မင်းကွန်းဆရာတော်ကြီး၏ ဆုံးမစာ

မင်းကွန်းဆရာတော်ကြီး၏ ဆုံးမစာ

၁ ။ ညောင်နှင့်ဘုရား တွေ့ကြုံငြား
     ဘုရား ညောင်ကြောင့် ပျက်တတ်သည်။

၂ ။ ငွေနှင့်ဘုန်းကြီး အတူနီး
     ဘုန်းကြီး ငွေကြောင့်ပျက်တတ်သည် ။

၃ ။ မတ်နှင့်မရီးအတူနီး
     မရီး မတ်ကြောင့်ပျက်တတ်သည် ။

၄ ။ ဆားနှင့်ချဉ်သီး အတူနီး
     ချဉ်သီး ဆားကြောင့်ပျက်တတ်သည် ။

၅ ။ ငယ်ရွယ်သမီး ကျွန်နှင့်နီး
     သမီး ကျွန်ကြောင့် ပျက်တတ်သည် ။

၆ ။ ခဲအို ခယ်မ နီးစပ်က
     ခယ်မ ခဲအိုကြောင့် ပျက်တတ်သည် ။

၇ ။ မနှင့် ဘုန်းကြီး အတူနီး
     ဘုန်းကြီး မကြောင့် ပျက်တတ်သည် ။

၈ ။ မိန်းမ ဘိက္ခုံ တွေ့ခဲ့ကြုံ
     ဘိက္ခုံ မကြောင့်ပျက်တတ်သည် ။

Comments

Popular posts from this blog

ရခိုင်သမိုင်း

အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ