အိမ်ထောင်ကျတယ်ဆိုတာ

ဆရာ_ကျမနုပျိုလှပခဲ့ စဉ်တုန်းက
ကျမထက် ၁၀နှစ်လောက်ကြီးတဲ့ အမျိုးသားတစ်ယောက်နဲ့
အိမ်ထောင်ကျ ခဲ့တာ ဆရာ အသိပါ___။

အိမ်ထောင်ကျခါစ တုန်းက
ကျမ အမျိုးသားဟာ အင်မတန်
အားကိုးထိုက်တဲ့သူလို့ခံစား ခဲ့ရတယ် ။

ကျမ သူ့ အပေါ်အထင်တကြီးနဲ့
အားကိုးချစ်ခင် ခဲ့တယ် ။

ဒါပေမဲ့_______
နှစ်တွေကြာမြင့် ပြောင်းလဲ လာတော့
ကျမရဲ့စိတ်တွေပြောင်းလဲလာခဲ့တယ် ။

သူ့မှာအားကိုးချင်စရာ ဘာမှမရှိဘူး ။

အထင်ကြီးစရာတွေ
မကျန်တော့ ဘူး ။

ကျမကို အရင်လို စိတ်ကို
မကြည်လင်
စေတော့ဘူး ။

ပျော်ရွှင်မူ့မပေးနိုင်တော့ဘူး ။

အဲ့ဒါ ဘာကြောင့်ပါလဲ ဆရာ__။

အိမ်ထောင်ကျတယ်ဆိုတာ
အချစ် ရဲ့
သင်္ချိုင်း လေလား___?

အိမ်ထောင်ကျသွားရင်
သမီးရည်းစားဘဝက
အချစ်တွေက
ကုန်ဆုံးသွားတတ်လား___?

သူမပြောတာ နားထောင်ပြီး
တော့
သူ့ ဆရာက ,ဆရာ့နောက်ကို ခဏလိုက်ခဲ့
ဆိုပြီး---သူမကိုတောင်ကြီး
တစ်လုံးကိုမြင်နိုင်တဲ့
နေရာခေါ်သွားပြီး
တောင်ကြီးကိုလက်ညိုးထိုး
ပြပြီးတော့ မေးတယ်___

အဲ့ဒီတောင်ကြီးကို ကြည့်စမ်း__
ဘယ်လို မြင်လဲ__?

ကြီးမား ပြီး လှပခန့်ငြားပါတယ်
မြင်ရတာ စိတ်ကြည်လင်လန်းဆန်း
စေပါတယ်___လို့
သူမကပြန်ဖြေတယ် ။

ကဲ လာဆရာနဲ့တောင်ပေါ်တက်
ကြည့်ကြစို"့ ဆိုပြီး
တောင်ပေါ်ကိုနှစ်ယောက်
လှမ်းတက်
သွားကြတယ် ။

လမ်းတစ်လျှောက်လုံးစကား
တစ်ခွန်းမှ
မပြောဖြစ်ပါဘူး ။

တောင်ကိုသာတက်ပြီးရင်း
တက်နေ
တော့တယ် ။

သူမဟာ တဖြေးဖြေး မောပန်းလာတယ်____။

တောင်တက်လမ်းကလည်း
ကျောက်တုံးကျောက်ခဲတွေနဲ့
ကြမ်းတမ်း
လာ နေတယ် ။

သူမနုတ်က, မောတယ် ၊
ပန်းတယ်
ပင်ပန်းတယ်နားချင်တယ် ,စ
သဖြင့်အသံတွေ ထွက်
လာတော့တယ် ။

တောင်ထိပ်ကိုရောက် တော့ဆရာက
ဒါ..နင်စောစောက မြင်တဲ့
တောင်ကြီးပဲလေ"
ဆိုတော့____

ဒီတောင်ကြီးကမလှပါဘူး____
လမ်းကလည်းကျောက်တုံး
ကျောက်ခဲတွေနဲ့
ကြမ်းတမ်းလိုက်တာ___

သစ်ပင်တွေ ခြုံတွေ ကလည်း
ရှုပ်ထွေးနေတာပဲ___

ဟိုဖက်ကတောင်ကပိုတောင်
လှနေသေးတယ်
ဆိုပြီးတစ်ခြားတောင်တစ်လုံးကို
ညွှန်ပြတယ်

ဆရာက ရယ်ပြီး ______
နင်တို့တွေ ချစ်သူဖြစ်ခဲ့ကြတုန်းကလည်း____
ဒီသေဘာပဲ 

တောင်ကိုအဝေးကကြည့်သလို
လှပမှုတွေ
ခန့်ညားမှုတွေပဲမြင်ပြီးကြိုက်
ခဲ့ကြတယ်

မင်္ဂလာဆောင်ပြီးတော့
တောင်ပေါ်ကို
တက်လာသလိုပဲ ____

တွေ့ရတဲ့..အရာကြုံတွေ့ရ သမျှတွေဟာ
ပုံမှန်သဘာဝအတိုင်း
ဘာမှ..ထူးခြားမူ့မရှိတဲ့အရာ
ပင်ပန်းဆင်းရဲမူ့သက်သက်လို့
ထင်လာတယ် ။

တောင်ထိပ်ကိုတက်လာတဲ့အခါ
မျက်လုံးထဲမှာ ဒီတောင်ရဲ့
အလှ ကို
မမြင်ရတော့ဘူး။

တစ်ခြားဘေး ကတောင်တွေရဲ့အလှကိုပဲ နငြ်မင်တွေ့တော့
တယ် ။

တစ်ကယ်တော့တောင်က
ပြောင်းလဲမသွား ဘူး___
နင်သာပြောင်းလဲသွားတာ___

နင့်စိတ်ခံစားချက် ပြောင်းလဲသွားလို့ အမြင်ပြောင်းသွားတာ ။

နှစ်သက်မြတ်နှိုးမှု မရှိ တဲ့အခါ
တောင်ကလည်းမလှ တော့ဘူးလို့
ခံစားလာရတယ် ။

မနှစ်သက်လေလေ ကိုယ့်
အတွက်
ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်စေ
လေလေ ပါပဲ ။

နင်ဒီနေရာမှာရပ်တည်နေပြီး
တော့
ဘာ့ကြောင့် တစ်ခြားတောင်ကိုပဲ
မြင်နေရသလဲဆိုရင်___

နင်ဒီတောင်ကြီးပေါ်မှာ
တက်နင်းထားပြီးရပ်နေလို့ပဲ__။

တကယ်ဆိုရင်နင် ဒီတောင်ရဲ့
ဂုဏ်ကျေးဇူး ကိုသိရမှာ__

အဲ့ဒီအမျိုးသမီးရဲ့ သူ့အမျိုးသားအပေါ်
ပြောင်းလဲသွားတဲ့
ဒီသဘောတရားအတိုင်းပါပဲ။

တစ်ချို့လည်းသူများမိဘတွေကျတော့
ကောင်းလိုက်တာ
ကိုယ့်မိဘတွေ ကျတော့
ဟိုလိုဖြစ်တယ်
ဒီလိုဖြစ်တယ်လို့ အလိုမကျ
ဖြစ်နေကြတဲ့
သားသမီးတွေ လည်းထိုနည်းတူပါပဲ။

ကိုယ်နဲ့အနီးဆုံးအခင်ဆုံး
သူတွေ ရဲ့
ကောင်းကွက်တွေ ကို
ဘယ်တော့မှမမေ့လိုက်မိပါစေနဲ့ ။

တစ်နေ့နေ့ တစ်ချိန်ချိန်ခွဲခွာ
ကြရစရာ အကြောင်းကြုံလာတဲ့ အခါ
ကောင်းမွန်တဲ့
သတိရစရာ တွေးတိုင်း ကြည်နုး
စရာအကြောင်းအရာလေးတွေ
ကျန်ခဲ့ကြရလေအောင် ချစ်ကြ ခင်ကြ ပါ ။

အကြာကြီးပေါင်းသင်းလာခဲ့ကြတဲ့
ခင်မင်မှုတွေကိုလည်း
ထိန်းသိမ်းထားနိုင်ကြပါစေ ။

မိတ်ဆွေကောင်းဆိုတာ
လောကကြီးကပေးထား တဲ့
တန်ဖိုးဖြတ်မရတဲ့အကောင်းဆုံး
လက်ဆောင်တစ်ခုပါ______။

#crd

Comments

Popular posts from this blog

ရခိုင်သမိုင်း

အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ