ဦးစောက အောင်ဆန်းကို သတ်တာ မဟုတ်ဘူး..။

"ဦးစောက အောင်ဆန်းကို သတ်တာ မဟုတ်ဘူး..။
ဒါကို ငါလည်း သိတယ်။ မင်းတို့ဗြိတိသျှတွေလည်း
သိတယ်။ ဘာဖြစ်လို့လဲဆိုတော့.. မင်းတို့က အဲဒီ
လုပ်ကြံမှုရဲ့ နောက်ကွယ်မှာ ရှိနေလို့ပဲ.."။
(၁၉၄၇ စက်တင်ဘာလအတွင်း သခင်သန်းထွန်း
(ဗိုလ်ချုပ် မယား ညီအကို) က ရန်ကုန် ဆူးလေး
ဘုရားလမ်းရှိ အရှေ့အာရှ တလွှား အလျားအရှည်
ဆုံး အရက်ဘား ဟု အဲ့ခေတ်တုန်းက နာမည်ကြီး
တဲ့ အရာရှိများကလပ်မှာ ဗြိတိသျှ လူငယ် စစ်ဗိုလ်
အန်တိုနီ စတိုနာ ကို ချဲတဲ့ စကား..)

ဗိုလ်ချုပ်တို့လုပ်ကြံခံရမှုမှာ ဗြိတိသျှရဲ့ နောက်ကွယ်
က ပါဝင်ပတ်သက်၊ ကြိုးကိုင်မှု ရှိ/မရှိ သုံးသပ်ချက်
တွေကို ဗြိတိသျှ နိုင်ငံခြားရေးဋ္ဌာနက ဆက်စပ်တဲ့
လျှို့ဝှက်မှတ်တမ်းတွေ ထုတ်ခွင့်ရတဲ့ အချိန်ကာလ
ရောက်မှ  မှတ်တမ်းရုပ်ရှင် အဖြစ် ပေါ်ထွက်လာခဲ့
တဲ့ ဘီဘီစီ ရဲ့ ရုပ်မြင်သံကြား အစီအစဉ် "အောင်
ဆန်းကို တကယ် ဘယ်သူသတ်သလဲ.. (Who
Really Killed Aung San?, BBC Documentary
Programme, 1997)" အပါအဝင် ဦးခင်အောင်ရဲ့
"အောင်ဆန်းကို ဘယ်သူသလဲ" (Who Killed
Aung San?, 1993) စာအုပ်လို နဲ့ အခြား သမိုင်း
စာအုပ်တွေမှတဆင့် သိခွင့်ရလို့ လူအများ စဉ်းစား
ဆင်ခြင် နိုင်ကြတယ်လို့ ယူဆရတယ်..။

ဒီရှုပ်ထွေး နက်နဲပြီး အရုပ်ဆိုးလှတဲ့ နိုင်ငံရေး လုပ်
ကြံမှုကြီးရဲ့ အခြားနောက်ခံ ကွင်းဆက်ဖြစ်တဲ့ စစ်
တပ်၊ အထူးသဖြင့် ဗိုလ်နေဝင်းရဲ့ လက်ချက်မကင်း
ပုံတွေကိုလည်း အထက်မှာ ဆိုခဲ့တဲ့ အစီအစဉ် နဲ့
စာအုပ် မှာ တစွန်းတစ တွေ့နိုင်၊ မြင်နိုင်..၊ စဉ်းစား
သုံးသပ် နိုင်ပေမယ့် လူတွေအကြား.၊ အထူးသဖြင့်
လူငယ်တွေအကြား သိပ်သတိမထားမိကြဘူးလို့
ထင်တယ်..။

ကြေးမုံဦးသောင်းရဲ့ စာအုပ်တွေ ဖတ်ရင် ဗိုလ်နေ
ဝင်းဟာ ဂျပန်မှာ စစ်ပညာသင်စဉ်ကာလ က စပြီး
နောက်ပိုင်း တလျှောက်လုံး စစ်တပ်ရာထူး အထွပ်
အထိပ်ကိုရောက်နိုင်ဖို့ အမျိုးမျိုးကြံစည် လုပ်ဆောင်
ခဲ့ပုံတွေကို သိနိုင်တယ်..။

အခြား သမိုင်းနောက်ခံ စာအုပ်တွေ ဖြစ်တဲ့ သိန်းဖေ
မြင့် တို့..၊ သခင်တင်မြ တို့ စာတွေမှာလည်း ဗိုလ်
နေဝင်း ဂျပန်ခေတ်မှာ ဗိုလ်မောင်မောင်၊ဗိုလ်အောင်
ကြီးတို့နဲ့ ဆရာမွေး၊ တပည့်မွေး လုပ်ကြပြီး မြေ
အောက်တော်လှန်ရေး ဦးဆောင်နေတဲ့ သခင်စိုးနဲ့
သွားတွေ့..၊ ညှိ..၊  ဂျပန် လက်နက်ကိုင် တော်လှန်
ရေး စလုပ်ဖို့ ဆွေးနွေးခဲ့တာတွေ..၊ သခင်စိုး က
သူတို့ စစ်တပ်က လူချင်း အာဏာလုပွဲမှာ ငါက
ဘာလို့ခေါင်းခံရမလဲဆိုပြီး ငြင်းလွှတ်လိုက်တာတွေ
စတဲ့ ဗိုလ်နေဝင်ရဲ့ အထက်ကိုဖြတ်လမ်းက ရောက်
ဖို့ ကြံခဲ့တဲ့ ကလိမ်ဉာဏ်တွေကို သိနိုင်တယ်..။

ဂျပန်တော်လှန်ရေး တကယ်စတော့လည်း ဗိုလ်နေ
ဝင်းဟာ သူ တာဝန်ကျတဲ့ဒေသမှာမနေဘဲ ရန်ကုန်
မှာ ဂျပန်ဆုတ်တဲ့ သတင်းကြားတော့ ရန်ကုန်ကို
အမိန့်မရဘဲ သွား၊ သူတကယ် မပါခဲ့ဘဲနဲ့ ခပ်တည်
တည် နဲ့ သူဦးဆောင်တဲ့ ဗမာ့တပ်မတော်က ရန်
ကုန်ကို သိမ်းလိုက်ပြီ ဖြစ်ကြောင်း သူ့လက်မှတ် နဲ့
စာထုတ်..၊ မြန်မာ့အသံမှာ လွှင့် စတာတွေ လုပ်ပြီး
ဝင်လာတော့မယ့် ဗြိတိသျှကို သူဟာ ဗမာစစ်တပ်
ခေါင်းဆောင်ဖြစ်ကြောင်း သက်သေပြုနိုင်ဖို့ လုပ်ခဲ့
တယ်..။ သခင်စိုးတောင် မျက်စေ့ မလည်ခဲ့တဲ့
အကွက်ကို လူပါးတွေဖြစ်တဲ့ ဗြိတိသျှ တွေကလည်း
ပိုနားလည်တဲ့အတွက် နောက်ပိုင်း တွေ့ဆုံ ဆွေး
နွေး ညှိနှိုင်းမှုတွေကို ဗိုလ်ချုပ် နဲ့ သာ လုပ်ခဲ့တယ်။

ဂျပန်တော်လှန်ရေး အတွက် နောက်ဆုံး ဗိုလ်ချုပ်
အိမ်မှာ ဆွေးနွေးကြတော့ ဗိုလ်ချုပ်က ဗိုလ်နေဝင်း
ကို မယုံကြည်တဲ့အတွက် တာဝန်တွေကို လျှော့ချ
ပစ်ခဲ့တယ်..။ မယုံကြည်နိုင်လောက်တဲ့ အကြောင်း
တွေကလည်း ရှိခဲ့တယ်..။ ဗိုလ်နေဝင်းဟာ စစ်ကြို
အင်္ဂလိပ်ခေတ် ကောလိပ်ကျောင်းသားဘဝ နဲ့
နောက်ပိုင်း စာတိုက်စာရေး ဘဝတွေမှာ အပျော်
အပါး လောင်းကစားကြောင့် အမြဲ ငွေလိုနေတဲ့
အတွက် အင်္ဂလိပ်အစိုးရရဲ့ သတင်းပေး လုပ်ပေးဖူး
ခဲ့တယ် ဆိုတဲ့ သံသယ အကြောင်းတွေ ရှိတယ်..။

ဒါအပြင့် ဂျပန်ခေတ်ရောက်တော့ အထက်မှာဆိုသ
လို ရာထူးလိုချင်တာကြောင့်ပါ ဂျပန်တွေနဲ့ ပလူး
ပလဲ နေခဲ့တယ်..။ ဗိုလ်နေဝင်း သိနေတဲ့ အင်္ဂလိပ်
ဘက်က ချန်ခဲ့တဲ့ သူလျှိုတွေ ဂျပန် ဖမ်းပြီး အသတ်
ခံခဲ့ရဖူးတဲ့ သာဓကတွေရှိတော့ အားလုံးက ဗိုလ်နေ
ဝင်း ဂျပန်သတင်းပေးလည်း လုပ်နေပြီလားဆိုပြီး
ဂျပန်တော်လှန်ရေးစမယ့်အချိန်မှာ သံသယနဲ့
ကြောက်နေတယ်..။ သို့သော် ဗိုလ်ချုပ်က သူလျှိုမှု
နဲ့ ပတ်သက်ပြီးတော့ တိတိကျကျ အရေးယူတာမျိုး
တော့ မရှိခဲ့ဘူး။ဗိုလ်ချုပ်က ဗိုလ်နေဝင်းကို ဟိုင်နန်
မှာကတည်းက အသက်အရွယ်အရရယ်..၊ တဘက်
ဂိုဏ်း (သခင် ဗစိန်- ထွန်းအုပ် ဒို့ဗမာအစည်းအရုံး)
က သူလည်း ဖြစ်တဲ့ အတွက် ညီညွတ်မှု ပြချင်တာ
ရယ် အပြင် သူရဲ့ဉာဏ်ကောင်း၊ထက်မြက်၊အထက်
လူကြီး ခိုင်းရင် ဖင်ပေါ့ သွက်လက် လုပ်ပေးတတ်
တဲ့ အကျင့်ကြောင့် မျက်နှာသာ ပေးခဲ့တယ်..။

ဒါပေမယ့်ရဲဘော်သုံးကျိပ်မှာအထက်အောက်အဆင့်
အရ သူအထက်မှာ ပိတ်ခံနေတဲ့သူတွေ အများကြီး
ဆိုတာ သိတဲ့အပြင်၊သူရဲ့နိုင်ငံရေးအရည်အချင်းမရှိ
မှု၊နောက်ခံသမိုင်း မကောင်းမှုတွေကြောင့် ထိပ်ဆုံး
မရောက်နိုင်ဘူးဆိုတာကို ဗိုလ်နေဝင်းက အဲ့ဒီအချိန်
ကတည်းက ကောင်းကောင်းနားလည်ထားပြီး ဖြစ်
တဲ့အတွက် မကျေမနပ်ဖြစ်နေကာ  ထိပ်ကိုလှမ်းနိုင်
ဖို့ အောက်လမ်းနည်းအမျိုးမျိုးနဲ့ အမြဲ ကြံစည်ခဲ့
တယ်..။

ရဲဘော်သုံးကျိပ်မှာ စစ်ခေါင်းဆောင်အနေနဲ့ ဗိုလ်
ချုပ်..၊ နိုင်ငံရေးခေါင်းဆောင်အနေနဲ့ သခင်ထွန်း
အုပ်၊ ဒုတိယ စစ်ခေါင်းဆောင်အနေနဲ့ ဗိုလ်လင်္ကျာ
(သခင်လှဖေ).၊ နောက်စစ်ခေါင်းဆောင်တွေ အဖြစ်
ဗိုလ်ဇေယျ (သခင် လှမောင်)..၊ ဗိုလ်စင်္ကြာ (သခင်
အောင်သန်း၊ သခင် ဗစိန်- ထွန်းအုပ် ဂိုဏ်း) တို့ဟာ
ဗိုလ်နေဝင်း ရဲ့ အထက် အဆင့်အနေနဲ့ ရှိခဲ့တယ်.။

ဘီအိုင်အေ တပ် ယိုးဒယားကနေ ဗမာပြည်ကို စ
ဝင်တော့ သူ့ကို ရှေ့ပြေး တပ်အဖြစ်နဲ့ လျှို့ဝှက်
မြေအောက်အဖျက်လုပ်ငန်းတွေလုပ်ဖို့ လွှတ်လိုက်
တယ်..။ ဒါပေမယ့် ဘာမှ မယ်မယ်ရရ မလုပ်ဘဲ
ရန်ကုန်မှာ မြေအောင်လှုပ်ရှားနေတဲ့ နိုင်ငံရေးသမား
တွေဆီ သွားပြီး ပုန်းနေခဲ့တယ်..။

ယိုးဒယား မှာ ရဲဘော်သုံးကျိပ် လက်မောင်းသွေး
ဖောက်သောက် သစ္စာကတိပြုကြတော့ ဗိုလ်နေဝင်း
က ဖာအိမ်ရောက်နေလို့ မပါခဲ့ဘူးလို့ အတည်မပြု
နိုင်တဲ့ ဆိုရိုးရှိတယ်..။[ ဒါကြောင့် ၁၉၄၈ လွတ်လပ်
ရေး ရပြီး တပ်တချို့ တောခိုတော့ အစ ဗိုလ်နေဝင်း
က စစ်တပ်ကို ဦးဆောင်ပြီး တောခိုမယ်..၊ ဦးသိန်း
ဖေမြင့်က နိုင်ငံရေးခေါင်းဆောင်အနေနဲ့တောခိုမယ်
ဆိုတဲ့အကြံအစည်ကို ဗိုလ်နေဝင်း ကတိသစ္စာ ဖျက်
ခဲ့တာဟာ လက်မောင်း သွေး မသောက်ခဲ့လို့ဆိုပြီး
အဆိုရှိတယ်.။ ရိုးတဲ့ ဗိုလ်ဇေယျာကတော့ တောထဲ
ပါသွားခဲ့တယ်..။ ]

ဦးသိန်းဖေမြင့်ကို အဲ့အချိန်မှာ သူ့သူငယ်ချင်း ဦး
ကျော်ငြိမ်းက တောမခိုစေချင်လို့ နေအိမ်ကို ထမင်း
စားဖိတ်ပြီး ထောင်ထဲ ထည့်ထားလိုက်တယ်။ ဗိုလ်
နေဝင်း လိုက်မသွားတာကတော့ တောခိုတဲ့ အဖွဲ့
အစည်းတွေနဲ့ အနေနဲ့ အာဏာရဖို့က မသေချာ
တာရယ်.၊ လက်နက်ကိုင်ရောင်စုံ အဖွဲ့အစည်းတွေ
တောခိုနေပြီး ဖြစ်လို့ အရူးမီးဝိုင်းသလို ဖြစ်နေတဲ့
ဦးနုအစိုးရကို စစ်တပ်ခေါင်းဆောင်အနေနဲ့ အကြပ်
ကိုင် ရာထူးတောင်းတာက ပိုသေချာတဲ့ အတွက်
လို့ ယူဆရတယ်။ တကယ်လည်း ရာထူးရခဲ့တယ်။
တကယ် တိုက်ပေးရတာကတော့ နာမည်ကျော်
ဗိုလ်မှုးချုပ် ကျော်ဇောပဲ ဖြစ်တယ်..။ ဗိုလ်မှုးချုပ်
ကျော်ဇောက ကိုယ်တိုင်ဦးဆောင်ပြီး ရန်ကုန်အစိုးရ
လို့ နိုင်ငံတကာ မှာ လူအဟားခံ ဖြစ်နေရတဲ့ အခြေ
အနေကနေ နိုင်အောင် တိုက်နိုင်ခဲ့တယ်..။[ ဗိုလ်
မှုးချုပ်ကျော်ဇောကိုယ်တိုင်လည်း အဲ့တုန်းကတော့
ကရင်ကို တိုက်ရတာ နယ်ချဲ့ပယောဂကြောင့် ဆိုပြီး
မှန်တယ်လို့ ယူဆဖူးတဲ့ အကြောင်း သူ့ ကိုယ်တိုင်
ရေး စာအုပ်မှာ ဝန်ခံဖူးတယ်။  စကားမစပ် - ဗိုလ်မှုး
ချုပ် ကျော်ဇောအကြောင်းကို သူကိုယ်တိုင် ရေးတာ
အပြင် ဦးလွင်၊ ဦးတင်ဦး တို့ ပြောတာတွေကို လူ
ငယ်တွေ ရှာပြီး ဖတ်စေချင်တယ်။တကယ့် စစ်သား
ကောင်းကြီး အကြောင်းကို သိရမယ်..။ ]

ဂျပန်ခေတ် တလျောက်လုံး ဗိုလ်နေဝင်း ရဲ့ စစ်တပ်
ရာထူးဟာ သူရဲ့လောင်းကစား ဝါသနာ၊မိန်းမ လိုက်
စားမှု စတဲ့ အကျင့်စာရိတ္တပိုင်းဆိုင်ရာ အားနည်းမှု
တွေကြောင့် ဗိုလ်ချုပ်ရဲ့ အမြဲ ရာထူးချလိုက်၊ တက်
ပေးလိုက် လုပ်ခြင်းခံရတယ်..။ ဗိုလ်ချုပ်က ဗိုလ်နေ
ဝင်း မကောင်းမှန်းသိပေမယ့် အကြောင်းကြောင်းကို
ထောက်ထားပြီး အတတ်နိုင်ဆုံး သက်ညှာစဉ်းစား
ပေးခဲ့တယ်..။

ဒီအားနည်းချက်မျိုး ဦးနုမှာလည်း ရှိခဲ့တယ်..။ ဗိုလ်
နေဝင်း လင်ကြီး ငုတ်တုတ်ရှိတဲ့ ဒေါ်ခင်မေသန်းကို
ယူတော့ ဒါဟာ တရားဥပဒေ အရ ကော…၊ လူမှု
ကျင့်ဝတ်အရပါ လက်ခံနိုင်စရာ မရှိတဲ့အတွက်
အင်မတန် ဘာသာတရား ကိုင်းရှိုင်း..၊ အကျင့်သီလ
စင်ကြယ်တဲ့ ဦးနုက စစချင်းမှာ လုံးလုံး သည်းမခံဘဲ
နဲ့ ဗိုလ်နေဝင်းကို ရာထူးက အနားပေးဖို့ ဆုံးဖြစ်ခဲ့
တယ်..။ ဒါကို ဗိုလ်နေဝင်းကြားတော့ ဆိုရှယ်လစ်
ခေါင်းဆောင်တွေက တဆင့် ဦးနုကို ရှိခိုးမတတ်
တောင်းပန် ဦးညွှတ်၊ မှားမိကြောင်း ဝန်ခံတယ်..။
ကျန်တဲ့ သူတွေကိုလည်း ဦးနုကို ဖြောင်းဖျ ပေးဖို့
လိုက်တောင်းပန်တယ်။ ဒါနဲ့ပဲ  ဦးနုရဲ့ ဗိုလ်နေဝင်း
ကို ဖြုတ်ရေး အစီအစဉ် အကောင်အထည် မပေါ်ခဲ့
ဘူး..။ ဗမာပြည် ကံဆိုးခဲ့တဲ့ အကြောင်းတချက်လို့
တောင် ဆိုနိုင်တယ်..။

ဒုတိယ ကမ္ဘာစစ်အပြီး ကန္ဒီစာချုပ်၊ လင်္ကျာ-ဖရီးမင်း
တို့ အရ ဖွဲ့စည်းခဲ့တဲ့ ခေတ်သစ် ဗမာ့တပ်မတော်
ရာထူးအဆင့်မှာလည်း ဗိုလ်ချုပ် တပ်ကနေ အနား
ယူသွားပြီ ဖြစ်တဲ့အပြင် ဗိုလ်ဇေယျ (ကြည်း ၃၅၀၃)
ထက် အမှတ်စဉ် တဆင်ြ့မင့်တဲ့ (ကြည်း ၃၅၀၂)
အမှတ်စဉ်ကို အကြောင်းအမျိုးမျိုးကြောင့် အရယူ
နိုင်ခဲ့ပေခဲ့ အထက်မှာ ဗိုလ်လင်္ကျာ (ကြည်း ၃၅၀၁)
အပြင် အခြား အင်္ဂလိပ် တပ် က ဗိုလ်မှုးချုပ် စမစ်
ဒွန်း (ဒုတိယ ကမ္ဘာစစ်အတွင်းက ဗိုလ်မှုးကြီး လေး
ပေ လို့ နာမည်ကြီးခဲ့တဲ့ နောက် ဗမာ့တပ်မတော်ရဲ့
ပထမဆုံး ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့တဲ့ သူ)..၊
ဗိုလ်မှုးကြီး စောကြာဒိုး (အင်္ဂလန် ဆင်းဟဒ် စစ်
တက္ကသိုလ် ဆင်း) တို့လို ဝါရင့် ကရင် စစ်ဗိုလ်ကြီး
တွေ ရှိခဲ့တဲ့ အတွက် ဗိုလ်နေဝင်းဟာ သူရဲ့ စစ်တပ်
ရာထူးတက်ရေး ရည်မှန်းချက် အလှမ်းဝေးနေဆဲ
ဖြစ်ကြောင်းကို ကောင်းကောင်းသိခဲ့တယ်။ အောင်
ဆန်း-အက်တလီ စာချုပ်၊ နု-အက်တလီ စာချုပ်၊
လင်္ကျာ-ဖရီးမင်း၊ အစရှိတဲ့ သမိုင်းမှတ်တိုင်တွေသာ
ရှိတဲ့ ဗမာ့လွတ်လပ်ရေး နဲ့ ဗမာ့တပ်မတော် သမိုင်း
မှာ သူဟာ ညစ်ပတ်တဲ့ ဖြတ်လမ်းနည်းမှ မသုံးရင်
ထိပ်ဆုံးမရောက်ဘူးဆိုတာကိုလည်း ဗိုလ်နေဝင်း
ကောင်းကောင်း သိခဲ့တယ်..။

ဗိုလ်နေဝင်းဟာ အထက်မှာ ဆိုသလို ရာထူးကြောင့်
ရယ်..၊ နိုင်ငံရေးအရ အစစ အရာရာ သူ့ထက်သာ
တဲ့ ဗိုလ်ချုပ်အပါအဝင် သူ့အထက်က သူအားလုံး
ကို မလိုမုန်းတီမှု ရှိခဲ့တယ်..။ ဗိုလ်ချုပ် အပေါ်မှာဆို
ပုဂ္ဂိုလ်ရေး မုန်းတီးမှုပါ ရှိခဲ့တယ် လို့ ဆိုကောင်းဆို
နိုင်တယ်..။

အကြောင်းက ဗိုလ်နေဝင်းဟာ ဂျပန်ခေတ် စစ်ရုံး
(ပျဉ်းမနား) မှာ တာဝန် ထမ်းဆောင်နေရင်းနဲ့ သူ့
အကျင့် အတိုင်း တပ်ထဲမှာ မိန်းမပျက်..၊ မိန်းမရွှင်၊
မိန်းမကောင်း မျိုးစုံ နဲ့ ဇိမ်ခန်း သဖွယ် ပျော်ပါးလေ့
ရှိတယ်..။ တဖြည်းဖြည်းနဲ့ အဲ့အကြောင်းက ဗိုလ်
ချုပ်နား ရောက်သွားတယ်..။ အဲ့အချိန်လောက်မှာပဲ
ဗိုလ်နေဝင်းက ပျဉ်းမနားမှာ မိန်းမကောင်း တစ်
ယောက်ကို ကျူးလွန်တဲ့ အဓမ္မ မုဒိမ်းကျင့်မှု ဖြစ်
တယ်.လို့ဆိုတယ်။ အဲ့တော့ ဗိုလ်ချုပ်က အင်မတန်
စိတ်ဆိုးသွားပြီး ဒေါသ ထွက်ထွက် နဲ့ တပ်ကို စစ်
ရင်း ဗိုလ်နေဝင်းကို လူလယ်ကောင်မှာ ပါးရိုက်ဆုံးမ
ခဲ့တယ်လို့ အဆိုရှိတယ်..။[အဲ့အဖြစ်အပျက်လို့မှန်း
ဆနိုင်တဲ့ ဗိုလ်ချုပ်နဲ့ ဗိုလ်နေဝင်း တွဲလျက် ရှားပါး
ဓာတ်ပုံ၊ ဗိုလ်ချုပ်က သုန်မှုန်နေတဲ့ ရုပ်နဲ့၊ဗိုလ်နေ
ဝင်းက သတိ ဆွဲထားတဲ့ အနေနဲ့  ပုံ ရှိခဲ့တယ်..။]

အဲ့ဒီ (အတည်မပြုနိုင်တဲ့) အဖြစ်အပျက်ကို ဗိုလ်နေ
ဝင်းက အင်မတန် အငြိုးတကြီး ရှိခဲ့တယ်..။ အရှက်
ရခဲ့တယ် လို့ ယူဆရတယ်..။တခါက ဗိုလ်နေဝင်း
သမီးတယောက်က ဒေါ်စုနဲ့ စကား အချီအချ ဖြစ်
တော့ “ဦးစောကို သေနတ်တွေ ပေးလိုက်တာ ငါ့
အဖေ ဟဲ့..” လို့ ပြောဖူးကြောင်း ဆက်စပ်တဲ့
ကောလဟလဆန်ဆန် အတွင်းဇာတ်လမ်းတွေ
လည်း ရှိခဲ့တယ်..။ပျဉ်းမနား အဖြစ်အပျက် က
အတည်မပြုနိုင်ပေမယ့် ဂျပန်ခေတ်တလျှောက်လုံး
ဗိုလ်နေဝင်း အဲ့မှာ အဲ့လို ဖာတသိုက်နဲ့ ပျော်ပျော်
ပါးပါး နေခဲ့တာကတော့ အမှန်ပဲ ဖြစ်တယ်..။ အခြား
ဆက်စပ်တဲ့ မိန်းမ ဇာတ်လမ်းတွေလည်း အများကြီး
ရှိခဲ့တယ်..။

[ သူနောက်ပိုင်း အာဏာရတဲ့အချိန် စနာမည်ကြီး
လာတဲ့ မင်းသမီးတယောက် ကို တော်ကောက်ဖို့
ကြံရွယ်တဲ့ ကိစ္စ မဖြစ်မြောက်ခဲ့တာက အဲ့မင်းသမီး
ဟာ သူ့ ရဲ့ ဂျပန်ခေတ် ပျဉ်းမနား ဇာတ်လမ်းရှုပ်
တခုနဲ့ ဆက်စပ်ပြီး သူ့သမီးအရင်း ဖြစ်နိုင်ကြောင်း
ထောက်လှမ်းရေးက စုံစမ်း တင်ပြတဲ့ အတွက်လို့
လည်း လူပြောများခဲ့ဖူးတယ်..။ ဘယ်သူလဲဆိုတာ
တော့၊ ကောလဟလ သတင်းဖြစ်တာရယ်၊ အားလုံး
လည်း သိကောင်း သိနိုင်မှာဖြစ်တဲ့ အပြင် ကာကယံ
ရှင်လည်း သက်ရှိ ထင်ရှားရှိနေတော့ နာမည် မရေး
တော့ပါ..။ ဗမာပြည် အာဏာရှင် စနစ် ခေတ်တ
လျှောက်လုံး သတင်းမှန်တွေဟာ ကောလဟလ
အနေနဲ့ ထွက်ခဲ့တယ်ဆိုလည်း သတိပြုရပါမယ်..။]

ပုဂ္ဂိုလ်ရေး အငြိုး ရှိရှိ / မရှိရှိ အထက်မှာ ဆိုခဲ့သလို
ဗိုလ်နေဝင်းဟာ နိုင်ငံရေး နဲ့ ရာထူး ရည်မှန်းချက်..
တွေကြောင့် ဗိုလ်ချုပ်ကိုဖြုတ်ချင်တယ်ဆိုတာတော့
ထင်ရှားတယ်..။ ဒါကြောင့် ဗိုလ်ချုပ်တို့လုပ်ကြံခံရမှု
ကို လမ်းဖွင့်ပေးခဲ့သလားဆိုတာဟာ ထည့်သွင်းစဉ်း
စား သုံးသပ်ရမယ့် သမိုင်းအချက်ဖြစ်တယ်..။

ဦးစော နဲ့ ကြံရာပါ ဟာ ဗိုလ်နေဝင်း ဖြစ်ဟန်ရှိလို့
သဲလွန်စလိုက်ရှာတဲ့ ဦးတင်ထွဋ်နဲ့ဦးထွန်းလှအောင်
တို့ကိုလည်း ဗိုလ်နေဝင်းက အမြဲသတိထားခဲ့တယ်။
ဦးတင်ထွဋ် ဆိုရင် ဗုံးခွဲလုပ်ကြံခံခဲ့ရတယ်..။ ဗိုလ်နေ
ဝင်းက တခါတုန်းက ဗမာ့ခေတ် ဦးအုန်းခင်ကို “ကို
အုန်းခင်.. တင်ထွဋ်ကိုသတ်တာ ဘယ်သူလဲဆိုတာ
သိရဲ့လား လို့..” ဆိုပြီး စသလို နောက်သလို ပြော
ရင်း ခြိမ်းခြောက်ဖူးတယ်လို့ ကြေးမုံဦးသောင်းက
အတိအလင်း ရေးဖူးတယ်..။

ဒါကတော့ မနေ့က အာဇာနည်နေ့ နဲ့ ဆက်စပ်ပြီး
နောက်ခံ သမိုင်းအချက်တချို့ကို  လက်လှမ်းမမီတဲ့
လူငယ်တွေသိစေဖို့ ရောက်တတ်ရာရာ ရေးခြင်း
ဖြစ်ပါတယ်..။ ဘယ်သူ့အပေါ်မှ ပုဂ္ဂိုလ်ရေး ထိခိုက်
နစ်နာစေလိုချင် မရှိပါ..။ နောင် အလျင်းသင့်ရင်
ဆက်စပ်တဲ့ အကြောင်းတွေကို အခြား အထောက်
အထား ခိုင်ခိုင်လုံလုံ နဲ့ ဆောင်းပါး ပုံစံ ဖြစ်အောင်
ရေးပါဦမယ်..။

ငြိမ်းချမ်းအေး

(မှတ်ချက် - ခု အထက်မှာ ရေးတဲ့ အထဲမှာလည်း
ပျဉ်းမနား မုဒိမ်းမှု နဲ့ ဆက်စပ်တဲ့ကိစ္စ ကလွဲလို့
အားလုံးဟာ အထောက်အထား ရှိပါတယ်..။

ပြန်လည် မျှဝေပေးပါတယ် ။

ငွေစိုး

Comments

Popular posts from this blog

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ

သမထမှဝိပသနာသို့ကူးပုံ