုတ် ၊ ငါ့ အတ္တ မဟုတ် " ဟု
ဟုတ်မှန်သည့် အတိုင်း ကောင်းသော ပညာဖြင့်
ရှုအပ်၏ ။
        ***************************
            " ရဟန်းတို့ "
* ထို့ကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန် အတွင်း အပြင်
အကြမ်း အနု အယုတ် အမြတ် အဝေး အနီး ဖြစ်သော
အလုံးစုံသော ဝိညာဏ် ကို
" ငါ၏ ဥစ္စာ မဟုတ် ၊ ငါ မဟုတ် ၊ ငါ့ အတ္တ မဟုတ် " ဟု
ဟုတ်မှန်သည့် အတိုင်း ကောင်းသော ပညာဖြင့်
ရှုအပ်၏ ။
        ***************************
၄ ၊         " ရဟန်းတို့ "
ဤသို့ ရှုသည် ရှိသော်
အကြား အမြင် ရှိသော အရိယာ တပည့် သည်
* ရုပ်၌ လည်း ငြီးငွေ့၏ ။
* ဝေဒနာ၌ လည်း ငြီးငွေ့၏ ။
* သညာ၌ လည်း ငြီးငွေ့၏ ။
* သင်္ခါရ တို့၌ လည်း ငြီးငွေ့၏ ။
* ဝိညာဏ်၌ လည်း ငြီးငွေ့၏ ။
ငြီးငွေ့ခြင်း ကြောင့် မတပ်မက် ။
မတပ်မက်ခြင်း ကြောင့် ကိလေသာ မှ လွတ်၏ ။
ကိလေသာ မှ လွတ်ပြီးသော်
ငါ သည် ကိလေသာ မှ လွတ်ပြီဟု အသိဉာဏ် ဖြစ်၏ ။
" ပဋိသန္ဓေ နေမှု ကုန်ပြီ ။
မြတ်သော အကျင့် ကို ကျင့်သုံး အပ်ပြီ ။
မဂ်ကိစ္စ ကို ပြုအပ်ပြီ ။
ဤ မဂ်ကိစ္စ အလို့ငှါ
တပါးသော ပြုဖွယ် ကိစ္စ မရှိတော့ပြီ " ဟု သိ၏ ဟု
မိန့်တော်မူ၏ ။
        ************************
၅ ၊ မြတ်စွာဘုရား သည် ဤတရားတော် ကို
ဟောတော်မူ၏ ။
- ပဉ္စဝဂ္ဂီ ရဟန်းတို့ သည်
မြတ်စွာဘုရား ဟောတော်မူသော တရားတော် ကို
နှစ်လိုကုန် သည် ဖြစ်၍ ဝမ်းမြောက်စွာ
ခံယူကြလေ ကုန်၏ ။
*** ဤ ဂါထာ မဖက်
သက်သက်သော ဒေသနာတော် ကို
ဟောတော်မူအပ် သည် ရှိသော်
ပဉ္စဝဂ္ဂီ ရဟန်းတို့၏ စိတ် တို့သည်
( တစ်စုံ တစ်ခု ကိုမျှ ) မစွဲလမ်း မူ၍
အာသဝေါတရား တို့မှ
လွတ်မြောက် လေကုန်သတည်း ***
* ထိုအခါ လောက၌ ရဟန္တာ ၆ ပါး ဖြစ်ကုန်၏ *
     " မဟာသမုဒ္ဒရာ ခပ်တိုင်းငန်
    လွတ်မြောက် ခြင်းသာ ရှိပါသည် "

"

Comments

Popular posts from this blog

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ

ရခိုင်သမိုင်း