ရခိုင်သမိုငိးအကျဉ်း

ရခိုင်သားတိုင်းသိသင့်ရေ ရခိုင်အမြိန်းနန့်အဖြီ
========================

(၁) ဒေနိ ရခိုင်ဌာနီအကျယ် = ၁၄၂ဝဝ.၀၈ စတုရန်းမိုင်
(၂) ဒေနိ ရခိုင်ဟိလူဦးရွီ = ၃ သန်းလောက်ခန့် ။
(၃) ရခိုင်ဌာနီခရိုင်တိ = ၅ ခရိုင်။
(၄) ကြီးဘိယက်ခရိုင် = ကျောက်ဖြူ ။
(၅) ငယ်ဘိယက်ခရိုင် = စစ်တွေ ။
(၆) ကျယ်ဘိယက်မြို့နယ် = အမ်း ။
(၇) ငယ်ဘိယက်မြို့နယ် = စစ်တွေ ။
(၈) လူဦးရွီ နေးဘိယက်မြို့နယ် = ဂွ ။
(၉) တောတောင်မဟိရေမြို့နယ် = စစ်တွေ ။
(၁၀) ရခိုင်မာ မြင့်ဘိယက်တောင် = စွန်တောင်။
(၁၁) ရခိုင်မြစ်ကြီးသုံးသွယ် = ဂစ္ဆပ ၊ အဉ္စန ၊ မယူရ ။
(၁၂) ကြီးဘိယက်ကျွန်း  = ရမ်းဗြဲကျွန်း ။
(၁၃) ဒုတိယကြီးဘိယက်ကျွန်း = မာန်အောင်ကျွန်း ။
(၁၄) ကျွန်းညီနောင်သုံးဖော် = ဖရုံဂါကျွန်းသုံးကျွန်း ။
(၁၅) ကမ်းညင်တောပေါရေကျွန်း = ကွမ်းချောင်းကျွန်း ။
(၁၆) ပင်လယ်ဆိပ်ကမ်းမြို့တိ = စစ်တွေ ၊ ကျောက်ဖြူ ၊ သံတွဲ ။
(၁၇) ပင်လယ်ရီနက်ဆိပ်ကမ်း = ကျောက်ဖြူ ။
(၁၈) လီယိုင်ဆိပ် = ၅ ခု ။
(၁၉) ကောလိပ်ဟိရေမြို့ = ကျောက်ဖြူ ၊ တောင်ကုတ် ။
(၂၀) အစိုးရစက်မှုသိပ္ပံကျောင်းဟိရေမြို့ = သံတွဲ ၊ ကျောက်ဖြူ ။
(၂၁) သူနာပြုသင်တန်းကျောင်းဟိရေမြို့  = စစ်တွေ ။
(၂၂) သားဖွားသင်တန်းဟိရေမြို့ = စစ်တွေ ။
(၂၃) ရခိုင်ပြေနယ်နိ = ဒီဇင်ဘာ ၁၅ ။
(၂၄) ရခိုင်ပြည်နယ်ဖြစ်တေနှစ် = ၁၉၇၄ ။
(၂၅)ပြည်​နယ်အလံ = အထက်အဖြူ ၊ အောက်အနီ ၊ အလယ်မာ ဝေသာလီဒင်္ဂါး ပန်းဖက်တံဆိပ်။
(၂၆) ရခိုင်အမျိုးသားနိ = ကဆုန်လပြေ့ကျော် တရက် ၊ ၂၀၁၄ ခုနှစ်က သတ်မှတ် ။
(၂၇) ရခိုင်အဓိပ္ပါယ် = အမျိုးသီလ ၊ နှစ်ဌာနကို ၊ ပြည့်ဝမဏ္ဍိုင် ၊ စောင့်စွမ်းနိုင်၍ ၊ ရက္ခိုင်နာမ ၊ ဘွဲ့မည်လှနှင့် ၊ အနွတ္တသညာ ၊ ခေါ်အပ်ရာတည်း။ ။ ကျွန်းတွင်ဇမ္ဗူ ၊ လူတွင်ရက္ခိုင် ၊ ကြိုင်ဘိသတင်း ၊ ကင်းသည့်အပြစ် ၊ ချစ်သည့်အမျိုး ၊ ကြိုးသည့်လုံ့လ ၊ မြတ်စာဂနှင့် ၊ နှစ်ဝနတ်လူ ၊ ချစ်ကြည်ဖြူသည် ၊ နိဗ္ဗူဆုတောင်း ၊ ပြည့်အံ့ တည်း ။
(၂၈) ရှီးအကျဆုံး ရခိုင်မြို့တော် = ဒွါရာဝတီ။
(၂၉) အာကာပျံဝဲမြို့ကို နိုင်ခရေဘုရင် = ဝါသုဒေဝညီနောင်တိ ။
(၃၀) ရှီးဦးရခိုင်အရပ်ကို ဖျက်ဆီးခရေတိုင်သား = ငဆဒ္ဒန်ညီဝကို တတော။
(၃၁) အဦးဆုံး ရခိုင်မင်းဆက်ကို တည်ထောင်ရေဘုရင် = မာရယုဘုရင် ။
(၃၂) ပထမဓညဝတီခိုက်၏ နောက်ဆုံးမင်း = မင်းငယ်ပျော်လှစည်သူ ။
(၃၃) ဒုတိယဓညဝတီ မြို့တည်မင်း = ကမ္မရာဇာမင်း။
(၃၄) ဒုတိယဓညဝတီ၏နောက်ဆုံးမင်း = သီရိရာဇာမင်း ။
(၃၅) တတိယဓညဝတီမြို့တည်မင်း = စန္ဒသူရိယမင်း ။
(၃၆) ဓညဝတီမြို့ရိုးပန္နက်ပုံ = စက်ဝန်း ။
(၃၇) ရခိုင်သားရို့ ဗုဒ္ဓဘာသာဝင်ဖြစ်ယောင်ကြိုးပမ်းခရေမင်း = စန္ဒသူရိယမင်း ။
(၃၈) ရခိုင်စေတီပုထိုး ကိုးကွယ်မှုကို စတင်ခရေမင်း = သူရိယစက္ကမင်း ။
(၃၉) တတိယဓညဝတီခေတ်၏နောက်ဆုံးမင်း = သူရိယကေတုမင်း ။
(၄၀) သူရိယမင်းဆက်ဆိုစွာ = စန္ဒသူရိယဘုရင်မင်းဆက် ။
(၄၁) ရခိုင်မာသျှမ်းသျှမ်းတောက်ထွန်းကာခရေမြို့တော်ကဇာလေ = ဝေသာလီမြို့တော်။
(၄၂) ယင်းမြို့ကို အသူတည်(ခ)လေ = တိုင်းစန္ဒြား / ဒွေင်စန္ဒြား ။
(၄၃) ယင်းမြို့မာဇာမင်းဆက်စိုးစံခလေ = စိုင်းဒြားမင်းဆက် ။
(၄၄) ယင်းမြို့၏ပနက်ပုံ = ယယောင်း ။
(၄၅) ရခိုင်မာရှီးကျဘိယက်သမိုင်းစာအုပ် = အာနန္ဒစန္ဒြမင်းကျောက်စာ ။
(၄၆) ဘင်္ဂလားက သမီးကညာဆက်ခံရရေရခိုင်မင်း = အာနန္ဒစန္ဒြမင်း ။
(၄၇) နောက်ဆုံးစန္ဒြမင်း = စူဠစန္ဒြားမင်း ။
(၄၈) ဝေသာလီနောက်ဆုံးမင်း = ပဲဖြူမင်း ။
(၄၉) စမ္ဘဝက်မြို့တည်မင်း = စောရွှေလူး ။
(၅၀) ပဉ္စာမြို့တည်မင်း = ခေတ္တသင်မင်း ။
(၅၁) ပဉ္စာမြို့တော်၏နောက်ဆုံးဘုရင် = မင်းပတိဘုရင်။
(၅၂) ပရိန်မြို့တည်မင်း = လကျာ်မင်းနန်မင်း ။
(၅၃) စံပြုလောက်ယောင် ဘိသက်သွန်းခရေဘုရင် = ဒသရာဇာဘုရင်။
(၅၄) နေရဉ္စာမြို့တည်မင်း = တိုင်းချစ်မင်း ။
(၅၅) လောင်းကြက်မြို့တည်မင်း = အလောမာဖြူမင်း ။
(၅၆) လောင်းကြက်မြို့ ပနက်ပုံ = စတုဂံ ။
(၅၇) လောင်းကြက်မြို့၏ပါဠိနာမေ = စတုဂါမ ။
(၅၈) မတရားမှုမှာ အဘထက်ထူးရေမင်း = မင်းဘီလူး ။
(၅၉) တရားစောင့်ပနာ နန်းသက်ရှည်မင်း = မင်းထီးဘုရင်။
(၆၀) မြောက်ဦးမြို့တည်မင်း = မင်းစောမွန်
(၆၁) မြောက်ဦးမြို့တော်ပနက်ပုံ = ဂဠုန်တောင်ပံဖြန့်ပနာ အနောက်သို့ပျံပုံ ။
(၆၂) ရခိုင်ဘုန်းသမ္ဘာကို အတောက်ပဆုံးလုပ်ခရေမြို့  = မြောက်ဦး ။
(၆၃) အချေအငေတိကို ချစ်တေမင်း = မင်းခရီဘုရင် (ကလီခင်မင်းကြီး)
(၆၄) ဗမာမင်းနန့်ရိုးမတောင်ထက်မာတွိရေ ရခိုင်မင်း = မင်းခရီ ။
(၆၅) လေးမြားတတ်ပွန်ရေ ရခိုင်မင်း = ဘစောဖြူ ။
(၆၆) ရခိုင်ရို့၏ဘုန်းသမ္ဘာကို ခန့်ငြားအောင်လုပ်ခရေဘုရင် = မင်းဗာကြီးဘုရင် ။
(၆၇) ရခိုင်ပိုင်နက်ကို ကျယ်ဘိယက်ချယ်ခရေမင်း = မင်းရာဇာကြီး ။
(၆၈) မြောက်ဦးခေတ်၏ အသောက = မင်းဖလောင်း။
(၆၉) ရခိုင်စစ်သူရဲကောင်းမင်း = မင်းခမောင်း ။
(၇၀) မြောက်ဦးမြို့တော်၏ ပါဠိနာမေ = သီရိအယုဇ္ဈပူရ ။
(၇၁) မြောက်ဦးခေတ်၏ဖွဲ့စည်းပုံ = ရွှီမျိုင်းဓမ္မသတ်။
(၇၂) ရခိုင်ကျင့်ထုံး = ၁၀၃ ။
(၇၃) မြောက်ဦးခေတ်မာ ကုန်သွယ်ရေးဝန်ကြီး = ဘားပူစာရ ။
(၇၄) မြောက်ဦးခေတ်သင်္ဘောဆိပ် = ဘောင်းဒွတ် ။
(၇၅) ရှီးရခိုင်ရို့၏ ရုပ်စုံပြတိုက် = သျှစ်သောင်း ။
(၇၆) ဒိုင်းကျီနန့်ပက်သက်တေစာချိုး = ဒိုင်းကျီဟိယင့် ရီဟိယင့် ၊ ဘားပူဟိယင့် ဆန်ဟိယင့်။
(၇၇) မြောက်ဦးမာ ဦးဘိယက်ပုထိုးတော်အလှူသျှင်မင်း = မင်းတိက္ခာ ။
(၇၈) အဘထက် တသောင်းပိုတည်ရေ ပုထိုး = ကိုးသောင်းပုထိုး ။
(၇၉) ရခိုင်ဇာတိသွီး ဧခြင်းကိုရွီးစပ်တေသူ = ဖဒူမင်းညို ။
(၈၀) မင်းခြောက်ဆက်တိုင်အမတ်ကျော် = မဟာပညာကျော် ။
(၈၁) ရခိုင်ရတုဘုရင် = ဝကာပျံ (ဥက္ကာပျံ)
(၈၂) ရခိုင်မင်းဘိသိက်ကို မြင်တွိခရေ ဥရောပတိုက်သား = မန်နရိတ် ။
(၈၃) ရခိုင်မင်း၏ လက်အောက်ခံမင်း = ၁၂
(၈၄) ကိုယ်ရံတပ်ကြီးစိုးရေကာလ = ၁၆၈၅ - ၁၇၁၀ ။
(၈၅) ရီအုန်းစိုက်တာဂေါင်းက ဘုရင်ဖြစ်လာသူ = စန္ဒဝိဇယဘုရင် ။
(၈၆) ရုပ်ဆွေဖမင်း = နရအဘယရာဇာ ။
(၈၇) ရခိုင်ရို့၏နောက်ဆုံးဘုရင် = မဟာသမ္မတ ။
(၈၈) အမရပူရတပ်ကို ပွေလာဦးတိုက်ခိုက်တေ ရခိုင်သား = တောင်မင်းကျော်ထွီး ။
(၈၉) ရခိုင်ရို့ဒုက္ခပင်လယ်ဝီခရေကာလ = မြို့ဝန်ခေတ် ၁၇၈၅ - ၁၈၂၅ ။
(၉၀) ရခိုင်က ပါတော်မူဆင်းတုတော်ကြီး = မဟာမုနိ ၊ ဉာဏ်တော် ၁၂ ပေ ၊ ၇ လက်မ။
(၉၁) မဟုတ်မခံတော်လှန်ခရေ ရခိုင်အာဇာနီ = ဗိုလ်ချင်းပြန် ။
(၉၂) ဖလောင်း(အင်္ဂလိပ်)တည်ရေ ရခိုင်မြို့ = စစ်တွေ ။
(၉၃) ဖလောင်းကို ပွေလာဦးတော်လှန်ခရေ ကြီးသုံးကြီး = မင်းသားကြီး ၊ မြို့သူကြီး ၊ ဒေးဝန်းကြီး ။
(၉၄) တကျိတ်ခြောက်ယောက် သစ္စဖောက်ရို့ဂေါင်းဆောင် = စံရဖွေ ။
(၉၅) ၁၉ ရာစု ဖလောင်းတိကို လက်နက်ကိုင်ပနာ နောက်ဆုံးတော်လှန်ခသူ = မင်းလောင်းမောင်ဖော်အောင်။
(၉၆) ဖလောင်းခေတ်မာ ရခိုင်သားတိအထဲက ထူးချွန်ရေ စာမိန်းပွဲ = အိုင်စီအက် ။
(၉၇) အာသျှနီဝန်း သျှင်ရဟန်း = ဆရာတော်ဥတ္တမ ။
(၉၈) ဘုရားပွင့်ရာဌာနီမာ သာသနာစည်ပင်ယောင်ပြုရေ ရခိုင်ရဟန်းတော် = အသျှင်စန္ဒြမဏိ
(၉၉) ဒုတိယကမ္ဘာစစ်ကြီးမာ သုံးနှစ်ကြာတိုက်ရရေ ရခိုင်အရပ် = မယူစစ်မျက်နှာ ။
(၁၀၀) ရခိုင်စစ်မျက်နှာမာ ဂျပန်တိနောက်ဆုံးခံတပ် = ဂန့်ဂေါ (တောင်ကုန်းအမှတ် ၁၇၀)
(၁၀၁) စစ်ပြီးခေတ်မာ အင်နန့်အားနန့်ဖမ်းဖို့ လိုက်ခံရရေ ရခိုင်ဂေါင်းဆောင် = အသျှင်စိန္တာ ။
(၁၀၂) ဝေသာလီခေတ်မာ ထင်ရှားခရေဂါထာ = ယေ ဓမ္မာ အစချီရေ ဂါထာ ။
(၁၀၃) ရခိုင်ဒင်္ဂါးမာ မင်းတံဆိပ်ကို စလို့ သုံးခရေမင်း = တိုင်းစန္ဒြရားမင်း ။
(၁၀၄) ရခိုင်တခွင် ဘုရားပုထိုးပေါကြောင်းစာချိုး  = သဇင်ပန်းခိုင် တမြိုင်မြိုင်
(၁၀၅) ဝေသာလီခေတ်ဆီထိ ရခိုင်ဘုရားပုထိုးစာချိုး = ပတောက်ရွှီဝါ ဝင်းဝင်းဝါ ။
(၁၀၆) မွီတော်ငါးရပ်ဝင်တိ  = ဝရိုက်တောင် (ဦးရာဇ်တောင်) ၊ ကျိန်းတောင် ၊ ကျောက်ကုန်းတော် (ကျောက်တော်တောင်) ၊ မဟာမုနိ ၊ ဥဿလင်း ။
(၁၀၇) မာန်ငါးပါးဝင် = သကျ ၊ ရတန ၊ မင်္ဂလ ၊ လောက ၊ ဇိန ။
(၁၀၈) မဟာကျိန်နန့်ဆိုင်ရေ စာချိုး = ငရို့အစိုင် မဟာကျိန်ကို လက်နန့်မကိုင် ၊ ငရို့အမျိုး မဟာကျိန်ကို လက်ညှိုးမထိုး ။
(၁၀၉) မဟာမုနိထိုင်ဟန် = လကျာ်ဖဝါးတော်ရာ ဖော်ထားရေ ။
(၁၁၀) မဟာ မဟာ သုံးမဟာ = မဟာမုနိ ၊ မဟာထီး ၊ မဟာရံ ။
(၁၁၁) မယူတံခါးနန့်ဆိုင်ရေ စာချိုး = တန်းခါးကိုးတန် ၊ မယူမလွန်စီကေ့ ။
(၁၁၂) ရခိုင်ဒူရိယာမာ မပါမဖြစ်စွာ = စည် ။
(၁၁၃) ရခိုင်ပြည်ပိုင်မနတ် = မယူသျှင်မ ။
(၁၁၄) ရခိုင်ပြည်စောင့်နတ်သမီး = ၁၂ ပါး ။
(၁၁၅) ရခိုင်တခွင်စောင့်နတ်တိ = ၁၁၂ ပါး ။
(၁၁၆) ရခိုင်နတ်သေနာပတိ = ဟာနုမာန် ။
(၁၁၇) ဝါဝင်ကေ အိမ်တိုင်စိပါရရေနတ်ပွဲ = နတ်ရွှီချပွဲ / ဗဒေါတက်ပွဲ ။
(၁၁၈) ရခိုင်ရိုးရာ ရွာသားကိုယ်စားလှယ်ရွီးပွဲ = နတ်လင်တင်ပွဲ / ရွာသျှင်တင်ပွဲ / ပန်းကုံးစွပ်ပွဲ ။
(၁၁၉) ရခိုင်နန်းတွင်းက ကြီးဘိယက်ညီလာခံမာ တက်ရရေ ဦးရွီ = ၁၁၂ ပါး ။
(၁၂၀) ဝါကြီးသင်ကြန်ဆိုစွာ = လဆုတ်ရက်မာ ကျရေသင်ကြန် ။
(၁၂၁) ရခိုင်နှစ်ဆန်းတရက်မကျခင်နိ = အစာတက်နိ ။
(၁၂၂) ရခိုင်ကဆုန်လပြည့်နိရေ ဗမာနန့်မတူရစွာ = နှစ်တန်းခူးကျရေနှစ် (လ,ထပ်နှစ်)
(၁၂၃) မင်းခဏ်းမင်းနားပိုင်တက်ရရေပွဲ = သမက်တက်ပွဲ ။
(၁၂၄) သမက်စီ  = သမက်သျှင်က ယောက္ခမအိမ်မာ လားနိန်ရစွာ ။
(၁၂၅) ခြုပ်မစီ = သမီးသျှင်က ယောက္ခမအိမ်မာ လားနိန်ရစွာ ။
(၁၂၆) သမက်တက်ပွဲကို အခေါ်အဝေါ်တိ = အမြားပွဲ / မယိမ်တက်ပွဲ ။
(၁၂၇) ရခိုင်ဆင်ယင်ထုံးဖွဲ့မှုလင်္ကာ = ဗောင်တော်လေးဆယ် ၊ စလွယ်ကိုးပါး ၊ ခါးကြိုးငါးရပ် ၊ လက်စွပ်သျှစ်ဆယ့်တစ် ၊ လိုင်ရစ်ကိုးခြွီ ၊ နဖီကိုးဆင့် ၊ ကြယ်ပွင့်ဆယ့်ခြောက် ၊ လက်ကောက်နှစ်ဆယ် ၊ ပန်းသွယ် ငါးမျိုး ၊ ဆံထိုးသျှစ်ခု ၊ ပန်းပုသျှစ်ချပ် ၊ ခြီစွပ်ခုနစ်ပါး ၊ ကိုယ်ရွှားငါးမျိုး ၊ ဆံထုံး ငါးဆယ့်ငါး ။
(၁၂၈) အိမ်ကြီးရခိုင် ဇာမျှတိုင်လေ = ၃၈ တိုင်။
(၁၂၉) သင်ကြန်လ = ပြိုင်လောင်းပွဲ ။
(၁၃၀) ကဆုန်လ = ညောင်ရီသွန်းပွဲ ၊ မုနိပူဇာပွဲ  ။
(၁၃၁) တန်းတောင်မုန်းလ = ဆီမီးမြင့်မိုရ်ပွဲ ။
(၁၃၂) တပို့ထွေးလ = ရထားဆွဲပွဲ ။
(၁၃၃) တပေါင်းလ = သျှစ်သောင်းမြောက်ပွဲ ။
(၁၃၄) လိပ်ကိုဝှက်တေ ရခိုင်ပန်းဝှက် = တက်လေးချောင်းနန့် အပြင်းလှော် ၊ မောက်တော်သျှင်မ ပေါင်းထဲက ။
(၁၃၅) ရခိုင်စပ်ဟန်ပါရေ စကားစိုင်တခု = မျက်စိမာရီ နားမာဆီ / အချစ်မညီ လကွယ်သီ / တချိန်ခွတ် နှစ်ချိန်းပြတ် ။
(၁၃၆) ရခိုင်စာမာ သင်ပုန်းစာ = သုံးသင်ပုန်း ( ကမချ ၊ အသတ်ချေ ၊ အသတ်ကြီး )
(၁၃၇) ရခိုင်သျှိုးလိုက်ရတုကို စလို့စပ်ခရေစာဆို = သုဝဏ္ဏဒေဝီ (စောပြည့်ညို)
(၁၃၈) နွားလားသင်းစု ခုနစ်ခု = ဒသရာဇာမင်းလက်ထက် ရခိုင်လူဦးရွီ ခုနစ်သန်းကျော် ။
(၁၃၉) တင်းဝါးပန်းခိုင် တမြိုင်မြိုင် =  မြောက်ဦးခေတ် ရခိုင်လူဦးရွီ ခုနစ်သန်းကျော် ။
(၁၄၀) ပန်းမဉ္ဇူကြိုင်ကြိုင်မွှီး = မြောက်ဦးမြို့တော်က အိမ်ခြီ ။
(၁၄၁) ဘောင်းဒွတ်နန့်ဆိုင်ရေ စာချိုး = အစွန်းမပေါက် မြို့မရောက် ၊ ဘောင်းဒွတ်အဆီ ပြန်လတ်လီ ။
(၁၄၂) ဥသြရီသောက် = ၁၁၄၆ ရခိုင်ထီးပျောက် / မုနိပျောက် ။
(၁၄၃) လလေ့ကွယ် ပြည်လေ့ဆုံး = ရခိုင်ဘုရင်ကို အမရပူရတပ်ကလူတိ ဖမ်းရေနိ ၊ ပြာသိုလကွယ်နိ။
(၁၄၄) ဒေခရိတ်နှစ်တိထဲ ရခိုင်မာ ဇာဇာဖြစ်လေ - ၃၂၇ ၊ ၈၁၈ ၊ ၁၄၃၀ ၊ ၁၆၆၆ ၊ ၁၇၈၅ ၊ ၁၈၂၅ = ဝေသာလီ တည်ရေနှစ် ၊ လေးမြို့ခေတ်အစ ၊ မြောက်ဦးတည်ရေနှစ် ၊ စစ်တကောင်းကျရေနှစ် ၊ ရခိုင်မြောက်ဦးကျရေနှစ် ။ ရခိုင်ကို ဖလောင်းတိ သိမ်းရေနှစ် ။
(၁၄၅) မြင့်မိုရ်ဦးတိုက် = သီသူ၏ ဦးဂေါင်းကို မြောက်ဘက်သို့ ဂေါင်းရင်းပြုရရေ ဓလိ ။
(၁၄၆) နန်းတော်ဦးတိုက် = သီသူ၏ ဦးဂေါင်းကို အရှိဘက် (အမရပူရနန်းတော်ဘက်) သို့ ဦးတိုက်ရရေ ဓလိ ။
(၁၄၇) လုပ်တိုင်း / လုပ်တိုက် = သင်္ချိုင်းကိုခေါ်ရေ ။
(၁၄၈) အဖြူတိုက် = မင်းဆွီမင်းမျိုးတိကို သင်းဂြိုဟ်ရရေ နိန်ရာ (မြောက်ဦးမာ ဖိုးခေါင်တောင် ၊ ဝေသာလိမာ သျှင်ကြမ်းတောင် )
(၁၄၉) မောက်ဆိုစွာ = အသျှင်သခင်လို့ အဓိပ္ပါယ်ရရေ ။
(၁၅၀) သမီးမျောက်သားအရင်း (ပီးစပ်ကောင်းရေ) = မောင်သမီး ၊ နှမသား ။
(၁၅၁) ရခိုင်ခေတ် ပုံရိပ်ကို ဖော်ပြရေ စာပီလက်ရာ = ယိုင်းသာခြင်း ။
(၁၅၂) သျှင်မြဝါမှာတမ်း = လိမ္မာမြင်ပြင်း ၊ ဆင်းရဲအားရ ၊ ကြွယ်ဝမနာလို ၊ ကိုယ့်ထက်သာမကြိုက် ၊ အမိုက်တရား ၊ ဤလေးပါးကြောင့် ၊ ရခိုင်သားလေ ၊ ပျက်စီးမေလေ ။ ( တချို့ … နောက်ဆုံးစာပိုဒ်မှာ --- ဤလေးပါးကြောင့် ၊ ရခိုင်သားမာ ၊ ပျက်စီးလာမည် ၊ နောင်သားနောင်လာ ၊ မှတ်စီသောဝ် ဆိုပနာ မူကွဲတိလေ့ ဟိပါသီးရေ ။ သျှင်မြဝါစပ်ခစွာ မဟုတ်လို့လည်း ဆိုကတ်ပါရေ ။ Admin)
(၁၅၃) ရခိုင်ဌာနီ စံတော်ချိန်မျှိုင်း - အရှိလောင်ဂျီတွဒ် ၉၃ ံ ၊(ဗမာပြည်ထက် ၁၅ မိနစ်ကျော်ခန့် နောက်ကျရေ admin)
(၁၅၄) ရခိုင်မာရီမြုပ်လို့ ကံကုန်ရေဘုရင် = စူဠစန္ဒြား (ရီနစ်မင်းလေ့ ဆိုကတ်တေ)
(၁၅၅) မြောက်ဦးခေတ်မာ ကျောက်ပေါက်လို့ ကံကုန်ရေဘုရင်တိ = မင်းတိက္ခာ ( ၁၅၅၇) ၊ မင်းစကြာဝတေး (၁၅၇၂) ၊ မင်းစနီ (၁၆၃၈) ၊ သီရိသုရာဇာ (၁၇၆၅) ။
(၁၅၆) ရှီးရခိုင်မာ စစ်ရီးအောင်မြင်ရေ အမတ်တော်တိကိုပီးရေဘွဲ့ = မဟာဝေဿဝဏ္ဏဘွဲ့ ။
(၁၅၇) ဘုရင်အသုံးအဆောင်ဗောင်းဖြူကို အမတ်ဆင်ခွင့်ရရေအချိန် = စစ်ချီကာလ ။
(၁၅၈) မြောက်ဦးခေတ်မာ ဘုရင်ချီမြောက်တေ တရားဆု အများဆုံးရခရေ အမတ် = မဟာပညာကျော်အမတ်။
(၁၅၉) ဝေဈီး ၊ လက်ကောက်ဈီး အဓိပ္ပါယ်  = ဝါဂွမ်းရောင်းချရေဈီး (ဝေဈီး) ၊ ခြိတ်ရောင်းချရေဈီး (လက်ကောက်ဈီး)
(၁၆၀) အမတ်လေးတိုင် = ကိုယ်ရံကြီး ၊ ပြည်စိုးကြီး ၊ ဓားပိုင်ကြီး ၊ ဆင်ကဲကြီး ။
(၁၆၁) ပြည်ထိမ်းအမတ်နှစ်ပါး = ကိုယ်ရံကြီး ၊ ဒါးပိုင်ကြီး ။
(၁၆၂) ရခိုင်ဘုရင်၏ လက်သုံးအမတ် နှစ်ပါး = လက်ယာမြန် ၊ လက်ဝဲမြန် ။
(၁၆၃) မြောက်ဦးမြို့တော်ကို တိုက်လို့မနိုင်ခရေ ဗမာစစ်ဘုရင် = တပင်ရွှေထီး ။
(၁၆၄) ဟံသာဝတီကို အောင်နိုင်ခရေ ရခိုင်ဘုရင် = မင်းရာဇာကြီး ။
(၁၆၅) ဥရောပရောက် ရခိုင်မင်းသား = ဒေါင်မာတင် ။
(၁၆၆) အင်းဝရောက် ရခိုင်စာဆို = မိညို ။
(၁၆၇) ဖလောင်းခေတ်မာ ရခိုင်သားအထဲက ပွေလာဦးဝန်ကြီးဖြစ်ခသူ = မေအောင် ။
(၁၆၈) ဧရာကမ်းမာ ထင်ရှားရေ ရခိုင်ဘုရား သုံးဆူ = မန္တလေးမဟာမုနိ ၊ ရွှေဘုံသာမုနိ ၊ ဇလွန်ပြည်တော်ပြန်ဘုရား ။

Credit : ရခိုင်ရှုခင်းမဂ္ဂဇင်း ၊ အတွဲ (၂) ၊ အမှတ် (၃) ၊ ဧပြီ - ဇွန် ၂၀၁၈ ။
​ဒေ မဂ္ဂဇင်းကို သာကီမဏ္ဍိုင်​ ရခိုင်​ယဉ်​​ကျေးမှုအဖွဲ့ ၊ စစ်​​တွေက တအုပ်​ကို ၅၀၀ကျနန့်  ဖြန့်ချီပါ​ရေ ။
ဆက်​သွယ်​ဖို့ မဂ္ဂဇင်း တိုက်​လိပ်​စာ -
အမှတ်​ ၂၄၆ ၊ မင်းဘာကြီးလမ်း ၊ လမ်းသစ်​ရပ်​ကွက်​ ၊ စစ်​​တွေ ။ ဖုန်း ၀၉၂၅ ၄၂၄၂၅၂၁

#ရခိုင့်ဗဟိုပြုအ​တွေးအမြင်​နန့်သိမှတ်​စရာ
thecentralconceptionforarakan@facebook.com
Crd:

Comments

Popular posts from this blog

ရခိုင်သမိုင်း

အဘိဓမ္မာ ၇-ကျမ်းနှင့် သင်္ဂြီုဟ် ၉-ပိုင်း

စာရင်းကိုင်ပညာနှင့်သက်ဆိုင်သော အင်္ဂလိပ်-မြန်မာ ဝေါဟာရများ